Will You Choose Comparison or Contentment?

 Unicode Version

ရောင့်ရဲခြင်း ကိုရွေးချယ်မလား (သို့) နှိုင်းယှဉ်ခြင်းကို ရွေးချယ်မလား

ဒေသနာကျမ်း ၆း၉ “ကိုယ်တိုင်တွေ့မြင်ခြင်း အကျိုးသည် လောဘ ပြန့်ပွားခြင်း အကျိုးထက်သာ၍ ကြီး၏။ ထိုအမှုအရာ သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။

“It is better to be satisfied with what you have than to be always wanting something else.”

Ecclesiastes 6:9 (GNT)

 

ရောင့်ရဲသောသူ ဖြစ်လာစေဖို့ရန် ပထမဦးဆုံး အဆင့်သည် သင့်ကိုယ်သင် သူတစ်ပါးနှင့် နှိုင်းယှဉ်ခြင်းကို ရပ်တန့်ဖို့ရန် ဖြစ်ပါတယ်။ ပြသနာက နှိုင်းယှဉ်ရခြင်းကလည်း ကျွန်ုပ်တို့၏ အနှစ်သက်ဆုံး အပျင်းပြေမှုမျိုးပေါ့။ ကျွန်ုပ်တို့ အချိန်တိုင်း ထိုအရာကို လုပ်ဆောင်ကြပါတယ်။

 

တစ်စုံတစ်ယောက်၏ အိမ်သို့ သင်ရောက်သွားတဲ့အခါ ပထမဦးဆုံး နှိုင်းယှဉ်ခြင်းကို သင်ပြုပါမည်။ “ကြမ်းခင်းကို ကြိုက်လိုက်တာ.. အထည်စတွေကိုကြည့်ပါဦး…အိုး..ကောင်းလိုက်တဲ့ တီဗွီ” ဆိုပြီး သင်ကိုယ်သင် ပြန်တွေးပါ တော့မည်။ “ငါ့အိမ်ကြတော့ ဒီလိုမဟုတ်ပါလား” (သို့) တစ်ယောက်ယောက်ကို မြင်ပြီးတော့ “သူ့ရဲ့ဆံပင် လုပ်ထားတာလေးကို ကြိုက်လိုက်တာ..ငါ့မှာတော့ ဒီနေ့ရုပ်ဆိုးနေတယ်”

 

သင်အဆက်မပြတ် နှိုင်းယှဉ်ပါမည်။ ၎င်းက သင့်အား မကျေမချမ်းဖြစ်စေပါတယ်။ ၎င်းကို ရပ်တန့်ပစ်ဖို့ လိုပါတယ်။ ရောင့်ရဲခြင်းကို သင်လေ့လာမည်ဆိုလျှင် သင့်ကိုယ်သင် သူတစ်ပါးနှင့် နှိုင်းယှဉ်ခြင်းကို ရပ်တန့်ပစ်ရပါမည်။

 

ရယူခြင်းဖြစ်ဖို့ မဟုတ်ဘဲ သဘောကျခြင်းကို လေ့လာဖို့ရန် ဖြစ်ပါတယ်။ ငါ့မှာလည်း ရှိဖို့လိုအပ်တယ်လို့ စိတ်ခံစားခြင်းမျိုး နှင့် မနာလိုဖြစ်ခြင်းမျိုး မရှိဘဲ တခြားသူတို့၏ ချမ်းသာကြွယ်ဝခြင်းပေါ် ဝမ်းမြောက်ခြင်းအရာကို လေ့လာဖို့ရန် လိုအပ်ပါတယ်။

 

“ဝမ်းမြောက်ပျော်ရွင် ရဖို့ရန် ပိုင်ဆိုင်ဖို့ မလိုအပ်ပါ” ၎င်းသည် လူတော်တော်များများ နားမလည်သော နက်နဲတဲ့ သဘောတရား ဖြစ်ပါတယ်။ တောင်ပေါ်ဒေသ အပျော်ခရီးထွက်ခြင်းမျိုးကို သင်နှစ်ကောင်း နှစ်သက်ပေမည်။ တစ်နှစ် တစ်ကြိမ်တောင်ပေါ်ကို ခရီးသွားဖို့ရန် သစ်သားအိမ်ငယ်တစ်ခုကို ငှားရမ်းလို့ရနိုင်လျက်နဲ့ ဘာကြောင့်များ ဝယ်ယူဖို့ လိုအပ်မလဲ။ တစ်ခုခုတွင် ပျော်ရွှင်မှု ရဖို့ရန် ပိုင်ဆိုင်ခြင်းက တစ်ခုတည်းသော နည်းလမ်းမဟုတ်ပါဘူး။

