Unicode Version
ပေးအပ်ထားသော အလုပ်ပေါ်တွင် သစ္စာရှိပါ။
ရှင်လုကာခရစ်ဝင်ကျမ်း ၁၆း၁၀-၁၁ “အနည်းငယ်သော အမှု၌
သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိ လိမ့်မည်။ အနည်းငယ် သောအမှု၌
သစ္စာမရှိသောသူသည် ကြီးသောအမှု၌ သစ္စာမရှိ။ သို့ဖြစ်၍ မမြဲသော လောကီ စည်းစိမ်ကို
သုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင်၊ မှန်သောစည်းစိမ်ကို သင်တို့၌ အဘယ်သူအပ် မည်နည်း။”
အကယ်၍ ကောင်းကင်ဘုံတွင် သင်ငြီးငွေ့လာမယ်လို့ တွေးမယ်ဆိုလျှင် ထပ်ပြီးတွေးပါ။
ကောင်းကင်ဘုံမှာ
ဘာမှမလုပ်ဘဲ တိမ်တိုက်တွေပေါ်မှာ သင်လျှောက်ထိုင်နေမှာ မဟုတ်ပါဘူး။ သင်စိတ်ဝင်စား သောအရာကို
သိဖို့ရန် ဘုရားသခင် သင့်အား ရစ်ပတ်ထားပါတယ်။
သင်၏ ဝါသနာ ၊ ကျွမ်းကျင်မှု နှင့် စွမ်းရည် အားလုံးတို့သည် ဘုရားသခင်ထံမှ လာခြင်း
ဖြစ်ပါတယ်။ သင်၏ ဆုကျေးဇူး ၊ စိတ်နှလုံးသား ၊ စွမ်းရည် ၊ အရည်အသွေး နှင့် အတွေ့အကြုံ တို့ဖြင့် သင့်အား ဘုရားသခင် ပုံဖော်ခဲ့ပါတယ်။
သင့်အား ဤကမ္ဘာမြေကြီး ပေါ်တွင်သာ ထူးခြားသော ပြိုင်ဘက်ကင်းသူ အဖြစ် ဖန်ဆင်းခဲ့တာ မဟုတ်ပါဘူး။
ဘုရားသခင်သည် သင်၏ ပုံသဏ္ဍာန်ကို နိစ္စထာဝရတွင် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ကောင်းကင်ဘုံတွင် သင်လုပ်ဆောင်စရာ ရှိပါမည်။ သို့ပေမဲ့ ကောင်းကင်ဘုံရှိ
အလုပ်နှင့် ကမ္ဘာမြေကြီးရှိ အလုပ် တို့ကြား ခြားနားမှု ရှိပါတယ်။ ကောင်းကင်ဘုံတွင်
သင်၏ အလုပ်ကို ပျော်မွေ့ရန် အာမခံပါသည်။ သင်၏ အလုပ် ပေါ်တွင် စိတ်ဖိစီးမှု (သို့) ခေါင်းကိုက်စရာ
တစ်စုံတစ်ရာကိုမျှ ခံစားရမည် မဟုတ်ပါ။ ၎င်းသည် အဓိပ္ပါယ်ရှိခြင်း ၊ ပျော်ရွှင်ဖွယ်ရာ
တို့ဖြင့် အချိန်တိုင်း ဖြည့်ဆည်းနေပါလိမ့်မည်။ သင်၏ စိတ်ကူးအိမ်မက်အလုပ်က ထာဝရရှိ
နေပါ လိမ့်မည်။
ကောင်းကင်ဘုံတွင်
သင်၏တာဝန် (သို့) တိကျတဲ့ အခန်းကဏ္ဍက ဘာဖြစ်မလဲဆိုတာ ကျွန်ုပ်မသိပါဘူး။ သို့ပေမဲ့ ဤကမ္ဘာမြေကြီးပေါ်တွင်
သင့်အား ဘုရားသခင်ပေးအပ်ထားသော တာဝန်ယူခြင်း နှင့် စွမ်းဆောင်မှုတို့တွင် သင်က ဘယ်လောက်
