Marriage Is Meant for Connection

 Unicode Version

အိမ်ထောင်ရေးသည် ပေါင်းသင်းဆက်နွယ်မှုအတွက် ရည်ရွယ်ပါသည်။

ကောရိန္သုဩဝါဒစာပဌမစောင် ၁၁း၁၁ “သို့သော်လည်း သခင်ဘုရား၌ ယောက်ျားမပါဘဲ မိန်းမ ဖြစ်သည်မဟုတ်။ မိန်းမပါဘဲ ယောက်ျားဖြစ်သည် မဟုတ်။

 

အိမ်ထောင်ရေးသည် သင်၏ပြသနာတို့ကို မဖြေရှင်းပေးပါ။ ပြသနာတို့ကိုလည်း မဖန်တီးပါ။ ပြသနာတို့ကို ဖော်ပြပေးတာဖြစ်ပါတယ်။ ၎င်းသည် သင်တစ်ကိုယ်တည်း အပျို၊ လူပျိုအချိန်အခါအသက်ရှင်ခဲ့စဉ်ကပင် ပြသနာ ဖြစ်နေပြီးသော အရာကို ရိုးရှင်းစွာဖြင့် ချဲ့ကားပေးပါတယ်။

ဒါကြောင့် အိမ်ထောင်ရေးသည် သင်၏ပြသနာတို့ကို မဖြေရှင်းပေးဘူးဆိုလျှင် အိမ်ထောင်ရေးက ဘာကို လုပ်ဆောင်ပါသနည်း။ ဘာကြောင့်များ ဘုရားသခင်သည် အိမ်ထောင်ရေးကို ပထမနေရာတွင် စီမံထားရပါ သနည်း။

 

လူယောကျ်ားနှင့်လူမိန်းမ တို့ဆက်သွယ်ဖို့အတွက် ဘုရားသခင်သည် အိမ်ထောင်ရေးကို ဖန်တီးခဲ့ပါတယ်။

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ကောရိန္သုဩဝါဒစာပဌမစောင် ၁၁း၁၁ “သို့သော်လည်း သခင်ဘုရား၌ ယောက်ျားမပါဘဲ မိန်းမ ဖြစ်သည်မဟုတ်။ မိန်းမပါဘဲ ယောက်ျားဖြစ်သည် မဟုတ်။

 

သင်က အိမ်ထောင်ပြုသည် ဖြစ်စေ ၊ မပြုသည်ဖြစ်စေ အမျိုးသမီးဖြစ်ပါလျှင် သင့်အသက်တာ၌ အမျိုးသားကို လိုအပ်ပါသည်။ သင်က အမျိုးသားဖြစ်လျှင် သင်၏အသက်တာ၌ အမျိုးသမီးကို လိုအပ်ပါတယ်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ ဘယ်သူကမှ ဘုရားသခင်၏ ပုံသဏ္ဍာန်အပြည့်အဝ မရှိကြပါဘူး။ အမျိုးသမီးသည် တစ်စိတ်တစ်ဒေသ ပါဝင်ပြီး အမျိုးသားသည်လည်း တစိတ်တဒေသ ပါဝင်ပြီး တစ်ဦးကို တစ်ဦး လိုအပ်ကြပါတယ်။ ဤနည်းဖြင့် ကျွန်ုပ်တို့ကို ဘုရားသခင် ဆက်သွယ်ပေါင်းစပ်ပေးထားပါတယ်။ ကျား ၊ မ ၊ လိင် နှင့် အိမ်ထောင်ရေးကို ဘုရားသခင် စဉ်းစားပေးပါတယ်။

ဘုရားသခင်သည် ဘာကြောင့်များ လူယောကျ်ားကို အရင်ဖန်ဆင်းပြီး ခဏအကြာမှ လူမိန်းမကို ဖန်ဆင်းရသလဲ ဆိုတာ သင်စဉ်းစားမိပါသလား။ အချိန်တည်းတွင် နှစ်ဦးလုံးကို တစ်ပြိုင်နက်တည်း ဘာကြောင့် မဖန်ဆင်း ရသနည်း။

 

အာဒံ၏ အကျိုးအတွက်လို့ ကျွန်တော်ထင်မြင်ပါတယ်။ အသက်တာတွင် အမျိုးသမီးကို ဘယ်လောက် လိုအပ်သလဲဆိုတာကို အာဒံအား နားလည်သဘောပေါက်စေဖို့အတွက်လို့ ကျွန်ုပ်တွေးမိပါတယ်။

