To Be God’s Friend, Value What He Values

 Unicode Version

ဘုရားသခင်၏ မိတ်ဆွေဖြစ်ဖို့ရန် သူတန်ဖိုးထားသောအရာကို တန်ဖိုးထားပါ။

တိမောသေဩဝါဒစာ ပဌမစောင် ၆း၂၁ “ထိုသိပ္ပံအတတ်ကို လူအချို့တို့သည် ဝန်ခံပြုစုသောအားဖြင့်၊ ယုံကြည်ခြင်း တရားလမ်းမှ လွဲကြပြီ။

The Bible says in 1 Timothy 6:21, “Some of these people have missed the most important thing in life—they don’t know God” (TLB).

ဘုရားသခင်နှင့် ခင်မင်ရင်းနှီးမှုအတွက် သော့ချက်မှာ သင် မည်သူ၏ ခင်မင်ရင်းနှီးမှုကို အလိုချင်ဆုံးဖြစ်ကြောင်း ဆုံးဖြတ်ခြင်း ဖြစ်ပါတယ်။

လူတိုင်းကို သင်၏ မိတ်ဆွေကောင်းဖြစ်လာဖို့ရန်အတွက် သင်၌အချိန်မရှိပါဘူး။ မည်သူအား သင်၏ အကောင်းဆုံး သော မိတ်ဆွေဖြစ်လာစေချင်သောသူကို သင်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

 

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ တိမောသေဩဝါဒစာ ပဌမစောင် ၆း၂၁ “ထိုသိပ္ပံအတတ်ကို လူအချို့တို့သည် ဝန်ခံပြုစုသောအားဖြင့်၊ ယုံကြည်ခြင်းတရားလမ်းမှ လွဲကြပြီ။

The Bible says in 1 Timothy 6:21, “Some of these people have missed the most important thing in life—they don’t know God” (TLB).

သူတို့တွေသည် ဘေ့စ်ဘော ရမှတ်တွေကို သိကြပါတယ်။ စတော့ဈေးကွက်ကိုလည်း သိကြတယ်။ နာမည်ရ ထိပ်ဆုံး သီးချင်း ၁၀ ပုဒ်ကိုလည်း သိကြတယ်။ လုမှုဘဝ သရုပ်ဖော်ဇာတ်လမ်း ပြဇာတ်ရုံ တွေမှာ ဘယ်သူအဝင် အထွက်ရှိလည်း သိကြတယ်။ သို့ပေမဲ့ သူတို့ ဘုရားသခင်ကို မသိကြပါဘူး။ အသက်တာတွင် အရေးကြီးဆုံးသော အရာကို သူတို့ မေ့လျော့နေကြပါတယ်။

အကယ်၍ သင်က ဘုရားသခင်နှင့် မိတ်ဆွေ မဖြစ်ဘူးဆိုလျှင် တစ်စုံတစ်ခုပေါ်တွင် ပိုပြီး အာရုံပြုသည် ဟု ဆိုလိုပါသည်။ ရှင်ယာကုပ်ဩဝါဒစာ ၄း၄ “မတရားသောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီမိဿ ဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့ လိုသော သူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။

James 4:4 says, “You should know that loving the world is the same as hating God. Anyone who wants to be a friend of the world becomes God’s enemy” (NCV).

ရှင်ယာကုပ်က “လောကကို ချစ်ခြင်း” လို့ ရေးသားတဲ့အခါတွင် လောက၏ တန်ဖိုးရှိသော စနစ်ကို တန်ဖိုးထား ခြင်းကို ဆိုလိုပါတယ်။ လူတွေကို ချစ်ဖို့ရန် သင့်အား ဘုရားသခင် အလိုရှိပေမဲ့ လောက၏ တန်ဖိုးဖွဲ့စည်းမှုတို့ကို ချစ်ဖို့ ပြောဆိုခြင်း မဟုတ်ပါဘူး။

 

အသက်တာ အာရုံထွေပြားမှုတို့တွင် အငိုက်မိခံရဖို့က အရမ်းလွယ်ကူပါတယ်။ လောက တန်ဖိုးရှိသောအရာတို့ကို သင်ကနှစ်သက်မြတ်နိုးတဲ့အခါ လူတွေကို ချစ်ခြင်းမေတ္တာရှိဖို့အတွက် နေရာတောင် များစွာ မကျန်တော့ပါ။ ၎င်းအ စား သင်က ရုပ်ဝါဒတို့ကို နှစ်သက် မြတ်နိုးသွားပါတယ်။ သာယာမှု ၊ ဂုဏ်သတင်းကျော်ကြားမှု ၊ ဂုဏ်ဒြပ် ၊ မက်မောမှု ၊ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာ နှင့် နေရာကောင်းတို့ကို သင်နှစ်သက်သွားပါတယ်။

