Unicode Version
ကောင်းမွန်သော ဆက်ဆံရေးတို့သည် ကိုယ်ကျိုးမငဲ့ခြင်းပေါ် မူတည်ပါတယ်။
ဂလာတိဩဝါဒစာ ၆း၇-၈ “အလွဲမယူကြနှင့်။ ဘုရားသခင်သည်
မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း
အသီးအနှံကိုရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိ ပကတိ အားဖြင့်
ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်
ပကတိ အားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။”
တစ်ကိုယ်ကောင်းဆန်ခြင်း ၊ ကိုယ်ကျိုးငဲ့ခြင်း သည် ပေါင်းသင်းဆက်ဆံရေးတို့ကို ပျက်ပြားစေပါတယ်။ ၎င်းသည် ပဋိပက္ခများ ၊ ငြင်းခုံမှုများ ၊ ကွာရှင်းမှုများ နှင့် စစ်ပွဲတို့ကိုပင် ဖြစ်ပွားစေသော နံပါတ်တစ် အကြောင်းရင်း ဖြစ် ပါတယ်။
ရှင်ယာကုပ်ဩဝါဒစာ ၄း၁ “သင်တို့တွင် စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့်ဖြစ်သနည်း။ သင်တို့အင်္ဂါ များ၌ စစ်ပြိုင်သော ကိလေသာ ကာမစိတ်ကြောင့် ဖြစ်သည်မဟုတ်လော။” ပြသနာတိုင်း၏ အစသည် မိမိကိုယ်ကို ဗဟိုပြုခြင်းကြောင့် ဖြစ်ပါတယ်။
တစ်ကိုယ်ကောင်းဆန်သော စိတ်သည် ပေါင်းသင်းဆက်ဆံရေးတွင် ဝင်ရောက်ဖို့ရန် အလွန်လွယ်ကူပါတယ်။ ပေါင်းသင်းဆက်ဆံရေးကို စတင်တဲ့အခါမှာ ကိုယ်ကျိုးကို မငဲ့ဘဲ တကယ့်ကို သင်ကြိုးစားပါတယ်။ သို့ပေမဲ့ အချိန်တွေ ကြာလာတဲ့အခါမှာတော့ တစ်ကိုယ်ကောင်းဆန်ခြင်းအရာက စတင်စိမ့်ဝင်လာပါတယ်။ လူတို့သည် ပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းမှုပြုခြင်းထက် စတင်ရင်းနှီးဖို့ နှင့် တည်ဆောက်ဖို့တွင် ခွန်အားကို ပိုသုံးလေ့ရှိပါတယ်။
တစ်ကိုယ်ကောင်းဆန်ခြင်းက
ပေါင်းသင်းဆက်ဆံရေးကို ပျက်ပြားစေပါလျှင် တစ်ကိုယ်ကောင်းမဆန်ခြင်းက ပေါင်းသင်းဆက်ဆံရေးကို
တိုးတက်စေပါတယ်။ တစ်ကိုယ်ကောင်း မဆန်ခြင်းက ဘာကို ဆိုလိုပါသနည်း။ ၎င်းသည် “ကျွန်ုပ်”
ကိုနည်းစေပြီး “သင်” ဆိုတာကို ပိုများစေတာ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ သင့်အတွက်ထက် သူတစ်ပါးလိုအပ်ချက်တို့ကို
ဦးစားပေးခြင်း နှင့် သင့်ကိုယ်သင်ထက် သူတစ်ပါးအတွက် စဉ်းစားပေးတာကို ဆိုလိုပါတယ်။ ဖိလိပ္ပိဩဝါဒစာ ၂း၄ တွင် “ကိုယ်အမှုအရာကိုသာ
မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်း ရှုမှတ်ကြလော့။”
