Unicode Version
ဆက်ဆံရေးတို့သည် အသက်တာ မုန်တိုင်းများကြားက မိုးကာအင်္ကျီ
ဖြစ်ပါသည်။
ဒေသနာကျမ်း ၄း၉ “လူသည်တယောက်တည်းထက် နှစ်ယောက်
သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသော အကျိုးကို ရတတ်၏။”
ဆက်ဆံရေးသည် ဘဝအသက်တာ မုန်တိုင်းများကြားတွင် မိုးကာအင်္ကျီ တစ်ထည်ဖြစ်ပါတယ်။ မိတ်ဆွေ သူငယ်ချင်း (သို့) မိသားစုဝင်တို့သည် လောကမုန်တိုင်းတစ်ခုကို ဖြတ်သန်းရချိန်တွင် အချင်းချင်း တစ်ဦးကို တစ်ဦး ကူညီပေးကြပါတယ်။ မုန်တိုင်းကြားမှာ အချင်းချင်း ကတိကဝတ်ပြုကြတဲ့ လူတွေသည် တစ်ဦးကို တစ်ဦး ကာကွယ်ပေးကြပါတယ်။
ဒေသနာကျမ်း ၄း၉ တွင် ပြောထားသည်မှာ “လူသည်တယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသော အကျိုးကို ရတတ်၏။”
သင်ချစ်ရသောသူတို့ကို ကာကွယ်ဖို့ရန် လိုအပ်လာတဲ့အခါမှာ အသက်တာသည် မုန်တိုင်းအမျိုးမျိုးကို သယ်ဆောင်လာပါတယ်။ တစ်ခါတစ်ရံ ပြောင်းလဲခြင်းဆိုတဲ့ မုန်တိုင်းကို ယူဆောင်လာပြီး တခြားသော အချိန်တို့ တွင် အန္တရာယ်ရှိသော အတွေးအခေါ်ရှိတဲ့ မုန်တိုင်းမျိုးကို ဖြစ်စေပါတယ်။
သို့ပေမဲ့ အားလုံးထဲမှ အနာကျင်ရဆုံးသော မုန်တိုင်းသည် ငြင်းပယ်ခြင်း ဖြစ်ပါတယ်။ သင်၏ မိတ်ဆွေသူငယ်ချင်း (သို့) သင်၏ ခင်ပွန်း/ ဇနီးသည်တို့ ငြင်းပယ်ခြင်းကို ခံစားရချိန်တွင် သင်နှင့် သူတို့နှင့် နှီးစပ်သူတို့သည် ထိုသူတို့အနားမှာ ဝန်းရံကူညီပေးဖို့ လိုအပ်ပြီး မုန်တိုင်းကြားက မိုးကားလေးတစ်ခုကဲ့သို့ ဖြစ်စေပါ။
လွန်ကဲ့သော နှစ်ပေါင်းများစွာက ကျွန်တော်၏ သမီးကြီး အေမီသည် အထက်တန်းကျောင်းသူ အရွယ်ဖြစ်ပါတယ်။ ကျေနပ်အားရစရာ ခေါင်းဆောင်တစ်ဦးဖြစ်ရဖို့ရန် သူမကြိုးစားခဲ့ပါတယ်။ စမ်းသပ်ခြင်းအတွက် လေ့ကျင့်မှု များစွာပြုခဲ့ပေမဲ့ နောက်ဆုံးတွင် သူမ၏ သူငယ်ချင်းမှ ရွေးချယ်ခြင်း ခံရပြီး သူမကတော့ ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်။ သူမ၏ စိတ်နှလုံး ကြေကွဲခဲ့ရပါတယ်။ သူမ အိမ်ပြန်လာတဲ့အခါ အခန်းထဲသို့ ပြေးဝင်ပြီး ကြမ်းပြင် တွင် ထိုင်ချကာ မျက်ရည်ကျခဲ့ပါတယ်။