 

သို့ပေမဲ့ ဘုရားသခင်က လူတွေကို ချစ်ပါတယ်။ သူ့ကိုလည်း ပြန်ချစ်ဖို့ အလိုတော်ရှိပါတယ်။ တခြားသော လူတွေ၏ စိတ်ဝင်စားမှုတို့ကို သင်ကစိတ်ဝင်စားမှု ရှိစေခြင်းအားဖြင့် သင်၏ချစ်ခြင်းအား လူတွေကို ဖော်ပြပေးလို့ ရပါတယ်။ တစ်နည်းအားဖြင့် သင့်အတွက် အရေးကြီးသောအရာသည် ကျွန်ုပ်အတွက် အရေးကြီးသောအရာ ဖြစ်သည်။ (သမ္မာကျမ်းစာသည် အမှန်တရား၏ ဆက်စပ်မှုတွင် အမြဲရှိသည်)

 

၎င်းနည်းဖြင့် ဘုရားသခင်ထံသို့လည်း သင်၏ ချစ်ခြင်းကို ဖော်ပြပေးပါတယ်။ သင်က ဘုရားသခင်နှင့် ရင်းနှီးကျွမ်း ဝင်ချင်ပါလျှင် ဘုရားဂရုစိုက်သောအရာတို့ကို သင်က ဂရုစိုက်ဖို့လိုပြီး ဘုရား မကြိုက်သောအရာတို့ကို သင်က လည်း ရပ်တန့်လိုက်ဖို့ လိုပါတယ်။ ဘုရားသခင်က သင်၏ ပုံသဏ္ဌာန်ကို စိတ်မဝင်စားပါ။ သင်၏အဆင့် အတန်းကို လည်း စိတ်မဝင်စားပါ။ သင်၏ စရိုက်လက္ခဏာကို စိတ်ဝင်စားပါတယ်။ အမြင်အားဖြင့် မဟုတ်ပေမဲ့ သင်ဘယ် လိုလူမျိုးလဲဆိုတာကို စိတ်ဝင်စားပါတယ်။

 

ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်ခြင်းဆီသို့ လက်တွေ့ကျသော ခြေလှမ်းတစ်ခုလှမ်းရန် သင်အဆင်သင့် ဖြစ်ပြီလား။ သူတန်ဖိုးထားတဲ့အရာကို တန်ဖိုးထားဖို့ ရွေးချယ်ပါ။

 

ဆင်ခြင်ရန်

- သင်သည် ဘုရားသခင်နှင့် မိတ်ဆွေဖြစ်ခြင်းလမ်း၌ အဘယ်အရာက တားဆီးနေသနည်း။ အဆိုပါ အတား အဆီးများကို ဖယ်ရှားရန် သင့်အတွေး သို့မဟုတ် အပြုအမူတွင် မည်သည့်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ် နိုင်သနည်း။

- ဘုရားသခင်ကို သိရှိခြင်းထက် သင့်အတွက် အဘယ်အရာက ပိုအရေးကြီးသနည်း။ ထိုအရာကို ဘာကြောင့် ပိုတန်ဖိုးထား သနည်း

- သင့်အချစ်ဆုံးသူငယ်ချင်းနှင့် ဆက်ဆံရေးကို ဖော်ပြပါ။ ထိုဆက်ဆံရေးကို ဘုရားသခင်နှင့် သင်၌ရှိသော ဆက်ဆံရေးနှင့် မည်သို့ နှိုင်းယှဉ်မည်နည်း။

- ဘုရားသခင်တန်ဖိုးထားသောအရာများမှ သင်သိသောအရာကား အဘယ်နည်း။ အဲဒီအရာတွေက သင့်အတွက် မည်မျှအရေးကြီးပါသနည်း။

----------------------------------------------------------------

Zawgyi Version

ဘုရားသခင္၏ မိတ္ေဆြျဖစ္ဖို႔ရန္ သူတန္ဖိုးထားေသာအရာကို တန္ဖိုးထားပါ။

တိေမာေသဩဝါဒစာ ပဌမေစာင္ ၆း၂၁ “ထိုသိပၸံအတတ္ကို လူအခ်ိဳ႕တို႔သည္ ဝန္ခံျပဳစုေသာအားျဖင့္၊ ယုံၾကည္ျခင္း တရားလမ္းမွ လြဲၾကၿပီ။”

The Bible says in 1 Timothy 6:21, “Some of these people have missed the most important thing in life—they don’t know God” (TLB).