ကိုယ်ကျိုးမငဲ့ခြင်းသည် လူတို့တွင် အကောင်းဆုံးကို ယူဆောင်ပေးပါတယ်။ ၎င်းသည် ပေါင်းသင်းဆက်ဆံရေး၌ ယုံကြည်မှုကို တည်ဆောက်ပေးပါတယ်။ တကယ်တော့ ပေါင်းသင်းဆက်ဆံရေးတို့တွင် ကိုယ်ကျိုးမငဲ့ခြင်း ကို သင်စတင်ပြုမူတယ်ဆိုလျှင် တခြားသောသူတို့သည်လည်း ပြောင်းလဲလာပါတယ်။ ကိုယ်ကျိုးမငဲ့တဲ့အခါတွင် သင်သည် နဂိုမူလပုံစံ လုံးဝ မဟုတ်တော့တဲ့အတွက်ကြောင့် သင့်အား လူတွေက ထူးခြားသော နည်းတစ်မျိုးဖြင့် တုံ့ပြန်လာရပါလိမ့်မည်။
ထိုအမှုအရာကို ကြိမ်ဖန်များစွာ ကျန်တော် တွေ့မြင်ဖူးခဲ့ပါတယ်။ တစ်စုံတစ်ယောက်သည် မေတ္တာမရှိသော လူတစ်ချို့ပေါ် ကြင်နာပြီး ကိုယ်ကျိုးမငဲ့သောစိတ်ဖြင့် ဆက်ဆံတဲ့အခါတွင် ထိုသူတို့သည်လည်း ပြောင်းလဲလာ ကြပါတယ်။ သူတို့အလိုရှိသောအရာကို မထိုက်တန်ပေမဲ့ တစ်စုံတစ်ယောက်က ပေးသည့်အခါတွင် သူတို့သည် လှပသော ပုံစံတို့ဖြင့် ပြောင်းလဲသွားကြပါတယ်။
ဂလာတိဩဝါဒစာ ၆း၇-၈ “အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိ ပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ် ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။”
၎င်းသည် သမ္မာတရားဆိုင်ရာ စိုက်ပျိုးခြင်း နှင့် ရိတ်သိမ်းခြင်း နိယာမ ဖြစ်ပါတယ်။ သင်စိုက်ပျိုးတဲ့အရာကို သင်ရိတ်သိမ်းရပါလိမ့်မည်။ ကိုယ်ကျိုးမငဲ့ စိုက်ပျိုးတဲ့အခါ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သင်ရိတ်သိမ်း ရပါမည်။ ၎င်းသည် ဤစကြာဝဠာ တစ်ခုလုံးကို ဘုရားသခင် သွယ်တန်းထားခြင်းမျိုး ဖြစ်ပါတယ်။ သင်က တစ်ကိုယ်ကောင်းစိတ် ကင်းမဲ့လေလေ ဘုရားသခင် ပိုပြီး ကောင်းချီးပေးလေလေ ဖြစ်ပါတယ်။ သင့်အား သူနှင့်တူလာစေဖို့ရန် အလိုတော်ရှိပါတယ်။ ဘုရားသခင်သည် တစ်ကိုယ်ကောင်းမဆန်ပါ။ သင်၌ရှိသော အရာအားလုံးတို့သည် ဘုရားသခင်ထံမှလာသော ဆုလက်ဆောင် ဖြစ်ပါတယ်။ သင့်အပေါ် ဘုရားသခင်၏ ကိုယ်ကျိုးမဖက်မှုကြောင့် ဖြစ်ပါတယ်။ နောက်ဆုံးတွင် ဘုရားသခင်သည် တစ်ကိုယ်ကောင်းမဆန်ဘဲ ထာဝရအသက်ကို ပေးအပ်ပါသည်။