 

ကမ္ဘာဦးကျမ်း ၂း၁၈ “ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည် တယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။

 

သင့်အသက်တာရှိ မတူညီသော နယ်ပယ်အားလုံးတို့တွင် သင် အဖော်လိုအပ်ပါတယ်။ သို့ပေမဲ့ အိမ်ထောင်ရေးသည် ပေါင်းသင်းဆက်ဆံရေးကို ပေးစွမ်းရန် အထူးပင် အရေးကြီးသော နည်းလမ်းဖြစ်ပါတယ်။ ၎င်းသည် ပင်ကိုယ် ဆက်နွယ်မှုအရ ဖြစ်ပါတယ်။

၎င်းနှင့်ပတ်သက်ပြီး သခင်ယေရှု ပြောခဲ့သည်မှာ “ဘုရားသခင်ဖန်ဆင်းတော်မူစက ယောက်ျားနှင့် မိန်းမနှစ် ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း ၌မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်။ ထိုကြောင့် လင်မယား တို့သည် နှစ်ဦး မဟုတ် တဦးတည်းဖြစ်၏။ ဘုရားသခင် တွဲဘက်၍ ထမ်းဘိုးတင် တော်မူသောအရာကို လူမခွဲမခွါ စေနှင့်ဟု မိန့်တော်မူ၏။

 

၎င်းကျမ်းပိုဒ်တွင် အိမ်ထောင်ရေးနှင့် ပတ်သက်သော အဓိကအချက် (၃) ချက်ကို ဖော်ပြပေးပါတယ်။

(၁) အိမ်ထောင်ရေးသည် ဘုရားသခင်၏ အစီအစဉ် ဖြစ်ပါတယ်။ လွှင့်ပစ်လိုက်နိုင်တဲ့ အစဉ်အလာတစ်ခု မဟုတ်ပါဘူး။

(၂) အိမ်ထောင်ရေးသည် လူမိန်းမ နှင့် လူယောကျ်ား ဆက်နွယ်ပတ်သက်မှုဖြစ်ပါတယ်။ သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းတို့သည် ရည်ရွယ်ချက်တစ်ခုအတွက် ၊ ထို့ပြင် ဖန်ဆင်းထားတဲ့ လူတိုင်း အတွက် ကိုက်ညီနေပါသည်။

(၃) အိမ်ထောင်ရေးသည် အမြဲတမ်းတည်နေဖို့ရန် ဖန်တီးထားပါတယ်။ ၎င်းသည် အမြဲတမ်း ဖြစ်နေတာတော့ မဟုတ်ပါ။ ဘုရားသခင်၏ စံချိန်းစံညွှန်းအတိုင်း သင်က အသက်ရှင်လိုက်လျှောက်နေထိုင်ခြင်း မရှိစဉ်ပင်လျှင် ဘုရားသခင်သည် သင့်အား အပြစ်လွှတ်ဖို့ရန် အမြဲတမ်း အဆင့်သင့်ရှိနေပါတယ်။ သို့ပေမဲ့ အိမ်ထောင်ရေးသည် တသက်လုံးအတွက် ရည်ရွယ်ပါတယ်။

 

အထက်ပါ ဖော်ပြပါအချက် (၃) ချက်တို့သည် ဘယ်လို အခြေခံကျသလဲဆိုတာကို သင်သိနားလည်ပါသလား။ အကယ်၍ လူတော်တော်များများ ကမယုံကြည်သည့်တိုင် ထိုအချက်တို့          က အမှန်တရားဖြစ်မြဲအတိုင်း ဖြစ်ပါတယ်။

 

ယနေ့အသက်တာ အဖြစ်မှန်မှာ လူများစွာတို့သည် အိမ်ထောင်ရေး စံပြ ပြင်ပတွင် နေထိုင်နေကြခြင်း ဖြစ်ပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့သည် တကယ့်အစစ်အမှန်တွင် နေထိုင်ခြင်းကြောင့်သာ စံနမူနာရှိရန် မလိုအပ်ပေ။ ၎င်းသည် စံနမူနာမရှိဟု မဆိုလိုပါ။

 