ဘုရားသခင္ႏွင့္ ခင္မင္ရင္းႏွီးမႈအတြက္ ေသာ့ခ်က္မွာ သင္ မည္သူ၏ ခင္မင္ရင္းႏွီးမႈကို အလိုခ်င္ဆုံးျဖစ္ေၾကာင္း ဆုံးျဖတ္ျခင္း ျဖစ္ပါတယ္။ 

လူတိုင္းကို သင္၏ မိတ္ေဆြေကာင္းျဖစ္လာဖို႔ရန္အတြက္ သင္၌အခ်ိန္မရွိပါဘူး။ မည္သူအား သင္၏ အေကာင္းဆုံး ေသာ မိတ္ေဆြျဖစ္လာေစခ်င္ေသာသူကို သင္ဆုံးျဖတ္ရမွာ ျဖစ္ပါတယ္။ 


သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ တိေမာေသဩဝါဒစာ ပဌမေစာင္ ၆း၂၁ “ထိုသိပၸံအတတ္ကို လူအခ်ိဳ႕တို႔သည္ ဝန္ခံျပဳစုေသာအားျဖင့္၊ ယုံၾကည္ျခင္းတရားလမ္းမွ လြဲၾကၿပီ။”

The Bible says in 1 Timothy 6:21, “Some of these people have missed the most important thing in life—they don’t know God” (TLB).

သူတို႔ေတြသည္ ေဘ့စ္ေဘာ ရမွတ္ေတြကို သိၾကပါတယ္။ စေတာ့ေဈးကြက္ကိုလည္း သိၾကတယ္။ နာမည္ရ ထိပ္ဆုံး သီးခ်င္း ၁၀ ပုဒ္ကိုလည္း သိၾကတယ္။ လုမႈဘဝ သ႐ုပ္ေဖာ္ဇာတ္လမ္း ျပဇာတ္႐ုံ ေတြမွာ ဘယ္သူအဝင္ အထြက္ရွိလည္း သိၾကတယ္။ သို႔ေပမဲ့ သူတို႔ ဘုရားသခင္ကို မသိၾကပါဘူး။ အသက္တာတြင္ အေရးႀကီးဆုံးေသာ အရာကို သူတို႔ ေမ့ေလ်ာ့ေနၾကပါတယ္။

အကယ္၍ သင္က ဘုရားသခင္ႏွင့္ မိတ္ေဆြ မျဖစ္ဘူးဆိုလွ်င္ တစ္စုံတစ္ခုေပၚတြင္ ပိုၿပီး အာ႐ုံျပဳသည္ ဟု ဆိုလိုပါသည္။ ရွင္ယာကုပ္ဩဝါဒစာ ၄း၄ “မတရားေသာေမထုန္၌မွီဝဲေသာ ေယာက္်ားမိန္းမတို႔၊ ေလာကီမိႆ ဟာယသည္ ဘုရားသခင္ႏွင့္ ဆန္႔က်င္ဘက္ျဖစ္သည္ကို မသိၾကသေလာ။ ဤေလာကႏွင့္ မိႆဟာယဖြဲ႕ လိုေသာ သူသည္ ဘုရားသခင္၏ ရန္သူျဖစ္၏။”

James 4:4 says, “You should know that loving the world is the same as hating God. Anyone who wants to be a friend of the world becomes God’s enemy” (NCV).

ရွင္ယာကုပ္က “ေလာကကို ခ်စ္ျခင္း” လို႔ ေရးသားတဲ့အခါတြင္ ေလာက၏ တန္ဖိုးရွိေသာ စနစ္ကို တန္ဖိုးထား ျခင္းကို ဆိုလိုပါတယ္။ လူေတြကို ခ်စ္ဖို႔ရန္ သင့္အား ဘုရားသခင္ အလိုရွိေပမဲ့ ေလာက၏ တန္ဖိုးဖြဲ႕စည္းမႈတို႔ကို ခ်စ္ဖို႔ ေျပာဆိုျခင္း မဟုတ္ပါဘူး။ 


အသက္တာ အာ႐ုံေထြျပားမႈတို႔တြင္ အငိုက္မိခံရဖို႔က အရမ္းလြယ္ကူပါတယ္။ ေလာက တန္ဖိုးရွိေသာအရာတို႔ကို သင္ကႏွစ္သက္ျမတ္ႏိုးတဲ့အခါ လူေတြကို ခ်စ္ျခင္းေမတၱာရွိဖို႔အတြက္ ေနရာေတာင္ မ်ားစြာ မက်န္ေတာ့ပါ။ ၎အ စား သင္က ႐ုပ္ဝါဒတို႔ကို ႏွစ္သက္ ျမတ္ႏိုးသြားပါတယ္။ သာယာမႈ ၊ ဂုဏ္သတင္းေက်ာ္ၾကားမႈ ၊ ဂုဏ္ျဒပ္ ၊ မက္ေမာမႈ ၊ ပိုင္ဆိုင္သည့္ ပစၥည္းဥစၥာ ႏွင့္ ေနရာေကာင္းတို႔ကို သင္ႏွစ္သက္သြားပါတယ္။ 