ဤကမ္ဘာလောကတွင် သင်ရောက်ရှိနေစဉ် သင့်ကိုယ်သင် ကိုယ်ကျိုးစွန့်ခြင်းအရာက သင်၌ ပြီးပြည့်စုံဆုံး ဖြစ်လိမ့်မည်။ သခင်ယေရှု ပြောထားသည်မှာ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင် သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့် မည်။” ရှင်မာကုဩဝါဒစာ ၈း၃၅
ဆင်ခြင်ရန်
-
တစ်စုံတစ်ယောက်အား ပေးကမ်းဖို့ရန်အတွက် အခက်ခဲဆုံးသောအရာများထဲမှ တစ်ခုကား မည်သို့နည်း။
(သင်၏ အချိန်၊ ငွေကြေး (သို့) သင်၏ စိတ်ပိုင်းဆိုင်ရာ အရင်းအမြစ် တစ်ခုခု ဖြစ်ကောင်းဖြစ်မည်)
-
ဤတစ်ပတ်တွင် ထိုအရာကို ပေးကမ်းဖို့ရန် မည်ကဲ့သို့ သင်လေ့ကျင်နိုင်ပါမည်နည်း။
-
သင်တစ်ကိုယ်ကောင်းဆန်တဲ့အခါတွင် မည်သို့သော နည်းလမ်းဖြင့်ဘုရားသခင် သင့်အား ကောင်းချီးပေးသည်ကို
တွေ့မြင်ဖူးပါသနည်း။
သင်၏ အသက်တာတွင် သခင်ယေရှုကို ယုံကြည်ပါသလား။
ဘုရားသခင်၏ သားတော် သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့်သာ ကောင်းကင်ဘုံသို့ ရောက်နိုင်သည်ဟု သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။ ကောင်းကင်ဘုံကို သင့်နည်းလမ်းဖြင့် ဝင်ရောက်ဖို့ မဖြစ်နိုင်ပါ။ ဧဖက်ဩဝါဒစာ ၂း၈-၉ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလို အလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ကိုယ်ကုသိုလ်ကြောင့် ကယ်တင် တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။”
သင်၏
အပြစ်တို့ကို ဖော်ပြဖို့ရန် နှင့် သခင်ယေရှုအား ယုံကြည်ဖို့ အဆင်သင့်ဖြစ်ပြီးဆိုလျှင်
ဤဆုတောင်းကို စတင်လိုက်ပါ။
“အဖဘုရားသခင်… သခင်ယေရှုအား ကျွန်ုပ်ယုံကြည်ပါလျှင် ကျွန်ုပ်ပြုခဲ့သမျှသော မှားယွင်းမှုတို့ကို ခွင့်လွှတ်ပေးမည်ဟု သခင် ကတိတော်ရှိပါ၏။ ကျွန်ုပ်အသက်တာ သခင်ရည်ရွယ်ထားရာတို့ကို လေ့လာပါမည်။ ကျွန်ုပ်အား သခင် လက်ခံပြီး တစ်နေ့တွင် ကောင်းကင်ဘုံ ဝင်ရောက်ရဖို့ရန် ကျွန်ုပ်အား သခင်လက်ခံပါလိမ့်မည်။
ကျွန်ုပ်၏ အပြစ်တို့ကို ဝန်ခံပါ၏။ သခင်ယေရှုကိုလည်း ကျွန်ုပ်၏ ဘုရားသခင် ကယ်တင်ပိုင်ရှင်အဖြစ် ကျွန်ုပ် အဆိုပြုပါ၏။ သခင့်နောက်လိုက်ချင်ပြီး အမှုတော်ထမ်းရွက်ချင်ပါသည်။ နှိမ့်ချစွာဖြင့် ကျွန်ုပ် အသက်တာအား သခင့်ထံ မြှုပ်နှံပါတယ်။ ကျွန်ုပ်အား ကယ်တင်ပြီး သခင်၏ မိသားစုဝင်ထဲသို့ ဝင်ရောက်ဖို့ရန် လက်ခံပါ။ နာမ တော်မြတ်၌ တောင်းလျှောက်ပါ၏။ အာမင်….
