Give God Your Best Time

 Unicode Version

ဘုရားသခင်အား သင်၏ အကောင်းဆုံး အချိန်ပေးပါ။

ဆာလံကျမ်း ၂၅း၁၄ “ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရ သောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသော အခွင့်ရှိကြ၏။

ဘုရားသခင်နှင့် လေးနက်သော ပေါင်းသင်းဆက်ဆံမှုကို သင် တည်ဆောက်ချင်ပါလျှင် ၎င်းအတွက် အချိန်ယူ လုပ်ဆောင်မှုပြုရပါမည်။ သင်၏ မိတ်ဆွေသူငယ်ချင်းတို့အတွက် သင်က အချိန်မပေးဘူးဆိုလျှင် သူတို့သည် သင်၏ မိတ်ဆွေသူငယ်ချင်း အစစ်အမှန် မဟုတ်ပါ။ သင်၏ မိတ်ဆွေ သူငယ်ချင်းတို့အတွက် အချိန်ပေးပါ။ ဘုရားသခင်သည် သင်၏ အကောင်းဆုံးမိတ်ဆွေ ဖြစ်ဖို့ရန် သင်၏ အကောင်းဆုံးအချိန်တို့ကို ပေးဖို့ လိုပါတယ်။

 

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင် ဖြစ်သည်ဟု သိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။” ဆာလံကျမ်း ၄၆း၁၀

 

ဘုရားသခင်ကို ပိုပြီးသိကျွမ်းဖို့ရန် သင်ငြိမ်ဝပ်စွာ နေပြီး နေ့စဉ် ဘုရားနှင့်အတူ ဆိတ်ငြိမ်ချိန် (quiet time) ယူဖို့ လိုအပ်ပါတယ်။

ဆာလံကျမ်း ၂၅း၁၄ “ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရ သောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသော အခွင့်ရှိကြ၏။

 

လူတော်တော်များများကို ဘုရားသခင်ကို မသိကျွမ်းကြပါဘူး။ ဘုရား၏ ချစ်ခြင်းမေတ္တာကိုလည်း မခံစားဖူးပါဘူး။ ဘုရားပြုတော်မူသောအရာကို ဘာကြောင့်ပြုနေသည်ကိုလည်း သူတို့ မသိကြပါဘူး။ ဘုရားသခင်နှင့် ရင်းနှီးကျွမ်း ဝင်မှုသည် ဘုရားကို ရိုသေသောသူတို့အတွက် သီးသန့်ဖြစ်တယ်လို့ သမ္မာကျမ်းစာက ဆိုပါတယ်။

 

သင်၏ အချိန်တို့ကို သင်က ဘယ်တော့မှ မပေးတဲ့အခါ ပေါင်းသင်းဆက်ဆံရေးက ဘယ်လိုဖြစ်မလဲ။ ပေါင်းသင်း ဆက်ဆံရေးတွင် အာရုံစူးစိုက်မှု လိုအပ်ပါတယ်။ အသင်းတော် ဝတ်ပြုအစီအစဉ်ကိုသာ သင်သွားမယ် ဆိုလျှင် ဘုရားသခင်ကို အတွင်းကျကျ သိနိုင်မည် မဟုတ်ပါ။

 

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ပြီး “အဖဘုရား ကျွန်ုပ်အား တစ်ခုခု ပြောချင်ပါသလား” လို့သင်မေးပါသလား။ ဆန်းကြယ်သော စကားစုတို့ကို သုံးဖို့မလိုပါ။ အမှန်ကိုသာ ပြောဆိုပါ။ ပြီးတော့ နားထောင်ပါ။

 

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆု တောင်းခြင်းငှါ အလိုရှိကြ၏။ ငါအမှန်ဆို သည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ၏။ သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကိုဆု တောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော် မူလတံ့။” မဿဲ ၆း၅-၆

 

ယနေ့တွင် အရှိန်ကိုလျော့ပြီး ဘုရားသခင်ထံ အာရုံပြုလိုက်ပါ။ ပြီးတော့ ဘုရား၏ ကောင်းမြတ်ခြင်း ကျေးဇူးတော်အကြောင်းကို နားထောင်လိုက်ပါ။

 

ဆင်ခြင်ရန်

- ဘယ်အရာတွေက သင့်အား ဘုရားသခင်ရှေ့မှာ ငြိမ်ခံမနေစေသနည်း၎င်း စိတ်အနှောင့်အယှက်တွေကို မည်ကဲ့သို့ကန့်သတ်နိုင်မည်နည်း

