Find the Courage to Connect
 Unicode Version
ချိတ်ဆက်မှုပြုဖို့ရန် ရဲရင့်ခြင်းသတ္တိကို ရှာပါ။
တိမောသေဩဝါဒစာ ဒုတိယစောင် ၁း၇ “အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘော ကို ငါတို့အား ပေးတော်မူ သည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသော စိတ်သဘောကို ပေးတော်မူ၏။
သင်၌ ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ကြောင့်ကြစိတ်တို့ဖြင့် ပြည့်နေတဲ့အခါတွင် တခြားသောသူတို့နှင့် သင်မနှီးနိုင် တော့ပါ။ ၎င်းအစား သင်ကိုယ်သင် နောက်ဆုတ်လိုက်ပါတယ်။ ငြင်းပယ်ခံရခြင်း ၊ ခြယ်လှယ်ခံရခြင်း၊ ထိခိုက်လွယ်ခြင်း နှင့် နာကျင်ခြင်း (သို့) အသုံးချခံရခြင်း တို့ကို သင်ကြောက်ရွံ့ပါတယ်။ ၎င်းကြောက်ရွံ့ခြင်းတွေက သင့်အား သင့်ဝန်းကျင်ရှိ လူတွေနှင့် အဆက်အသွယ် ပြတ်တောက်သွားစေပါတယ်။
ထိုအကြောက်တရားတို့က လူသားတို့ကဲ့သို့ပင် အိုဟောင်းနွမ်းနေပါပြီး။ အာဒံနှင့် ဧဝတို့ အပြစ်ပြုခဲ့တဲ့ အခါတွင် ဘုရားသခင်က သူတို့ကို အကြည့်အရှု ကြွလာခဲ့ပါတယ်။ ထို့နောက် အာဒံက လူကလည်း ဥယျာဉ်၌ကိုယ်တော်၏ အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ပုန်းလျက် နေပါသည်ဟု လျှောက်လေ၏။ကမ္ဘာဦးကျမ်း ၃း၁၀ ထိုအချိန်ကတည်းကပင် လူသားတို့သည် ပုန်းအောင်းပြီး အသက်ရှင် နေထိုင်ခဲ့ကြပါတယ်။
ခန္ဓာအားဖြင့် သင်က ပုန်းအောင်း မနေပေမဲ့ သင်၏ ဖြစ်ခြင်း အစစ်အမှန်ကို သင်ဖုံးကွယ်ပါတယ်။ သင်တကယ်ပင် သဘောကျနှစ်သက်သောအရာကို လူတွေကို ပေးမသိပါဘူး။ သင့်အထဲက အရာကို သူတို့အား သိခွင့်မပေးပါဘူး။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ သင်၏ ဖြစ်ခြင်း အစစ်အမှန်ကို လူတွေအား ဖော်ပြပြီး ထိုအရာကို လူတွေ မကြိုက်ပါလျှင် သင့်ကိုယ်သင် လှော်တက်မပါသော ချောင်းထဲသို့ ရောက်သွားပြီလို့ ယုံကြည်နေသောကြောင့် ဖြစ်ပါတယ်။ ၎င်းအစား သင်မဟုတ်သော လူတစ်ဦးအသွင်အဖြစ် သင်ဟန်ဆောင်ပါတော့တယ်။
ဤကြောက်ရွံ့ခြင်းက သင်၏ပေါင်းသင်းဆက်ဆံရေးတို့ကို ဖျက်စီးစေသည့် အရာ (၃) ခုကို ဖြစ်ပေါ်စေပါတယ်။
(၁) အကြောက်တရားသည် သင့်အား ခုခံကာကွယ်ပေးသည်။
