How Family Members Help Each Other Grow

 Unicode Version

ကြီးထွားတိုးတက်ဖို့ရန် မိသားစုဝင် တစ်ဦးနှင့်တစ်ဦး မည်သို့ ကူညီကြမည်နည်း။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၃း၁၄-၁၅ “ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကို ဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။ ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည် ပြုစုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ။

 ဇီဝ မိသားစု (သို့) မွေးစား မိသားစု (သို့) အသင်းတော် မိသားစုတွေ ဖြစ်ပါစေ လေးစားစရာ ကောင်းတဲ့ မိသားစုတို့၏ တစ်ခုသော အမှတ်အသားသည် တစ်ဦးနှင့်တစ်ဦး ကြီးထွားဖို့ရန် ကူညီပေးခြင်း ဖြစ်ပါတယ်။ သို့ပေမဲ့ သူတို့ ဘယ်လို ကူညီပေးကြသနည်း။

 

လူတွေကို ကြီးထွားတိုးတက်ဖို့ရန် အကူအညီပေးသည့် နည်းလမ်း (၂) ခုနှင့် အကူအညီ မပေးသည့် နည်းလမ်း (၂)ခုကို သင့်အား ဝေမျှပါမည်။ ၎င်းတို့သည် မိသားစုတို့တွင်သာမက အသက်တာ၏ နယ်ပယ်အားလုံးတို့တွင် သက်ရောက်ပါတယ်။

 

တစ်ဦးနှင့်တစ်ဦး ကြီးထွားတိုးတက်ဖို့ရန် သင်အကူအညီပေးပါသည်။

(၁) သာဓက အားဖြင့်

၎င်းကို တပည့်တော်တို့အား သင်ကြားရာတွင် သခင်ယေရှု ပြုခဲ့ပါတယ်။ ယောဟန် ၁၃း၁၄-၁၅ “ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကို ဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။ ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည် ပြုစုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ။

သင်၏ သားသမီးတို့သည် ဒေသနာတရားတို့ကို မကြားချင်ကြပါ။ သခင်ယေရှု၏ သာဓကတို့ကို သင့်အသက် တာတွင် တွေ့မြင်ချင်တာ ဖြစ်ပါတယ်။

 

(၂) စကားစမြည်ပြောခြင်းအားဖြင့်

တကယ့်အကြောင်းအရာကိစ္စတို့နှင့် ပတ်သက်ပြီး သင်၏ သားသမီးတို့နှင့်အတူ ဆန်းစစ်ပိုင်းခြား ပြောဆိုခြင်းတွေ မရှိဘူးဆိုလျှင် သူတို့ကြီးထွားဖို့ အကူအညီပေးသည့် အခွင့်အရေးကို သင်လက်လွှတ်နေခြင်း ဖြစ်ပါတယ်။ ကံမကောင်းစွာဖြင့် မိဘနှင့် သားသမီးတို့ အများစု ပြောဆိုသော စကားသည် အသက်တာတွင် တကယ့်အရေး ပါသော အရာတွေ မဟုတ်ဘဲ အစီအစဉ်တွေ ၊ စားသောက်ခြင်း (သို့) အိမ်စာတို့ဘဲ ဖြစ်ပါတယ်။

 

တရားဟောရာကျမ်း ၆း၇ တွင် ဆိုထားသည်မှာ “ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား ၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌ သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်။

 

တစ်ဦးနှင့်တစ်ဦး ကြီးထွားတိုးတက်ဖို့ရန် သင်အကူအညီ မပေးပါသည်။

 

