The Battle Against Evil Is Already Won

 Unicode Version

အဆိုးကို ဆန့်ကျင်သော တိုက်ပွဲသည် အောင်နိုင်နှင့်ပြီ ဖြစ်သည်။

ရောမဩဝါဒစာ ၁၂း၂၁ “အဆိုးအာဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို နိုင်လော့။

အဆိုးနှင့် တွေ့ကြုံသည့်အခါ မတုံ့ပြန်ပါနှင့်။ ကျော်လွှားလိုက်ပါ။

၎င်းသည် လူ့သဘောသဘာဝအားဖြင့် ဆန့်ကျင်နေပြီး ကမ္ဘာကြီးကတောင် လစ်လျူရှုထားပါတယ်။ တစ်ယောက် ယောက်က သင့်ကို နာကျင်စေတဲ့အခါတွင် ထိုသူကို သင်ပြန်ပြီး နာကျင်စေချင်တယ် မဟုတ်လား။ တစ်ယောက် ယောက်က သင့်ကို ထိုးလိုက်တယ်ဆိုလျှင် သင်လည်း ပြန်ထိုးချင်မှာ ဖြစ်ပါတယ်။ တစ်ယောက်ယောက်က သင့်ကို အသရေပျက်အောင် ပြုပါလျှင် သင်လည်း ထိုသူအား အသေရေ ပြန်ပျက်ချင်ပါမည်။

 

သို့ပေမဲ့ အဆိုးကို ဆန့်ကျင် ရင်ဆိုင်ခြင်းက အနိုင်ရစေမည့် နည်းလမ်းမဟုတ်ဘူးလို့ ဘုရားသခင်ဆိုထားပါတယ်။ ရောမ ၁၂း၂၁ “အဆိုးအာဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို နိုင်လော့။ထိုနည်းလမ်းသည် တိုက်ပွဲကို အနိုင်ရစေသော ဘုရားသခင်၏ နည်းလမ်းဖြစ်ပါတယ်။

 လက်တုံ့ပြန်ခြင်းအားဖြင့် အဆိုးကို သင်ပျက်စီးလိုက်တာ မဟုတ်ကြောင်းကို ညွှန်ပြပေးဖို့ရန် သခင်ယေရှုသည် ဤကမ္ဘာလောကသို့ ကြွဆင်းလာခဲ့ပါတယ်။ အဆိုးကို အကောင်းအားဖြင့် ဖြတ်ကျော်ခြင်းက ပျက်စီးစေလိုက်တာ ဖြစ်ပါတယ်။

၁ယော ၃း၈ တွင် ဆိုထားသည်မှာ “မာရ်နတ်သည်ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့်၊ အကြင်သူ သည် ဒုစရိုက်ကို ပြု၏။ ထိုသူသည်မာရ်နတ်နှင့် ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။ စာတန်ကို ချေမှုန်းခြင်းငှာ သခင်ယေရှု ကြွဆင်းလာခဲ့ပါတယ်။ စာတန်ကို ဖယ်ရှားဖို့ရန် ကြွလာခဲ့ပါတယ်။ တစ်နေ့မှာ စာတန်သည် အပြီးသတ်နိဂုံးချုပ်မှာ ဖြစ်ပါတယ်။ ထာဝရ တည်နေမှာ မဟုတ်ပါဘူး။ တစ်နေ့မှာ ဘုရားသခင်က စာအုပ်တွေကို ပိတ်လိုက်မှာ ဖြစ်ပါတယ်။ ရမှတ်တွေကို စာရင်းရှင်းသွားမှာ ဖြစ်ပါတယ်။ သမိုင်းကို အပြီးသတ်စေမည်ဖြစ်ပြီး သူ၏ မိသားစုတို့ကို သူနှင့်အတူ နိစ္စထာဝရ ဝင်ဖို့ရန် ခေါ်ဆောင်သွားပါမည်။

သင်က အောင်နိုင်တဲ့ ဘက်ခြမ်းမှာ နေချင်တယ်ဆိုလျှင် ဘုရားသခင်ဘက်၌ သင်ရှိဖို့ကောင်းပါတယ်။ ဘာကြောင့် လဲဆိုတော့ စာတန်က ကျရှုံးသွားမှာ ဖြစ်ပါတယ်။ စာတန်သည် အနည်းငယ်သော ဟိုတိုက်ပွဲ ဒီတိုက်ပွဲ တွေကို အောင်နိုင်ပေမဲ့လည်း တိုက်ပွဲအဆုံးသတ်ရလဒ်ကတော့ ကြိုတင်ပြီး ခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီး ဖြစ်ပါတယ်။

