How to Start the Climb out of Debt

 Unicode Version

အကြွေးထဲမှ ဘယ်လိုစတင် တက်လှမ်းမလဲ။

သုတ္တံကျမ်း ၃း၂၇ “ကျေးဇူးကိုခံသင့်သော သူတို့အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။

ဘုရားသခင်သည် အကြွေးနှင့်ပတ်သက်၍ မည်ကဲ့သို့ ခံစားရကြောင်းကို သမ္မာကျမ်းစာတွင် များစွာ ရှင်းရှင်း လင်းလင်း ဖော်ပြထားပါတယ်။ သုတ္တံကျမ်းတွင် ဖော်ပြထားသည်မှာ ကျေးဇူးကိုခံသင့်သော သူတို့အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။ ပြီးနောက် ရောမဩဝါဒစာတွင်လည်း “အချင်းချင်းချစ် ခြင်းမေတ္တာမှတပါး အဘယ်ကြွေးမျှ မတင်စေနှင့်။ သူတပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။” ရောမဩဝါဒစာ ၁၃း၈

 

၎င်းကို သင်အလိုလိုသိပြီးသား ဖြစ်ပါလိမ့်မည်။ သို့ပေမဲ့ သမ္မာကျမ်းစာတွင် အကြွေးသည် ကောင်းသောအရာ မဟုတ်ကြောင်းကို ဘုရားသခင် ရှင်းလင်းစွာ ဖော်ပြထားပါတယ်။

 

လူတော်တော်များများ သူတို့ကိုယ်သူတို့ အကြွးထဲတွင် နှစ်မွန်းနေတယ်ဆိုတာ တွေ့ရှိကြပါတယ်။ ရောက်ခဲ့ဖူးတဲ့ နေရာအတွက် သူတို့ပေးနိုင်ခဲ့မယ်ဆိုလျှင် သူတို့သွားသလောက် သူတို့ပေးဖို့ ဆန္ဒရှိမှာဖြစ်ပါတယ်။

ထိုနည်း၎င်းပင် သင့်အတွက်လည်း ဘုရားသခင်အလိုတော်ရှိသော အရာဖြစ်ပါတယ်။ သင်ကြွေးတင်နေသော အရာကို ပြန်လည်ပေးဆပ်ဖို့ရန် အလိုတော်ရှိပါတယ်။ သို့မှသာ သင်၏ ငွေကြေးတို့၌ ကောင်းချီးပေးနိုင်မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ အကြွေးကနေ လွှတ်မြောက်ဖို့ရန် သင်၏နည်းလမ်းတို့ဖြင့် လုပ်ဆောင်ခြင်းက မလွယ်ကူပါ။ ပထမဦးစွာ ၎င်းကို ပေးဆပ်ဖို့ရန် သင်ကတိပေးရပါသည်။ ပြီးနောက် ၎င်းအတွက် အစီအစဉ်ဆွဲရမည်။ ထို အကြောင်း (၂) ရပ်ကို ကြည့်ရအောင်။

 

(၁) အကြွေးကနေ ထွက်လာဖို့ရန် ဝန်ခံပါ။

အကြွေးတင်ခြင်းက လွယ်ကူတယ်ဆိုတာ သင်သတိပြုမိမှာ ဖြစ်ပါတယ်။ ထိုသို့ ဖြစ်ဖို့ကလည်း တွေးတော နေစရာတောင် မလိုပါဘူး။ သို့ပေမဲ့ အကြွေးထဲကနေ သင် ရုန်းမထွက်နိုင်ပါဘူး။ ဂငယ်ကွေ့ လိုမျိုးပြုဖို့လိုပြီး တောင်ပေါ်သို့ ပြန်တက်ဖို့ရန် ခရီးရှည် စတင်ရမှာ ဖြစ်ပါတယ်။ ၎င်းသည် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု လိုအပ်ပါတယ်။ အချိန်ကာလတစ်ခု သတ်မှတ်ပြီး စည်းကမ်းတကျလုပ်ဆောင်မှသာ အကြွေးကနေ ထွက်လာ နိုင်မှာ ဖြစ်ပါတယ်။

 

ထိုတောင်တက် ခရီးတွင် သင်တစ်ဦးတည် အထီးကျန်သလို ခံစားရဖို့ လွယ်ကူပါတယ်။ သို့ပေမဲ့ သင်ဘယ်ရောက် နေသလဲဆိုတာ ဘုရားသခင် သိပါတယ်။ ၎င်းသည် အချိန်ကြာမြှင့်ပြီးမှ ဖြစ်လာမည်ကို သူနားလည်ထားပြီး ဖြစ်ပါတယ်။ သင်၏ ပြသနာများ ကြားတွင် သင့်အား ကူညီချင်ပါတယ်။ ခွန်အားဖြစ် စေချင်တယ်။ ကြီးထွား စေချင်ပါတယ်။ ဤစိန်ခေါ်မှုတွင် ဘုရားသခင် သင်နှင့်အတူ ရှိပါတယ်။ သင်တစ်ဦးတည်း မဟုတ်ပါဘူး။

