Five Spiritual Realities You Need to Understand
 Unicode Version
သင်နားလည်ဖို့ရန် လိုအပ်သည့် စစ်မှန်သော ဝိညာဉ်ရေးရာ (၅) မျိုး
 ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄း၁၈ “အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာ တည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါး သော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။
သင့်ပတ်ဝန်းကျင်၌ မြင်သမျှသောအရာအားလုံးတို့သည် ယာယီဖြစ်ပါတယ်။ သင်မမြင်နိုင်သော အရာကသာ ထာဝရတည်မြဲမှာ ဖြစ်ပါတယ်။
ပြီးတော့ ထိုထာဝရ ၊ စစ်မှန်သော ဝိညာဉ်ရေးရာတွေသည် အမှန်တကယ် အရေးကြီးသော အရာ ဖြစ်ပါတယ်။
အမှန်မှာ ဝိညာဉ်ရေးရာ စစ်မှန်မှုတို့သည် ရုပ်ပိုင်းဆိုင်ရာ အစစ်အမှန်တို့ကဲ့သို့ပင် ဖြစ်ပါတယ်။ ၎င်းတို့သည် လက်တွေ့အသက်တာ၏ အစိတ်အပိုင်းဖြစ်တဲ့အတွက်ကြောင့် ဝိညာဉ်ရေးရာတို့ပေါ်တွင် သင်အာရုံစိုက်ဖို့ရန် လိုအပ်ပါတယ်။ သင်နားလည်ဖို့ရန် လိုအပ်သော ဝိညာဉ်ပိုင်းဆိုင်ရာ(၅) မျိုးမှာ -
(၁) သင့်အား ချစ်ဖို့ ဘုရားသခင် ဖန်ဆင်းခဲ့ပါတယ်။
ယေရမိအနာဂတ္တိကျမ်း ၃၁း၃ ထာဝရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။
သင့်အား ချစ်ဖို့ရန် ဘုရားသခင် ဖန်ဆင်းခဲ့ပါပြီး သူ့အား ပြန်ချစ်ဖို့ရန် သင့်အား သင်ယူစေချင်ပါတယ်။ ၎င်းသည် အရေးကြီးဆုံးသော အသက်တာ၏ စစ်မှန်မှုဖြစ်ပါတယ်။
(၂) ထာဝရတည်နေဖို့ရန် သင့်အား ဖန်ဆင်းထားပါတယ်။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကို လည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။
သေခြင်းတရားနဲ့ပတ်သက်ပြီး ဧဝံဂေလိဆရာ ဘီလီဂရေဟမ် ဤသို့ပြောခဲ့ပါတယ် “တစ်နေ့မှာ ဘီလီဂရေ ဟမ်သည် သေသွားပြီလို့ သင်ကြားရမယ် (သို့) ဖတ်ရပါလိမ့်မယ်။ ထိုစကားကို မယုံကြည်ပါနဲ့။ ယခု အသက်ရှင် နေထာထက်ကို ပိုပြီး အသက်ရှင်မှာ ဖြစ်ပါတယ်။ နေရပ်လိပ်စာကိုသာ ပြောင်းလဲလိုက်မှာ ဖြစ်သည်။ ဘုရားသခင် ထံတော်၌ ရှိနေပါလိမ့်မည်”။ ယခုတွင် ဘုရားသခင်နှင့်အတူ သူရှိနေပါပြီ။
 (၃) ထာဝရ နေရာ (၂) နေရာကို ဘုရားသခင် ပြင်ဆင်ထားပါတယ်။ ‌
ကောင်းကင်ဘုံ နှင့် ငရဲ နှစ်ခုလုံးသည် စစ်မှန်မှုဖြစ်ပါတယ်။ ပကတိနေရာတွေ ဖြစ်ကြပါတယ်။ ၎င်းတို့သည် ဖြစ်တည်မှုမျှသာ မဟုတ်ပါ။
 (၄) သင်ထာဝရ နေချင်သည့်နေရာကို ရွေးချယ်ဖို့ လိုပါတယ်။
ငရဲပြည်တွင် တစ်နေ့ သင့်ကိုယ်သင် တွေ့ရှိရခြင်းက မတော်တဆ မဟုတ်ပါဘူး။ သင်ရွေးချယ်ခြင်းအရာအတွက် သင်ထိုနေရာကို ရောက်ရှိခြင်းဖြစ်ပါတယ်။ သင့်အသက်တာ၏ အရှင်သခင်အဖြစ် သခင်ယေရှုကို ရွေးချယ်ပါလျှင် ထိုသခင်နှင့်အတူ ကောင်းကင်ဘုံတွင် ထာဝရနေရမည် ဖြစ်သည်။ ထိုသခင်ကို ငြင်းပယ်ပါလျှင် ငရဲပြည်၌ ထာဝရ နေရပါမည်။ တခြားသော ရွေးချယ်မှု မရှိပါ။
 (၅) သင်၏ရွေးချယ်မှုအတွက် ဒုတိယအခွင့်အရေး မရှိပါ။