သို႔ေပမဲ့ ဘုရားသခင္က လူေတြကို ခ်စ္ပါတယ္။ သူ႔ကိုလည္း ျပန္ခ်စ္ဖို႔ အလိုေတာ္ရွိပါတယ္။ တျခားေသာ လူေတြ၏ စိတ္ဝင္စားမႈတို႔ကို သင္ကစိတ္ဝင္စားမႈ ရွိေစျခင္းအားျဖင့္ သင္၏ခ်စ္ျခင္းအား လူေတြကို ေဖာ္ျပေပးလို႔ ရပါတယ္။ တစ္နည္းအားျဖင့္ သင့္အတြက္ အေရးႀကီးေသာအရာသည္ ကြၽႏ္ုပ္အတြက္ အေရးႀကီးေသာအရာ ျဖစ္သည္။ (သမၼာက်မ္းစာသည္ အမွန္တရား၏ ဆက္စပ္မႈတြင္ အၿမဲရွိသည္)


၎နည္းျဖင့္ ဘုရားသခင္ထံသို႔လည္း သင္၏ ခ်စ္ျခင္းကို ေဖာ္ျပေပးပါတယ္။ သင္က ဘုရားသခင္ႏွင့္ ရင္းႏွီးကြၽမ္း ဝင္ခ်င္ပါလွ်င္ ဘုရားဂ႐ုစိုက္ေသာအရာတို႔ကို သင္က ဂ႐ုစိုက္ဖို႔လိုၿပီး ဘုရား မႀကိဳက္ေသာအရာတို႔ကို သင္က လည္း ရပ္တန႔္လိုက္ဖို႔ လိုပါတယ္။ ဘုရားသခင္က သင္၏ ပုံသဏၭာန္ကို စိတ္မဝင္စားပါ။ သင္၏အဆင့္ အတန္းကို လည္း စိတ္မဝင္စားပါ။ သင္၏ စ႐ိုက္လကၡဏာကို စိတ္ဝင္စားပါတယ္။ အျမင္အားျဖင့္ မဟုတ္ေပမဲ့ သင္ဘယ္ လိုလူမ်ိဳးလဲဆိုတာကို စိတ္ဝင္စားပါတယ္။


ဘုရားသခင္ႏွင့္ ရင္းႏွီးကြၽမ္းဝင္ျခင္းဆီသို႔ လက္ေတြ႕က်ေသာ ေျခလွမ္းတစ္ခုလွမ္းရန္ သင္အဆင္သင့္ ျဖစ္ၿပီလား။ သူတန္ဖိုးထားတဲ့အရာကို တန္ဖိုးထားဖို႔ ေ႐ြးခ်ယ္ပါ။ 


ဆင္ျခင္ရန္

- သင္သည္ ဘုရားသခင္ႏွင့္ မိတ္ေဆြျဖစ္ျခင္းလမ္း၌ အဘယ္အရာက တားဆီးေနသနည္း။ အဆိုပါ အတား အဆီးမ်ားကို ဖယ္ရွားရန္ သင့္အေတြး သို႔မဟုတ္ အျပဳအမူတြင္ မည္သည့္ျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္ ႏိုင္သနည္း။

- ဘုရားသခင္ကို သိရွိျခင္းထက္ သင့္အတြက္ အဘယ္အရာက ပိုအေရးႀကီးသနည္း။ ထိုအရာကို ဘာေၾကာင့္ ပိုတန္ဖိုးထား သနည္း။

- သင့္အခ်စ္ဆုံးသူငယ္ခ်င္းႏွင့္ ဆက္ဆံေရးကို ေဖာ္ျပပါ။ ထိုဆက္ဆံေရးကို ဘုရားသခင္ႏွင့္ သင္၌ရွိေသာ ဆက္ဆံေရးႏွင့္ မည္သို႔ ႏႈိင္းယွဥ္မည္နည္း။

- ဘုရားသခင္တန္ဖိုးထားေသာအရာမ်ားမွ သင္သိေသာအရာကား အဘယ္နည္း။ အဲဒီအရာေတြက သင့္အတြက္ မည္မွ်အေရးႀကီးပါသနည္း။