 

နှိုင်းယှဉ်မှု မပြုခြင်းက ကောင်းတဲ့ ထင်မြင်ချက်တော့ မဟုတ်ပါဘူး။ ၎င်းသည် ဘုရားသခင်၏ ပညတ်ချက်တစ်ခု ဖြစ်ပါတယ်။ ထွက်မြောက်ရာကျမ်း ၂ဝး၁၇ “ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သော စိတ်မရှိစေနှင့် ..….. ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့် တော်မူ၏။

 

လိုချင်တပ်မက်ခြင်းကလည်း ထိန်းချုပ်မရတဲ့ မနာလိုဝန်တိုမှု ဖြစ်ပါတယ်။ ၎င်းသည် ပညတ်တော် (၁၀) ပါးတွင် ပါဝင်ပြီး ရှောင်ရှားဖို့ရန်အရေးကြီးသော အပြစ်တစ်ခု ဖြစ်ပါတယ်။ တပ်မက်ခြင်းစကားလုံး convet သည် ဂရိဘာသာစကားတွင် တစ်ခုခုကို လက်မလွှတ်နိုင်ဘဲ တင်းကျပ်စွာ ဆုပ်ကိုင်ထားတယ်လို့ ဆိုလိုပါတယ်။ တစ်စုံတစ်ခုကို ဘုရားသခင်က သင့်အားပေးအပ်ပါလျှင် သူတစ်ပါးတို့အားလည်း ပေးအပ်ဖို့ ပြောပါမည်။ သင်က မပေးနိုင်ဘူး။ ထို့နောက် ထိုအရာကို သင်မပိုင်တော့ပေ။ ထိုအရာက သင့်ကို ပိုင်သွားပါတယ်။

 

ဘယ်အရာကိုမဆို လိုချင်တဲ့စိတ် မဖြစ်ရဘူးလို့ ဘုရားသခင် မပြောပါဘူး။ လိုချင်တဲ့စိတ်က မမှားပါ။ တကယ်တော့ သင်၏ လိုအင် အတော်များများက ဘုရားသခင်ထံမှ လာတာ ဖြစ်ပါတယ်။ သို့ပေမဲ့ သင်၏ လိုအင်တွေက အထိန်းအချုပ်မဲ့သွားတဲ့အခါမှာ တပ်မက်မှု ဖြစ်လာမယ်။ သင့်ကိုယ်သင် ပိုပြီး ရယူပိုင်ဆိုင်ရမည်လို့ ထင်မြင်ပြီး သင့်ကိုယ်သင် သူတစ်ပါးနှင့် နှိုင်းယှဉ်ပါတော့တယ်။ သင်ပိုင်ဆိုင်သောအရာ မဟုတ်တဲ့ တစ်စုံတစ်ခုအတွက် ထိန်းချုပ်မရတဲ့ လိုအင်စိတ်တွေသည် အပြစ်ဖြစ်ပြီး ပြသနာမျိုးစုံဖြစ်စေပါတယ်။

 

သို့ပေမဲ့ လိုအင်ဆန္ဒတွေက အမြဲတမ်းတော့ အပျက်သဘော မဆောင်ပါဘူး။ တကယ်တမ်းတွင် သင်လုပ်ချင်တဲ့ ဆန္ဒမရှိသရွေ့ ဘယ်အရာကမှ မပြီးမြောက်စေနိုင်ပါ။ သခင်ခရစ်တော်နည်းတူ ဖြစ်လာဖို့ ဆန္ဒမရှိလျှင် ဖြစ်လာ နိုင်စရာ မရှိပါ။ သူတစ်ပါးတို့ကို ပိုချစ်သောသူ အဖြစ် ဆန္ဒမရှိပါလျှင် ပိုချစ်သောသူ မဖြစ်လာပါဘူး။ ပိုပြီး ပေးကမ်းရက်ရောတဲ့သူ ဖြစ်ချင်တဲ့စိတ် မရှိဘဲလျှက် ပိုပြီး ရက်ရောတဲ့သူ ဖြစ်မလာနိုင်ပါဘူး။

 

နှိုင်းယှဉ်မှု မပြုခြင်းကို လေ့လာသင်ယူမှသာ သခင်ယေရှုနှင့် တူသော  ၊ ရောင့်ရဲသော အသက်တာမျိုးကို ဖြစ်ပေါ်လာ စေပါတယ်။ သင်က နှိုင်းယှဉ်တဲ့အခါ တပ်မက်ခြင်း စိတ်ဆီကို ဦးတည်ပြီး သင်က တပ်မက်တဲ့အခါ မရောင့်ရဲ နိုင်တော့ပါ။

 

ဒေသနာကျမ်းတွင် ရိုးရှင်းစွာ ဆိုထားသည်မှာ It is better to be satisfied with what you have than to be always wanting something else” (Ecclesiastes 6:9 GNT).