သင့်ကိုယ်သင် စစ်မှန်စွာ ဖော်ပြဖို့ရန် ကြောက်ပေမဲ့ လူတွေက သင့်၏ အားနည်းချက်တစ်ချို့ကို မလွဲမသွေ တွေ့နိုင် ပါတယ်။ ထိုအားနည်းချက်တို့ကို သူတို့ ထောက်ပြလာတဲ့အခါမှာ သင်က သင့်ကိုယ်သင် ကာကွယ်ပြီး လက်တုံ့ ပြန်ပါတယ်။
(၂) အကြောက်တရားက သင့်ကို အဝေးမှာ ထားရှိပေးတယ်။
လူတွေ သင့်အနား ချဉ်းကပ်ခွင့်ရဖို့အတွက် -သင်က ရိုးသားဖို့နှင့် ပွင့်လင်းဖို့ရန် ကြောက်ရွံ့ပါတယ်။ ၎င်းအစား သင်၏ စိတ်ခံစားချက်တို့ကို ဖုံးကွယ်နိုင်အောင် ဆုတ်ခွာပြီး နောက်ပြန်ဆုတ်ပါတယ်။ သင်က အထိမခံသောသူ ဖြစ်လာပြီး ဝေးကွာမှုတစ်ခု ဖြစ်လာပါတယ်။
(၃) အကြောက်တရားက သင့်ကို တောင်းဆိုပါတယ်။
သင်က မလုံခြုံတော့လေလေ သင်ကိုယ်သင် ပိုမို စိုးမိုးဖို့ နှင့် ထိန်းချုပ်ဖို့ လုပ်ဆောင်ပါတယ်။ တောင်းဆိုခြင်း သည် အမြဲတမ်း မလုံခြုံမှုနှင့် ကြောက်ရွံ့မှုတို့၏ လက္ခဏာ ဖြစ်ပါတယ်။
ရှင်းလင်းစွာဆိုရလျှင် ကြောက်ရွံ့ခြင်းသည် သင်၏ ပေါင်းသင်းဆက်ဆံရေးတို့ကိုသာ ဖျက်စီးစေပါတယ်။ သို့ပေမဲ့ တစ်စုံတစ်ယောက်နှင့် ချိတ်ဆက်ပြီး ပိုမိုလေးနက်တဲ့ ရင်းနှီးမှုဆီ ဦးတည်ဖို့ရန် ပထမဦးဆုံး ခြေလှမ်းကို သင်ဘယ်မှာ သတ္တိရှိရှိ တွေ့နိုင်မည်နည်း။
သင့်အသက်တာတွင် ဘုရားသခင်၏ ဝိညာဉ်တော်မှ သင်ရရှိမည်ဖြစ်သည်။  ၂တိ ၁း၇ တွင် တမန်တော်ရှင်ပေါလု ဆိုထားမှာ “အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘော ကို ငါတို့အား ပေးတော်မူ သည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသော စိတ်သဘောကို ပေးတော်မူ၏။
ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည်ဝခြင်းကို သင်မည်သို့ သိနိုင်မည်နည်း။ သင်၏ ပေါင်းသင်းဆက် ဆံရေးတို့၌ ရဲရင့်ခြင်းများ ပိုမို ဖြစ်လာတဲ့အခါတွင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝပြီ ဖြစ်သည်။ လူတွေကို ကြောက်နေခြင်းထက် သူတို့ကို ချစ်ပြီး သူတို့နှင့်အတူနေခြင်းက ဝမ်းမြောက်ပျော်ရွှင်လာပါတယ်။
“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” လို့ သမ္မာကျမ်းစာက ဆိုထားပါတယ်။ ၁ယော ၄း၈
ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသော ကြောင့်၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး။” ၁ယော ၄း၁၈
 သင့်အသက်တာတွင် ဘုရားသခင်နှင့်အတူ ပိုမိုရှိလေလေ ကြောက်ရွံ့စိတ် နည်းပါးလေလေ ဖြစ်ပါတယ်။
