Unicode Version
နာခံမှုအတွက် မှန်ကန်သော စေ့ဆော်မှုကို ရှာဖွေပါ။
ရှင်ယောဟန်ဩဝါဒစာ ၁၅း၁၄ “သင်တို့သည် ငါပညတ်သမျှတို့ကို
ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။”
ယုံကြည်သူ
ခရစ်ယာန်တွေ ဘာကြောင့် ဘုရားသခင်ကို နာခံကြသနည်း။ မယုံကြည်သောသူတို့က ဤအချက်ကို တစ်ချိန်လုံး
အမှတ်မှားကြပါတယ်။ “ဘုရားသခင်ကို ငါ မနာခံနိုင်လို့ ခရစ်ယာန်မဖြစ်ချင်ဘူး” လို့သူတို့ဆို
ကြပါတယ်။ သင်တို့ ခရစ်ယာန်တွေက ကိုယ်ကိုကိုယ် အပြစ်ရှိလို့ (သို့) ကြောက်လို့ (သို့)
တာဝန်ဝတ္တရားကြောင့် ဘုရားသခင်ကို နာခံကြတယ်။ ငါကတော့ ထိုကဲ့သို့ အသက်တာမှာ အလိုမရှိဘူး။
ဘုရားသခင်ကို
ကျွန်ုပ်တို့ ဘာကြောင့် စစ်မှန်စွာ နာခံကြသနည်း။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ကို
သူချစ်လို့ဖြစ်ပါတယ်။ ကျွန်ုပ်တို့အတွက် အကောင်းဆုံးကို အလိုရှိတော်မူသည့်အတွက်ကြောင့်
ဖြစ်ပါတယ်။ တခြားသူတွေ သင့်ကိုချစ်နိုင်မည် မဟုတ်သော ချစ်ခြင်းအားဖြင့် သင့်ကိုချစ်ပါတယ်။
ဤလောကတွင် ချစ်ခြင်းမေတ္တာ ရှိရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ ဘုရားသခင်သည်
ချစ်ခြင်း မေတ္တာ ဖြစ်တဲ့အတွက်ကြောင့်လို့ သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။ ကြောက်ရွံ့ခြင်း
၊ အပြစ်ရှိခြင်း (သို့) ဝတ္တရားအရ ဘုရားသခင်ကို ကျွန်ုပ်တို့ ကိုးကွယ်နေခြင်း မဟုတ်ပါ။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်၍ ကယ်တင်သောကြောင့် ကျွန်ုပ်တို့သည် မေတ္တာဖြင့်
နာခံကြပါသည်။
ကျွန်တော်
အထက်တန်းကျောင်းသားအရွယ်တုန်းက ကောင်လေး တစ်ယောက် ကျွန်တော့ဆီလာပြီး “နင်က ကန့်သတ်
ခံထားရတယ်” ကျွန်တော်က “ ဘာကို ဆိုလိုတာလဲ” ။ “ဘာကြောင့်လဲဆိုတော့ နင်က ခရစ်ယာန် ဖြစ်နေလို့
ငါတို့လိုမျိုး ပျော်စရာတွေ တစ်ခုမှ လုပ်လို့မရနိုင်ဘူး”
သူ့ရဲ့
မျက်လုံးတို့ဆီ ကျွန်တော်ကြည့်ပြီး ကျွန်တော်က “မူးယစ်ဆေးအားလုံးကို
ငါသုံးချင်ရင် ငါသုံးနိုင်တယ်။ ကျောက်ခဲနှင့် ပစ်ချင်သမျှကိုလည်း ပစ်ချင်ရင် ငါပစ်လို့ရတယ်။
ငါသောက်ချင်တဲ့ အရာတွေကို သောက်ချင် သောက်လို့ရတယ်။ သွားချင်တဲ့ ပါတီတွေပွဲတွေကို သွားလို့ရတယ်။
မိန်ကလေးတွေနှင့်အတူ အိပ်ချင်ရင်လည်း ငါအိပ်လို့ရတယ်။ ဒါပေမဲ့ ကွဲပြားခြားနားမှုက “သခင်ယေရှုက ငါရဲ့ လိုအင်ဆန္ဒတွေကို
ပြောင်းလဲပေးခဲ့တယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီကတည်းက