ဘုရားသခင်နှင့် စာတန်တို့သည် ခွန်အား (သို့) ယှဉ်ပြိုင်ခြင်းတို့၌ မတူညီကြပါ။ စာတန်က ပိုသန်မာတယ်လို့ ထင်ရပြီး အနိုင်ရနေပါတယ်။ သို့ပေမဲ့ ချစ်ခြင်းမေတ္တာသည် စာတန်ထက် ပိုပြီး သန်မာပါတယ်။ ကြံ့ခိုင်ပါတယ်။ ကြင်နာမှုကပိုတောင်မှ စာတန်ထက် သန်စွမ်းခိုင်မာပါတယ်။ ကောင်းခြင်းအရာသည် အဆိုးထက် ပိုပြီး ကြီးမြတ် ပါတယ်။ ကောင်းခြင်းသည် အကြိမ်တစ်ရာမက စာတန်ကို နေ့ချင်း အနိုင်ယူပါလိမ့်မည်။

 အဆုံးတွင် ဘုရားသခင်နှင့် သူ၏ နောက်လိုက်တို့ အနိုင်ရရှိမှာ ဖြစ်ပါတယ်။ ဘုရားသခင်က ချစ်ခြင်းမေတ္တာ ရှင်ဖြစ်ပြီး ထိုချစ်ခြင်းက ထာဝရတည်နေမှာ ဖြစ်တဲ့အတွက်ကြောင့် စာတန်အပေါ်မှာ  အောင်ပွဲခံပါ လိမ့်မည်။

 သခင်ယေရှု ဆိုထားသည်မှာ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။” ရှင်မဿဲခရစ်ဝင်ကျမ်း ၁၆း၁၈

 ဘုရားသခင်သည် စစ်ပွဲကို အောင်နိုင်နှင့်ပြီးဆိုတဲ့ ယုံကြည်ချက်နှင့်အတူ စာတန်ကို တုံ့ပြန်နိုင်ပါတယ်။ စာတန်သည် ကျရှုံးသွားမည် ဖြစ်သည်။ အောင်နိုင်ခြင်းက သေချာပါသည်။ ထိုကတိတော်အားဖြင့် စာတန်ကို အနိုင်ယူနိုင်ဖို့ရန် ကောင်းခြင်းအရာကို အသုံးပြုနိုင်ပါတယ်။

 ဆင်ခြင်ရန်

- မည်သို့သော နည်းလမ်းတို့အားဖြင့် စာတန်က ဤလောကမှာ အနိုင်ရရှိနေတယ်လို့ ထင်ရပါသနည်း။

- အဆိုးကို အကောင်းအားဖြင့် အနိုင်ယူဖို့ရန် သင်ကြိုးစားတဲ့အခါမှာ ဘုရားသခင်၏ ကတိတော်တို့ဖြင့် သင့်ကိုယ်သင် မည်သို့ သတိပေးနိုင်မည်နည်း။

- ဘုရားသခင်သည် အသင်းတော်ကို တည်ဆောက်နေတယ်ဆိုတာ မည်သို့သော အဓိပ္ပါယ်နည်း။ ၎င်း သည် စာတန်ကို ဆန့်ကျင်တိုက်ခိုက်ခြင်း၌ မည်ကဲ့သို့ အားပေးလှုံ့ဆော်ပါသနည်း။

 

------------------------------------------------------------------------

Zawgyi Version

အဆိုးကို ဆန႔္က်င္ေသာ တိုက္ပြဲသည္ ေအာင္ႏိုင္ႏွင့္ၿပီ ျဖစ္သည္။

ေရာမဩဝါဒစာ ၁၂း၂၁ “အဆိုးအာျဖင့္ အရႈံးမခံႏွင့္ အေကာင္းအားျဖင့္ အဆိုးကို ႏိုင္ေလာ့။”