(၁) ဝေဖန်ခြင်းအားဖြင့်

နားပူနားဆာ လုပ်ခြင်းက အလုပ်မဖြစ်ပါဘူး။ ပြစ်တင်ဝေဖန်ခြင်းအရာသည် အလုပ်မဖြစ်ပါ။ ဝေဖန်ပြစ်တင်ခြင်း နှင့် ရှုံ့ချခြင်းအရာတွေက လူတစ်ဦးပြောင်းလဲဖို့ အကူအညီပေးခြင်း၌ လုံးဝ မထိရောက်ပါ။ ဘာကြောင့်လဲဆိုတော့ သင် ဝေဖန်နေတဲ့အခါ သင်မလိုချင်သောအရာထက်ကို သင်လိုချင်သောအရာပေါ်မှာ အာရုံစူးစိုက်လိုက်ခြင်း ဖြစ်ပါတယ်။

 

ဧဖက်ဩဝါဒစာ ၆း၄ “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ သခင်ဘုရား၏ အလိုတော် နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။

 

(၂) နှိုင်းယှဉ်ခြင်းအားဖြင့်

လူတိုင်း ထူခြားမှုရှိကြပါတယ်။ သင်နှင့်တူသောသူ တစ်ယောက်မျှ မရှိပါဘူး။ ဒါကြောင့် ဘယ်တော့မှ နှိုင်းယှဉ်မှု မပြုပါနှင့်။ အလုပ်မဖြစ်ပါဘူး။ တကယ်တော့ ၎င်းသည် မည်သည့်ဆက်ဆံရေးကိုမဆို သေစေနိုင်ပါတယ်။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “လူတိုင်းကိုယ်တိုင်ပြုသောအမှုကို စစ်ကြောစေ။ သို့ပြုလျှင် သူတပါး၌မဆိုဘဲ ကိုယ်၌သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိလိမ့်မည်။” ဂလာတိဩဝါဒစာ ၆း၄

 

သမ္မာကျမ်းစာတွင် လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး မည်ကဲ့သို ဆက်ဆံရမည်ဟူသော ညွှန်ကြားချက်တို့နှင့် ဥပမာများ ဖြင့် ပြည့်နေပါတယ်။ တကယ်တော့ သမ္မာကျမ်းစာတွင် “အချင်းချင်း” ဆိုတဲ့ စကားလုံး ၅၈ ကြိမ် ပါဝင်ပါတယ်။ “အချင်းချင်း ချစ်ခြင်း ၊ အချင်းချင်း ဂရုစိုက်ခြင်း ၊ အချင်းချင်း ဆုတောင်းပေးခြင်း ၊ အချင်းချင်း အားပေးခြင်း ၊ အချင်းချင်း ကူညီခြင်း ၊ အချင်းချင်း တိုင်ပင်ခြင်း နှင့် အချင်းချင်း ထောက်မပေးခြင်း တို့ဖြစ်ပါတယ်။

 

၎င်းသည် ဘုရားသခင် ဖြစ်စေလို့သော နည်းလမ်းဖြစ်ပါတယ်။ ဓမ္မသစ်ကျမ်းတွင် ဆိုထားသည်မှာ ထိုကြောင့်၊ သင်တို့သည်ယခုပင်ပြုသည်နည်းတူ၊ အချင်းချင်း တိုက်တွန်း၍ တယောက်ကိုတယောက် တည်ဆောက်ကြလော့။” သက်သာလောနိတ်ဩဝါဒစာ ၅း၁၁

 

ဆင်ခြင်ရန်

- မနေ့ နှင့် ယနေ့တွင် သင်၏မိသားစုနှင့် ပြောဆိုသော စကားအကြောင်းအရာတို့ကို တွေးကြည့်ပါ။ အသက်တာ တွင် တကယ့်အရေးပါသော အကြောင်းတွေ သင်ပြောနေခဲ့ပါသလား။ မဟုတ်ဘူးဆိုလျှင် တစ်ဦးနှင့် တစ်ဦး ကြီးထွားတိုးတက်ဖို့ အကူအညီဖြစ်စေရန် သင်၏စကားတစ်ချို့ကို မည်ကဲ့သို့ ပြောင်းလဲနိုင်မည်နည်း။