 

(၂) အကြွေးမှ ထွက်လာနိုင်ဖို့ရန် အစီအစဉ် ဆွဲပါ။

အကြွေးထဲကနေ ထွက်လာနိုင်ဖို့က နေ့စဉ်နှင့်အမျှ အဆင့်ဆင့် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ပြီးတော့ လူတော်တော်များများ မကြိုက်တဲ့ စကားလုံးတစ်ခုဖြစ်တဲ့ “စည်းကမ်းရှိခြင်း” ဆိုတဲ့အရာ ပါဝင်ပါတယ်။ ဆိုလိုသည်မှာ ထိုအရာကို ဝယ်ယူခြင်းမျိုး မဟုတ်ဘဲ ၊ ဤအရာကို လုပ်ဆောင်ဖို့ရန် သန္နိဌာန်ချခြင်း ၊ ထိုအရာကို မလုပ်ဆောင်ဖို့ရန် ဆုံးဖြတ်ခြင်း ဖြစ်ပါတယ်။

 

သုတ္တံကျမ်းတွင် ဖော်ပြထားသည်မှာ ၂၁း၅ “လုံ့လဝိရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့်၎င်း၊ သမ္မာသတိမရှိသော သူ၏အကြံ အစည်သည် ဆင်းရဲခြင်းနှင့်၎င်း ဆိုင်ပေ၏။

 

သင်အကြွေးတင်နေပါလျှင် သမ္မာကျမ်းစာရှိ ဤသတိပေးချက်ကို လစ်လျူမရှုပါနှင့်။ အလျင်စလို ဖြတ်လမ်းများကို သတိထားပါ။ အကြွေးတင်ပါက နာကျင်နေပါမည်။ ထိုနာကျင်မှုမှ အမြန်ဆုံး လွှတ်မြောက်ချင်နေမည်။ ၎င်းသည် ဖြတ်လမ်းများကို ပြုဖို့ရန် ဖြားယောင်းခြင်း ဖြစ်ပါတယ်။

 

သို့သော် ဖြတ်လမ်းတို့ကို လိုက်ဖမ်းနေမည့်အစား ဘုရားသခင်၏ အစီအစဉ်ကို ရှာပါ။ ထို့နောက် အစီအစဉ်ကို ဝန်ခံပြီး သင်၏ ပန်းတိုင်တို့ကို ပြီးမြောက်အောင် လုပ်ဆောင်မည်ဟု ဆုံးဖြတ်ပြီး အကောင်အထည်ဖော်ပါ။

 

အကြွေးကင်းစင်ဖို့ရန် လုံ့လဝီရိယ ခြေလှမ်းတို့ဖြင့် လှမ်းခဲ့မယ်ဆိုလျှင် တစ်နှစ်အတွင်း သင်ဘယ်နေရာတွင် ရှိနေမလဲဆိုတာကို မြင်ယောင်ကြည့်လိုက်ပါ။ ထို့နောက် ခက်ခဲသောအရာကို လုပ်ဆောင်ရန် ဘုရားသခင်၏ ဉာဏ်ပညာနှင့် ကျေးဇူးတော်ကို အားကိုးပြီး ထိုခြေလှမ်းတို့ကို နေ့စဉ်ပြုဖို့ရန် သန္နိဌာန်ချပါ။

 

ဆင်ခြင်ရန်

•  လူများစွာသည် ၎င်းတို့၏ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းရှိရန် အဘယ်ကြောင့် ရုန်းကန်နေရသနည်း။

•  အကယ်၍ သင်သည် အကြွေးမဆပ်ပါက သင့်အသက်တာ မည်သို့ကွာခြားမည်နည်း။

တစ်နှစ်အတွင်း ငွေရေးကြေးရေးရှိချင်သည့်နေရာကို စိတ်ကူးကြည့်ပါ။ အဲဒီပန်းတိုင်ရောက်ဖို့ နေ့တိုင်း ဘာတွေလုပ်ရမလဲ။


------------------------------------------------

Zawgyi Version

အေႂကြးထဲမွ ဘယ္လိုစတင္ တက္လွမ္းမလဲ။

သုတၱံက်မ္း ၃း၂၇ “ေက်းဇူးကိုခံသင့္ေသာ သူတို႔အား ေက်းဇူးျပဳရ ေသာ အခြင့္ရွိလွ်င္ မျပဳဘဲမေနႏွင့္။”