တစ်စုံတစ်ယောက်နှင့်ဆက်သွယ်ခြင်းအရာကို စတင်ခြင်းအစသည် “အဖဘုရားသခင်… ပထမခြေလှမ်းကို လျှောက်လှမ်းဖို့ရန် ရဲရင့်ခြင်း ပေးသနားတော်မူပါ” လို့သင်က ခေတ္တရပ်လျက် ဆုတောင်းပြောဆိုခြင်း ဖြစ်ပါတယ်။ သင်၏ ပေါင်းသင်းဆက်ဆံရေး တစ်ခုအတွက် ဆုတောင်းဖို့ အဆင်သင့် ဖြစ်ပြီလား။
ဆင်ခြင်ရန်
- မည်သို့သော ကြောက်ရွံ့ခြင်းက သင်၏ ပေါင်းသင်းဆက်ဆံရေးကို သက်ရောက်မှု ဖြစ်စေပါသနည်း။
- သင်၏ ပေါင်းသင်းဆက်ဆံရေးတွင် ဘုရားသခင်၏ ဝိညာဉ်တော်က သင့်အား ရဲရင့်ခြင်းအရာ ပေးကြောင်းကို သင်မည်ကဲ့သို တွေ့ကြုံရပါသနည်း။
- မည်သို့သော ပေါင်းသင်းဆက်ဆံရေးဆီသို့ ပထမဆုံးခြေလှမ်း လှမ်းရန် ဘုရားသခင်၏ အကူအညီကို သင်တောင်း ခံဖို့ရန် လိုပါသနည်း။
ဘုရားသခင် သင်နှင့် ချိတ်ဆက်မှု ပြုချင်ပါတယ်။
သင်ဘာကို ဘဲလုပ်လုပ် ဘယ်မှာဘဲ ရှိရှိ ဘုရားသခင်က သင့်ကို သူနှင့် ရင်းနှီးစေချင်ပါတယ်။ သင်ပြုသမျှသော အပြစ်အားလုံး ၊ ရင်ဆိုင်တွေ့ကြုံရသော ကျရှုံးမှု အားလုံးကို သိတော်မူပြီး သင့်အား ချစ်နေဆဲ ၊ ဂရုပြုဆဲ ဖြစ်ပါတယ်။
ကိုယ်တော်၏ ကျေးဇူးတော်ထဲသို့ သင်၏နည်းလမ်းတို့ဖြင့် ဆည်းကပ်ရန် သူမမျှော်လင့်ပါ။ သားတော် သခင်ယေရှုကို သင်ယုံကြည်သောအခါတွင် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် သင် ကယ်တင်ခြင်းသို့ ရောက်ပါပြီ။ သခင်ယေရှုအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို သင်လက်ခံဖို့ရန် အဆင်သင့်ဖြစ်ပြီဆိုလျှင် ဤရိုးရှင်းသော ဆုတောင်းချက်ကို ပြုပါ။
“အဖဘုရားသခင်၊ ကျွန်ုပ်သည် အပြစ်သားဖြစ်သည်ကို ကျွန်ုပ်သိပြီး ကိုယ်တော်၏ခွင့်လွှတ်မှုကို တောင်းခံပါသည်။ ယေရှုခရစ်သည် ကိုယ်တော်၏သားတော်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်ပါသည်။ ကျွန်ုပ်၏အပြစ်အတွက် အသေခံ တော်မူ ပြီး ကိုယ်တော် အသက်ပြန်ရှင်စေတော်မူကြောင်းကို ကျွန်ုပ်ယုံကြည်ပါသည်။ သခင်ယေရှုအား ကယ်တင် ရှင်သခင်အဖြစ် ယနေ့မှစပြီး နောက်တော်သို့ လိုက်ချင်ပါသည်။ ကျွန်ုပ်၏ အသက်တာကို လမ်းညွှန်ပြီး အလိုတော် အတိုင်း ဆောင်ရွက်နိုင်ရန် ကူညီပေးတော်မူပါ။" သခင်ယေရှု၏ နာမတော်မြတ်၌ တောင်းလျှောက်ပါ၏…..အာမင်။
--------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်