- သင်က မိဘဖြစ်ပါလျှင် သင်၏သားသမီးတို့အတွက် သင်နောက်ဆုံးပြုပြင်ပေးသည့်အရာမှာ မည်သို့နည်း။ မှားယွင်းတဲ့ အပြုအမူအစား မှန်ကန်တဲ့ နေထိုင်နည်းနဲ့ နေ့စဉ် စံနမူနာဖြစ်အောင် သင်မည်သို့ နေထိုင်ပါမည်နည်း။

- ဝေဖန်ခြင်း ၊ ရှုံံ့ချခြင်းတွေအစား သင်၏မိသားစုရှိ လူတို့ကို မည်ကဲ့သို့ တည်ဆောက်ပေးနိုင်ပါသနည်း။ 

---------------------------------------------------------------

Zawgyi Version

ႀကီးထြားတိုးတက္ဖို႔ရန္ မိသားစုဝင္ တစ္ဦးႏွင့္တစ္ဦး မည္သို႔ ကူညီၾကမည္နည္း။

ရွင္ေယာဟန္ခရစ္ဝင္က်မ္း ၁၃း၁၄-၁၅ “ငါသည္ သခင္ျဖစ္လ်က္၊ အရွင္ဘုရားလည္းျဖစ္လ်က္ႏွင့္ သင္တို႔၏ေျခကို ေဆးလွ်င္ သင္တို႔သည္ အခ်င္းခ်င္းတို႔၏ေျခကို ေဆးရၾကမည္။ ငါသည္ သင္တို႔၌ျပဳသကဲ့သို႔ သင္တို႔သည္ ျပဳစုေစျခင္းငွါ ပုံသက္ေသကို ျပခဲ့ၿပီ။”

ဇီဝ မိသားစု (သို႔) ေမြးစား မိသားစု (သို႔) အသင္းေတာ္ မိသားစုေတြ ျဖစ္ပါေစ ေလးစားစရာ ေကာင္းတဲ့ မိသားစုတို႔၏ တစ္ခုေသာ အမွတ္အသားသည္ တစ္ဦးႏွင့္တစ္ဦး ႀကီးထြားဖို႔ရန္ ကူညီေပးျခင္း ျဖစ္ပါတယ္။ သို႔ေပမဲ့ သူတို႔ ဘယ္လို ကူညီေပးၾကသနည္း။ 


လူေတြကို ႀကီးထြားတိုးတက္ဖို႔ရန္ အကူအညီေပးသည့္ နည္းလမ္း (၂) ခုႏွင့္ အကူအညီ မေပးသည့္ နည္းလမ္း (၂)ခုကို သင့္အား ေဝမွ်ပါမည္။ ၎တို႔သည္ မိသားစုတို႔တြင္သာမက အသက္တာ၏ နယ္ပယ္အားလုံးတို႔တြင္ သက္ေရာက္ပါတယ္။


တစ္ဦးႏွင့္တစ္ဦး ႀကီးထြားတိုးတက္ဖို႔ရန္ သင္အကူအညီေပးပါသည္။

(၁) သာဓက အားျဖင့္

၎ကို တပည့္ေတာ္တို႔အား သင္ၾကားရာတြင္ သခင္ေယရႈ ျပဳခဲ့ပါတယ္။ ေယာဟန္ ၁၃း၁၄-၁၅ “ငါသည္ သခင္ျဖစ္လ်က္၊ အရွင္ဘုရားလည္းျဖစ္လ်က္ႏွင့္ သင္တို႔၏ေျခကို ေဆးလွ်င္ သင္တို႔သည္ အခ်င္းခ်င္းတို႔၏ေျခကို ေဆးရၾကမည္။ ငါသည္ သင္တို႔၌ျပဳသကဲ့သို႔ သင္တို႔သည္ ျပဳစုေစျခင္းငွါ ပုံသက္ေသကို ျပခဲ့ၿပီ။” 

သင္၏ သားသမီးတို႔သည္ ေဒသနာတရားတို႔ကို မၾကားခ်င္ၾကပါ။ သခင္ေယရႈ၏ သာဓကတို႔ကို သင့္အသက္ တာတြင္ ေတြ႕ျမင္ခ်င္တာ ျဖစ္ပါတယ္။