 

ဆင်ခြင်ရန်

- တစ်ခြားသူတို့၏ ပိုင်ဆိုင်မှုထက် သူတို့နှင့်အတူ ဝမ်းမြောက်နိုင်ဖို့ရန် သင်၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး သင်၏ အမြင်ကို မည်ကဲ့သို့ ပြောင်းလဲနိုင်မည်နည်း။

- သင့်အသက်တာတွင် ပိုင်ဆိုင်မှုများအစား မည်သို့သောအရာကို ဖြည့်ဆည်းဖို့ရန် ဘုရားသခင် အလိုရှိတယ်လို့ ထင်မြင်ပါသနည်း။

- စိတ်၏ အလိုဆန္ဒတို့ကို ဘုရားသခင်ဖြည့်ဆည်းခြင်း အကြောင်းကို ခရစ်ယာန်အများတို့က ပြောကြပါတယ်။ ဘုရားသခင်က မည်သို့သော အလိုဆန္ဒမျိုးကို သင့်အား ပေးချင်တယ်လို့ သင်ထင်မြင်ပါသနည်း။

-----------------------------------------------------------------------------------


Zawgyi Version

ေရာင့္ရဲျခင္း ကိုေ႐ြးခ်ယ္မလား (သို႔) ႏႈိင္းယွဥ္ျခင္းကို ေ႐ြးခ်ယ္မလား

ေဒသနာက်မ္း ၆း၉ “ကိုယ္တိုင္ေတြ႕ျမင္ျခင္း အက်ိဳးသည္ ေလာဘ ျပန္႔ပြားျခင္း အက်ိဳးထက္သာ၍ ႀကီး၏။ ထိုအမႈအရာ သည္ အနတၱအမႈ၊ ေလကိုက်က္စားေသာအမႈျဖစ္၏။”

“It is better to be satisfied with what you have than to be always wanting something else.”

Ecclesiastes 6:9 (GNT)



ေရာင့္ရဲေသာသူ ျဖစ္လာေစဖို႔ရန္ ပထမဦးဆုံး အဆင့္သည္ သင့္ကိုယ္သင္ သူတစ္ပါးႏွင့္ ႏႈိင္းယွဥ္ျခင္းကို ရပ္တန႔္ဖို႔ရန္ ျဖစ္ပါတယ္။ ျပသနာက ႏႈိင္းယွဥ္ရျခင္းကလည္း ကြၽႏ္ုပ္တို႔၏ အႏွစ္သက္ဆုံး အပ်င္းေျပမႈမ်ိဳးေပါ့။ ကြၽႏ္ုပ္တို႔ အခ်ိန္တိုင္း ထိုအရာကို လုပ္ေဆာင္ၾကပါတယ္။


တစ္စုံတစ္ေယာက္၏ အိမ္သို႔ သင္ေရာက္သြားတဲ့အခါ ပထမဦးဆုံး ႏႈိင္းယွဥ္ျခင္းကို သင္ျပဳပါမည္။ “ၾကမ္းခင္းကို ႀကိဳက္လိုက္တာ.. အထည္စေတြကိုၾကည့္ပါဦး…အိုး..ေကာင္းလိုက္တဲ့ တီဗြီ” ဆိုၿပီး သင္ကိုယ္သင္ ျပန္ေတြးပါ ေတာ့မည္။ “ငါ့အိမ္ၾကေတာ့ ဒီလိုမဟုတ္ပါလား” (သို႔) တစ္ေယာက္ေယာက္ကို ျမင္ၿပီးေတာ့ “သူ႔ရဲ႕ဆံပင္ လုပ္ထားတာေလးကို ႀကိဳက္လိုက္တာ..ငါ့မွာေတာ့ ဒီေန႔႐ုပ္ဆိုးေနတယ္”


သင္အဆက္မျပတ္ ႏႈိင္းယွဥ္ပါမည္။ ၎က သင့္အား မေက်မခ်မ္းျဖစ္ေစပါတယ္။ ၎ကို ရပ္တန႔္ပစ္ဖို႔ လိုပါတယ္။ ေရာင့္ရဲျခင္းကို သင္ေလ့လာမည္ဆိုလွ်င္ သင့္ကိုယ္သင္ သူတစ္ပါးႏွင့္ ႏႈိင္းယွဥ္ျခင္းကို ရပ္တန႔္ပစ္ရပါမည္။


