The House Rules of Heaven
 Unicode Version
ကောင်းကင်အိမ်တော်၏ စည်းမျဉ်းဥပဒေများ
တရားဟောရာကျမ်း ၃ဝး၁၉ “အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းကြီးပေး ခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်ဟု သင့်တ ဘက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။
 ချစ်ခြင်းမေတ္တာရှင် ဘုရားသခင်က လူတွေကို ငရဲဆီ ဘယ်လိုပို့နိုင်သနည်း” လို့လူတွေ အချိန်တိုင်းမေး တတ်ကြ ပါတယ်။
သင်က မူးယစ်ဆေးစွဲပြီး လမ်းပေါ်တွင် နေထိုင်တယ်လို့ ယူဆကြည့်ကြပါစို့။ စွဲလမ်းမှုကြောင့် သင့်အသက်တာက ပြိုလဲနေပြီး သင်၌ နေစရာ အိမ်မရှိ (သို့) ရေချိုးဖို့ ၊ စားဖို့ နေရာတောင် မရှိတော့ပါဘူး။
ထို့နောက် လူတစ်ယောက်က သင့်ထံသို့လာပြီး “သင့်အား ကူညီပါရစေ။ သင့်ကို ကျွန်ုပ်အိမ်ဆီ ခေါ်ဆောင်သွား ပြီး သန့်ရှင်းစေမယ်။ အသစ်သော အဝတ်တွေ ၊ စားကောင်းဖွယ် အရာတွေ ပေးပါမည်။ ကျွန်ုပ်အိမ်၌ သင်နေထိုင် နိုင်ပါတယ်။ ကျွန်ုပ်၏ မိသားစုဝင် ဖြစ်လာပါမည်။ တကယ်တော့ သင့်အား ကျွန်ုပ်မွေးစားသွားပါမယ်။  ကျွန်ုပ် နာမည်ကို သင်ယူလို့ရပါတယ်။ သင်၏အကြွေးအားလုံးကို ကျွန်ုပ်ဆပ်ပေးပါမည်။ ကျွန်ုပ်၏ ဘဏ်ကတ်တွေကို လည်းကောင်း ၊ ကျွန်ုပ်မိသားစုဝင်တို့၏ အရင်းအမြစ်အားလုံးတို့ကို သင်ရယူနိုင်ပါတယ်။ ၎င်းအတွက် သင်လုပ် ဆောင်မှု မလိုပါဘူး။ ဤအရာတို့ကို ကျွန်ုပ် ရိုးစင်းစွာ လုပ်ဆောင်ပေးခြင်းသည် ကျွန်ုပ်သင့်အား ချစ်ပြီး ကျေးဇူးတော် အရာကို သင့်အား ဖော်ပြပေးချင်လို့ ဖြစ်ပါတယ်။
“သို့ပေမဲ့ ကျွန်ုပ်၏ မိသားစုဝင်အဖြစ် ကျွန်ုပ်၏ အိမ်တွင် သင်နေထိုင်ပါလျှင် သင်လိုက်နာရမည့် အိမ်၏ စည်းမျဉ်းဥပဒေတစ်ချို့ ရှိပါတယ်။ ကျွန်ုပ်၏မိသားစုဝင်တို့သည် တစ်ဦးနှင့်တစ်ဦး ရိုသေကြပြီး အိမ်ရှိ တာဝန်ရှိခြင်း အပေါ်တွင်လည်း ကူညီမစ ကြပါတယ်။ ပြီးတော့ ဤအိမ်တွင် မူးယစ်ဆေး မသုံးကြပါ။”
မိသားစု၏ အိမ်တွင်းစည်းမျဉ်းဥပဒေတို့ကို လိုက်နာရန် မျှော်လင့်ခြင်းသည် ထိုက်တန်ပါသလား။ ထိုက်တန် ပါတယ်။ ထိုကဲ့သို့သော စည်းမျဉ်းမျိုးကို သူတို့တိုးချဲ့မယ်ဆိုလျှင် သူတို့ သင့်အပေါ် အနည်းဆုံးသော မျှော်လင့် နိုင်မှုသည် လေးစားမှုပြခြင်းဖြင့် ကျေးဇူးတုံ့ပြန်ဖို့ရန် ဖြစ်ပါတယ်။
