Leave a Legacy of Hospitality
 Unicode Version
ဧည့်ဝတ်ပြုခြင်းဆိုင်ရာ အမွေအနှစ်ကို ချန်ထားပါ။
ဟေဗြဲ ၁ဝး၂၄ “ထိုမှတပါး မေတ္တာစိတ်ရှိစေခြင်းငှါ၎င်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှါ၎င်း၊ တိုက်တွန်း နှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတယောက်ကို တယောက် ထောက်စာကြည့်ရှုကြကုန်အံ့။
 လေးစားဖွယ် မိသားစုတို့သည် သူတို့၏သားသမီးတို့ကို အသက်တာ အရေးပါသော ၊ အရေးကြီးသော သူတွေ မဟုတ်ကြောင်း သင်ကြားပေးပါတယ်။ သူတို့ကို ဘုရားသခင် ဖန်ဆင်းထားပြီး အထူးတာဝန်တစ်ရပ်အတွက် ပုံဖော်ပေးနေ ကြောင်းကို သင်ကြားပေးပါတယ်။ သူတို့သည် အပ်နှံခြင်း ၊ ဝန်ဆောင်မှုပေးခြင်း ၊ ရက်ရောခြင်း နှင့် ဆုတောင်းခြင်းတို့ကို စံနမူနာပြုကြပါတယ်။ ထိုအရာတို့ကို သာမန် မိသားစုတို့က မလုပ်ဆောင်ကြပါဘူး။ လေးစားဖွယ် မိသားစုတို့သာ လုပ်ဆောင်ကြပါတယ်။
ကျွန်တော့၏ မိဘတွေကြောင့်သာ ယနေ့ကျွန်တော် ဖြစ်နေသလိုမျိုး ဖြစ်ရခြင်း ဖြစ်ပါတယ်။ တခြားသူတို့ကိုလည်း ဂရုစိုက်ခြင်းဆိုင်ရာ တန်ဖိုးထားခြင်းအရာကို ကျွန်ုပ်၌ ပျိုးထောင်ပေးခဲ့ကြပါတယ်။
ကျွန်တော့၏ မိဘတို့သည် ငွေကြေးများစွာ မပိုင်ဆိုင်ခဲ့ကြပေမဲ့ နှစ်ဦးစလုံး ဧည့်ဝတ်ကျေပွန်ခြင်းနှင့် ရက်ရောခြင်း ဆုကျေးဇူးတွေ ရှိကြပါတယ်။ သူတို့၌ ပိုင်ဆိုင်မှုအရာ များစွာ မရှိပေမဲ့လည်း သူတစ်ပါးကို ပေးကမ်းရခြင်းကို နှစ်သက်ကြပါတယ်။ ကျွန်တော်တို့ မိသားစုသည် ကျေးရွာဘက်တွင် နေထိုင်ပြီး ကျွန်တော်၏ ဖခင်မှာ ဟင်းသီးဟင်းရွက် မျိုးစုံကို ဧကလိုက် ဥယျာဉ်စိုက်ပျိုးထားပါတယ်။ စိုက်ပျိုးသမျှသော အရာအားလုံးကို ကျွန်တော်တို့ မိသားစု အကုန်မစားနိုင်ပါဘူး။ သို့ပေမဲ့ အဖေက ပေးကမ်းဖို့အတွက်လည်း လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပေးကမ်းဖို့ အပိုငွေ မရှိလို့လည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မိသားစု လိုအပ်တာထက်ကို အမြဲ ပိုမို စိုက်ပျိုးခဲ့ပြီး လိုအပ်သော လူတွေဆီ အကူအညီဖြစ်စေခဲ့ပါတယ်။