ရယူျခင္းျဖစ္ဖို႔ မဟုတ္ဘဲ သေဘာက်ျခင္းကို ေလ့လာဖို႔ရန္ ျဖစ္ပါတယ္။ ငါ့မွာလည္း ရွိဖို႔လိုအပ္တယ္လို႔ စိတ္ခံစားျခင္းမ်ိဳး ႏွင့္ မနာလိုျဖစ္ျခင္းမ်ိဳး မရွိဘဲ တျခားသူတို႔၏ ခ်မ္းသာႂကြယ္ဝျခင္းေပၚ ဝမ္းေျမာက္ျခင္းအရာကို ေလ့လာဖို႔ရန္ လိုအပ္ပါတယ္။ 


“ဝမ္းေျမာက္ေပ်ာ္႐ြင္ ရဖို႔ရန္ ပိုင္ဆိုင္ဖို႔ မလိုအပ္ပါ” ၎သည္ လူေတာ္ေတာ္မ်ားမ်ား နားမလည္ေသာ နက္နဲတဲ့ သေဘာတရား ျဖစ္ပါတယ္။ ေတာင္ေပၚေဒသ အေပ်ာ္ခရီးထြက္ျခင္းမ်ိဳးကို သင္ႏွစ္ေကာင္း ႏွစ္သက္ေပမည္။ တစ္ႏွစ္ တစ္ႀကိမ္ေတာင္ေပၚကို ခရီးသြားဖို႔ရန္ သစ္သားအိမ္ငယ္တစ္ခုကို ငွားရမ္းလို႔ရႏိုင္လ်က္နဲ႔ ဘာေၾကာင့္မ်ား ဝယ္ယူဖို႔ လိုအပ္မလဲ။ တစ္ခုခုတြင္ ေပ်ာ္႐ႊင္မႈ ရဖို႔ရန္ ပိုင္ဆိုင္ျခင္းက တစ္ခုတည္းေသာ နည္းလမ္းမဟုတ္ပါဘူး။ 


ႏႈိင္းယွဥ္မႈ မျပဳျခင္းက ေကာင္းတဲ့ ထင္ျမင္ခ်က္ေတာ့ မဟုတ္ပါဘူး။ ၎သည္ ဘုရားသခင္၏ ပညတ္ခ်က္တစ္ခု ျဖစ္ပါတယ္။ ထြက္ေျမာက္ရာက်မ္း ၂ဝး၁၇ “ကိုယ္ႏွင့္စပ္ဆိုင္ေသာသူ၏ အိမ္ကို တပ္မက္လိုခ်င္ေသာ စိတ္မရွိေစႏွင့္ ..….. ကိုယ္ႏွင့္စပ္ဆိုင္ေသာသူ၏ ဥစၥာ တစုံတခုကိုမွ် တပ္မက္လိုခ်င္ေသာစိတ္ မရွိေစႏွင့္ဟု မိန္႔ ေတာ္မူ၏။”


လိုခ်င္တပ္မက္ျခင္းကလည္း ထိန္းခ်ဳပ္မရတဲ့ မနာလိုဝန္တိုမႈ ျဖစ္ပါတယ္။ ၎သည္ ပညတ္ေတာ္ (၁၀) ပါးတြင္ ပါဝင္ၿပီး ေရွာင္ရွားဖို႔ရန္အေရးႀကီးေသာ အျပစ္တစ္ခု ျဖစ္ပါတယ္။ တပ္မက္ျခင္းစကားလုံး convet သည္ ဂရိဘာသာစကားတြင္ တစ္ခုခုကို လက္မလႊတ္ႏိုင္ဘဲ တင္းက်ပ္စြာ ဆုပ္ကိုင္ထားတယ္လို႔ ဆိုလိုပါတယ္။ တစ္စုံတစ္ခုကို ဘုရားသခင္က သင့္အားေပးအပ္ပါလွ်င္ သူတစ္ပါးတို႔အားလည္း ေပးအပ္ဖို႔ ေျပာပါမည္။ သင္က မေပးႏိုင္ဘူး။ ထို႔ေနာက္ ထိုအရာကို သင္မပိုင္ေတာ့ေပ။ ထိုအရာက သင့္ကို ပိုင္သြားပါတယ္။