(၂) စကားစျမည္ေျပာျခင္းအားျဖင့္ 

တကယ့္အေၾကာင္းအရာကိစၥတို႔ႏွင့္ ပတ္သက္ၿပီး သင္၏ သားသမီးတို႔ႏွင့္အတူ ဆန္းစစ္ပိုင္းျခား ေျပာဆိုျခင္းေတြ မရွိဘူးဆိုလွ်င္ သူတို႔ႀကီးထြားဖို႔ အကူအညီေပးသည့္ အခြင့္အေရးကို သင္လက္လႊတ္ေနျခင္း ျဖစ္ပါတယ္။ ကံမေကာင္းစြာျဖင့္ မိဘႏွင့္ သားသမီးတို႔ အမ်ားစု ေျပာဆိုေသာ စကားသည္ အသက္တာတြင္ တကယ့္အေရး ပါေသာ အရာေတြ မဟုတ္ဘဲ အစီအစဥ္ေတြ ၊ စားေသာက္ျခင္း (သို႔) အိမ္စာတို႔ဘဲ ျဖစ္ပါတယ္။


တရားေဟာရာက်မ္း ၆း၇ တြင္ ဆိုထားသည္မွာ “ထိုစကားကို သင္၏သားသမီးတို႔အား ႀကိဳးစား ၍ သြန္သင္ရမည္။ အိမ္၌ထိုင္လ်က္ ေနသည္ျဖစ္ေစ၊ ခရီး၌ သြားသည္ျဖစ္ေစ၊ အိပ္လ်က္၊ ထလ်က္ရွိသည္ ျဖစ္ေစ၊ ထိုစကားကို ေျပာရမည္။”


တစ္ဦးႏွင့္တစ္ဦး ႀကီးထြားတိုးတက္ဖို႔ရန္ သင္အကူအညီ မေပးပါသည္။


(၁) ေဝဖန္ျခင္းအားျဖင့္

နားပူနားဆာ လုပ္ျခင္းက အလုပ္မျဖစ္ပါဘူး။ ျပစ္တင္ေဝဖန္ျခင္းအရာသည္ အလုပ္မျဖစ္ပါ။ ေဝဖန္ျပစ္တင္ျခင္း ႏွင့္ ရႈံ႕ခ်ျခင္းအရာေတြက လူတစ္ဦးေျပာင္းလဲဖို႔ အကူအညီေပးျခင္း၌ လုံးဝ မထိေရာက္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ သင္ ေဝဖန္ေနတဲ့အခါ သင္မလိုခ်င္ေသာအရာထက္ကို သင္လိုခ်င္ေသာအရာေပၚမွာ အာ႐ုံစူးစိုက္လိုက္ျခင္း ျဖစ္ပါတယ္။ 


ဧဖက္ဩဝါဒစာ ၆း၄ “အဘတို႔၊ ကိုယ္သားသမီးကို စိတ္ဆိုးေစျခင္းငွါ မျပဳၾကႏွင့္။ သခင္ဘုရား၏ အလိုေတာ္ ႏွင့္ညီေသာ ဆုံးမ သြန္သင္ျခင္းကိုျပဳလ်က္ ေကြၽးေမြးၾကေလာ့။”


(၂) ႏႈိင္းယွဥ္ျခင္းအားျဖင့္

လူတိုင္း ထူျခားမႈရွိၾကပါတယ္။ သင္ႏွင့္တူေသာသူ တစ္ေယာက္မွ် မရွိပါဘူး။ ဒါေၾကာင့္ ဘယ္ေတာ့မွ ႏႈိင္းယွဥ္မႈ မျပဳပါႏွင့္။ အလုပ္မျဖစ္ပါဘူး။ တကယ္ေတာ့ ၎သည္ မည္သည့္ဆက္ဆံေရးကိုမဆို ေသေစႏိုင္ပါတယ္။ သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “လူတိုင္းကိုယ္တိုင္ျပဳေသာအမႈကို စစ္ေၾကာေစ။ သို႔ျပဳလွ်င္ သူတပါး၌မဆိုဘဲ ကိုယ္၌သာ ဝါႂကြား ဝမ္းေျမာက္စရာ အေၾကာင္းရွိလိမ့္မည္။” ဂလာတိဩဝါဒစာ ၆း၄


