Unicode Version
ကောင်းသောအမှုပြုဖို့ရန် လျင်မြန်စေပြီး ကယ်တင်ခြင်းကို လက်ခံပါ။
သုတ္တံကျမ်း ၃း၂၇ “ကျေးဇူးကိုခံသင့်သော သူတို့အား
ကျေးဇူးပြုရ သော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။”
တစ်စုံတစ်ခုကို လုပ်ဆောင်ဖို့ရန် ဘုရားသခင် သင့်အား ပြောလာပါလျှင် အလျင်အမြန် နာခံလိုက်ပါ။ ခွင့်လွှတ်ဖို့ရန် (သို့) ခွင့်လွှတ်ခြင်းအတွက် တောင်းခံဖို့ရန် လိုအပ်ပါလျှင် အလျင်အမြန်ပြုပါ။ ဘုရားသခင်ဆီ သင်၏ကတိ တို့ကို တည်ဖို့ရန် လျင်မြန်စေပါ။ စုံစမ်းခြင်း တွေ့ကြုံရင်ဆိုင်ရတဲ့အခါ ပြေးပါ။
ယနေ့တွင် အလျင်အမြန်ပြုသင့်သော အချိန်ကို နှစ်ကြိမ်ကြည့်ပါမယ်။
(၁) ပထမဦးစွာ ကောင်းသောအမှုပြုဖို့ရန် အခွင့်အရေးသင်၌ ရှိတဲ့အခါ
အလျင်အမြန်ပြုပါ။
၎င်းကို
သမ္မာကျမ်းစာက ထပ်ခါ ထပ်ခါ ဆိုထားပါတယ်။ တစ်စုံတစ်ယောက်အတွက် ကောင်းမှုတစ်ခုခုကို လုပ်ဆောင်
ပေးဖို့ရန် အခွင့်အရေးကို သင်မြင်ရတဲ့အခါမှာ ချက်ချင်းလုပ်ဆောင်လိုက်ပါ။
လိုအပ်နေသောသူတို့ကို သင့်အသက်တာတွင် ဘုရားသခင် အခါခါ ထားရှိပါတယ်။ သူတို့ကို သင်စောင့်ကြည့်ဖို့သာ လိုပါတယ်။ သူတို့၏ လိုအပ်ချက်တွေက ခန္ဓာပိုင်းဆိုင်ရာ ဖြစ်ကောင်းဖြစ်မည်။ တစ်ချို့က စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် ဖြစ်နိုင်မည်။ သနားခြင်း ဂရုဏာ (သို့) အားပေးလှုံ့ဆော်မှုလိုအပ်ခြင်းကဲ့သို့ စိတ်ခံစားမှု ဖြစ်နိုင် ပါတယ်။
သုတ္တံကျမ်း ၃း၂၇ “ကျေးဇူးကိုခံသင့်သော သူတို့အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။”
ဥပမာအားဖြင့်
အကယ်၍ အိမ်ခြေမဲ့တဲ့ သူတစ်ယောက်ကို သင်တွေ့ပါလျှင် “တစ်နေ့နေ့တော့
အိမ်ခြေမဲ့တွေကို ကူညီရမယ်” လို့မပြောပါနှင့်။ ၎င်းအစား ယခုပင် ကူညီလိုက်ပါ။
ဒေသနာကျမ်း ၁၁း၄ တွင် ဆိုထားသည်မှာ “လေကိုမှတ်တတ်သောသူသည်
မျိုးစေ့ကိုမကြဲ။ မိုဃ်း တိမ်တို့ကို ပမာဏပြုတတ်သော သူသည်လည်း စပါးကိုမရိပ်ရာ။”
ဘယ်အရာကိုမဆို လုပ်ဆောင်ဖို့ရန် “ပြီးပြည့်စုံတဲ့အချိန်” ဆိုတာ ဘယ်တော့မှ မရှိပါဘူး။ ၎င်းပြင် မနက်ဖြန်ကိုတောင် သင်အာမ မခံနိုင်ပါဘူး။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၉း၄ တွင် သခင်ယေရှု ဆိုထားသည်မှာ “ငါ့ကို စေလွှတ်တော်မူသော သူ၏အမှုကို နေ့အချိန်၌ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှ အမှုမပြုနိုင်သော အချိန်တည်းဟူသော ညဉ့်အချိန်လာသေး၏။။”