ဘုရားသခင္သည္ အေႂကြးႏွင့္ပတ္သက္၍ မည္ကဲ့သို႔ ခံစားရေၾကာင္းကို သမၼာက်မ္းစာတြင္ မ်ားစြာ ရွင္းရွင္း လင္းလင္း ေဖာ္ျပထားပါတယ္။ သုတၱံက်မ္းတြင္ ေဖာ္ျပထားသည္မွာ “ေက်းဇူးကိုခံသင့္ေသာ သူတို႔အား ေက်းဇူးျပဳရ ေသာ အခြင့္ရွိလွ်င္ မျပဳဘဲမေနႏွင့္။” ၿပီးေနာက္ ေရာမဩဝါဒစာတြင္လည္း “အခ်င္းခ်င္းခ်စ္ ျခင္းေမတၱာမွတပါး အဘယ္ေႂကြးမွ် မတင္ေစႏွင့္။ သူတပါးကိုခ်စ္ေသာသူသည္ အက်င့္တရားႏွင့္ျပည့္စုံၿပီ။” ေရာမဩဝါဒစာ ၁၃း၈


၎ကို သင္အလိုလိုသိၿပီးသား ျဖစ္ပါလိမ့္မည္။ သို႔ေပမဲ့ သမၼာက်မ္းစာတြင္ အေႂကြးသည္ ေကာင္းေသာအရာ မဟုတ္ေၾကာင္းကို ဘုရားသခင္ ရွင္းလင္းစြာ ေဖာ္ျပထားပါတယ္။ 


လူေတာ္ေတာ္မ်ားမ်ား သူတို႔ကိုယ္သူတို႔ အႂကြးထဲတြင္ ႏွစ္မြန္းေနတယ္ဆိုတာ ေတြ႕ရွိၾကပါတယ္။ ေရာက္ခဲ့ဖူးတဲ့ ေနရာအတြက္ သူတို႔ေပးႏိုင္ခဲ့မယ္ဆိုလွ်င္ သူတို႔သြားသေလာက္ သူတို႔ေပးဖို႔ ဆႏၵရွိမွာျဖစ္ပါတယ္။ 

ထိုနည္း၎ပင္ သင့္အတြက္လည္း ဘုရားသခင္အလိုေတာ္ရွိေသာ အရာျဖစ္ပါတယ္။ သင္ေႂကြးတင္ေနေသာ အရာကို ျပန္လည္ေပးဆပ္ဖို႔ရန္ အလိုေတာ္ရွိပါတယ္။ သို႔မွသာ သင္၏ ေငြေၾကးတို႔၌ ေကာင္းခ်ီးေပးႏိုင္မွာ ျဖစ္ပါတယ္။ သို႔ေပမဲ့ အေႂကြးကေန လႊတ္ေျမာက္ဖို႔ရန္ သင္၏နည္းလမ္းတို႔ျဖင့္ လုပ္ေဆာင္ျခင္းက မလြယ္ကူပါ။ ပထမဦးစြာ ၎ကို ေပးဆပ္ဖို႔ရန္ သင္ကတိေပးရပါသည္။ ၿပီးေနာက္ ၎အတြက္ အစီအစဥ္ဆြဲရမည္။ ထို အေၾကာင္း (၂) ရပ္ကို ၾကည့္ရေအာင္။


(၁) အေႂကြးကေန ထြက္လာဖို႔ရန္ ဝန္ခံပါ။

အေႂကြးတင္ျခင္းက လြယ္ကူတယ္ဆိုတာ သင္သတိျပဳမိမွာ ျဖစ္ပါတယ္။ ထိုသို႔ ျဖစ္ဖို႔ကလည္း ေတြးေတာ ေနစရာေတာင္ မလိုပါဘူး။ သို႔ေပမဲ့ အေႂကြးထဲကေန သင္ ႐ုန္းမထြက္ႏိုင္ပါဘူး။ ဂငယ္ေကြ႕ လိုမ်ိဳးျပဳဖို႔လိုၿပီး ေတာင္ေပၚသို႔ ျပန္တက္ဖို႔ရန္ ခရီးရွည္ စတင္ရမွာ ျဖစ္ပါတယ္။ ၎သည္ ခိုင္မာေသာ ဆုံးျဖတ္ခ်က္တစ္ခု လိုအပ္ပါတယ္။ အခ်ိန္ကာလတစ္ခု သတ္မွတ္ၿပီး စည္းကမ္းတက်လုပ္ေဆာင္မွသာ အေႂကြးကေန ထြက္လာ ႏိုင္မွာ ျဖစ္ပါတယ္။


