Unicode Version
ဘုရားသခင်၏သဏ္ဍန်တော်အတိုင်း ဖန်တီးခြင်းဆိုသည်မှာ မည်သို့သော
အဓိပ္ပါယ်နည်း။
ရောမဩဝါဒစာ ၈း၂၉ “ဘုရားသခင်၏သားတော်သည် အများသော
ညီတို့တွင် သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရားသခင်သည် ရှေ့မဆွကသိတော်မူသော
သူတို့ကို သားတော်၏ပုံသဏ္ဌာန်နှင့်တညီတည်း ဖြစ်စေခြင်းငှါ ရှေ့မ ဆွက
ခွဲခန့်မှတ်သားတော်မူ၏။”
အစအဦး၌ သင့်အား သားတော် သခင်ယေရှုနည်းတူ ဖန်းဆင်းဖို့ရန် ဘုရားသခင် အကြံအစည် ရှိခဲ့ပါတယ်။ ဖန်ဆင်းစဉ်အခါ၌ ဤရည်ရွယ်ချက်ကို တစ်ပါးတည်း ကြေငြာပြီး ဖြစ်ပါတယ်။ ကမ္ဘာဦးကျမ်း ၁း၂၆ “တဖန်ဘုရား သခင်က ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။”
ဖန်းဆင်းတော်မူသော
အရာအားလုံးတို့တွင် လူသားတစ်မျိုးတည်းကသာ ဘုရားသခင်၏ သဏ္ဍာန်တော်အတိုင်း ဖန်ဆင်းထားပါတယ်။
၎င်းသည် ကြီးမြတ်သော အခွင့်ထူးဖြစ်ပြီး သင့်အား ထူးကဲစေပါတယ်။
ဘုရားသခင်၏
သဏ္ဍာန်တော်အတိုင်း ဖန်ဆင်းခြင်းဆိုတာ ဘာလဲ။ အပြည့်အဝနားလည်ဖို့ရန် အလွန်ကျယ်ပြန့်တဲ့
သဘောတရားများထဲမှ တစ်ခုဖြစ်ပြီး အောက်ပါအကြောင်းအရာသည် တစ်ချို့သော ဆိုလိုရင်းကို ဖော်ပြပါသည်။
- ဘုရားသခင်နည်းတူ သင်သည် ဝိညာဉ်သတ္တဝါမျိုး ဖြစ်ပါတယ်။ သင်၏ဝိညာဉ်သည်
ထာဝရရှင်သန်မည်ဖြစ်ပြီး သင်၏ မြေကြီးခန္ဓာကသာ ပျက်စီးသွားမှာ ဖြစ်ပါတယ်။
- သင်သည် ဉာဏ်ရည်ဉာဏ်သွေးရှိသူဖြစ်တယ်။ စဉ်းစားတွေးခေါ်နိုင်တယ်။ ကျိုးကြောင်းဆက်စပ်နိုင်ပြီး
ပြသနာတို့ကို ဖြေရှင်းနိုင်ပါတယ်။
- သင်သည် ဆက်နွယ်မှုဖြစ်ပြီး စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပေကမ်းနိုင်သလို
လက်ခံနိုင်ပါတယ်။
- သင်၌ အမှားအမှန်ခွဲခြားနိုင်သော အသိဉာဏ်ရှိပါတယ်။ အမှားကနေ အမှန်ဆီသို့ တွေ့မြင်နိုင်ပြီး ၎င်းသည် ဘုရားသခင်အတွက် သင့်အား တာဝန်ရှိစေခြင်းကို ဖြစ်စေပါတယ်။
သို့ပေမဲ့ ပြသနာတစ်ခုရှိပါတယ်။ သင်၌ရှိသော ဘုရားသခင်၏ သဏ္ဍာန်တော်သည် မပြီးပြည့်စုံပါ။ အပြစ်ကြောင့် နဂိုမူလ သဏ္ဍာန်မဟုတ်တော့ဘဲ ပျက်စီးနေခဲ့ပါတယ်။ ဒါကြောင့် သင်နှင့် မွေးဖွားဖူးသမျှသော လူတိုင်းဆုံးရှုံး သွားခဲ့သော ပုံသဏ္ဍာန်အပြည့်အစုံကို ပြန်လည်ရယူဖို့ရန် ဘုရားသခင်သည် သခင် ယေရှုကို ဤလောကသို့ စေလွှတ်ခဲ့ပါတယ်။