သစ္စာရှိသလဲဆိုတဲ့ ပေါ်မှာ မူတည်တယ်ဆိုတာကို ကျွန်ုပ်သိနေပါတယ်။
ဘုရားသခင်
သင့်ကို စောင့်ကြည့်နေပြီး သင့်ကို စမ်းသပ်နေပါတယ်။ အသက်တာသည် ခဏတာ တာဝန်ပေးအပ် ခြင်းမျိုး
ဖြစ်ပြီး သင်၌ လက်ရှိ တာဝန်ယူထားသောအရာကို သင်ဘယ်လို တာဝန်ယူတယ် ၊ ဘယ်လို သစ္စာရှိတယ်
ဘယ်လို ယုံကြည်ရသလဲဆိုတာကို ဘုရားသခင် မြင်ချင်ပါတယ်။
ပေးအပ်ထားသော အရာဖြင့်
သင်ဘာကို လုပ်ဆောင်ပါသနည်း။ ပေးအပ်ထားသော အရာကို သင်က အကောင်းဆုံး အသုံးချပါလျှင် ကောင်းကင်ဘုံတွင်
ဘုရားသခင်က သင့်အား များစွာ ပိုမိုပေးပါလိမ့်မည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကောင်းကင်ဘုံဆီသို့
၎င်းကို သင်ပြုပါလိမ့်မည်။ သို့ပေမဲ့ ကောင်းကင်ဘုံ ဝင်ရောက် လိုက်သည်နှင့် တစ်ပြိုင်နက်
သင်၏ ဆုလဒ်သရဖူနှင့် တာဝန်ယူမှုတို့သည် ကမ္ဘာမြေကြီးပေါ် ဘုရား သခင်ကို မည်ကဲ့သို့
သစ္စာရှိစွာ အစေခံတဲ့ပေါ်မှာ မူတည်ပါလိမ့်မည်။
သမ္မာကျမ်းစာတွင် ရှင်းပြပေးထားသည်မှာ “အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ် သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌ သစ္စာမရှိ။ သို့ဖြစ်၍ မမြဲသော လောကီစည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင်၊ မှန်သောစည်းစိမ်ကို သင်တို့၌ အဘယ်သူအပ် မည်နည်း။” ရှင်လုကာခရစ်ဝင်ကျမ်း ၁၆း၁၀-၁၁
သင်၏
ငွေကြေး ၊ အချိန် ၊ ပေါင်းသင်းဆက်ဆံမှု ၊ ကျန်းမာရေး နှင့် သင်၏ အခွင့်အရေး တို့ပေါ်
သင်မည်သို့ စီမံနေသလဲဆိုတာကို မြင်ရဖို့ရန် ဘုရားသခင် စောင့်ကြည့်နေပါတယ်။
သင်၏
ငွေကြေးပေါ် စီမံသော နည်းလမ်းသည် သင်၏ သစ္စာရှိမှုကို စမ်းသပ်ခြင်း ဖြစ်ပါတယ်။ ပြီးတော့
၎င်းသည် သင်ကောင်းကင်ဘုံတွင် ဘာကိုလုပ်ဆောင်ရမည်ကို အဆုံးအဖြတ်ပေးရာ၌ အကူအညီ ဖြစ်စေပါသည်။
ဘုရား သခင်က လောက ချမ်းသာမှုတို့ပေါ်တွင် သင့်အား ယုံကြည်လို့ မရနိုင်ဘူးဆိုလျှင် သင်၌
အမြဲတမ်း အကြွေး တင်နေပါမည်။ ဆယ်ဖို့တစ်ဖို့လည်း သင်မပေးနိုင်တော့ပါ။ ရက်ရောမှုလည်း