စံနမူနာသည် ဘုရားသခင် ဖန်ဆင်းသော အိမ်ထောင်ရေး နှင့် ဝေးကွာနေစဲ ဖြစ်ပါတယ်။ ထိုပုံစံဖြင့် သင်အသက်ရှင် နေထိုင်ဖို့ရန် ရွေးချယ်တဲ့အခါတွင် ဘုရားသခင်ဖြည့်ဆည်းပေးဖို့ရန် ရည်ရွယ်ထားတဲ့ အိမ်ထောင်ရေး ဆက်နွယ် ချိတ်ဆက်မှု၏ အကျိုးကျေးဇူးတိုကို သင်ရိတ်သိမ်းရပါလိမ့်မည်။

 

ဆင်ခြင်ရန်

အိမ်ထောင်ရေး၏ရည်ရွယ်ချက်ကို နားလည်ရန် တစ်ကိုယ်ရေသမားတစ်ဦးအတွက် အဘယ်ကြောင့် အရေးကြီးသနည်း။

မာကု ၁၀:၆-၉ မှ အိမ်ထောင်ရေးနှင့်ပတ်သက်၍ အချက်သုံးချက်ကို ခရစ်ယာန်များက မည်သို့ပုံဖျက်ရန် ကြိုးစားခဲ့ကြသနည်း။

--------------------------------------------------------------------

Zawgyi Version

အိမ္ေထာင္ေရးသည္ ေပါင္းသင္းဆက္ႏြယ္မႈအတြက္ ရည္႐ြယ္ပါသည္။

ေကာရိႏ္သဳဩဝါဒစာပဌမေစာင္ ၁၁း၁၁ “သို႔ေသာ္လည္း သခင္ဘုရား၌ ေယာက္်ားမပါဘဲ မိန္းမ ျဖစ္သည္မဟုတ္။ မိန္းမပါဘဲ ေယာက္်ားျဖစ္သည္ မဟုတ္။”



အိမ္ေထာင္ေရးသည္ သင္၏ျပသနာတို႔ကို မေျဖရွင္းေပးပါ။ ျပသနာတို႔ကိုလည္း မဖန္တီးပါ။ ျပသနာတို႔ကို ေဖာ္ျပေပးတာျဖစ္ပါတယ္။ ၎သည္ သင္တစ္ကိုယ္တည္း အပ်ိဳ၊ လူပ်ိဳအခ်ိန္အခါအသက္ရွင္ခဲ့စဥ္ကပင္ ျပသနာ ျဖစ္ေနၿပီးေသာ အရာကို ႐ိုးရွင္းစြာျဖင့္ ခ်ဲ႕ကားေပးပါတယ္။

ဒါေၾကာင့္ အိမ္ေထာင္ေရးသည္ သင္၏ျပသနာတို႔ကို မေျဖရွင္းေပးဘူးဆိုလွ်င္ အိမ္ေထာင္ေရးက ဘာကို လုပ္ေဆာင္ပါသနည္း။ ဘာေၾကာင့္မ်ား ဘုရားသခင္သည္ အိမ္ေထာင္ေရးကို ပထမေနရာတြင္ စီမံထားရပါ သနည္း။


လူေယာက်္ားႏွင့္လူမိန္းမ တို႔ဆက္သြယ္ဖို႔အတြက္ ဘုရားသခင္သည္ အိမ္ေထာင္ေရးကို ဖန္တီးခဲ့ပါတယ္။ 

သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ ေကာရိႏ္သဳဩဝါဒစာပဌမေစာင္ ၁၁း၁၁ “သို႔ေသာ္လည္း သခင္ဘုရား၌ ေယာက္်ားမပါဘဲ မိန္းမ ျဖစ္သည္မဟုတ္။ မိန္းမပါဘဲ ေယာက္်ားျဖစ္သည္ မဟုတ္။”