ဘယ္အရာကိုမဆို လိုခ်င္တဲ့စိတ္ မျဖစ္ရဘူးလို႔ ဘုရားသခင္ မေျပာပါဘူး။ လိုခ်င္တဲ့စိတ္က မမွားပါ။ တကယ္ေတာ့ သင္၏ လိုအင္ အေတာ္မ်ားမ်ားက ဘုရားသခင္ထံမွ လာတာ ျဖစ္ပါတယ္။ သို႔ေပမဲ့ သင္၏ လိုအင္ေတြက အထိန္းအခ်ဳပ္မဲ့သြားတဲ့အခါမွာ တပ္မက္မႈ ျဖစ္လာမယ္။ သင့္ကိုယ္သင္ ပိုၿပီး ရယူပိုင္ဆိုင္ရမည္လို႔ ထင္ျမင္ၿပီး သင့္ကိုယ္သင္ သူတစ္ပါးႏွင့္ ႏႈိင္းယွဥ္ပါေတာ့တယ္။ သင္ပိုင္ဆိုင္ေသာအရာ မဟုတ္တဲ့ တစ္စုံတစ္ခုအတြက္ ထိန္းခ်ဳပ္မရတဲ့ လိုအင္စိတ္ေတြသည္ အျပစ္ျဖစ္ၿပီး ျပသနာမ်ိဳးစုံျဖစ္ေစပါတယ္။


သို႔ေပမဲ့ လိုအင္ဆႏၵေတြက အၿမဲတမ္းေတာ့ အပ်က္သေဘာ မေဆာင္ပါဘူး။ တကယ္တမ္းတြင္ သင္လုပ္ခ်င္တဲ့ ဆႏၵမရွိသေ႐ြ႕ ဘယ္အရာကမွ မၿပီးေျမာက္ေစႏိုင္ပါ။ သခင္ခရစ္ေတာ္နည္းတူ ျဖစ္လာဖို႔ ဆႏၵမရွိလွ်င္ ျဖစ္လာ ႏိုင္စရာ မရွိပါ။ သူတစ္ပါးတို႔ကို ပိုခ်စ္ေသာသူ အျဖစ္ ဆႏၵမရွိပါလွ်င္ ပိုခ်စ္ေသာသူ မျဖစ္လာပါဘူး။ ပိုၿပီး ေပးကမ္းရက္ေရာတဲ့သူ ျဖစ္ခ်င္တဲ့စိတ္ မရွိဘဲလွ်က္ ပိုၿပီး ရက္ေရာတဲ့သူ ျဖစ္မလာႏိုင္ပါဘူး။


ႏႈိင္းယွဥ္မႈ မျပဳျခင္းကို ေလ့လာသင္ယူမွသာ သခင္ေယရႈႏွင့္ တူေသာ  ၊ ေရာင့္ရဲေသာ အသက္တာမ်ိဳးကို ျဖစ္ေပၚလာ ေစပါတယ္။ သင္က ႏႈိင္းယွဥ္တဲ့အခါ တပ္မက္ျခင္း စိတ္ဆီကို ဦးတည္ၿပီး သင္က တပ္မက္တဲ့အခါ မေရာင့္ရဲ ႏိုင္ေတာ့ပါ။


ေဒသနာက်မ္းတြင္ ႐ိုးရွင္းစြာ ဆိုထားသည္မွာ It is better to be satisfied with what you have than to be always wanting something else” (Ecclesiastes 6:9 GNT).


ဆင္ျခင္ရန္

- တစ္ျခားသူတို႔၏ ပိုင္ဆိုင္မႈထက္ သူတို႔ႏွင့္အတူ ဝမ္းေျမာက္ႏိုင္ဖို႔ရန္ သင္၏ ပိုင္ဆိုင္မႈႏွင့္ ပတ္သက္ၿပီး သင္၏ အျမင္ကို မည္ကဲ့သို႔ ေျပာင္းလဲႏိုင္မည္နည္း။

- သင့္အသက္တာတြင္ ပိုင္ဆိုင္မႈမ်ားအစား မည္သို႔ေသာအရာကို ျဖည့္ဆည္းဖို႔ရန္ ဘုရားသခင္ အလိုရွိတယ္လို႔ ထင္ျမင္ပါသနည္း။ 

- စိတ္၏ အလိုဆႏၵတို႔ကို ဘုရားသခင္ျဖည့္ဆည္းျခင္း အေၾကာင္းကို ခရစ္ယာန္အမ်ားတို႔က ေျပာၾကပါတယ္။ ဘုရားသခင္က မည္သို႔ေသာ အလိုဆႏၵမ်ိဳးကို သင့္အား ေပးခ်င္တယ္လို႔ သင္ထင္ျမင္ပါသနည္း။