Five Things You Won’t Find in Heaven
 Unicode Version
ကောင်းကင်ဘုံ၌ သင်မရှာဖွေနိုင်မည့် အရာ (၅) မျိုး
ယောဘဝတ္တု ၁၁း၇-၉ “သင်သည် ဘုရားသခင်၏ ဇာတိတော်ကို စစ်၍ တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင် နားလည်နိုင်သလော။ မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ ပြုနိုင် သနည်း။ မရဏာနိုင်ငံထက် နက်သည် ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။ အတိုင်းအရှည်သည် မြေကြီးကို လွန်လျက် သမုဒ္ဒရာထက်သာ၍ ကျယ်ဝန်းလျက်ရှိ၏။
ကျွန်တော် ကလေးအရွယ်တုန်းက ဒစ်စနီလန်းကို မိသားစုနှင့် အပျော်ခရီးထွက်ခဲ့ကြပါတယ်။ ထိုသို့သွားစဉ်တွင် ထိုနေရာသည် မည်ကဲ့သို့သော ပုံစံဖြစ်သည်ကို အဖေက ရှင်းပြခဲ့ပါတယ်။ သို့ပေမဲ့ အဖေက ဘယ်လိုဘဲ ကြိုးစား ရှင်းပြသော်လည်း ဥယျာဉ်ထဲကို ပထမဆုံးအကြိမ် လမ်းလျှောက်ဝင်ခဲ့ရသည့်အချိန် မတိုင်ခင်ထိ ဘယ်လောက် တောင် အံ့ဩဖွယ်နေရာ ဖြစ်တယ်ဆိုတာကို ကျွန်တော့အတွက်တော့ နားလည်ဖို့ရန် နည်းလမ်း မရှိခဲ့ပါ။ ၎င်းကို စိတ်ကူးပုံဖော်ခဲ့ဖူးသော အရာတို့ထက် ကျော်လွန်နေတာ ဖြစ်ပါတယ်။
ကောင်းကင်ဘုံဆိုသည်မှာ သင်မရောက်သရွေ့တော့ စုံလင်စွာ နားလည်နိုင်မည် မဟုတ်တဲ့ လျှို့ဝှက်ဆန်းကြယ်မှု ဖြစ်ပါတယ်။ သို့ပေမဲ့ နိစ္စထာဝရနှင့်ပတ်သက်ပြီး ကောင်းကင်ဘုံတွင် ရှိမှာ မဟုတ်တဲ့အရာ (၅) မျိုး အပါအဝင် အရေးကြီးတဲ့ အချက်အလက် တို့ကို ပေးထားပါတယ်။
(၁) ကောင်းကင်ဘုံတွင် ဖျားနာခြင်း မရှိတော့ပါ။
သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ထိုနည်းတူ၊ သေသောသူတို့၏ ထမြောက်ခြင်း အကြောင်းအရာဖြစ်၏။ ကိုယ်သည်စိုက်သောအခါ၊ ပုပ်တတ်သောသဘေရှိ၏။ ထမြောက်သောအခါ မပုပ် နိုင်သောအဖြစ်၌ တည်၏။ စိုက်သောအခါဂုဏ်အသရေပျက်၏။ ထမြောက်သောအခါ ဂုဏ်အသရေနှင့် ပြည့်စုံ၏။ စိုက်သောအခါ အစွမ်းမရှိ။ ထမြောက်သောအခါ အစွမ်းနှင့်ပြည့်စုံ၏။” ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၅း၄၂-၄၃
ထိုနေရာ၌ ဖျားနာခြင်း တစ်စုံတစ်ရာ လုံးဝမရှိတော့ခြင်းသည် ပြည့်စုံ၍ အသစ်သော ခန္ဓာကိုယ်ကို သင်ရရှိမှာ ဖြစ်ပါတယ်။
(၂) ကောင်းကင်ဘုံတွင် ဝမ်းနည်းခြင်း မရှိတော့ပါ။
ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ။” ဗျာဒိတ် ၂၁း၄
ဘုရားသခင်သည် သင်၏ မျက်ရည်တို့နှင့် နာကျင်မှုတို့ကို မှတ်တော်မူခြင်းသည် သင်နှင့်ပတ်သက်ပြီး ဂရုပြုတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ သို့ပေမဲ့ သင်ကောင်းကင်ဘုံသို့ ဝင်ရောက်တဲ့အခါတွင် စိတ်နှလုံး ကျိုးပဲ့ကြွေမွ ခြင်းတွေ ၊ ငြင်းပယ်ခံရခြင်းတွေ ၊ အထီးကျန်ခြင်း ၊ ဝမ်းနည်းပူဆွေးခြင်း (သို့) စိတ်ဒုက္ခရောက်ခြင်းတွေ လုံးဝ မရှိတော့ပါဘူး။
(၃) ကောင်းကင်ဘုံတွင် ဆင်းရဲဒုက္ခ မရှိတော့ပါ။
သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “သူတို့သည် နောက်တဖန် ရေစာကို မငတ်မွတ်ရကြ။ နေရောင်ခြည် လျှင်းမထိရ။ အဘယ်အပူကိုမျှ မခံရကြ။” ဗျာဒိတ်ကျမ်း ၇း၁၆ သင်၌ လိုအပ်ချက်တစ်ခုစီတိုင်း ကောင်းကင်ဘုံတွင် ကျေနပ်စရာ ဖြစ်သွားပါလိမ့်မည်။
(၄) ကောင်းကင်ဘုံတွင် အပြစ်မရှိတော့ပါ။
ရှင်ယုဒဩဝါဒစာ ၁း၂၄ “ထိမိ၍ လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှါ၎င်း၊ အပြစ် မရှိဘဲဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှါ၎င်း တတ်နိုင်တော်မူသော သူတည်းဟူသော။သင်၏အပြစ်အားလုံးတို့အတွက် သခင်ယေရှု ကားတိုင်ထက်တွင် အသေခံ ပေးဆပ်ခဲ့ပြီး ဖြစ်တဲ့အတွက် သခင်ယေရှုနှင့် သင်တွေ့ပါလျှင် သင်၏ စရိုက်လက္ခဏာတို့သည် တခဏချင်းတွင် သခင်ယေရှုကဲ့သို့ ပြောင်းလဲသွားပါလိမ့်မည်။
(၅) ကောင်းကင်ဘုံတွင် သေခြင်းမရှိတော့ပါ။
ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ။” ဗျာဒိတ်ကျမ်း ၂၁း၄
ကောင်းကင်ဘုံသည် များစွာသော ကြီးမြတ်မှုတို့ဖြင့်ရှိနေပါတယ်။ သို့ပေမဲ့ အကောင်းဆုံးသောအရာက ဘုရားသခင်၏ မျက်မှောက်တော်၌ သင်ရောက်ရှိနေရန် (ထာဝရ) ဖြစ်ပါတယ်။
သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “ယခုမူကား၊ ငါတို့သည် မစုံမလင် သိတတ်ကြ၏။ ပရောဖက်ဥာဏ်နှင့် မစုံမလင် ဟောတတ်ကြ၏။” ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၃း၉
ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာ နေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင်မြင် ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင်မစုံလင်ဖြစ်၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကို သိသကဲ့သို့ ငါသိ ရလိမ့်မည်။” ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၃း၁၂
တစ်နေ့တွင် အရာအားလုံး ရှင်းလင်းသွားပါလိမ့်မည်။ ထိုအရာတို့အားလုံး နားလည်ခံယူတတ်သွားပါလိမ့်မည်။ “ဪ. ..ဒါကြောင့် အဲဒီအရာကို ငါ့အသက်တာမှာ ဘုရားသခင် ခွင့်ပြုလိုက်တာကိုး” ဆိုပြီး သင်ပြောဆို နိုင်သွားမည် ဖြစ်ပါတယ်။ ထိုအချိန်မတိုင်ခင်အထိတော့ သူ့အား သင်ယုံကြည်ဖို့ရန် ဘုရားသခင် အလိုတော် ရှိပါတယ်။
ဆင်ခြင်ရန်
-  ယခုအချိန်၌ လောကရှိဒုက္ခအပေါင်းတို့နှင့်အတူ သင်တောင့်ခံရသည့်တိုင် သင့်အတွက် ဖယ်ရှားပေးမည်လို့ ဘုရားသခင် ကတိပေးပါသလား။  ဘာကြောင့်လဲ။ ဘာကြောင့် မဟုတ်သလဲ။
- ကောင်းကင်ဘုံနှင့် ပတ်သက်ပြီး မည်သို့သောအရာကို သင်မျှော်လင့်တောင်းတဆုံး ဖြစ်သနည်း။
- ဤလောက၌ သင်အသက်ရှင်စဉ်တွင် သခင်ယေရှုနှင့် ပိုမိုတူလာစေနိုင်သည့် နည်းလမ်းကား အဘယ်သို့နည်း။ ထိုသို့ ပြုလုပ်ရန် ဘာကြောင့် အရေးကြီးပါသနည်း။
-------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်