သမၼာက်မ္းစာတြင္ လူအခ်င္းခ်င္း တစ္ဦးႏွင့္တစ္ဦး မည္ကဲ့သို ဆက္ဆံရမည္ဟူေသာ ၫႊန္ၾကားခ်က္တို႔ႏွင့္ ဥပမာမ်ား ျဖင့္ ျပည့္ေနပါတယ္။ တကယ္ေတာ့ သမၼာက်မ္းစာတြင္ “အခ်င္းခ်င္း” ဆိုတဲ့ စကားလုံး ၅၈ ႀကိမ္ ပါဝင္ပါတယ္။ “အခ်င္းခ်င္း ခ်စ္ျခင္း ၊ အခ်င္းခ်င္း ဂ႐ုစိုက္ျခင္း ၊ အခ်င္းခ်င္း ဆုေတာင္းေပးျခင္း ၊ အခ်င္းခ်င္း အားေပးျခင္း ၊ အခ်င္းခ်င္း ကူညီျခင္း ၊ အခ်င္းခ်င္း တိုင္ပင္ျခင္း ႏွင့္ အခ်င္းခ်င္း ေထာက္မေပးျခင္း တို႔ျဖစ္ပါတယ္။ 


၎သည္ ဘုရားသခင္ ျဖစ္ေစလို႔ေသာ နည္းလမ္းျဖစ္ပါတယ္။ ဓမၼသစ္က်မ္းတြင္ ဆိုထားသည္မွာ “ထိုေၾကာင့္၊ သင္တို႔သည္ယခုပင္ျပဳသည္နည္းတူ၊ အခ်င္းခ်င္း တိုက္တြန္း၍ တေယာက္ကိုတေယာက္ တည္ေဆာက္ၾကေလာ့။” သက္သာေလာနိတ္ဩဝါဒစာ ၅း၁၁


ဆင္ျခင္ရန္

- မေန႔ ႏွင့္ ယေန႔တြင္ သင္၏မိသားစုႏွင့္ ေျပာဆိုေသာ စကားအေၾကာင္းအရာတို႔ကို ေတြးၾကည့္ပါ။ အသက္တာ တြင္ တကယ့္အေရးပါေသာ အေၾကာင္းေတြ သင္ေျပာေနခဲ့ပါသလား။ မဟုတ္ဘူးဆိုလွ်င္ တစ္ဦးႏွင့္ တစ္ဦး ႀကီးထြားတိုးတက္ဖို႔ အကူအညီျဖစ္ေစရန္ သင္၏စကားတစ္ခ်ိဳ႕ကို မည္ကဲ့သို႔ ေျပာင္းလဲႏိုင္မည္နည္း။

- သင္က မိဘျဖစ္ပါလွ်င္ သင္၏သားသမီးတို႔အတြက္ သင္ေနာက္ဆုံးျပဳျပင္ေပးသည့္အရာမွာ မည္သို႔နည္း။ မွားယြင္းတဲ့ အျပဳအမူအစား မွန္ကန္တဲ့ ေနထိုင္နည္းနဲ႔ ေန႔စဥ္ စံနမူနာျဖစ္ေအာင္ သင္မည္သို႔ ေနထိုင္ပါမည္နည္း။

- ေဝဖန္ျခင္း ၊ ရႈံံ့ခ်ျခင္းေတြအစား သင္၏မိသားစုရွိ လူတို႔ကို မည္ကဲ့သို႔ တည္ေဆာက္ေပးႏိုင္ပါသနည္း။