Unicode Version
ဘုရားသခင်ထံ ပေးသော သင်၏ကတိတို့ကို တည်ဖို့ရန် လျင်မြန်စေပါ။
ဒေသနာကျမ်း ၅း၄ “ဘုရားသခင့်ထံတော်၌ သစ္စာဂတိပြုမိလျှင်၊ သစ္စာဝတ်ကို မဖြေဘဲမနေနှင့်။ မိုက်သောသူတို့ကို အားရ နှစ်သက်တော်မမူ။သစ္စာဂတိပြုသည်အတိုင်း ဝတ်ကို ဖြေလော့။”
များစွာသော ကတိတို့ကို သင်ပြုကောင်း ပြုပါမည်။ လွန်ခဲ့တဲ့ရက် အနည်းငယ်က အကြောင်းကို ပြန်စဉ်းစားကြည့်ပါ။ ခင်ပွန်း/ဇနီးအတွက် ပြုထားသော ကတိကို လုပ်ဆောင်ပေးဖို့ရန်၊ သူဌေးအတွက် နောက်ဆုံးပေးထားတဲ့ သတ်မှတ်ရက်အတွင်း အလုပ်ကို ဖြည့်ဆည်းဖို့ရန် ၊ သုတေသနပြုနေတဲ့ ကလေးကို ကူညီဖို့ရန် သင်၌ ရှိကောင်းရှိပါမည်။ ကျန်းမာသော အလေ့အကျင့် အမူအကျင့်တို့ဖြင့် သင်ကိုယ်သင် စတင်တော့ မယ်လို့ ကတိပေးထားကောင်း ပေးထားပါမည်။ ဘုရားသခင်ဆီသို့လည်း ကတိပြုထားသော အရာတောင် ရှိကောင်းရှိပါမည်။
ဘုရားသခင်ထံ ကတိပြုထားပါလျှင် ၎င်းကို တည်ဖို့ရန် လျင်မြန်သင့်ပါတယ်။
ကြန့်ကြာသော နာခံခြင်းမျိုးသည် နာမခံခြင်းဖြစ်ပါတယ်။ နှောင့်နှေးသော ကတိကလည်း မပြည့်စုံသော ကတိဖြစ် ပါတယ်။
ဒေသနာကျမ်း ၅း၄ “ဘုရားသခင့်ထံတော်၌ သစ္စာဂတိပြုမိလျှင်၊ သစ္စာဝတ်ကို မဖြေဘဲမနေနှင့်။ မိုက်သောသူတို့ကို အားရ နှစ်သက်တော်မမူ။သစ္စာဂတိပြုသည်အတိုင်း ဝတ်ကို ဖြေလော့။”
သခင်ယေရှုနောက် သင်စတင်လိုက်လျှောက်သောသူ ဖြစ်တဲ့အခါ သင့်ကိုယ်သင်လည်း သခင်ယေရှု၏ အစီအစဉ်အတိုင်း (သင့်အကြံအစည်မဟုတ်) အသက်တာကို စတင်မယ်လို့ ကတိပေးကောင်းပေးထားပါမည်။ ဘုရားထံပေးသော ထိုကတိကို တည်ဖို့ရန် လျင်မြန်စွာ တုံ့ပြန်ဖို့ လိုအပ်သော အချိန်ရှိပါတယ်။ စုံစမ်းခြင်း ခံရတဲ့အခါမှာ ထိုစုံစမ်းခြင်းကနေ သင်အလျင်အမြန် ထွက်ပြေးဖို့ လိုအပ်ပါတယ်။
စုံစမ်းခြင်းအတွက် သင်၌ ကြိုတင်ကာကွယ်မှုနှင့် အရေးပေါ် နည်းဗျူဟာ နှစ်မျိုးလုံး ရှိရန် လိုအပ်ပါတယ်။ ကြိုတင်ကာကွယ်ခြင်း နည်းပရိယာယ်မှာ စုံစမ်းခြင်း အခြေအနေများထဲမှ သင့်ကိုယ်သင် ရှောင်ရှားရန် လုပ်ဆောင်ခြင်းကို ဆိုလိုပါတယ်။ သို့ပေမဲ့ ယနေ့တွင် သင်စုံစမ်းခြင်းခံရတဲ့အခါ လုပ်ဆောင်သင့်သော အရေးပေါ် ဗျူဟာတို့ကို အာရုံစိုက်လိုက်ရအောင်။
စုံစမ်းခြင်းအတွက် လုပ်ဆောင်ရမည့်အရာကို သမ္မာကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားပါတယ်။ ၁တိ ၆း၁၁ “သို့ဖြစ်၍၊ အိုဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ”
“Run from all these evil things” (1 Timothy 6:11 NLT).