နောက်ဆုံးအနေဖြင့် မြန်မြန်လုပ်ဆောင်သင့်သည် နောက်ဆုံးအချိန်သည် အရေးကြီးဆုံး ဖြစ်ပါတယ်။ ဘုရားသခင်သည် ကယ်တင်ခြင်းကို ပေးကမ်းနေချိန်တွင် သင်အလျင်အမြန် လက်ခံသင့်ပါသည်။ သင့်အား ကယ်တင်ခြင်း ပေးနေပါတယ်။ ယနေ့သည် ၎င်းကယ်တင်ခြင်းကို လက်ခံဖို့ရန် နေ့ရက်ဖြစ်ပါတယ်။
ကျွန်တော် ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်တော့၏ အိပ်ခန်းနံရံတွင် “မဆုံးဖြတ်ရခြင်းသည် ဆုံးဖြတ်ဖို့ ဖြစ်တယ်” ဆိုတဲ့ ပိုစတာရှိပါတယ်။
“မဖြစ်သေးပါဘူး”
လို့သင်က ပြောတဲ့အခါ သခင်ယေရှုကို ငြင်းပယ်တယ်လို့ သင်ဆိုနေခြင်း ဖြစ်ပါတယ်။ ၂ကော ၆း၂ တွင် ဖော်ပြထားသည်မှာ “ဗျာဒိတ်တော်
အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌ သင်၏စကားကို ငါနားထောင်ပြီး။
ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက် ဖွယ်သောအချိန်
ရှိ၏။ ယခုပင်ကယ်တင်ရာ နေ့ရက်ကာလရှိ၏။”
ကယ်တင်ခြင်းကို ဘယ်လို လက်ခံမလဲ။ သင့်ကိုယ်သင်ဗဟိုပြုနေတဲ့ အရာကနေ လှည့်ပြန်ပြီး ဘုရားသခင်ထံ သွားဖို့ဖြစ်ပါတယ်။ သခင်ခရစ်တော် သင့်အသက်တာထဲသို့ ဝင်ရောက်လာကာ သင်၏ အပြစ်တို့ကို ခွင့်လွှတ်ပေးပြီး အလိုတော်ရှိသော သူတစ်ဦီးအဖြစ် ပြောင်းလဲပေးမည်ကို သင်ယုံကြည်ခြင်းဖြစ်ပါတယ်။
ဘုရားသခင်၏
ကယ်တင်ခြင်းဆုကျေးဇူးကို လက်ခံဖို့ရန် အဆင်သင့်ဖြစ်ပါလျှင် ဤဆုတောင်းကို ပြုနိုင်ပါတယ်။
“သခင်ယေရှုဘုရား…
သခင့်အား ပုဂ္ဂိုလ်ချင်း သိကျွမ်းချင်ပါတယ်။ ကျွန်ုပ်အသက်တာတံခါးကို ဖွင့်ပြီး သခင့်အား
ကျွန်ုပ်၏ ဘုရားသခင် နှင့် ကယ်တင်ရှင်အဖြစ် ဖိတ်ခေါ်ပါ၏။ ကျွန်ုပ်၏ အပြစ်တို့ကို ခွင့်လွှတ်ပေးဖို့ရန်
တောင်းလျှောက်ပါ၏။ ကျွန်ုပ်အပြစ်တွေအတွက် ကားတိုင်ထက်တွင် အသေခံပြီး ပေးဆပ်ခဲ့ခြင်းအတွက်
နှင့် ကြီးမြတ်သော ထာဝရအသက် ပေးခြင်းအတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်အား ထိန်းချုပ်ပေးပြီး
အလိုတော် ရှိသောသူအဖြစ် ပုံသွင်းတော်မူပါ။ အာမင်…
ကယ်တင်ခြင်းသည် သင့်အား ကမ်းလှမ်းဖူးသမျှသော လက်ဆောင်တို့တွင် အကောင်းဆုံးဖြစ်ပါတယ်။ ယနေ့တွင် မြန်မြန်လက်ခံလိုက်ပါ။
ဆင်ခြင်ရန်
-
သင့်အား တစ်ယောက်ယောက်က ကောင်းသောအမှု ပြုပေးတဲ့အခါမှာ သင်မည်သို့ ခံစားခဲ့ရပါသနည်း။
-
ကောင်းမှုပြုဖို့ရန် မည်ကဲ့သို့သော အခွင့်အရေးတို့ကို သင်လက်လွှတ်ခဲ့ဖူးပါသနည်း။ ထိုအရာများထဲမှ
တစ်ခုကို ရွေးချယ်ပြီး ယနေ့တွင် လုပ်ဆောင်လိုက်ပါ။
-------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်