ထိုအရာတွေကို ကျွန်တော် မလုပ်ချင်ခဲ့ပါဘူး။ ယခုလည်း မလုပ်ချင်ပါဘူး။ ထိုအရာတွေက ဈေးနှုန်းသက်သက်သာသာဖြင့် ခဏတာ အသက်ဝင်စေမည့်
စိတ်လှုပ်ရှားဖွယ်ရာများကို ပေးစွမ်းပါတယ်။ သို့ပေမဲ့ ပြန်ကန်ထွက်သွားပါတယ်။ ထိုအရာတွေက
လွှတ်လပ်သလို ခံစားရတယ် ထင်ရပေမဲ့ ကြာရှည်မခံပါ။ ပျက်စီးခြင်း ၊ သမာဓိမရှိခြင်း ၊ ဝမ်းမြောက်စရာ
မရှိဘဲ စိတ်ဖိစီးမှုတွင် အဆုံးသတ်သွားပါတယ်။
သခင်ယေရှု
ပြောထားသည်မှာ “ခမည်းတော်သည်
ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်း မေတ္တာ၌ တည်နေ
ကြလော့။ ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော် ၏မေတ္တာ၌
တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြ လိမ့်မည်။ သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှါ၎င်း၊ သင်တို့
ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါ၎င်း၊ ဤစကားကို သင်တို့အားငါဟောပြော၏။”
ဘုရားသခင်သည်
သူ့အား ကြောက်ရွံ့လို့ နာခံခြင်းမျိုးကို အလိုတော်မရှိပါဘူး။ စီရင်ခြင်းကို ကြောက်လို့
နာခံခြင်းမျိုးကိုလည်း အလိုတော်မရှိပါဘူး။ ချစ်ခြင်းကြောင့်သာ
နာခံခြင်းမျိုးကို အလိုရှိပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စစ်မှန်သော ဝမ်းမြောက်ပျော်ရွှင်ခြင်းကို
ဖြစ်ပေါ်စေပါသည်။
ဆင်ခြင်ရန်
-
အကြောက်တရားကြောင့် တစ်စုံတစ်ဦး (မိဘ၊ ဆရာ၊ သို့မဟုတ် သူဌေး) ကို
သင် ဘယ်အချိန်က နာခံခဲ့သနည်း။ မေတ္တာကြောင့် ဘယ်တုန်းက
နာခံခဲ့သနည်း။ ၎င်းဆက်ဆံရေးတွင် ဘာတွေကွာခြားသွားသနည်း။
•
ဘုရားသခင်ကိုချစ်တဲ့စိတ် ကြီးထွားလာသည်နှင့်အမျှ
သင့်ဆန္ဒတွေကို ဘုရားမည်သို့ပြောင်းလဲခဲ့သနည်း။
•
ဘုရားသခင်အား မေတ္တာဖြင့် နာခံခြင်းအားဖြင့် မည်ကဲ့သို့
ရွှင်လန်းမှုကို သင် ခံစားခဲ့ရသနည်း။
-------------------------------------------------------------------
Zawgyi Version
မကောင်းသော အပြုအမူများကို လုပ်ဆောင်ပြီး စာတန်နည်းတူ အသက်ရှင်မယ်ဆိုလျှင် သခင်ယေရှုကို သင်ကချစ် တယ်လို့ ပြောလို့မရပါဘူး။ တစ်ကိုယ်ကောင်း ဆန်တဲ့ အသက်တာဖြင့် အသက်ရှင်နေထိုင်တယ်ဆိုလျှင်လည်း သင့်ကိုယ်သင် ယုံကြည်သူ ခရစ်ယာန်ပါဆိုပြီး ပြောလို့ မရနိုင်ပါ။ ကိုယ်ကြိုက်တဲ့ ကျမ်းပိုဒ်ကိုသာ ရွေးယူပြီး မကြိုက်တဲ့ ကျမ်းပိုဒ်ဆို လစ်လျူရှုမယ်ဆိုလျှင် သင့်ကိုယ်သင် သခင်ယေရှုနောက်လိုက်လို့ ပြောလို့မရနိုင်ပါ။ သခင်ယေရှုက သူနှင့် သူ၏ ပညတ်တော်တို့ကို နာခံမယ်ဆိုလျှင် သင်က သူ၏ မိတ်ဆွေဖြစ်တယ်လို့ မိန့်ဆိုပါ ထားတယ်။
ဆင်ခြင်ရန်