-------------------------------------------------------
Zawgyi Version
ေကာင္းမြန္ေသာ ဆက္ဆံေရးတို႔သည္ ကိုယ္က်ိဳးမငဲ့ျခင္းေပၚ မူတည္ပါတယ္။
ဂလာတိဩဝါဒစာ ၆း၇-၈ “အလြဲမယူၾကႏွင့္။ ဘုရားသခင္သည္ မထီမဲ့ျမင္ျပဳျခင္းကို ခံေတာ္မမူ။ လူသည္ မ်ိဳးေစ့ႀကဲသည္အတိုင္း အသီးအႏွံကိုရိတ္ရလိမ့္မည္။ မိမိဇာတိပကတိ၌ မ်ိဳးေစ့ႀကဲေသာသူသည္ ဇာတိ ပကတိ အားျဖင့္ ပုပ္ပ်က္ျခင္းအသီးအႏွံကို ရိတ္ရလိမ့္ မည္။ ဝိညာဥ္ပကတိ၌ မ်ိဳးေစ့ႀကဲေသာသူသည္ ဝိညာဥ္ ပကတိ အားျဖင့္ ထာဝရအသက္ရွင္ျခင္း အသီးအႏွံကို ရိတ္ရလိမ့္မည္။”
တစ္ကိုယ္ေကာင္းဆန္ျခင္း ၊ ကိုယ္က်ိဳးငဲ့ျခင္း သည္ ေပါင္းသင္းဆက္ဆံေရးတို႔ကို ပ်က္ျပားေစပါတယ္။ ၎သည္ ပဋိပကၡမ်ား ၊ ျငင္းခုံမႈမ်ား ၊ ကြာရွင္းမႈမ်ား ႏွင့္ စစ္ပြဲတို႔ကိုပင္ ျဖစ္ပြားေစေသာ နံပါတ္တစ္ အေၾကာင္းရင္း ျဖစ္ ပါတယ္။
ရွင္ယာကုပ္ဩဝါဒစာ ၄း၁ “သင္တို႔တြင္ စစ္တိုက္ျခင္း၊ ရန္ေတြ႕ျခင္းသည္ အဘယ္အေၾကာင္းေၾကာင့္ျဖစ္သနည္း။ သင္တို႔အဂၤါ မ်ား၌ စစ္ၿပိဳင္ေသာ ကိေလသာ ကာမစိတ္ေၾကာင့္ ျဖစ္သည္မဟုတ္ေလာ။” ျပသနာတိုင္း၏ အစသည္ မိမိကိုယ္ကို ဗဟိုျပဳျခင္းေၾကာင့္ ျဖစ္ပါတယ္။
တစ္ကိုယ္ေကာင္းဆန္ေသာ စိတ္သည္ ေပါင္းသင္းဆက္ဆံေရးတြင္ ဝင္ေရာက္ဖို႔ရန္ အလြန္လြယ္ကူပါတယ္။ ေပါင္းသင္းဆက္ဆံေရးကို စတင္တဲ့အခါမွာ ကိုယ္က်ိဳးကို မငဲ့ဘဲ တကယ့္ကို သင္ႀကိဳးစားပါတယ္။ သို႔ေပမဲ့ အခ်ိန္ေတြ ၾကာလာတဲ့အခါမွာေတာ့ တစ္ကိုယ္ေကာင္းဆန္ျခင္းအရာက စတင္စိမ့္ဝင္လာပါတယ္။ လူတို႔သည္ ေပါင္းသင္းဆက္ဆံေရးကို ထိန္းသိမ္းမႈျပဳျခင္းထက္ စတင္ရင္းႏွီးဖို႔ ႏွင့္ တည္ေဆာက္ဖို႔တြင္ ခြန္အားကို ပိုသုံးေလ့ရွိပါတယ္။