ဘုရားသခင်၏ ပြီးပြည့်စုံသော “ပုံသဏ္ဍာန် နှင့် တူညီခြင်း” ဆိုသည်မှာ မည်သို့သောအရာနှင့် တူသနည်း။ သခင်ယေရှုနှင့် တူညီနေသလိုမျိုး ဖြစ်ပါတယ်။
သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “ဘုရားသခင်၏သားတော်သည် အများသော ညီတို့တွင် သားဦးဖြစ် တော်မူမည်အကြောင်း၊ ဘုရား သခင်သည် ရှေ့မဆွကသိတော်မူသော သူတို့ကို သားတော်၏ပုံသဏ္ဌာန် နှင့်တညီတည်း ဖြစ်စေခြင်းငှါ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ၏။” ရောမဩဝါဒစာ ၈း၂၉
သခင်ယေရှုသည်
မည်ကဲ့သို့သော ပုံသဏ္ဍာန်ရှိသည်ကို သမ္မာကျမ်းစာတွင် ဖော်ပြထားပါတယ်။
၂ ကော ၄း၄ “ဘုရားသခင်၏ ပုံသဏ္ဌာန်တော် တည်းဟူသော ခရစ်တော်”
ကောလောသဲ ၁း၁၅ “ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ဖြစ်၏။” ၊ ဟေဗြဲဩ ဝါဒစာ ၁း၃ “ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော် ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍၊ ”
မိသားစု ပုံသဏ္ဍာန်ဆင်ခြင်းကို “အဖေတူ ၊ သားတူ” ဆိုတဲ့ စကားလုံးဖြင့် လူတွေ အသုံးပြုလေ့ရှိတတ်ပါတယ်။ ကျွန်တော့သားသမီးတို့တွင် ကျွန်တော့နှင့်တူညီမှုတစ်ခုခုကို တွေ့မြင်ရတယ်ဆိုလျှင် ကျွန်တော် သဘောကျ ပါတယ်။ ထိုနည်းတူစွာ ဘုရားသခင်သည်လည်း သူ၏ သားသမီးတို့ကို သူ၏ ပုံသဏ္ဍာန်နှင့် သဏ္ဍာန်တော်အတိုင်း ရှိဖို့အတွက် အလိုတော်ရှိပါတယ်။ “သန့်ရှင်းခြင်း ပါရမီ အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊” ဧဖက် ၄း၂၄
လူတွေ
သင့်အား ကြည့်တဲ့အခါ ကောင်းကင်ဖခင်နှင့် မည်မျှတူသလဲဆိုတာကို သူတို့တွေးမြင်နိုင်ဖို့
ယနေ့တွင် သဏ္ဍာန်တော်အတိုင်း ဆောင်ထားသူတစ်ဦးအဖြစ် အသက်ရှင်နေထိုင်ပါ။
ဆင်ခြင်ရန်
-
သခင်ယေရှုနှင့် ပိုတူလာစေဖို့ရန် မည်သို့သော နည်းလမ်းတို့ဖြင့် သင်ကြိုးစားနေပါသနည်း။
-
သခင်ယေရှုနှင့် သင်တူနေပြီလို့ လူတွေ သင့်အားပြောဆိုနိုင်တဲ့ နည်းလမ်းတစ်ချို့ကား မည်သို့နည်း။
- သင့်အသက်တာတွင် သခင်ယေရှုနှင့်တူသော မည်ကဲ့သို့သော စရိုက်လက္ခဏာမျိုးကို စတင်ပေါ်ပေါက် စေလိုသနည်း။