သင္က အိမ္ေထာင္ျပဳသည္ ျဖစ္ေစ ၊ မျပဳသည္ျဖစ္ေစ အမ်ိဳးသမီးျဖစ္ပါလွ်င္ သင့္အသက္တာ၌ အမ်ိဳးသားကို လိုအပ္ပါသည္။ သင္က အမ်ိဳးသားျဖစ္လွ်င္ သင္၏အသက္တာ၌ အမ်ိဳးသမီးကို လိုအပ္ပါတယ္။ ဘာေၾကာင့္လဲ။ ဘာေၾကာင့္လဲဆိုေတာ့ ဘယ္သူကမွ ဘုရားသခင္၏ ပုံသ႑ာန္အျပည့္အဝ မရွိၾကပါဘူး။ အမ်ိဳးသမီးသည္ တစ္စိတ္တစ္ေဒသ ပါဝင္ၿပီး အမ်ိဳးသားသည္လည္း တစိတ္တေဒသ ပါဝင္ၿပီး တစ္ဦးကို တစ္ဦး လိုအပ္ၾကပါတယ္။ ဤနည္းျဖင့္ ကြၽႏ္ုပ္တို႔ကို ဘုရားသခင္ ဆက္သြယ္ေပါင္းစပ္ေပးထားပါတယ္။ က်ား ၊ မ ၊ လိင္ ႏွင့္ အိမ္ေထာင္ေရးကို ဘုရားသခင္ စဥ္းစားေပးပါတယ္။

ဘုရားသခင္သည္ ဘာေၾကာင့္မ်ား လူေယာက်္ားကို အရင္ဖန္ဆင္းၿပီး ခဏအၾကာမွ လူမိန္းမကို ဖန္ဆင္းရသလဲ ဆိုတာ သင္စဥ္းစားမိပါသလား။ အခ်ိန္တည္းတြင္ ႏွစ္ဦးလုံးကို တစ္ၿပိဳင္နက္တည္း ဘာေၾကာင့္ မဖန္ဆင္း ရသနည္း။


အာဒံ၏ အက်ိဳးအတြက္လို႔ ကြၽန္ေတာ္ထင္ျမင္ပါတယ္။ အသက္တာတြင္ အမ်ိဳးသမီးကို ဘယ္ေလာက္ လိုအပ္သလဲဆိုတာကို အာဒံအား နားလည္သေဘာေပါက္ေစဖို႔အတြက္လို႔ ကြၽႏ္ုပ္ေတြးမိပါတယ္။


ကမာၻဦးက်မ္း ၂း၁၈ “ထာဝရအရွင္ဘုရားသခင္ကလည္း၊ ေယာက္်ားသည္ တေယာက္တည္းမေနေကာင္း၊ သူႏွင့္ေတာ္ေသာ အေထာက္အမကို သူဘို႔ငါလုပ္ဦးမည္ဟု အႀကံရွိေတာ္မူ၏။”


သင့္အသက္တာရွိ မတူညီေသာ နယ္ပယ္အားလုံးတို႔တြင္ သင္ အေဖာ္လိုအပ္ပါတယ္။ သို႔ေပမဲ့ အိမ္ေထာင္ေရးသည္ ေပါင္းသင္းဆက္ဆံေရးကို ေပးစြမ္းရန္ အထူးပင္ အေရးႀကီးေသာ နည္းလမ္းျဖစ္ပါတယ္။ ၎သည္ ပင္ကိုယ္ ဆက္ႏြယ္မႈအရ ျဖစ္ပါတယ္။

၎ႏွင့္ပတ္သက္ၿပီး သခင္ေယရႈ ေျပာခဲ့သည္မွာ “ဘုရားသခင္ဖန္ဆင္းေတာ္မူစက ေယာက္်ားႏွင့္ မိန္းမႏွစ္ ေယာက္တည္းကို ဖန္ဆင္းေတာ္မူ၏။ထိုအေၾကာင္းေၾကာင့္ ေယာက္်ားသည္ ကိုယ္မိဘကိုစြန္႔၍ ကိုယ္ခင္ပြန္း ၌မွီဝဲသျဖင့္၊ ထိုသူႏွစ္ေယာက္တို႔သည္ တသားတကိုယ္တည္းျဖစ္ရလိမ့္မည္။ ထိုေၾကာင့္ လင္မယား တို႔သည္ ႏွစ္ဦး မဟုတ္ တဦးတည္းျဖစ္၏။ ဘုရားသခင္ တြဲဘက္၍ ထမ္းဘိုးတင္ ေတာ္မူေသာအရာကို လူမခြဲမခြါ ေစႏွင့္ဟု မိန္႔ေတာ္မူ၏။”


၎က်မ္းပိုဒ္တြင္ အိမ္ေထာင္ေရးႏွင့္ ပတ္သက္ေသာ အဓိကအခ်က္ (၃) ခ်က္ကို ေဖာ္ျပေပးပါတယ္။