ဘုရားသခင်ထက် သင့်သူငယ်ချင်းများနှင့် အချိန်ဖြုန်းခြင်းသည် တစ်ခါတစ်ရံ အဘယ်ကြောင့် ပို၍လွယ်ကူပါသနည်း (သို့) ပို၍ပျော်ရွင်ရသနည်း။ ဤသို့ခံစားရတဲ့အခါ ဘုရားသခင်နဲ့ပတ်သက်ပြီး သင် မည်သို့ နားလည်မှုလွဲနေပါသနည်း

တစ်ခါတစ်ရံ လူတို့သည် ဘုရားသခင်နှင့် သူတို့၏ ဆိတ်ငြိမ်ချိန် (quiet time)များကို ခက်ခဲရှုပ်ထွေးလွန်းစေသည်။ နှေးကွေးဖို့ရန်၊ ဆိတ်ငြိမ်နေဖို့ရန်နှင့် ဘုရားသခင်နှင့် ရိုးရိုးသားသား အချိန်ယူရန် သင်မည်သို့သော လုပ်ဆောင်မှုမျိုး ပြုနိုင်ပါသနည်း။

----------------------------------------------------

Zawgyi Version

ဘုရားသခင္အား သင္၏ အေကာင္းဆုံး အခ်ိန္ေပးပါ။

ဆာလံက်မ္း ၂၅း၁၄ “ထာဝရဘုရားကို ေၾကာက္႐ြံ႕ေသာသူတို႔သည္ ကိုယ္ေတာ္ျမတ္ႏွင့္ မိႆဟာယဖြဲ႕ရ ေသာအခြင့္ႏွင့္ ပဋိညာဥ္တရားေတာ္ကို သိရေသာ အခြင့္ရွိၾက၏။”

ဘုရားသခင္ႏွင့္ ေလးနက္ေသာ ေပါင္းသင္းဆက္ဆံမႈကို သင္ တည္ေဆာက္ခ်င္ပါလွ်င္ ၎အတြက္ အခ်ိန္ယူ လုပ္ေဆာင္မႈျပဳရပါမည္။ သင္၏ မိတ္ေဆြသူငယ္ခ်င္းတို႔အတြက္ သင္က အခ်ိန္မေပးဘူးဆိုလွ်င္ သူတို႔သည္ သင္၏ မိတ္ေဆြသူငယ္ခ်င္း အစစ္အမွန္ မဟုတ္ပါ။ သင္၏ မိတ္ေဆြ သူငယ္ခ်င္းတို႔အတြက္ အခ်ိန္ေပးပါ။ ဘုရားသခင္သည္ သင္၏ အေကာင္းဆုံးမိတ္ေဆြ ျဖစ္ဖို႔ရန္ သင္၏ အေကာင္းဆုံးအခ်ိန္တို႔ကို ေပးဖို႔ လိုပါတယ္။


သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “ၿငိမ္ဝပ္လ်က္ေနၾကေလာ့။ ငါကား ဘုရားသခင္ ျဖစ္သည္ဟု သိမွတ္ၾကေလာ့။ လူမ်ိဳးတို႔တြင္ ငါသည္ ဘုန္းပြင့္မည္။ ေျမႀကီးေပၚမွာ ဘုန္းပြင့္မည္။” ဆာလံက်မ္း ၄၆း၁၀


ဘုရားသခင္ကို ပိုၿပီးသိကြၽမ္းဖို႔ရန္ သင္ၿငိမ္ဝပ္စြာ ေနၿပီး ေန႔စဥ္ ဘုရားႏွင့္အတူ ဆိတ္ၿငိမ္ခ်ိန္ (quiet time) ယူဖို႔ လိုအပ္ပါတယ္။

ဆာလံက်မ္း ၂၅း၁၄ “ထာဝရဘုရားကို ေၾကာက္႐ြံ႕ေသာသူတို႔သည္ ကိုယ္ေတာ္ျမတ္ႏွင့္ မိႆဟာယဖြဲ႕ရ ေသာအခြင့္ႏွင့္ ပဋိညာဥ္တရားေတာ္ကို သိရေသာ အခြင့္ရွိၾက၏။”

လူေတာ္ေတာ္မ်ားမ်ားကို ဘုရားသခင္ကို မသိကြၽမ္းၾကပါဘူး။ ဘုရား၏ ခ်စ္ျခင္းေမတၱာကိုလည္း မခံစားဖူးပါဘူး။ ဘုရားျပဳေတာ္မူေသာအရာကို ဘာေၾကာင့္ျပဳေနသည္ကိုလည္း သူတို႔ မသိၾကပါဘူး။ ဘုရားသခင္ႏွင့္ ရင္းႏွီးကြၽမ္း ဝင္မႈသည္ ဘုရားကို ႐ိုေသေသာသူတို႔အတြက္ သီးသန႔္ျဖစ္တယ္လို႔ သမၼာက်မ္းစာက ဆိုပါတယ္။