မိမိကိုယ်ကို အနိုင်ယူခြင်း (သို့) ဘုရားသခင်အား မနာခံခြင်းကဲ့သို့သော အရာ တစ်ခုခုကို လုပ်ဆောင်ဖို့ရန် စုံစမ်းခံရတဲ့အခါ သင်သည် အခြေအနေမှ အလျင်အမြန် ထွက်သင့်ပါတယ်။ တစ်နည်းအားဖြင့် ပြေးသင့်ပါတယ်။
ဘာကို မလုပ်ဆောင်သင့်ဘူးလဲ။ စုံစမ်းခြင်းနှင့်အတူ မငြင်းခုံပါနှင့်။ မတိုက်ခိုက်ပါနှင့်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ သင်ကျရှုံးမှာ ဖြစ်ပါတယ်။
တပ်မက်ခြင်းကဲ့သို့သော စုံစမ်းခြင်းမျိုးကို ရုပ်မြင်သံကြားကနေ သင်ကြည့်နေပါလျှင် Channel ပြောင်းလိုက်ပါ။ အရက်သေစာမူးယစ်ခြင်းကနေ သင်ရုန်းကန်နေရပါလျှင် Bar မှ အလျင်အမြန် ပြေးထွက်ပါ။
ရုပ်ထုကိုးကွယ်ခြင်းဆီမှ ထွက်ပြေးဖို့ရန် သမ္မာကျမ်းစာက ပြောထားပါတယ်။ ၁ကော ၁ဝး၁၄ “ထိုကြောင့် ငါ့ချစ်သူတို့၊ ရုပ်တို့ကို ကိုးကွယ်ခြင်း အမှုကို ကြဉ်ရှောင်ကြလော့။”
“ငါ့အိမ်မှာ ရုပ်ထုမရှိဘူး” လို့သင်ပြောကောင်းပြောပါမည်။
သို့ပေမဲ့ ဘုရားသခင်ထက် သင်ဦးစားပေးသောအရာမှန်သမျှတို့သည် ရုပ်ထု ဖြစ်ကြပါတယ်။ တစ်ချို့သော ယဉ်ကျေးမှုတွင် ကျောက်တုံး (သို့) သစ်သားဖြင့် ထွင်းသော ရုပ်ထုတို့ ရှိတတ်ကြပါတယ်။ သို့ပေမဲ့ US တွင် ကျွန်ုပ်တို့၏ ရုပ်ထုတို့ကို ကျွန်ုပ်တို့၏ ပိုက်ဆံအိတ်တွင် သယ်ဆောင်ကြတယ် ၊ TV မှာကြည့်တတ်ကြတယ်။ (သို့) ခရီးလမ်းတွေမှာ ထိုအရာအတွက် ခဏရပ်နားထားတတ်ကြပါတယ်။
နောက်ထပ် သင်စဉ်းစားနိုင်မည့်အရာကတော့ သင်ဘယ်လိုလူ (သို့) ဘယ်လိုအရာကို ရုပ်ထု ထားပါသလဲ။ အောင်မြင်ခြင်းလား ။ လှပခြင်း လား။ ကြော်ကြားတဲ့ အားကစားသမားလား (သို့) အားကစားတစ်ခုခုလား။ နာမည် ကြီးသူ တစ်ယောက်ယောက်လား ။ လူမှုကွန်ယက်အရာတွေလား။
ဘယ်လိုဘဲ ရုပ်ထုရှိရှိ ၊ ဘယ်လိုဘဲ စုံစမ်းခြင်းခံရပါစေ.. နည်းဗျူဟာက ရှင်းလင်းပါတယ်။ ရှောင်ပြေးပါ။ မငြင်းခုံပါနဲ့။ မတိုက်ခိုက်ပါနဲ့။ ပြေးသာ ပြေးပါ။ ပျားတုပ်ခြင်း မခံရစေဖို့ ပျားအုံကို ဝေးဝေးကနေ ရှောင်ရမှာ ဖြစ်ပါတယ်။
သင်၏ ကတိတွေကို လိုက်နာဖို့ အရေးကြီးတယ်ဆိုတာ သတိရပါ။ ဒါကြောင့် ဘုရားသခင်ကို ကတိပြုတဲ့အခါမှာ ၎င်းကတိကို အမြန်တည်လိုက်ပါ။
ဆင်ခြင်ရန်
- ယနေ့တွင် ဘုရားသခင်အား ပေးထားသော မည်ကဲ့သို့သော ကတိကို ပြည့်စုံစေမည်နည်း။
• သင်ပြေးရမည့်အစား သင်ကြိုးစားတိုက်ခိုက်ရန် မည်သို့သော စုံစမ်းသွေးဆောင်မှုမျိုး ရှိပါသနည်း။
• ဘုရားသခင်ထက် သင်ဦးစားပေးထားတဲ့ ရုပ်တုက ဘာလဲ။ ၎င်းအရာမှ ပြေးရဖို့ဆိုလျှင် မည်သို့ဖြစ်မည်နည်း။
---------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်