Strong Marriages Are Good for Everyone
 Unicode Version
ခိုင်မြဲသော အိမ်ထောင်ရေးတို့သည် လူတိုင်းအတွက် ကောင်းမွန်ပါသည်။
ရောမဩဝါဒစာ ၁၂း၉-၁၀ “မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံ့ရှာ ကြလော့။ ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ကြလော့။ ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက် ဘော်ကဲ့သို့ တယောက်ကိုတယောက်စုံမက်ကြလော့။ ချီးမွမ်း ခြင်းအရာမှာ၊ သူတပါးကို ကိုယ်ထက်ချီး မြှောက်ကြလော့။
ခိုင်မြဲသော အိမ်ထောင်ရေးတို့သည် လူတိုင်းအတွက် ကောင်းပါတယ်။ ထိုဆက်နွယ်မှုတို့၌ ပါဝင်ကြသူတွေ တစ်ဦးချင်တို့ကို အကျိုးပြုပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပင် ခိုင်ခံ့စေဖို့ရန်ပင်လျှင် အကူအညီ ပေးနိုင်ပါတယ်။
သမိုင်းတစ်လျှောက်တွင် အိမ်ထောင်ရေးသည် လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုတိုင်း၏ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ အိမ်ထောင်ရေးတို့ ခိုင်မြဲတဲ့အခါတွင် တိုင်းသူပြည်သားတို့ ခိုင်ခံ့လာပါတယ်။ အိမ်ထောင်ရေးနှင့် မိသားစုတို့ ပြိုကွဲပျက်စီးသွားတဲ့အခါမှာ ယဉ်ကျေးမှုတို့ ကျဆင်းလာပါတယ်။
ခိုင်မြဲတဲ့ အိမ်ထောင်ရေးတို့သည် ဆက်နွယ်ပတ်သက်မှု တစ်ဦးစီတိုင်းပေါ်တွင်လည်း အကျိုးဖြစ်စေပါတယ်။ သင်၏ စရိုက်လက္ခဏာတို့ကို ပြီးပြည့် စုံလင်စေဖို့ရန် အိမ်ထောင်ရေးကို ဘုရားသခင် အသုံးပြုပါတယ်။ ပေါင်းသင်းဆက်ဆံရေးတို့၌ တစ်ကိုယ်ကောင်းမဆန်ဘဲ ချစ်ခြင်းမေတ္တာရှိဖို့ရန် သင်လေ့လာသင်ယူပါတယ်။ သင်က အိမ်ထောင်ပြုလိုက်တယ်ဆိုလျှင် ပေါင်းသင်းဆက်ဆံရေးက သင့်အသက်တာပေါ် သက်ရောက်မှု ပိုရှိလာ တာ မဟုတ်ပါဘူး။
သင်က အိမ်ထောင်မရှိဘူးဆိုလျှင် သင်၏ စရိုက်လက္ခဏာတို့ကို တည်ဆောက်ပေးဖို့ရန် ဘုရားသခင်သည် တခြားသောသူတို့ကို အသုံးပြုပါလိမ့်မည်။ ကျွန်ုပ်ကတိပေးပါတယ် - လူပျိုလူလွှတ်တွေ အချိတ်အဆက်မမိ မဖြစ်စေနှင့်။ ဘာသာရေးအရ လူလွှတ်တို့သည် တခြားသောအရာပေါ် အာရုံစူးစိုက်ခြင်းသည် ယဉ်ကျေးမှုများ ထွန်းကားလာရာတွင် အရေးပါသော အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ပါတယ်။ တကယ်တော့ သူတို့တွေသည် အိမ်ထောင်သည်နှင့် ကလေးမရနိုင်သူ အခန်းကဏ္ဍတွေမှာ ပါဝင်ကြပါတယ်။ အမှန်မှာ တခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေးတွင် အကြောက်အရွံ့ မရှိ ၊ ခိုင်မာစွာ အသက်ရှင်နေထိုင်သော တစ်ကိုယ်ရေသမားတို့ကို လူအဖွဲ့အစည်းများသည် လိုအပ်ပါတယ်။
သင်အိမ်ထောင်ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ အသက်တာ၏ အဓိက အရေးကြီးရည်ရွယ်ချက်ထဲမှ တစ်ခုသည် ကြီးထွားလာရန် ဖြစ်ပြီး ၎င်းကြီးထွားခြင်းတို့သည် သင်နှင့်ပတ်သက်သမျှအားလုံး မဟုတ်ဘူးဆိုတာကို နားလည်ဖို့ရန် ဖြစ်ပါတယ်။ တကယ်တော့ စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဆိုတာ သင်၏အသက်တာကို ပေးကမ်းခြင်း ၊ ကိုယ်ကျိုးမငဲ့ခြင်း ၊ ဝန်ထမ်းခြင်း နှင့် ချစ်ခြင်းမေတ္တာရှိခြင်းကနေ လာပါတယ်။ ၎င်းကို ရင့်ကျက်မှုလို့ ခေါ်ပါတယ်။