သခင်ယေရှုကို
မသိကျွမ်းဘဲနှင့်တော့ သူနှင့်တူလာနိုင်စရာ မရှိပါ။
သခင်ယေရှုအား ယုံကြည်ပြီး သင်၏အပြစ်တို့ကို ဝန်ခံခြင်းအားဖြင့် သင့်အသက်တာခရီးကို သခင်ယေရှုနှင့်အတူ စတင်လျှောက်လှမ်း နိုင်ပါတယ်။ သင့်အသက်တာကို သခင်ယေရှုထံ အပ်နှံဖို့ရန် အဆင်သင့်ဖြစ်ပြီဆိုလျှင် ဤရိုးရှင်းသော ဆုတောင်းဖြင့် စတင်လိုက်ပါ။
“အဖဘုရားသခင်..ကျွန်ုပ်သည်
အပြစ်သားဖြစ်ကြောင်းကို သိရှိရပြီး သခင့်၏ ခွင့်လွှတ်မှုကို တောင်းဆိုချင်ပါသည်။ သခင်ယေရှုသည်
အဖဘုရားသခင်၏ သားတော်ဖြစ်ကြောင်းကို အကျွန်ုပ် ယုံကြည်ပါသည်။ ကျွန်ုပ်အပြစ်တို့ အတွက်လည်း
သခင်ယေရှု အသေခံပြီး အဖဘုရားသခင်သည် သူ့အား ရှင်ပြန်ထမြောက်စေခဲ့ ကြောင်းကို အကျွန်ုပ်
ယုံကြည်ပါ၏။ သခင်ယေရှုအား အကျွန်ုပ်၏ ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်ပြီး ယနေ့မှစ၍ သခင်အဖြစ်
လိုက်လျှောက်အသက်ရှင်လိုပါ၏။ ကျွန်ုပ်၏ အသက်တာကို လမ်းညွှန်ပြသပြီး သခင်၏ အလိုတော်ရှိရာကို
လုပ်ဆောင်နိုင်ဖို့ရန် ကူညီမစတော်မူပါ။ သခင်ယေရှု၏ မြတ်သောနာမတော်အားဖြင့် တောင်း လျှောက်ပါ၏။
အာမင်”
---------------------------------------------------------------------------------------------
Zawgyi Version
ဘုရားသခင္၏သ႑န္ေတာ္အတိုင္း ဖန္တီးျခင္းဆိုသည္မွာ မည္သို႔ေသာ အဓိပၸါယ္နည္း။
ေရာမဩဝါဒစာ ၈း၂၉ “ဘုရားသခင္၏သားေတာ္သည္ အမ်ားေသာ ညီတို႔တြင္ သားဦးျဖစ္ေတာ္မူမည္အေၾကာင္း၊ ဘုရားသခင္သည္ ေရွ႕မဆြကသိေတာ္မူေသာ သူတို႔ကို သားေတာ္၏ပုံသဏၭာန္ႏွင့္တညီတည္း ျဖစ္ေစျခင္းငွါ ေရွ႕မ ဆြက ခြဲခန္႔မွတ္သားေတာ္မူ၏။”
အစအဦး၌ သင့္အား သားေတာ္ သခင္ေယရႈနည္းတူ ဖန္းဆင္းဖို႔ရန္ ဘုရားသခင္ အႀကံအစည္ ရွိခဲ့ပါတယ္။ ဖန္ဆင္းစဥ္အခါ၌ ဤရည္႐ြယ္ခ်က္ကို တစ္ပါးတည္း ေၾကျငာၿပီး ျဖစ္ပါတယ္။ ကမာၻဦးက်မ္း ၁း၂၆ “တဖန္ဘုရား သခင္က ငါတို႔ပုံသ႑ာန္ႏွင့္အညီ တသ႑န္တည္း လူကို ဖန္ဆင္းၾကစို႔။”
ဖန္းဆင္းေတာ္မူေသာ အရာအားလုံးတို႔တြင္ လူသားတစ္မ်ိဳးတည္းကသာ ဘုရားသခင္၏ သ႑ာန္ေတာ္အတိုင္း ဖန္ဆင္းထားပါတယ္။ ၎သည္ ႀကီးျမတ္ေသာ အခြင့္ထူးျဖစ္ၿပီး သင့္အား ထူးကဲေစပါတယ္။