သင္၏ အခ်ိန္တို႔ကို သင္က ဘယ္ေတာ့မွ မေပးတဲ့အခါ ေပါင္းသင္းဆက္ဆံေရးက ဘယ္လိုျဖစ္မလဲ။ ေပါင္းသင္း ဆက္ဆံေရးတြင္ အာ႐ုံစူးစိုက္မႈ လိုအပ္ပါတယ္။ အသင္းေတာ္ ဝတ္ျပဳအစီအစဥ္ကိုသာ သင္သြားမယ္ ဆိုလွ်င္ ဘုရားသခင္ကို အတြင္းက်က် သိႏိုင္မည္ မဟုတ္ပါ။ 


ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို ဖတ္ၿပီး “အဖဘုရား ကြၽႏ္ုပ္အား တစ္ခုခု ေျပာခ်င္ပါသလား” လို႔သင္ေမးပါသလား။ ဆန္းၾကယ္ေသာ စကားစုတို႔ကို သုံးဖို႔မလိုပါ။ အမွန္ကိုသာ ေျပာဆိုပါ။ ၿပီးေတာ့ နားေထာင္ပါ။


သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “သင္သည္ ဆုေတာင္းပဌနာျပဳေသာအခါ လွ်ိဳ႕ဝွက္ေသာသူတို႔နည္းတူမျပဳႏွင့္။ ထိုသူတို႔သည္ လူမ်ား တို႔ေရွ႕မွာထင္ရွားေစျခင္းငွါ၊ ပြဲသဘင္လမ္းဆုံလမ္းဝတို႔၌ ရပ္လ်က္ဆု ေတာင္းျခင္းငွါ အလိုရွိၾက၏။ ငါအမွန္ဆို သည္ကား၊ ထိုသူတို႔သည္ မိမိတို႔အက်ိဳးကိုခံရၾက၏။ သင္သည္ ဆုေတာင္းေသာအခါ ဆိတ္ညံရာအခန္းသို႔ဝင္၍ တံခါးကိုပိတ္ၿပီးမွ၊ မထင္ရွားေသာအရပ္၌ ရွိေတာ္မူေသာ သင္၏အဘကိုဆု ေတာင္းေလာ့။ မထင္ရွားေသာအရာကို ျမင္ေတာ္မူေသာ သင္၏အဘသည္ အက်ိဳးကို ထင္ရွားစြာေပးေတာ္ မူလတံ့။” မႆဲ ၆း၅-၆


ယေန႔တြင္ အရွိန္ကိုေလ်ာ့ၿပီး ဘုရားသခင္ထံ အာ႐ုံျပဳလိုက္ပါ။ ၿပီးေတာ့ ဘုရား၏ ေကာင္းျမတ္ျခင္း ေက်းဇူးေတာ္အေၾကာင္းကို နားေထာင္လိုက္ပါ။


ဆင္ျခင္ရန္

- ဘယ္အရာေတြက သင့္အား ဘုရားသခင္ေရွ႕မွာ ၿငိမ္ခံမေနေစသနည္း။ ၎ စိတ္အေႏွာင့္အယွက္ေတြကို မည္ကဲ့သို႔ကန႔္သတ္ႏိုင္မည္နည္း။

• ဘုရားသခင္ထက္ သင့္သူငယ္ခ်င္းမ်ားႏွင့္ အခ်ိန္ျဖဳန္းျခင္းသည္ တစ္ခါတစ္ရံ အဘယ္ေၾကာင့္ ပို၍လြယ္ကူပါသနည္း (သို႔) ပို၍ေပ်ာ္႐ြင္ရသနည္း။ ဤသို႔ခံစားရတဲ့အခါ ဘုရားသခင္နဲ႔ပတ္သက္ၿပီး သင္ မည္သို႔ နားလည္မႈလြဲေနပါသနည္း။

• တစ္ခါတစ္ရံ လူတို႔သည္ ဘုရားသခင္ႏွင့္ သူတို႔၏ ဆိတ္ၿငိမ္ခ်ိန္ (quiet time)မ်ားကို ခက္ခဲရႈပ္ေထြးလြန္းေစသည္။ ေႏွးေကြးဖို႔ရန္၊ ဆိတ္ၿငိမ္ေနဖို႔ရန္ႏွင့္ ဘုရားသခင္ႏွင့္ ႐ိုး႐ိုးသားသား အခ်ိန္ယူရန္ သင္မည္သို႔ေသာ လုပ္ေဆာင္မႈမ်ိဳး ျပဳႏိုင္ပါသနည္း။