အသက်တာသည် ချစ်ခြင်းမေတ္တာကို လေ့လာခြင်းဆိုင်ရာ ဓါတ်ခွဲခန်းတစ်ခု ဖြစ်ပါတယ်။ ၎င်းသည် အသက်တာတွင် အရေးကြီးဆုံးသောအရာဖြစ်ခြင်းက ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သောကြောင့် ဖြစ်ပြီး သင့်ကိုလည်း သူနှင့်တူလာစေချင်ပါတယ်။ သင့်အား သခင်ယေရှုနှင့် တူဖို့ရန် ဘုရားသခင် လုပ်ဆောင်ချင်ပြီး သင်၏ စရိုက်လက္ခဏာတို့ကို တည်ဆောက်ဖို့ရန် အလိုတော်ရှိပါတယ်။
သင်က အိမ်ထောင်ရှိတယ်ဆိုလျှင် သခင်ယေရှုနည်းတူ ဖြစ်လာစေဖို သင့်အသက်တာကို တည်ဆောက်ပေး ခြင်းတွင် ဘုရားသခင် အသုံးပြုတော်မူသော နံပါတ်တစ် လက်နက်မှာ သင်၏ အိမ်ထောင်ဖက် ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း သင့်ကိုယ်သင်အစား တခြားသူတို့နှင့်ပတ်သက်ပြီး စဉ်းစားဖို့ရန် အခွင့်အရေးပေါင်း ရာချီ သင် ရရှိနေပါတယ်။
သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ ရောမဩဝါဒစာ ၁၂း၉-၁၀ “မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံ့ရှာ ကြလော့။ ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ကြလော့။ ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက် ဘော်ကဲ့သို့ တယောက်ကိုတယောက်စုံမက်ကြလော့။ ချီးမွမ်း ခြင်းအရာမှာ၊ သူတပါးကို ကိုယ်ထက်ချီး မြှောက်ကြလော့။
ထိုအရာကို သင်၏ အိမ်ထောင်ရေးတွင် လုပ်ဆောင်ပါသလား။ ကျွန်ုပ် အိမ်ထောင်မကျခင် နှစ်များတွင် အမျိုးသမီး တစ်ဉီးကို ဘယ်လိုချစ်တတ်ဖို့ကို တကယ်တွေးခဲ့ပါတယ်။ သို့ပေမဲ့ ချစ်ခြင်းနှင့် ပတ်သက်ပြီး ဘာမှ မသိပါဘူး။ ယခု အိမ်ထောင်သက် ၄၀ နှစ်ကျော်ပြီးနောက်တွင် ချစ်ခြင်းမေတ္တာသည် အမှိုက်သရိုက်တို့ကို ဆေးကြောပေးကြောင်း သိရှိခဲ့ပါတယ်။ ချစ်ခြင်းက ကျွန်ုပ်တို့၏ အမှိုက်တို့ကို ယူဆောင်သွားပါတယ်။ ချစ်ခြင်းက တခြားသောသူကို ဦးစားပေးခြင်းဖြစ်ကြောင်း သိနားလည်စေပါတယ်။
တစ်ဦးနှင့်တစ်ဦး လေးစားမှု ပြသပေးခြင်းကို မီးမောင်းထိုးပါ။ သို့မှသာ သခင်ယေရှုနှင့်ပိုတူလာမည် ဖြစ်သည်။ ၎င်းသည် သင့်အား ခိုင်မြဲသော ပေါင်းသင်းဆက်ဆံရေးတစ်ခုဆီ ဦးဆောင်ပေးမည်ဖြစ်ပြီး လူတိုင်းအတွက် ပိုမိုခိုင်မာသော လူ့အဖွဲ့အစည်းကို ဖြစ်ပေါ်စေမည် ဖြစ်သည်။
ဆင်ခြင်ရန်
သင်အိမ်ထောင်ပြုသည်ဖြစ်စေ အိမ်ထောင်မပြုသည်ဖြစ်စေ သင့်စရိုက်လက္ခဏာကိုတည်ဆောက်ရန် ဘုရား သခင် အသုံးပြုသည့် ဆက်ဆံရေးသည် မည်သို့နည်း။ ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုပြနည်းကို သင်ဘာတွေ သင်ယူနေတာလဲ။
ယနေ့၊ သင့်အိမ်ထောင်ဖက်ကို ချစ်ခြင်းမေတ္တာနှင့် လေးစားမှုပြသခြင်းထက် သာလွန်အောင်ကြိုးစားပါ။ ပြီးရင် ရလဒ်ကို ပြန်စဉ်းစားပါ။ ချစ်ခင်ရိုသေသောချဉ်းကပ်မှု၏ အကျိုးသက်ရောက်မှုများကား အဘယ်နည်း။ (အိမ်ထောင်မပြုသေးပါက မိသားစုဝင်များ၊ အခန်းဖော် သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များအတွက် ဤတူညီသောနည်းလမ်းကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပါ။)
--------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်