ကျွန်တော်တို့ မိသားစုဝင်တွေ အားလုံး အေမီရဲ့ ငိုသံကို ကြားနိုင်ပါတယ်။ တစ်ဦးချင်းစီ သူမ၏ အခန်းထဲသို့ လှမ်းခဲ့ပြီး သူမနှင့်အတူ ကြမ်းပြင်တွင် ထိုင်ပြီး ငိုခဲ့ကြပါတယ်။
သူမကို မည်သည့်အကြံဉာဏ်မှ ကျွန်တော်တို့ မပေးခဲ့ပါဘူး။ သူမ အကြံဉာဏ်မလိုအပ်ခဲ့ပါဘူး။ “မစိုးရိမ်ပါနှင့်။ ၎င်းသည် အမှုကြီးဖြစ်တယ် ၊ မဖြစ်ဘူး။ မငိုနဲ့” လို့လည်း မပြောခဲ့ပါ။ ၎င်းစကားတို့က ဝမ်းနည်းကြေကွဲ နေသူအဖို့ စာနာစိတ်ကင်းမဲ့သောအရာ ဖြစ်ပါတယ်။ ၎င်းစကားတို့အစား ကျွန်တော်တို့အားလုံး မိနစ် ၃၀ လောက် အတူထိုင်ပြီး ငိုကြွေးခဲ့ကြပါတယ်။
ထိုအမှုအရာကို
ကျွန်တော်တို့ မိသားစုအားလုံး ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ ထိုအချိန်တွင်
သူမအတွက် ကျွန်တော်တို့သည် မိုးကာသဖွယ် ဖြစ်စေခဲ့လို့ ဖြစ်ပါတယ်။ မုန်တိုင်းကို အုပ်ပေးခဲ့
၊ ကာကွယ်ပေးခဲ့သူတွေ ဖြစ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ မိသားစုဝင်တစ်ဦးဦး နာကျင်ခံစားရခြင်းကို
ကျွန်တော်တို့ မတောင်းတခဲ့ပါဘူး။ သူမကို စကားပြောဖို့ မကြိုးစားပါဘူး။ သူမစိတ်ကို အားပေးဖို့
ကြိုးစားမလုပ်ဆောင်ပါဘူး။ သူမနှင့်အတူ ပူဆွေးခဲ့ရုံသာ ပြုခဲ့ကြပါတယ်။
အံ့ဩဖို့ကောင်းတဲ့ မိသားစုတို့သည် (ဇီဝဆိုင်ရာမိသားစု ဖြစ်စေ ၊ မွေးစား မိသားစု ဖြစ်စေ ၊ ဝိညာဉ်ရေးရာ မိသားစုဖြစ်စေ) မုန်တိုင်းထဲမှာ တစ်ဦးကို တစ်ဦးကာကွယ်ကြပါတယ်။
ဆင်ခြင်ရန်
-
မိသားစုဝင်တို့မှ အထောက်အမအဖြစ်ဆုံးလို့ ဘာကြောင့် လူတွေ ခံစားသင့်သနည်း။
-
သင့်အသက်တာရှိ ကလေးတစ်ဦးသည် ငြင်းပယ်ခြင်းကို ရင်ဆိုင်ရတဲ့ခါ သင်ဘာကို ပြောဆိုလေ့ရှိသနည်း။
သမ္မာတရားအရာ ၊ ချစ်ခြင်းမေတ္တာဖြင့် ပြောဆို ၊ လုပ်ဆောင်ခြင်းမှာ အဘယ်သို့သော အရာဖြစ်မည်ဟု
သင်ထင် မြင်ပါသနည်း။
-
ငြင်းပယ်ခြင်းခံရတဲ့ လူတွေကို စကားပြောဖို့ရန် တစ်ခါတစ်ရံတွင် သင်ဘယ်ကဲ့သို့ ကြိုးစားခဲ့ပါသနည်း။
၎င်းကို လုပ်ဆောင်ခြင်းတွင် မည်သည့် ဆိုးကျိုးဖြစ်စေသနည်း။