အဆိုးႏွင့္ ေတြ႕ႀကဳံသည့္အခါ မတုံ႔ျပန္ပါႏွင့္။ ေက်ာ္လႊားလိုက္ပါ။

၎သည္ လူ႔သေဘာသဘာဝအားျဖင့္ ဆန႔္က်င္ေနၿပီး ကမာၻႀကီးကေတာင္ လစ္လ်ဴရႈထားပါတယ္။ တစ္ေယာက္ ေယာက္က သင့္ကို နာက်င္ေစတဲ့အခါတြင္ ထိုသူကို သင္ျပန္ၿပီး နာက်င္ေစခ်င္တယ္ မဟုတ္လား။ တစ္ေယာက္ ေယာက္က သင့္ကို ထိုးလိုက္တယ္ဆိုလွ်င္ သင္လည္း ျပန္ထိုးခ်င္မွာ ျဖစ္ပါတယ္။ တစ္ေယာက္ေယာက္က သင့္ကို အသေရပ်က္ေအာင္ ျပဳပါလွ်င္ သင္လည္း ထိုသူအား အေသေရ ျပန္ပ်က္ခ်င္ပါမည္။

သို႔ေပမဲ့ အဆိုးကို ဆန႔္က်င္ ရင္ဆိုင္ျခင္းက အႏိုင္ရေစမည့္ နည္းလမ္းမဟုတ္ဘူးလို႔ ဘုရားသခင္ဆိုထားပါတယ္။ ေရာမ ၁၂း၂၁ “အဆိုးအာျဖင့္ အရႈံးမခံႏွင့္ အေကာင္းအားျဖင့္ အဆိုးကို ႏိုင္ေလာ့။” ထိုနည္းလမ္းသည္ တိုက္ပြဲကို အႏိုင္ရေစေသာ ဘုရားသခင္၏ နည္းလမ္းျဖစ္ပါတယ္။

လက္တုံ႔ျပန္ျခင္းအားျဖင့္ အဆိုးကို သင္ပ်က္စီးလိုက္တာ မဟုတ္ေၾကာင္းကို ၫႊန္ျပေပးဖို႔ရန္ သခင္ေယရႈသည္ ဤကမာၻေလာကသို႔ ႂကြဆင္းလာခဲ့ပါတယ္။ အဆိုးကို အေကာင္းအားျဖင့္ ျဖတ္ေက်ာ္ျခင္းက ပ်က္စီးေစလိုက္တာ ျဖစ္ပါတယ္။


၁ေယာ ၃း၈ တြင္ ဆိုထားသည္မွာ “မာရ္နတ္သည္ေရွ႕ဦးစြာမွစ၍ ဒုစ႐ိုက္ကိုျပဳေသာသူျဖစ္ေသာေၾကာင့္၊ အၾကင္သူ သည္ ဒုစ႐ိုက္ကို ျပဳ၏။ ထိုသူသည္မာရ္နတ္ႏွင့္ ဆိုင္၏။ မာရ္နတ္အမႈတို႔ကို ပယ္ဖ်က္ျခင္းငွါ၊ ဘုရားသခင္၏ သားေတာ္သည္ ထင္ရွားေပၚထြန္းေတာ္မူ၏။” စာတန္ကို ေခ်မႈန္းျခင္းငွာ သခင္ေယရႈ ႂကြဆင္းလာခဲ့ပါတယ္။ စာတန္ကို ဖယ္ရွားဖို႔ရန္ ႂကြလာခဲ့ပါတယ္။ တစ္ေန႔မွာ စာတန္သည္ အၿပီးသတ္နိဂုံးခ်ဳပ္မွာ ျဖစ္ပါတယ္။ ထာဝရ တည္ေနမွာ မဟုတ္ပါဘူး။ တစ္ေန႔မွာ ဘုရားသခင္က စာအုပ္ေတြကို ပိတ္လိုက္မွာ ျဖစ္ပါတယ္။ ရမွတ္ေတြကို စာရင္းရွင္းသြားမွာ ျဖစ္ပါတယ္။ သမိုင္းကို အၿပီးသတ္ေစမည္ျဖစ္ၿပီး သူ၏ မိသားစုတို႔ကို သူႏွင့္အတူ နိစၥထာဝရ ဝင္ဖို႔ရန္ ေခၚေဆာင္သြားပါမည္။