သင်မပြုနိုင်တော့ပါ။ ဒါဆို နိစ္စထာဝရတွင် သင့်အား အဘယ်အရာကို ဘုရားသခင် ယုံကြည်နိုင်မည်ဟု
ထင်ပါသနည်း။
သင်၏
တာဝန်ယူမှုတွေပေါ် သင်မည်ကဲ့သို့ ကိုင်တွယ်နေတယ်ဆိုတာကို ဘုရားသခင် စောင့်ကြည့်နေပါတယ်။
၎င်းသည်သင့်ကိုယ်သင် အပြစ်မြင်ခြင်းကို ခံစားစေဖို့ရန် လုပ်ဆောင်တာ မဟုတ်ဘဲ ကောင်းကင်ဘုံမှ
ပေးမည့် အံ့ဩဖွယ်သောအရာတို့ဖြင့် သင်ဝမ်းမြောက်ဖို့ရန် ဘုရားသခင် အလိုတော်ရှိတာ ဖြစ်ပါတယ်။
ကမ္ဘာမြေကြီးပေါ်တွင် သင့်အား ဘုရားသခင် အပ်နှံထားသော အရာအားလုံးပေါ်
သင်က သစ္စာရှိမှုကို ရွေးချယ်တဲ့ အခါတွင် ကောင်းကင်ဘုံတွင်လည်း ပိုပြီး သင်သစ္စာရှိပါလိမ့်မည်။
ဆင်ခြင်ရန်
-
သင်၏ အလုပ်ပေါ် သစ္စာရှိမှုကို စမ်းသပ်နေခြင်းလို့ သင်မြင်တဲ့အခါမှာ ၎င်းသည် မည်သို့
ကွာခြားပါသနည်း။
-
အဓိပ္ပါယ်မရှိခြင်း ၊ ပြီးပြည့်စုံခြင်း မရှိသလို ခံစားရတဲ့ အလုပ်ကို သင်လုပ်ဆောင်ဖို့ရန်
ဘုရားသခင် ဘာကြောင့် အလိုရှိတယ်လို့ သင်တွေးမြင်ပါသနည်း။
-
ယနေ့ သင့်လုပ်ငန်းတွင် သစ္စာရှိမှုကို သင်မည်သို့ ရွေးချယ်နိုင်မည်နည်း။
--------------------------------------------------------------------------
Zawgyi Version
ေပးအပ္ထားေသာ အလုပ္ေပၚတြင္ သစၥာရွိပါ။
ရွင္လုကာခရစ္ဝင္က်မ္း ၁၆း၁၀-၁၁ “အနည္းငယ္ေသာ အမႈ၌ သစၥာရွိေသာသူသည္ ႀကီးေသာအမႈ၌လည္း သစၥာရွိ လိမ့္မည္။ အနည္းငယ္ ေသာအမႈ၌ သစၥာမရွိေသာသူသည္ ႀကီးေသာအမႈ၌ သစၥာမရွိ။ သို႔ျဖစ္၍ မၿမဲေသာ ေလာကီ စည္းစိမ္ကို သုံးရာတြင္ သင္တို႔သည္ သစၥာမရွိလွ်င္၊ မွန္ေသာစည္းစိမ္ကို သင္တို႔၌ အဘယ္သူအပ္ မည္နည္း။”
အကယ္၍ ေကာင္းကင္ဘုံတြင္ သင္ၿငီးေငြ႕လာမယ္လို႔ ေတြးမယ္ဆိုလွ်င္ ထပ္ၿပီးေတြးပါ။
ေကာင္းကင္ဘုံမွာ ဘာမွမလုပ္ဘဲ တိမ္တိုက္ေတြေပၚမွာ သင္ေလွ်ာက္ထိုင္ေနမွာ မဟုတ္ပါဘူး။ သင္စိတ္ဝင္စား ေသာအရာကို သိဖို႔ရန္ ဘုရားသခင္ သင့္အား ရစ္ပတ္ထားပါတယ္။ သင္၏ ဝါသနာ ၊ ကြၽမ္းက်င္မႈ ႏွင့္ စြမ္းရည္ အားလုံးတို႔သည္ ဘုရားသခင္ထံမွ လာျခင္း ျဖစ္ပါတယ္။ သင္၏ ဆုေက်းဇူး ၊ စိတ္ႏွလုံးသား ၊ စြမ္းရည္ ၊ အရည္အေသြး ႏွင့္ အေတြ႕အႀကဳံ တို႔ျဖင့္ သင့္အား ဘုရားသခင္ ပုံေဖာ္ခဲ့ပါတယ္။ သင့္အား ဤကမာၻေျမႀကီး ေပၚတြင္သာ ထူးျခားေသာ ၿပိဳင္ဘက္ကင္းသူ အျဖစ္ ဖန္ဆင္းခဲ့တာ မဟုတ္ပါဘူး။ ဘုရားသခင္သည္ သင္၏ ပုံသ႑ာန္ကို နိစၥထာဝရတြင္ အသုံးျပဳသြားမွာ ျဖစ္ပါတယ္။