-----------------------------------------------------------------------------------------------------------
ဆက္ဆံေရးတို႔သည္ အသက္တာ မုန္တိုင္းမ်ားၾကားက မိုးကာအက်ႌ ျဖစ္ပါသည္။
ေဒသနာက်မ္း ၄း၉ “လူသည္တေယာက္တည္းထက္ ႏွစ္ေယာက္ သာ၍ေကာင္း၏။ ႀကိဳးစားအားထုတ္လွ်င္၊ ေကာင္းေသာ အက်ိဳးကို ရတတ္၏။”
ဆက္ဆံေရးသည္ ဘဝအသက္တာ မုန္တိုင္းမ်ားၾကားတြင္ မိုးကာအက်ႌ တစ္ထည္ျဖစ္ပါတယ္။ မိတ္ေဆြ သူငယ္ခ်င္း (သို႔) မိသားစုဝင္တို႔သည္ ေလာကမုန္တိုင္းတစ္ခုကို ျဖတ္သန္းရခ်ိန္တြင္ အခ်င္းခ်င္း တစ္ဦးကို တစ္ဦး ကူညီေပးၾကပါတယ္။ မုန္တိုင္းၾကားမွာ အခ်င္းခ်င္း ကတိကဝတ္ျပဳၾကတဲ့ လူေတြသည္ တစ္ဦးကို တစ္ဦး ကာကြယ္ေပးၾကပါတယ္။
ေဒသနာက်မ္း ၄း၉ တြင္ ေျပာထားသည္မွာ “လူသည္တေယာက္တည္းထက္ ႏွစ္ေယာက္ သာ၍ေကာင္း၏။ ႀကိဳးစားအားထုတ္လွ်င္၊ ေကာင္းေသာ အက်ိဳးကို ရတတ္၏။”
သင္ခ်စ္ရေသာသူတို႔ကို ကာကြယ္ဖို႔ရန္ လိုအပ္လာတဲ့အခါမွာ အသက္တာသည္ မုန္တိုင္းအမ်ိဳးမ်ိဳးကို သယ္ေဆာင္လာပါတယ္။ တစ္ခါတစ္ရံ ေျပာင္းလဲျခင္းဆိုတဲ့ မုန္တိုင္းကို ယူေဆာင္လာၿပီး တျခားေသာ အခ်ိန္တို႔ တြင္ အႏၲရာယ္ရွိေသာ အေတြးအေခၚရွိတဲ့ မုန္တိုင္းမ်ိဳးကို ျဖစ္ေစပါတယ္။
သို႔ေပမဲ့ အားလုံးထဲမွ အနာက်င္ရဆုံးေသာ မုန္တိုင္းသည္ ျငင္းပယ္ျခင္း ျဖစ္ပါတယ္။ သင္၏ မိတ္ေဆြသူငယ္ခ်င္း (သို႔) သင္၏ ခင္ပြန္း/ ဇနီးသည္တို႔ ျငင္းပယ္ျခင္းကို ခံစားရခ်ိန္တြင္ သင္ႏွင့္ သူတို႔ႏွင့္ ႏွီးစပ္သူတို႔သည္ ထိုသူတို႔အနားမွာ ဝန္းရံကူညီေပးဖို႔ လိုအပ္ၿပီး မုန္တိုင္းၾကားက မိုးကားေလးတစ္ခုကဲ့သို႔ ျဖစ္ေစပါ။
လြန္ကဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက ကြၽန္ေတာ္၏ သမီးႀကီး ေအမီသည္ အထက္တန္းေက်ာင္းသူ အ႐ြယ္ျဖစ္ပါတယ္။ ေက်နပ္အားရစရာ ေခါင္းေဆာင္တစ္ဦးျဖစ္ရဖို႔ရန္ သူမႀကိဳးစားခဲ့ပါတယ္။ စမ္းသပ္ျခင္းအတြက္ ေလ့က်င့္မႈ မ်ားစြာျပဳခဲ့ေပမဲ့ ေနာက္ဆုံးတြင္ သူမ၏ သူငယ္ခ်င္းမွ ေ႐ြးခ်ယ္ျခင္း ခံရၿပီး သူမကေတာ့ ျငင္းပယ္ျခင္း ခံခဲ့ရပါတယ္။ သူမ၏ စိတ္ႏွလုံး ေၾကကြဲခဲ့ရပါတယ္။ သူမ အိမ္ျပန္လာတဲ့အခါ အခန္းထဲသို႔ ေျပးဝင္ၿပီး ၾကမ္းျပင္ တြင္ ထိုင္ခ်ကာ မ်က္ရည္က်ခဲ့ပါတယ္။