ကျွန်တော်တို့အိမ်က ဧည့်သည်တွေ အစဉ်မပြတ် ပြည့်နေခဲ့ပါတယ်။ လူတွေ နာကျင်ခံစားရလျှင် ကျွန်တော်တို့အိမ်ကို ရောက်လာပါတယ်။ လမ်းပေါ်ရောက်နေလျှင်လည်း ကျွန်တော်တို့အိမ်ကို ရောက်နေခဲ့ကြ ပါတယ်။ သူတို့ ပဠိပက္ခ ရင်ဆိုင်ရတဲ့အခါတွင်လည်း ကျွန်တော်တို့အိမ်ကိုရောက်လာပါတယ်။ သိကျွမ်းတဲ့ သာသနာပြု ခေါင်းဆောင်တို့ လာရင်လည်း လူတွေ ကျွန်တော်တို့အိမ်ကို ရောက်လာကြပါတယ်။ တစ်နေ့မှာ ကျွန်တော့ အဖေက ဧည့်သည်တွေအတွက် ချက်ပြုတ်တဲ့ အသားဟင်း အနပ်ပေါင်းကို တစ်နှစ်တာ တွက်ချက်ခဲ့ပါတယ်။ နေ့လည်စာ ၊ ညစာ ထောင်ပေါင်းမက ရှိခဲ့ပါတယ်။ ကျွန်တော်လည်း “အသက်တာ ပေးကမ်း ခြင်း” အလေ့အထကို သင်ကြားရင်းနဲ့ ကြီးပြင်းလာပါတယ်။  အသက်တာသည် ကျွန်တော့အကြောင်းမဟုတ်ဘဲ တခြားသူတို့ကို ကူညီခြင်းနှင့်ပတ်သက်ပြီး ကျွန်တော့ မိဘက သင်ကြားပေးခဲ့ပါတယ်။
၎င်းသည် လေးစားဖွယ် မိသားစုတွေ လုပ်ဆောင်တဲ့အရာ ဖြစ်ပါတယ်။ အစေခံဖို့ရန် နှင့် အမှုတော်ဆောင်ဖို့ရန် ကောင်းသောအမှု ပြုဖို့ရန် နှင့် မေတ္တာပြဖို့ရန် အချင်းချင်း သွန်သင်ကြပါတယ်။
တမန်တော်ဝတ္တုရှိ ကောနေလိ မိသားစုသည် ဥပမာကောင်း တစ်ခု ဖြစ်ပါတယ်။ တမန်တော်ဝတ္တု ၁ဝး၂ “ထိုသူ သည် မိမိအိမ်တွင်ရှိသမျှသော သူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ရှိသဖြင့် လူတို့အားများစွာသော စွန့်ကြဲ ခြင်းကိုပြု၍ ဘုရားသခင်ကို အစဉ်ဆုတောင်းလေ့ရှိ၏။
ဘယ်လောက်တောင် ကောင်းမြတ်တဲ့ အမွေအနှစ်ဖြစ်သလဲ။ တစ်နေ့မှာ သင်နှင့် သင့်မိသားစု အကြောင်းနှင့် ပတ်သက်ပြီး ရေးသားခြင်းမျိုးကို အလိုရှိပါသလား။
သင်၌ သားသမီး ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ထိုကဲ့သို့ အမွေအနှစ် ချန်ထားဖို့ရန် သင့်အား ဘုရားသခင် အလိုရှိပါတယ်။ အသက်ငယ်ရွယ်တဲ့ လူတွေ (သို့) ယုံကြည်ခြင်းအရာမှာ နုနယ်တဲ့ သူတွေကို သင့်ဝန်းကျင်တွင် တွေ့ရပါလိမ့်မည်။ တခြားသူတွေအား ဘုရားသခင်သူတို့ကို ဖြစ်စေလိုသောသူ အဖြစ်ဖန်ဆင်းခဲ့သည်အတိုင်း ဖြစ်လာဖို့ အကူအညီပေးရန် သင်အချိန်ယူမည်လား။ သူတို့၏ အသက်တာအတွက် ဘုရားသခင်၏ သာသနာပြု ခြင်းအမှုကို ရှာဖွေဖို့ အကူအညီဖြစ်စေရန် ယနေ့ပင် အချိန်ယူလိုက်ပါ။
ဆင်ခြင်ရန်
- မည်ကဲ့သို့သော အမွေအနှစ်ကို သင်ချန်ထားချင်ပါသနည်း။ ထိုအမွေအနှစ်မျိုးကို ထားရစ်ခဲ့ဖို့ရန် ဘယ်လို လုပ်ဆောင်မှု ပြုမည်နည်း။
- အကယ်၍ သင်၌ သားသမီးမရှိပါလျှင် သင်၏ အသက်တာရှိ လူငယ်တို့တွင် မိမိရည်ရွယ်ချက်ကို အကောင်အထည် ဖော်ဖို့ရန် နှင့် တခြားသူတွေကို ကူညီပေးဖို့ရန် မည်သူ့အား သင် အားပေးနိုင်မည်နည်း။
- သင်၏ အိမ်အား တခြားသူများအတွက် မည်သို့သော နည်းလမ်းဖြင့် စတင်ဖွင့်လှစ်နိုင်မည်နည်း။
----------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်