တစ္ကိုယ္ေကာင္းဆန္ျခင္းက ေပါင္းသင္းဆက္ဆံေရးကို ပ်က္ျပားေစပါလွ်င္ တစ္ကိုယ္ေကာင္းမဆန္ျခင္းက ေပါင္းသင္းဆက္ဆံေရးကို တိုးတက္ေစပါတယ္။ တစ္ကိုယ္ေကာင္း မဆန္ျခင္းက ဘာကို ဆိုလိုပါသနည္း။ ၎သည္ “ကြၽႏ္ုပ္” ကိုနည္းေစၿပီး “သင္” ဆိုတာကို ပိုမ်ားေစတာ ျဖစ္ပါတယ္။ ဆိုလိုသည္မွာ သင့္အတြက္ထက္ သူတစ္ပါးလိုအပ္ခ်က္တို႔ကို ဦးစားေပးျခင္း ႏွင့္ သင့္ကိုယ္သင္ထက္ သူတစ္ပါးအတြက္ စဥ္းစားေပးတာကို ဆိုလိုပါတယ္။ ဖိလိပၸိဩဝါဒစာ ၂း၄ တြင္ “ကိုယ္အမႈအရာကိုသာ မရႈမမွတ္ဘဲ၊ သူ႔အမႈအရာကို အခ်င္းခ်င္း ရႈမွတ္ၾကေလာ့။”
ကိုယ္က်ိဳးမငဲ့ျခင္းသည္ လူတို႔တြင္ အေကာင္းဆုံးကို ယူေဆာင္ေပးပါတယ္။ ၎သည္ ေပါင္းသင္းဆက္ဆံေရး၌ ယုံၾကည္မႈကို တည္ေဆာက္ေပးပါတယ္။ တကယ္ေတာ့ ေပါင္းသင္းဆက္ဆံေရးတို႔တြင္ ကိုယ္က်ိဳးမငဲ့ျခင္း ကို သင္စတင္ျပဳမူတယ္ဆိုလွ်င္ တျခားေသာသူတို႔သည္လည္း ေျပာင္းလဲလာပါတယ္။ ကိုယ္က်ိဳးမငဲ့တဲ့အခါတြင္ သင္သည္ နဂိုမူလပုံစံ လုံးဝ မဟုတ္ေတာ့တဲ့အတြက္ေၾကာင့္ သင့္အား လူေတြက ထူးျခားေသာ နည္းတစ္မ်ိဳးျဖင့္ တုံ႔ျပန္လာရပါလိမ့္မည္။
ထိုအမႈအရာကို ႀကိမ္ဖန္မ်ားစြာ က်န္ေတာ္ ေတြ႕ျမင္ဖူးခဲ့ပါတယ္။ တစ္စုံတစ္ေယာက္သည္ ေမတၱာမရွိေသာ လူတစ္ခ်ိဳ႕ေပၚ ၾကင္နာၿပီး ကိုယ္က်ိဳးမငဲ့ေသာစိတ္ျဖင့္ ဆက္ဆံတဲ့အခါတြင္ ထိုသူတို႔သည္လည္း ေျပာင္းလဲလာ ၾကပါတယ္။ သူတို႔အလိုရွိေသာအရာကို မထိုက္တန္ေပမဲ့ တစ္စုံတစ္ေယာက္က ေပးသည့္အခါတြင္ သူတို႔သည္ လွပေသာ ပုံစံတို႔ျဖင့္ ေျပာင္းလဲသြားၾကပါတယ္။
ဂလာတိဩဝါဒစာ ၆း၇-၈ “အလြဲမယူၾကႏွင့္။ ဘုရားသခင္သည္ မထီမဲ့ျမင္ျပဳျခင္းကို ခံေတာ္မမူ။ လူသည္မ်ိဳးေစ့ႀကဲသည္အတိုင္း အသီးအႏွံကိုရိတ္ရလိမ့္မည္။ မိမိဇာတိပကတိ၌ မ်ိဳးေစ့ႀကဲေသာသူသည္ ဇာတိ ပကတိအားျဖင့္ ပုပ္ပ်က္ျခင္းအသီးအႏွံကို ရိတ္ရလိမ့္ မည္။ ဝိညာဥ္ပကတိ၌ မ်ိဳးေစ့ႀကဲေသာသူသည္ ဝိညာဥ္ ပကတိအားျဖင့္ ထာဝရအသက္ရွင္ျခင္း အသီးအႏွံကို ရိတ္ရလိမ့္မည္။”