(၁) အိမ္ေထာင္ေရးသည္ ဘုရားသခင္၏ အစီအစဥ္ ျဖစ္ပါတယ္။ လႊင့္ပစ္လိုက္ႏိုင္တဲ့ အစဥ္အလာတစ္ခု မဟုတ္ပါဘူး။

(၂) အိမ္ေထာင္ေရးသည္ လူမိန္းမ ႏွင့္ လူေယာက်္ား ဆက္ႏြယ္ပတ္သက္မႈျဖစ္ပါတယ္။ သူတို႔၏ ခႏၶာကိုယ္ အစိတ္အပိုင္းတို႔သည္ ရည္႐ြယ္ခ်က္တစ္ခုအတြက္ ၊ ထို႔ျပင္ ဖန္ဆင္းထားတဲ့ လူတိုင္း အတြက္ ကိုက္ညီေနပါသည္။ 

(၃) အိမ္ေထာင္ေရးသည္ အၿမဲတမ္းတည္ေနဖို႔ရန္ ဖန္တီးထားပါတယ္။ ၎သည္ အၿမဲတမ္း ျဖစ္ေနတာေတာ့ မဟုတ္ပါ။ ဘုရားသခင္၏ စံခ်ိန္းစံၫႊန္းအတိုင္း သင္က အသက္ရွင္လိုက္ေလွ်ာက္ေနထိုင္ျခင္း မရွိစဥ္ပင္လွ်င္ ဘုရားသခင္သည္ သင့္အား အျပစ္လႊတ္ဖို႔ရန္ အၿမဲတမ္း အဆင့္သင့္ရွိေနပါတယ္။ သို႔ေပမဲ့ အိမ္ေထာင္ေရးသည္ တသက္လုံးအတြက္ ရည္႐ြယ္ပါတယ္။


အထက္ပါ ေဖာ္ျပပါအခ်က္ (၃) ခ်က္တို႔သည္ ဘယ္လို အေျခခံက်သလဲဆိုတာကို သင္သိနားလည္ပါသလား။ အကယ္၍ လူေတာ္ေတာ္မ်ားမ်ား ကမယုံၾကည္သည့္တိုင္ ထိုအခ်က္တို႔ က အမွန္တရားျဖစ္ၿမဲအတိုင္း ျဖစ္ပါတယ္။


ယေန႔အသက္တာ အျဖစ္မွန္မွာ လူမ်ားစြာတို႔သည္ အိမ္ေထာင္ေရး စံျပ ျပင္ပတြင္ ေနထိုင္ေနၾကျခင္း ျဖစ္ပါတယ္။ သို႔ေပမဲ့ ကြၽႏ္ုပ္တို႔သည္ တကယ့္အစစ္အမွန္တြင္ ေနထိုင္ျခင္းေၾကာင့္သာ စံနမူနာရွိရန္ မလိုအပ္ေပ။ ၎သည္ စံနမူနာမရွိဟု မဆိုလိုပါ။ 


စံနမူနာသည္ ဘုရားသခင္ ဖန္ဆင္းေသာ အိမ္ေထာင္ေရး ႏွင့္ ေဝးကြာေနစဲ ျဖစ္ပါတယ္။ ထိုပုံစံျဖင့္ သင္အသက္ရွင္ ေနထိုင္ဖို႔ရန္ ေ႐ြးခ်ယ္တဲ့အခါတြင္ ဘုရားသခင္ျဖည့္ဆည္းေပးဖို႔ရန္ ရည္႐ြယ္ထားတဲ့ အိမ္ေထာင္ေရး ဆက္ႏြယ္ ခ်ိတ္ဆက္မႈ၏ အက်ိဳးေက်းဇူးတိုကို သင္ရိတ္သိမ္းရပါလိမ့္မည္။ 


ဆင္ျခင္ရန္

အိမ္ေထာင္ေရး၏ရည္႐ြယ္ခ်က္ကို နားလည္ရန္ တစ္ကိုယ္ေရသမားတစ္ဦးအတြက္ အဘယ္ေၾကာင့္ အေရးႀကီးသနည္း။

• မာကု ၁၀:၆-၉ မွ အိမ္ေထာင္ေရးႏွင့္ပတ္သက္၍ အခ်က္သုံးခ်က္ကို ခရစ္ယာန္မ်ားက မည္သို႔ပုံဖ်က္ရန္ ႀကိဳးစားခဲ့ၾကသနည္း။