သင်က “ကျေးဇူးတင်ပါတယ်။ သို့ပေမဲ့ ငါလမ်းပေါ်မှာဘဲ နေချင်တယ်။ ဘာကြောင့်လဲဆိုတော့ မူးယစ်ဆေးနဲ့ ဝေးရာကို ငါမသွားချင်ဘူး။ သင်၏ မိသားစုဝင်ဖြစ်လာဖို့အတွက် ထိုဆေးတွေကို လက်လွှတ်ချင်စိတ် မရှိပါဘူး” လို့ သင်ပြောဖို့ရွေးချယ်ဖြစ်မှာပါ။
အကယ်၍ သင်ကကမ်းလှမ်းချက်ကို ငြင်းပယ်ပါလျှင် သင့်ရွေးချယ်မှု၏ အကျိုးဆက်အတွက် ကျေးဇူးတော်ကို ဆန့်တမ်းသော သူ၌ အပြစ်မဖြစ်ဘဲ သင်၌ အပြစ်ဖြစ်ပါပြီ။ အခြေအနေတွေကနေ လွှတ်မြောက်လာနိုင်ဖို့ ထိုသူက ကူညီဖို့ရန် ကမ်းလှမ်းမှုကို မေတ္တာဖြင့်လုပ်ဆောင်ခဲ့ပါတယ်။ ထိုသူတို့တွင် ချစ်ခြင်းမေတ္တာမရှိဘူးလို့ သင်ပြော လို့မရ နိုင်ပါဘူး။
 ဘုရားသခင်က လူတွေကို ငရဲပြည်မပို့ပါဘူး။ ထိုငရဲပြည်ကို သွားဖို့ကိုသာ လူတွေ ရွေးချယ်နေတာ ဖြစ်ပါတယ်။
သခင်ယေရှုနောက်ကို သင်လိုက်ဖို့ရန် ရွေးချယ်တဲ့အခါမှာ အိမ်တော်၏ တစ်ခုတည်းသော စည်းမျဉ်းမှာ ကောင်းကင်ဘုံသွားဖို့ လက်မှတ်အတွက် သခင်ယေရှု ပေးချေခဲ့ပြီ ဖြစ်ပါတယ်။ သင့်အား ခွင့်လွှတ်ပြီးပါပြီ။ သင် လုပ်ဆောင်ရန်မှာ ထိုခွင့်လွှတ်မှုကို လက်ခံဖို့ ဖြစ်ပါတယ်။
 ဘုရားသခင်၏ ကျေးဇူးတော် ကမ်းလှမ်းပေးမှုကို သင်က ငြင်းပယ်ပြီး ကိုယ့်အကြံအစည်အတိုင်း လုပ်ဆောင် ချင်ပါလျှင် ဘုရားသခင်သည် ချစ်ခြင်းမရှိတာ မဟုတ်တော့ပါဘူး။ သင်ကိုယ်တိုင် သင့်အသက်တာ ပျက်စီးဖို့ရန် ရွေးချယ်နေတာ ဖြစ်ပါတယ်။
 ဘုရားသခင်သည် ကောင်းကင်ဘုံရှိ အိမ်တော်အတွက် စည်းမျဉ်းများကို ချပိုင်ခွင့်ရှိပါတယ်။ လိုက်နာဖို့ရန် ရွေးချယ် မှုက သင့်ပေါ်တွင် မူတည်ပါတယ်။
ဆင်ခြင်ရန်
- ကောင်းကင်ဘုံ မည်သူသွားရမလဲ အကြောင်းနှင့်ပတ်သက်၍ စည်းမျဉ်းချဖို့ရန် ဘုရားသခင်၌ လုပ်ပိုင်ခွင့်ရှိ တယ်ဆိုတာကို သင်ယုံကြည်ပါသလား။
- သင်ထာဝရနေထိုင်သွားရမည့်အရာနှင့် ပတ်သက်ပြီး  ရွေးချယ်ခွင့်ပေးခြင်းသည် သင့်အား ဘုရားသခင် မည်သို့ ချစ်ကြောင်း ဖော်ပြပါသနည်း။
- အသက်တာကို ယေရှုထံအပ်နှံခြင်းတွင် ဘာကြောင့် လွှတ်လပ်ခြင်းရှိပါသနည်း။
--------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်