၎သည္ သမၼာတရားဆိုင္ရာ စိုက္ပ်ိဳးျခင္း ႏွင့္ ရိတ္သိမ္းျခင္း နိယာမ ျဖစ္ပါတယ္။ သင္စိုက္ပ်ိဳးတဲ့အရာကို သင္ရိတ္သိမ္းရပါလိမ့္မည္။ ကိုယ္က်ိဳးမငဲ့ စိုက္ပ်ိဳးတဲ့အခါ ဘုရားသခင္၏ ေကာင္းခ်ီးမဂၤလာကို သင္ရိတ္သိမ္း ရပါမည္။ ၎သည္ ဤစၾကာဝဠာ တစ္ခုလုံးကို ဘုရားသခင္ သြယ္တန္းထားျခင္းမ်ိဳး ျဖစ္ပါတယ္။ သင္က တစ္ကိုယ္ေကာင္းစိတ္ ကင္းမဲ့ေလေလ ဘုရားသခင္ ပိုၿပီး ေကာင္းခ်ီးေပးေလေလ ျဖစ္ပါတယ္။ သင့္အား သူႏွင့္တူလာေစဖို႔ရန္ အလိုေတာ္ရွိပါတယ္။ ဘုရားသခင္သည္ တစ္ကိုယ္ေကာင္းမဆန္ပါ။ သင္၌ရွိေသာ အရာအားလုံးတို႔သည္ ဘုရားသခင္ထံမွလာေသာ ဆုလက္ေဆာင္ ျဖစ္ပါတယ္။ သင့္အေပၚ ဘုရားသခင္၏ ကိုယ္က်ိဳးမဖက္မႈေၾကာင့္ ျဖစ္ပါတယ္။ ေနာက္ဆုံးတြင္ ဘုရားသခင္သည္ တစ္ကိုယ္ေကာင္းမဆန္ဘဲ ထာဝရအသက္ကို ေပးအပ္ပါသည္။
ဤကမာၻေလာကတြင္ သင္ေရာက္ရွိေနစဥ္ သင့္ကိုယ္သင္ ကိုယ္က်ိဳးစြန႔္ျခင္းအရာက သင္၌ ၿပီးျပည့္စုံဆုံး ျဖစ္လိမ့္မည္။ သခင္ေယရႈ ေျပာထားသည္မွာ “အၾကင္သူသည္ မိမိအသက္ကို ကယ္ဆယ္ျခင္းငွါအလိုရွိ၏။ ထိုသူသည္ အသက္ရႈံးလိမ့္မည္။ အၾကင္ သူသည္ ငါ့ေၾကာင့္၎၊ ဧဝံေဂလိတရားေၾကာင့္၎ အသက္ရႈံး၏။ ထိုသူသည္ မိမိအသက္ကို ကယ္ဆယ္လိမ့္ မည္။” ရွင္မာကုဩဝါဒစာ ၈း၃၅
ဆင္ျခင္ရန္
- တစ္စုံတစ္ေယာက္အား ေပးကမ္းဖို႔ရန္အတြက္ အခက္ခဲဆုံးေသာအရာမ်ားထဲမွ တစ္ခုကား မည္သို႔နည္း။ (သင္၏ အခ်ိန္၊ ေငြေၾကး (သို႔) သင္၏ စိတ္ပိုင္းဆိုင္ရာ အရင္းအျမစ္ တစ္ခုခု ျဖစ္ေကာင္းျဖစ္မည္)
- ဤတစ္ပတ္တြင္ ထိုအရာကို ေပးကမ္းဖို႔ရန္ မည္ကဲ့သို႔ သင္ေလ့က်င္ႏိုင္ပါမည္နည္း။