ဘုရားသခင္၏ သ႑ာန္ေတာ္အတိုင္း ဖန္ဆင္းျခင္းဆိုတာ ဘာလဲ။ အျပည့္အဝနားလည္ဖို႔ရန္ အလြန္က်ယ္ျပန႔္တဲ့ သေဘာတရားမ်ားထဲမွ တစ္ခုျဖစ္ၿပီး ေအာက္ပါအေၾကာင္းအရာသည္ တစ္ခ်ိဳ႕ေသာ ဆိုလိုရင္းကို ေဖာ္ျပပါသည္။
- ဘုရားသခင္နည္းတူ သင္သည္ ဝိညာဥ္သတၱဝါမ်ိဳး ျဖစ္ပါတယ္။ သင္၏ဝိညာဥ္သည္ ထာဝရရွင္သန္မည္ျဖစ္ၿပီး သင္၏ ေျမႀကီးခႏၶာကသာ ပ်က္စီးသြားမွာ ျဖစ္ပါတယ္။
- သင္သည္ ဉာဏ္ရည္ဉာဏ္ေသြးရွိသူျဖစ္တယ္။ စဥ္းစားေတြးေခၚႏိုင္တယ္။ က်ိဳးေၾကာင္းဆက္စပ္ႏိုင္ၿပီး ျပသနာတို႔ကို ေျဖရွင္းႏိုင္ပါတယ္။
- သင္သည္ ဆက္ႏြယ္မႈျဖစ္ၿပီး စစ္မွန္ေသာ ခ်စ္ျခင္းေမတၱာကို ေပကမ္းႏိုင္သလို လက္ခံႏိုင္ပါတယ္။
- သင္၌ အမွားအမွန္ခြဲျခားႏိုင္ေသာ အသိဉာဏ္ရွိပါတယ္။ အမွားကေန အမွန္ဆီသို႔ ေတြ႕ျမင္ႏိုင္ၿပီး ၎သည္ ဘုရားသခင္အတြက္ သင့္အား တာဝန္ရွိေစျခင္းကို ျဖစ္ေစပါတယ္။
သို႔ေပမဲ့ ျပသနာတစ္ခုရွိပါတယ္။ သင္၌ရွိေသာ ဘုရားသခင္၏ သ႑ာန္ေတာ္သည္ မၿပီးျပည့္စုံပါ။ အျပစ္ေၾကာင့္ နဂိုမူလ သ႑ာန္မဟုတ္ေတာ့ဘဲ ပ်က္စီးေနခဲ့ပါတယ္။ ဒါေၾကာင့္ သင္ႏွင့္ ေမြးဖြားဖူးသမွ်ေသာ လူတိုင္းဆုံးရႈံး သြားခဲ့ေသာ ပုံသ႑ာန္အျပည့္အစုံကို ျပန္လည္ရယူဖို႔ရန္ ဘုရားသခင္သည္ သခင္ ေယရႈကို ဤေလာကသို႔ ေစလႊတ္ခဲ့ပါတယ္။
ဘုရားသခင္၏ ၿပီးျပည့္စုံေသာ “ပုံသ႑ာန္ ႏွင့္ တူညီျခင္း” ဆိုသည္မွာ မည္သို႔ေသာအရာႏွင့္ တူသနည္း။ သခင္ေယရႈႏွင့္ တူညီေနသလိုမ်ိဳး ျဖစ္ပါတယ္။
သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “ဘုရားသခင္၏သားေတာ္သည္ အမ်ားေသာ ညီတို႔တြင္ သားဦးျဖစ္ ေတာ္မူမည္အေၾကာင္း၊ ဘုရား သခင္သည္ ေရွ႕မဆြကသိေတာ္မူေသာ သူတို႔ကို သားေတာ္၏ပုံသဏၭာန္ ႏွင့္တညီတည္း ျဖစ္ေစျခင္းငွါ ေရွ႕မဆြက ခြဲခန္႔မွတ္သားေတာ္မူ၏။” ေရာမဩဝါဒစာ ၈း၂၉
သခင္ေယရႈသည္ မည္ကဲ့သို႔ေသာ ပုံသ႑ာန္ရွိသည္ကို သမၼာက်မ္းစာတြင္ ေဖာ္ျပထားပါတယ္။ ၂ ေကာ ၄း၄ “ဘုရားသခင္၏ ပုံသဏၭာန္ေတာ္ တည္းဟူေသာ ခရစ္ေတာ္”
ေကာေလာသဲ ၁း၁၅ “ထိုသားေတာ္သည္ မ်က္ျမင္မရေသာ ဘုရားသခင္၏ ပုံသ႑ာန္ေတာ္ျဖစ္၏။” ၊ ေဟၿဗဲဩ ဝါဒစာ ၁း၃ “ထိုသားေတာ္သည္ ဘုရားသခင္၏ ဘုန္းေတာ္ ေရာင္ျခည္ႏွင့္ ဇာတိအျဖစ္ေတာ္၏ ပုံသဏၭာန္ျဖစ္၍၊ ”
