Unicode Version
ယနေ့အတွက်သာ အသက်ရှင်ခြင်းမဟုတ်ဘဲ နက်ဖြန်နေ့အတွက် သိုမှီးပါ။
သုတ္တံကျမ်း ၂၁း၂၀ “ပညာရှိသောသူ၏အိမ်၌
နှစ်သက်ဘွယ်သော ဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေ တတ်၏။”
John D. Rockefeller သည် သူ့အချိန်ကာလ၌ အချမ်းသာဆုံးသော သူတစ်ဦးဖြစ်ခဲ့ပါတယ်။
သူ၏ ချမ်းသာခြင်းနှင့်ပတ်သက်တဲ့ လျှို့ဝှက်ချက်အကြောင်းကို မကြာခဏဆိုသလို မေးမြန်းခံခဲ့ပါတယ်။
သူ၏အဖြေ ကတော့ ၁၀-၁၀-၈၀ နိယာမ ဖြစ်ပါတယ်။ သူ၏ ချမ်းသာကြွယ်ဝခြင်းသည် သူရရှိထားသောအရာတို့၏
၁၀ ရာနှုန်းကို ပေးလှူခဲ့တယ်၊ ဒုတိယ ၁၀ ရာနှုန်းကိုတော့ စုဆောင်းခဲ့ပြီး ကျန်သော ၈၀
ရာနှုန်းကတော့ အသက်ရှင် သန်နေထိုင်ဖို့အရေးတို့အတွက် အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်တယ်လို့
ဆိုပါတယ်။
သုတ္တံကျမ်း ၂၁း၂၀ “ပညာရှိသောသူ၏အိမ်၌
နှစ်သက်ဘွယ်သော ဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေ တတ်၏။”
သင့်အား
ပေးအပ်ထားတော်မူသော အရာတို့ဖြင့် တာဝန်ယူခြင်းကို လုပ်ဆောင်နိုင်မလား ဆိုတာကို သိမြင်ဖို့ရန်
စုဆောင်းခြင်း နည်းလမ်းသည်လည်း သင်၏ငွေကြေးပေါ် ဘုရားသခင် သင့်အား စမ်းသပ်စုံစမ်းမှုပြုသော
နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အနာဂတ်အတွက် သင်က ယခုတွင် စုဆောင်းမှုပြုခြင်းက အမြော်အမြင်ရှိပါတယ်။
ဘာတစ်ခုကိုမျှ မစုဆောင်းခြင်းက မိုက်မဲပါတယ်။ ဆယ်ဖို့တစ်ခဖို့ ပေးလှူဖို့ရန် (အသင်းတော်သို့
ပေးခြင်း) ဘုရားသခင်သင့်အား အလိုတော်ရှိပါတယ်။ ပြီးနောက် အနာဂတ်အတွက်လည်း သင့်အား သိမ်းဆည်းမှု
၊ စုဆောင်းမှု ပြုစေချင်ပါသည်။
သင်ရရှိသော
ဝင်ငွေ၏ ၈၀ ရာနှုန်းဖြင့် သင်အသက်ရှင်သန်နေထိုင်လို့ မရနိုင်ဘူးလို့ သင်ထင်ကောင်း ထင်ပါမည်။
သို့ပေမဲ့ သင်က မဖြစ်နိုင်ဘူးဆိုလျှင် သင်၏ ဆိုလိုသည်အတိုင်း ကျော်လွန်ပြီး အသက်ရှင်နေထိုင်ဖို့
များပါတယ်။ သင် ငွေကြေးတို့ကို ကောင်းစွာ မစီမံပါဘူး။ သင်ရရှိပိုင်ဆိုင်တာထက်ကို ပိုပြီး
သုံးစွဲနေပါတယ်။ သတိရှိပါ။ ဘုရားသခင်သည် သင်၏ငွေကြေးမှတစ်ဆင့် သင့်ကို စမ်းသပ်ပါတယ်။
သင်သည် ငွေကြေးပေါ်မှာ သစ္စာရှိစွာဖြင့် လုပ်ဆောင်တယ်လို့ ဘုရားသခင်အား တွေ့မြင်စေချင်ပါသလား။
၁၀-၁၀-၈၀
ဆိုတဲ့ အခြေခံသဘောတရားသည် ယနေ့ ထုံးဓမ်းဓလေ့ ယဉ်ကျေးမှုတို့ သွန်သင်နေတဲ့အရာတွေနှင့်
ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ သွန်သင်နေသော အရာက “သင်၏ ကုန်ကျစရိတ်တို့ကို ဦးဆုံး ပေးချေပါ”။
ထို့နောက်တွင် သင်၌ ဆယ်ဖို့တစ်ဖို့ ပေးဖို့နှင့် စုဆောင်းဖို့ရန် ငွေရှိတော့မည် မဟုတ်ပါ။
ဘုရားက “ငါ့ကို အရင်ဆုံး ပေးပါ။ ပြီးတော့ သင့်ကိုယ်သင် ပေးပါ (စုဆောင်းခြင်း). ထို့နောက်မှ
သင်၏ ကုန်ကျစရိတ်ကို ပေးချေပါ။” ၎င်းသည် ဘုရားကောင်းချီးပေးသည့် အမိန့်တော် ဖြစ်ပါတယ်။
ပြီးတော့ ထိုအရာကို ဖြစ်နိုင်စေခြင်းကို ပြုစေသည့် ဘတ်ဂျက်တစ်ခုကို လုပ်ဆောင်ဖို့ရန်
သင့်အား အလိုတော်ရှိပါတယ်။
ဘာတစ်ခုမျှ မသိုမှီး ၊ မစုဆောင်းပါလျှင် သင်၌ “ယနေ့အတွက် သာအသက်ရှင်ခြင်း”
စိတ်ဓါတ်ရှိနေပါမည်။ ထိုကဲ့သို့သော စိတ်ထားသည် “ငါအခုရတယ်၊ အခုဘဲ သုံးမယ်။ နက်ဖြန်အတွက်
မေ့ထားတယ်” ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။
နက်ဖြန်အတွက်သာ
စဉ်းစားဖို့ရန် ဘုရားအလိုတော်ရှိတာ မဟုတ်ပါဘူး။ နက်ဖြန်အတွက် စီမံဖို့ရန် အလိုတော်
ရှိတာ ဖြစ်ပါတယ်။ သို့မှသာ လုပ်ဆောင်စေလိုသော အရာတို့ကို လုပ်ဆောင်ဖို့ရန် သင်၌လုံလောက်နေမည်
ဖြစ်သည်။
နက်ဖြန်အတွက် ရည်ရွယ်ချက်ဖြင့် အသက်ရှင်စေနိုင်သော ဝယ်ယူမှုတစ်ခုကို
ယနေ့လုပ်ဆောင်ခြင်းက အမြော်အမြင်ရှိပါတယ်။ ၎င်းကို သင်လုပ်ဆောင်နိုင်ပါတယ်။ စုဆောင်းခြင်းသည်
ဝိညာဉ်ရေးရာ ဆုံးမပဲ့ပြင်မှုဖြစ်ပြီး ခက်ခဲသော ခြေလှမ်းကို လှမ်းနိုင်ဖို့ရန် လိုအပ်သော
ကောင်းချီးတို့ကို ဘုရားသခင် သင့်အား ပေးပါလိမ့်မည်။
ယနေ့အတွက်သာ
အသက်မရှင်ပါနှင့်။ အနာဂတ်အတွက် ငွေကြေးစုဆောင်းစေနိုင်မည့်
မည်သည့်အရာကိုမဆို ပြုဖို့ရန် လေ့လာပါ။ ၎င်းသည်
ဘုရားသခင် လုပ်ဆောင်သော နည်းလမ်းဖြစ်ပါတယ်။
ဘုရားသခင်၏
အခြေခံသဘောတရားတို့ကို သင်ကလစ်လျူရှုတဲ့အခါ သင်၏ ငွေကြေးအရာတို့၌ စိတ်ဖိစီးမှုကို တောင်းဆိုသလို
ဖြစ်နေပါမည်။ ဘုရားသခင်၏ နည်းလမ်းအတိုင်း လုပ်ဆောင်တဲ့အခါတွင် သင်၌ ငြိမ်သက်ခြင်း ရှိပါလိမ့်မည်။
ဆင်ခြင်ရန်
-
သင်၏ ဝင်ငွေ တစ်ချို့ကို မစုဆောင်းနိုင်အောင် မည်သည့်အရာက တားဆီးနေပါသနည်း။
-
သင်၏ ငွေကြေးနှင့်ပတ်သက်၍ “ယနေ့အတွက် အသက်ရှင်ပါ” ဆိုတဲ့ စိတ်ဓာတ်က ဘယ်လိုနည်းလမ်း
မျိုးရှိပါသနည်း။
-
ဘုရားသခင်အား ဆယ်ဖို့တစ်ဖို့ ပေးလှူခြင်းလိုက်တဲ့အခါ သင့်အတွက် ဘုရားပံ့ပိုးပေးသည်ကို
မည်သို့ တွေ့မြင်ခဲ့ဖူးပါသနည်း။
-------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်