သင်၏ ရွေးချယ်မှုသည် အချိန်အကန့်အသတ်ရှိပါတယ်။ သင် ထာဝရ နေထိုင်မည့်နေရာနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ရန် သင်၌ အသက်တာတစ်ခုလုံး ရှိနေပါတယ်။ သို့ပေမဲ့ သေပြီးနောက်မှာတော့ စိတ်ကို ပြောင်းလဲလို့ မရနိုင်တော့ပါ။
 ဤစစ်မှန်မှု ငါးမျိုးဖြင့် သင်လုပ်ဆောင်သည့်အရာသည် သင်၏ ထာဝရ ကံကြမ္မာကို သက်ရောက်မှုရှိပြီး ထာဝရကာလတွင် သင်နေထိုင်ပုံကို ပြောင်းလဲစေမည် ဖြစ်ပါတယ်။
ဤကမ္ဘာမြေပေါ်ရှိ အသက်တာသည် အမြဲတမ်း မသေချာပါဘူး။ ဒါကြောင့် သခင်ယေရှုအတွက် ရွေးချယ်မှု မပြုရသေးဘူးဆိုလျှင် ယနေ့တွင် လုပ်ဆောင်လိုက်ပါ။
သင်၏ အသက်တာကို သခင်ယေရှုထံ အပ်နှံရန် အဆင်သင့်ဖြစ်ပါလျှင် ဤဆုတောင်းကို ပြုလိုက်ပါ။
ယေရှုဘုရားရှင်.. သခင့်အား ယုံကြည်ပါလျှင် ကျွန်ုပ်ပြစ်မှားသော အရာမှန်သမျှတို့ကို ခွင့်လွှတ်ပေးမည်ဟူသော ကတိတော်ရှိပါတယ်။ ကျွန်ုပ်အသက်တာ၏ ရည်ရွယ်ရာကို လေ့လာပါမည်။ တစ်နေ့တွင် ကျွန်ုပ်အား ကောင်းကင်ဘုံရှိ ထာဝရအိမ်သို့ ဝင်ရဖို့ရန် သခင်လက်ခံပါလိမ့်မည်။
 ကျွန်ုပ်၏ အပြစ်တို့ကို ဝန်ခံပါ၏။ သခင်အား ကျွန်ုပ်၏ ကယ်တင်ရှင်၊ ဘုရားသခင်ဖြစ်သည်ကို ကျွန်ုပ်ယုံကြည် ပါ၏။ သခင်အား အကျွန်ုပ်၏ သခင်အဖြစ် အသက်တာတွင် လက်ခံပါသည်။ ယနေ့ ကျွန်ုပ်အသက်တာ၏ အခန်းကဏ္ဍတို့အားလုံးကို သခင့်၏ အစီအမံအတိုင်း လွှဲပြောင်းလိုက်ပါပြီ။
 “သခင့်၏ မေတ္တာတော်၌ ကျွန်ုပ် အနားယူချင်ပါသည်။ ထိုအရာကို ကြိုးစားရယူဖို့ရန် ၊ လုပ်ဆောင်မှုပြုဖို့ရန် မလိုသည့်အတွက် ကျေးဇူးတင်ပါသည်။ ကိုယ့်ကိုယ်ကို ဝန်ဆောင်မှု ပြုခြင်းထက် သခင့်အား ဝန်ဆောင်မှုပြုဖို့ရန် ကျန်ရှိသောအသက်တာအားလုံးတို့ကို အသုံးပြုချင်ပါသည်။ ကျွန်ုပ်အသက်တာကို သခင့်ထံ ကျိုးနွံစွာဖြင့် ဝန်ခံလျက် သခင့်၏ မိသားစုဝင်တို့တွင် ကျွန်ုပ်အား လက်ခံဖို့နှင့် ကယ်တင်ဖို့ရန် တောင်းလျှောက်ပါ၏။ သခင်ယေရှု နာမတော်ြမတ်၌ …အာမင်
ဆင်ခြင်ရန်
- မမြင်ရတဲ့အရာပေါ်မှာ သင်၏စိတ်ကို အာရုံထားနိုင်ရန် ဘာကြောင့် အရေးကြီးပါသနည်း။
- ဘုရားသခင်သည် သင့်အား မမြင်ရသောအရာကို မည်ကဲ့သို့ ဖော်ပြပါသနည်း။
- သခင်ယေရှုနှင့်ပတ်သက်ပြီး သင်ဆုံးဖြတ်ချက်ချဖို့ရန် ဘုရားသခင်သည် သင့်အား အသက်တာတစ်ခုလုံးကို ပေးတယ်လို့ သင်ဘာကြောင့် ထင်မြင်ပါသနည်း။ သို့သော် သေပြီးနောက်တွင် ဆုံးဖြတ်ချက်ချဖို့ရန် ဒုတိယအခွင့်အရေးဆိုတာကို မပေးထားပါဘူး။
--------------------------------------------------------------------------------
Zawgyi Version
ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၄း၁၈ “အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာ တည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါး သော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။”
ဆင်ခြင်ရန်