ေကာင္းကင္ဘုံတြင္ သင္လုပ္ေဆာင္စရာ ရွိပါမည္။ သို႔ေပမဲ့ ေကာင္းကင္ဘုံရွိ အလုပ္ႏွင့္ ကမာၻေျမႀကီးရွိ အလုပ္ တို႔ၾကား ျခားနားမႈ ရွိပါတယ္။ ေကာင္းကင္ဘုံတြင္ သင္၏ အလုပ္ကို ေပ်ာ္ေမြ႕ရန္ အာမခံပါသည္။ သင္၏ အလုပ္ ေပၚတြင္ စိတ္ဖိစီးမႈ (သို႔) ေခါင္းကိုက္စရာ တစ္စုံတစ္ရာကိုမွ် ခံစားရမည္ မဟုတ္ပါ။ ၎သည္ အဓိပၸါယ္ရွိျခင္း ၊ ေပ်ာ္႐ႊင္ဖြယ္ရာ တို႔ျဖင့္ အခ်ိန္တိုင္း ျဖည့္ဆည္းေနပါလိမ့္မည္။ သင္၏ စိတ္ကူးအိမ္မက္အလုပ္က ထာဝရရွိ ေနပါ လိမ့္မည္။
ေကာင္းကင္ဘုံတြင္ သင္၏တာဝန္ (သို႔) တိက်တဲ့ အခန္းက႑က ဘာျဖစ္မလဲဆိုတာ ကြၽႏ္ုပ္မသိပါဘူး။ သို႔ေပမဲ့ ဤကမာၻေျမႀကီးေပၚတြင္ သင့္အား ဘုရားသခင္ေပးအပ္ထားေသာ တာဝန္ယူျခင္း ႏွင့္ စြမ္းေဆာင္မႈတို႔တြင္ သင္က ဘယ္ေလာက္ သစၥာရွိသလဲဆိုတဲ့ ေပၚမွာ မူတည္တယ္ဆိုတာကို ကြၽႏ္ုပ္သိေနပါတယ္။
ဘုရားသခင္ သင့္ကို ေစာင့္ၾကည့္ေနၿပီး သင့္ကို စမ္းသပ္ေနပါတယ္။ အသက္တာသည္ ခဏတာ တာဝန္ေပးအပ္ ျခင္းမ်ိဳး ျဖစ္ၿပီး သင္၌ လက္ရွိ တာဝန္ယူထားေသာအရာကို သင္ဘယ္လို တာဝန္ယူတယ္ ၊ ဘယ္လို သစၥာရွိတယ္ ဘယ္လို ယုံၾကည္ရသလဲဆိုတာကို ဘုရားသခင္ ျမင္ခ်င္ပါတယ္။
ေပးအပ္ထားေသာ အရာျဖင့္ သင္ဘာကို လုပ္ေဆာင္ပါသနည္း။ ေပးအပ္ထားေသာ အရာကို သင္က အေကာင္းဆုံး အသုံးခ်ပါလွ်င္ ေကာင္းကင္ဘုံတြင္ ဘုရားသခင္က သင့္အား မ်ားစြာ ပိုမိုေပးပါလိမ့္မည္။ ဘုရားသခင္၏ ေက်းဇူးေတာ္ေၾကာင့္ ေကာင္းကင္ဘုံဆီသို႔ ၎ကို သင္ျပဳပါလိမ့္မည္။ သို႔ေပမဲ့ ေကာင္းကင္ဘုံ ဝင္ေရာက္ လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ သင္၏ ဆုလဒ္သရဖူႏွင့္ တာဝန္ယူမႈတို႔သည္ ကမာၻေျမႀကီးေပၚ ဘုရား သခင္ကို မည္ကဲ့သို႔ သစၥာရွိစြာ အေစခံတဲ့ေပၚမွာ မူတည္ပါလိမ့္မည္။