မိသားစု ပုံသ႑ာန္ဆင္ျခင္းကို “အေဖတူ ၊ သားတူ” ဆိုတဲ့ စကားလုံးျဖင့္ လူေတြ အသုံးျပဳေလ့ရွိတတ္ပါတယ္။ ကြၽန္ေတာ့သားသမီးတို႔တြင္ ကြၽန္ေတာ့ႏွင့္တူညီမႈတစ္ခုခုကို ေတြ႕ျမင္ရတယ္ဆိုလွ်င္ ကြၽန္ေတာ္ သေဘာက် ပါတယ္။ ထိုနည္းတူစြာ ဘုရားသခင္သည္လည္း သူ၏ သားသမီးတို႔ကို သူ၏ ပုံသ႑ာန္ႏွင့္ သ႑ာန္ေတာ္အတိုင္း ရွိဖို႔အတြက္ အလိုေတာ္ရွိပါတယ္။ “သန္႔ရွင္းျခင္း ပါရမီ အားျဖင့္ ဘုရားသခင္ႏွင့္အတူအမွ် ဖန္ဆင္းေသာ လူသစ္ကို ယူတင္ဝတ္ေဆာင္မည္အေၾကာင္း၊” ဧဖက္ ၄း၂၄
လူေတြ သင့္အား ၾကည့္တဲ့အခါ ေကာင္းကင္ဖခင္ႏွင့္ မည္မွ်တူသလဲဆိုတာကို သူတို႔ေတြးျမင္ႏိုင္ဖို႔ ယေန႔တြင္ သ႑ာန္ေတာ္အတိုင္း ေဆာင္ထားသူတစ္ဦးအျဖစ္ အသက္ရွင္ေနထိုင္ပါ။
ဆင္ျခင္ရန္
- သခင္ေယရႈႏွင့္ ပိုတူလာေစဖို႔ရန္ မည္သို႔ေသာ နည္းလမ္းတို႔ျဖင့္ သင္ႀကိဳးစားေနပါသနည္း။
- သခင္ေယရႈႏွင့္ သင္တူေနၿပီလို႔ လူေတြ သင့္အားေျပာဆိုႏိုင္တဲ့ နည္းလမ္းတစ္ခ်ိဳ႕ကား မည္သို႔နည္း။
- သင့္အသက္တာတြင္ သခင္ေယရႈႏွင့္တူေသာ မည္ကဲ့သို႔ေသာ စ႐ိုက္လကၡဏာမ်ိဳးကို စတင္ေပၚေပါက္ ေစလိုသနည္း။
သခင္ေယရႈကို မသိကြၽမ္းဘဲႏွင့္ေတာ့ သူႏွင့္တူလာႏိုင္စရာ မရွိပါ။
သခင္ေယရႈအား ယုံၾကည္ၿပီး သင္၏အျပစ္တို႔ကို ဝန္ခံျခင္းအားျဖင့္ သင့္အသက္တာခရီးကို သခင္ေယရႈႏွင့္အတူ စတင္ေလွ်ာက္လွမ္း ႏိုင္ပါတယ္။ သင့္အသက္တာကို သခင္ေယရႈထံ အပ္ႏွံဖို႔ရန္ အဆင္သင့္ျဖစ္ၿပီဆိုလွ်င္ ဤ႐ိုးရွင္းေသာ ဆုေတာင္းျဖင့္ စတင္လိုက္ပါ။
“အဖဘုရားသခင္..ကြၽႏ္ုပ္သည္ အျပစ္သားျဖစ္ေၾကာင္းကို သိရွိရၿပီး သခင့္၏ ခြင့္လႊတ္မႈကို ေတာင္းဆိုခ်င္ပါသည္။ သခင္ေယရႈသည္ အဖဘုရားသခင္၏ သားေတာ္ျဖစ္ေၾကာင္းကို အကြၽႏ္ုပ္ ယုံၾကည္ပါသည္။ ကြၽႏ္ုပ္အျပစ္တို႔ အတြက္လည္း သခင္ေယရႈ အေသခံၿပီး အဖဘုရားသခင္သည္ သူ႔အား ရွင္ျပန္ထေျမာက္ေစခဲ့ ေၾကာင္းကို အကြၽႏ္ုပ္ ယုံၾကည္ပါ၏။ သခင္ေယရႈအား အကြၽႏ္ုပ္၏ ကယ္တင္ရွင္အျဖစ္ လက္ခံယုံၾကည္ၿပီး ယေန႔မွစ၍ သခင္အျဖစ္ လိုက္ေလွ်ာက္အသက္ရွင္လိုပါ၏။ ကြၽႏ္ုပ္၏ အသက္တာကို လမ္းၫႊန္ျပသၿပီး သခင္၏ အလိုေတာ္ရွိရာကို လုပ္ေဆာင္ႏိုင္ဖို႔ရန္ ကူညီမစေတာ္မူပါ။ သခင္ေယရႈ၏ ျမတ္ေသာနာမေတာ္အားျဖင့္ ေတာင္း ေလွ်ာက္ပါ၏။ အာမင္”