ကြၽန္ေတာ္တို႔ မိသားစုဝင္ေတြ အားလုံး ေအမီရဲ႕ ငိုသံကို ၾကားႏိုင္ပါတယ္။ တစ္ဦးခ်င္းစီ သူမ၏ အခန္းထဲသို႔ လွမ္းခဲ့ၿပီး သူမႏွင့္အတူ ၾကမ္းျပင္တြင္ ထိုင္ၿပီး ငိုခဲ့ၾကပါတယ္။
သူမကို မည္သည့္အႀကံဉာဏ္မွ ကြၽန္ေတာ္တို႔ မေပးခဲ့ပါဘူး။ သူမ အႀကံဉာဏ္မလိုအပ္ခဲ့ပါဘူး။ “မစိုးရိမ္ပါႏွင့္။ ၎သည္ အမႈႀကီးျဖစ္တယ္ ၊ မျဖစ္ဘူး။ မငိုနဲ႔” လို႔လည္း မေျပာခဲ့ပါ။ ၎စကားတို႔က ဝမ္းနည္းေၾကကြဲ ေနသူအဖို႔ စာနာစိတ္ကင္းမဲ့ေသာအရာ ျဖစ္ပါတယ္။ ၎စကားတို႔အစား ကြၽန္ေတာ္တို႔အားလုံး မိနစ္ ၃၀ ေလာက္ အတူထိုင္ၿပီး ငိုေႂကြးခဲ့ၾကပါတယ္။
ထိုအမႈအရာကို ကြၽန္ေတာ္တို႔ မိသားစုအားလုံး ဘယ္ေတာ့မွ ေမ့လိမ့္မည္ မဟုတ္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ ထိုအခ်ိန္တြင္ သူမအတြက္ ကြၽန္ေတာ္တို႔သည္ မိုးကာသဖြယ္ ျဖစ္ေစခဲ့လို႔ ျဖစ္ပါတယ္။ မုန္တိုင္းကို အုပ္ေပးခဲ့ ၊ ကာကြယ္ေပးခဲ့သူေတြ ျဖစ္ခဲ့ၾကပါတယ္။ ကြၽန္ေတာ္တို႔ မိသားစုဝင္တစ္ဦးဦး နာက်င္ခံစားရျခင္းကို ကြၽန္ေတာ္တို႔ မေတာင္းတခဲ့ပါဘူး။ သူမကို စကားေျပာဖို႔ မႀကိဳးစားပါဘူး။ သူမစိတ္ကို အားေပးဖို႔ ႀကိဳးစားမလုပ္ေဆာင္ပါဘူး။ သူမႏွင့္အတူ ပူေဆြးခဲ့႐ုံသာ ျပဳခဲ့ၾကပါတယ္။
အံ့ဩဖို႔ေကာင္းတဲ့ မိသားစုတို႔သည္ (ဇီဝဆိုင္ရာမိသားစု ျဖစ္ေစ ၊ ေမြးစား မိသားစု ျဖစ္ေစ ၊ ဝိညာဥ္ေရးရာ မိသားစုျဖစ္ေစ) မုန္တိုင္းထဲမွာ တစ္ဦးကို တစ္ဦးကာကြယ္ၾကပါတယ္။
ဆင္ျခင္ရန္
- မိသားစုဝင္တို႔မွ အေထာက္အမအျဖစ္ဆုံးလို႔ ဘာေၾကာင့္ လူေတြ ခံစားသင့္သနည္း။
- သင့္အသက္တာရွိ ကေလးတစ္ဦးသည္ ျငင္းပယ္ျခင္းကို ရင္ဆိုင္ရတဲ့ခါ သင္ဘာကို ေျပာဆိုေလ့ရွိသနည္း။ သမၼာတရားအရာ ၊ ခ်စ္ျခင္းေမတၱာျဖင့္ ေျပာဆို ၊ လုပ္ေဆာင္ျခင္းမွာ အဘယ္သို႔ေသာ အရာျဖစ္မည္ဟု သင္ထင္ ျမင္ပါသနည္း။
- ျငင္းပယ္ျခင္းခံရတဲ့ လူေတြကို စကားေျပာဖို႔ရန္ တစ္ခါတစ္ရံတြင္ သင္ဘယ္ကဲ့သို႔ ႀကိဳးစားခဲ့ပါသနည္း။ ၎ကို လုပ္ေဆာင္ျခင္းတြင္ မည္သည့္ ဆိုးက်ိဳးျဖစ္ေစသနည္း။