သမၼာက်မ္းစာတြင္ ရွင္းျပေပးထားသည္မွာ “အနည္းငယ္ေသာ အမႈ၌ သစၥာရွိေသာသူသည္ ႀကီးေသာအမႈ၌လည္း သစၥာရွိလိမ့္မည္။ အနည္းငယ္ ေသာအမႈ၌ သစၥာမရွိေသာသူသည္ ႀကီးေသာအမႈ၌ သစၥာမရွိ။ သို႔ျဖစ္၍ မၿမဲေသာ ေလာကီစည္းစိမ္ကို သုံးရာတြင္ သင္တို႔သည္ သစၥာမရွိလွ်င္၊ မွန္ေသာစည္းစိမ္ကို သင္တို႔၌ အဘယ္သူအပ္ မည္နည္း။” ရွင္လုကာခရစ္ဝင္က်မ္း ၁၆း၁၀-၁၁
သင္၏ ေငြေၾကး ၊ အခ်ိန္ ၊ ေပါင္းသင္းဆက္ဆံမႈ ၊ က်န္းမာေရး ႏွင့္ သင္၏ အခြင့္အေရး တို႔ေပၚ သင္မည္သို႔ စီမံေနသလဲဆိုတာကို ျမင္ရဖို႔ရန္ ဘုရားသခင္ ေစာင့္ၾကည့္ေနပါတယ္။
သင္၏ ေငြေၾကးေပၚ စီမံေသာ နည္းလမ္းသည္ သင္၏ သစၥာရွိမႈကို စမ္းသပ္ျခင္း ျဖစ္ပါတယ္။ ၿပီးေတာ့ ၎သည္ သင္ေကာင္းကင္ဘုံတြင္ ဘာကိုလုပ္ေဆာင္ရမည္ကို အဆုံးအျဖတ္ေပးရာ၌ အကူအညီ ျဖစ္ေစပါသည္။ ဘုရား သခင္က ေလာက ခ်မ္းသာမႈတို႔ေပၚတြင္ သင့္အား ယုံၾကည္လို႔ မရႏိုင္ဘူးဆိုလွ်င္ သင္၌ အၿမဲတမ္း အေႂကြး တင္ေနပါမည္။ ဆယ္ဖို႔တစ္ဖို႔လည္း သင္မေပးႏိုင္ေတာ့ပါ။ ရက္ေရာမႈလည္း သင္မျပဳႏိုင္ေတာ့ပါ။ ဒါဆို နိစၥထာဝရတြင္ သင့္အား အဘယ္အရာကို ဘုရားသခင္ ယုံၾကည္ႏိုင္မည္ဟု ထင္ပါသနည္း။
သင္၏ တာဝန္ယူမႈေတြေပၚ သင္မည္ကဲ့သို႔ ကိုင္တြယ္ေနတယ္ဆိုတာကို ဘုရားသခင္ ေစာင့္ၾကည့္ေနပါတယ္။ ၎သည္သင့္ကိုယ္သင္ အျပစ္ျမင္ျခင္းကို ခံစားေစဖို႔ရန္ လုပ္ေဆာင္တာ မဟုတ္ဘဲ ေကာင္းကင္ဘုံမွ ေပးမည့္ အံ့ဩဖြယ္ေသာအရာတို႔ျဖင့္ သင္ဝမ္းေျမာက္ဖို႔ရန္ ဘုရားသခင္ အလိုေတာ္ရွိတာ ျဖစ္ပါတယ္။
ကမာၻေျမႀကီးေပၚတြင္ သင့္အား ဘုရားသခင္ အပ္ႏွံထားေသာ အရာအားလုံးေပၚ သင္က သစၥာရွိမႈကို ေ႐ြးခ်ယ္တဲ့ အခါတြင္ ေကာင္းကင္ဘုံတြင္လည္း ပိုၿပီး သင္သစၥာရွိပါလိမ့္မည္။
ဆင္ျခင္ရန္
- သင္၏ အလုပ္ေပၚ သစၥာရွိမႈကို စမ္းသပ္ေနျခင္းလို႔ သင္ျမင္တဲ့အခါမွာ ၎သည္ မည္သို႔ ကြာျခားပါသနည္း။
- အဓိပၸါယ္မရွိျခင္း ၊ ၿပီးျပည့္စုံျခင္း မရွိသလို ခံစားရတဲ့ အလုပ္ကို သင္လုပ္ေဆာင္ဖို႔ရန္ ဘုရားသခင္ ဘာေၾကာင့္ အလိုရွိတယ္လို႔ သင္ေတြးျမင္ပါသနည္း။
- ယေန႔ သင့္လုပ္ငန္းတြင္ သစၥာရွိမႈကို သင္မည္သို႔ ေ႐ြးခ်ယ္ႏိုင္မည္နည္း။