သင္က ေအာင္ႏိုင္တဲ့ ဘက္ျခမ္းမွာ ေနခ်င္တယ္ဆိုလွ်င္ ဘုရားသခင္ဘက္၌ သင္ရွိဖို႔ေကာင္းပါတယ္။ ဘာေၾကာင့္ လဲဆိုေတာ့ စာတန္က က်ရႈံးသြားမွာ ျဖစ္ပါတယ္။ စာတန္သည္ အနည္းငယ္ေသာ ဟိုတိုက္ပြဲ ဒီတိုက္ပြဲ ေတြကို ေအာင္ႏိုင္ေပမဲ့လည္း တိုက္ပြဲအဆုံးသတ္ရလဒ္ကေတာ့ ႀကိဳတင္ၿပီး ခိုင္ခိုင္မာမာ ဆုံးျဖတ္ၿပီး ျဖစ္ပါတယ္။

ဘုရားသခင္ႏွင့္ စာတန္တို႔သည္ ခြန္အား (သို႔) ယွဥ္ၿပိဳင္ျခင္းတို႔၌ မတူညီၾကပါ။ စာတန္က ပိုသန္မာတယ္လို႔ ထင္ရၿပီး အႏိုင္ရေနပါတယ္။ သို႔ေပမဲ့ ခ်စ္ျခင္းေမတၱာသည္ စာတန္ထက္ ပိုၿပီး သန္မာပါတယ္။ ႀကံ့ခိုင္ပါတယ္။ ၾကင္နာမႈကပိုေတာင္မွ စာတန္ထက္ သန္စြမ္းခိုင္မာပါတယ္။ ေကာင္းျခင္းအရာသည္ အဆိုးထက္ ပိုၿပီး ႀကီးျမတ္ ပါတယ္။ ေကာင္းျခင္းသည္ အႀကိမ္တစ္ရာမက စာတန္ကို ေန႔ခ်င္း အႏိုင္ယူပါလိမ့္မည္။ 

အဆုံးတြင္ ဘုရားသခင္ႏွင့္ သူ၏ ေနာက္လိုက္တို႔ အႏိုင္ရရွိမွာ ျဖစ္ပါတယ္။ ဘုရားသခင္က ခ်စ္ျခင္းေမတၱာ ရွင္ျဖစ္ၿပီး ထိုခ်စ္ျခင္းက ထာဝရတည္ေနမွာ ျဖစ္တဲ့အတြက္ေၾကာင့္ စာတန္အေပၚမွာ  ေအာင္ပြဲခံပါ လိမ့္မည္။

သခင္ေယရႈ ဆိုထားသည္မွာ “ဤေက်ာက္ေပၚမွာ ငါ့အသင္းကို ငါတည္ေဆာက္မည္။ ထိုအသင္းကို မရဏာႏိုင္ငံ၏ တံခါးတို႔သည္ မႏိုင္ရာ။” ရွင္မႆဲခရစ္ဝင္က်မ္း ၁၆း၁၈

ဘုရားသခင္သည္ စစ္ပြဲကို ေအာင္ႏိုင္ႏွင့္ၿပီးဆိုတဲ့ ယုံၾကည္ခ်က္ႏွင့္အတူ စာတန္ကို တုံ႔ျပန္ႏိုင္ပါတယ္။ စာတန္သည္ က်ရႈံးသြားမည္ ျဖစ္သည္။ ေအာင္ႏိုင္ျခင္းက ေသခ်ာပါသည္။ ထိုကတိေတာ္အားျဖင့္ စာတန္ကို အႏိုင္ယူႏိုင္ဖို႔ရန္ ေကာင္းျခင္းအရာကို အသုံးျပဳႏိုင္ပါတယ္။ 

ဆင္ျခင္ရန္

- မည္သို႔ေသာ နည္းလမ္းတို႔အားျဖင့္ စာတန္က ဤေလာကမွာ အႏိုင္ရရွိေနတယ္လို႔ ထင္ရပါသနည္း။

- အဆိုးကို အေကာင္းအားျဖင့္ အႏိုင္ယူဖို႔ရန္ သင္ႀကိဳးစားတဲ့အခါမွာ ဘုရားသခင္၏ ကတိေတာ္တို႔ျဖင့္ သင့္ကိုယ္သင္ မည္သို႔ သတိေပးႏိုင္မည္နည္း။

- ဘုရားသခင္သည္ အသင္းေတာ္ကို တည္ေဆာက္ေနတယ္ဆိုတာ မည္သို႔ေသာ အဓိပၸါယ္နည္း။ ၎ သည္ စာတန္ကို ဆန႔္က်င္တိုက္ခိုက္ျခင္း၌ မည္ကဲ့သို႔ အားေပးလႈံ႕ေဆာ္ပါသနည္း။