- သင္တစ္ကိုယ္ေကာင္းဆန္တဲ့အခါတြင္ မည္သို႔ေသာ နည္းလမ္းျဖင့္ဘုရားသခင္ သင့္အား ေကာင္းခ်ီးေပးသည္ကို ေတြ႕ျမင္ဖူးပါသနည္း။
သင္၏ အသက္တာတြင္ သခင္ေယရႈကို ယုံၾကည္ပါသလား။
ဘုရားသခင္၏ သားေတာ္ သခင္ေယရႈကို ယုံၾကည္ျခင္းအားျဖင့္သာ ေကာင္းကင္ဘုံသို႔ ေရာက္ႏိုင္သည္ဟု သမၼာက်မ္းစာက ေဖာ္ျပထားပါတယ္။ ေကာင္းကင္ဘုံကို သင့္နည္းလမ္းျဖင့္ ဝင္ေရာက္ဖို႔ မျဖစ္ႏိုင္ပါ။
ဧဖက္ဩဝါဒစာ ၂း၈-၉ “ယုံၾကည္ေသာအားျဖင့္ ေက်းဇူးေတာ္ေၾကာင့္ ကယ္တင္ျခင္းသို႔ ေရာက္ရ၏။ ကိုယ္အလို အေလ်ာက္ ေရာက္သည္မဟုတ္။ ဘုရားသခင္ သနားေတာ္မူရာျဖစ္သတည္း။ကိုယ္ကုသိုလ္ေၾကာင့္ ကယ္တင္ ေတာ္မူျခင္းသို႔ ေရာက္သည္မဟုတ္။ သို႔ျဖစ္၍ အဘယ္သူမွ် ဝါႂကြားစရာ အခြင့္မရွိ။”
သင္၏ အျပစ္တို႔ကို ေဖာ္ျပဖို႔ရန္ ႏွင့္ သခင္ေယရႈအား ယုံၾကည္ဖို႔ အဆင္သင့္ျဖစ္ၿပီးဆိုလွ်င္ ဤဆုေတာင္းကို စတင္လိုက္ပါ။
“အဖဘုရားသခင္… သခင္ေယရႈအား ကြၽႏ္ုပ္ယုံၾကည္ပါလွ်င္ ကြၽႏ္ုပ္ျပဳခဲ့သမွ်ေသာ မွားယြင္းမႈတို႔ကို ခြင့္လႊတ္ေပးမည္ဟု သခင္ ကတိေတာ္ရွိပါ၏။ ကြၽႏ္ုပ္အသက္တာ သခင္ရည္႐ြယ္ထားရာတို႔ကို ေလ့လာပါမည္။ ကြၽႏ္ုပ္အား သခင္ လက္ခံၿပီး တစ္ေန႔တြင္ ေကာင္းကင္ဘုံ ဝင္ေရာက္ရဖို႔ရန္ ကြၽႏ္ုပ္အား သခင္လက္ခံပါလိမ့္မည္။
ကြၽႏ္ုပ္၏ အျပစ္တို႔ကို ဝန္ခံပါ၏။ သခင္ေယရႈကိုလည္း ကြၽႏ္ုပ္၏ ဘုရားသခင္ ကယ္တင္ပိုင္ရွင္အျဖစ္ ကြၽႏ္ုပ္ အဆိုျပဳပါ၏။ သခင့္ေနာက္လိုက္ခ်င္ၿပီး အမႈေတာ္ထမ္း႐ြက္ခ်င္ပါသည္။ ႏွိမ့္ခ်စြာျဖင့္ ကြၽႏ္ုပ္ အသက္တာအား သခင့္ထံ ျမႇဳပ္ႏွံပါတယ္။ ကြၽႏ္ုပ္အား ကယ္တင္ၿပီး သခင္၏ မိသားစုဝင္ထဲသို႔ ဝင္ေရာက္ဖို႔ရန္ လက္ခံပါ။ နာမ ေတာ္ျမတ္၌ ေတာင္းေလွ်ာက္ပါ၏။ အာမင္….