ထိုေတာင္တက္ ခရီးတြင္ သင္တစ္ဦးတည္ အထီးက်န္သလို ခံစားရဖို႔ လြယ္ကူပါတယ္။ သို႔ေပမဲ့ သင္ဘယ္ေရာက္ ေနသလဲဆိုတာ ဘုရားသခင္ သိပါတယ္။ ၎သည္ အခ်ိန္ၾကာျမႇင့္ၿပီးမွ ျဖစ္လာမည္ကို သူနားလည္ထားၿပီး ျဖစ္ပါတယ္။ သင္၏ ျပသနာမ်ား ၾကားတြင္ သင့္အား ကူညီခ်င္ပါတယ္။ ခြန္အားျဖစ္ ေစခ်င္တယ္။ ႀကီးထြား ေစခ်င္ပါတယ္။ ဤစိန္ေခၚမႈတြင္ ဘုရားသခင္ သင္ႏွင့္အတူ ရွိပါတယ္။ သင္တစ္ဦးတည္း မဟုတ္ပါဘူး။


(၂) အေႂကြးမွ ထြက္လာႏိုင္ဖို႔ရန္ အစီအစဥ္ ဆြဲပါ။

အေႂကြးထဲကေန ထြက္လာႏိုင္ဖို႔က ေန႔စဥ္ႏွင့္အမွ် အဆင့္ဆင့္ လုပ္ေဆာင္ရတာ ျဖစ္ပါတယ္။ ၿပီးေတာ့ လူေတာ္ေတာ္မ်ားမ်ား မႀကိဳက္တဲ့ စကားလုံးတစ္ခုျဖစ္တဲ့ “စည္းကမ္းရွိျခင္း” ဆိုတဲ့အရာ ပါဝင္ပါတယ္။ ဆိုလိုသည္မွာ ထိုအရာကို ဝယ္ယူျခင္းမ်ိဳး မဟုတ္ဘဲ ၊ ဤအရာကို လုပ္ေဆာင္ဖို႔ရန္ သႏၷိဌာန္ခ်ျခင္း ၊ ထိုအရာကို မလုပ္ေဆာင္ဖို႔ရန္ ဆုံးျဖတ္ျခင္း ျဖစ္ပါတယ္။


သုတၱံက်မ္းတြင္ ေဖာ္ျပထားသည္မွာ ၂၁း၅ “လုံ႔လဝိရိယျပဳေသာသူ၏အႀကံအစည္သည္ ႂကြယ္ဝျခင္းႏွင့္၎၊ သမၼာသတိမရွိေသာ သူ၏အႀကံ အစည္သည္ ဆင္းရဲျခင္းႏွင့္၎ ဆိုင္ေပ၏။”


သင္အေႂကြးတင္ေနပါလွ်င္ သမၼာက်မ္းစာရွိ ဤသတိေပးခ်က္ကို လစ္လ်ဴမရႈပါႏွင့္။ အလ်င္စလို ျဖတ္လမ္းမ်ားကို သတိထားပါ။ အေႂကြးတင္ပါက နာက်င္ေနပါမည္။ ထိုနာက်င္မႈမွ အျမန္ဆုံး လႊတ္ေျမာက္ခ်င္ေနမည္။ ၎သည္ ျဖတ္လမ္းမ်ားကို ျပဳဖို႔ရန္ ျဖားေယာင္းျခင္း ျဖစ္ပါတယ္။


သို႔ေသာ္ ျဖတ္လမ္းတို႔ကို လိုက္ဖမ္းေနမည့္အစား ဘုရားသခင္၏ အစီအစဥ္ကို ရွာပါ။ ထို႔ေနာက္ အစီအစဥ္ကို ဝန္ခံၿပီး သင္၏ ပန္းတိုင္တို႔ကို ၿပီးေျမာက္ေအာင္ လုပ္ေဆာင္မည္ဟု ဆုံးျဖတ္ၿပီး အေကာင္အထည္ေဖာ္ပါ။


အေႂကြးကင္းစင္ဖို႔ရန္ လုံ႔လဝီရိယ ေျခလွမ္းတို႔ျဖင့္ လွမ္းခဲ့မယ္ဆိုလွ်င္ တစ္ႏွစ္အတြင္း သင္ဘယ္ေနရာတြင္ ရွိေနမလဲဆိုတာကို ျမင္ေယာင္ၾကည့္လိုက္ပါ။ ထို႔ေနာက္ ခက္ခဲေသာအရာကို လုပ္ေဆာင္ရန္ ဘုရားသခင္၏ ဉာဏ္ပညာႏွင့္ ေက်းဇူးေတာ္ကို အားကိုးၿပီး ထိုေျခလွမ္းတို႔ကို ေန႔စဥ္ျပဳဖို႔ရန္ သႏၷိဌာန္ခ်ပါ။


ဆင္ျခင္ရန္ 

•  လူမ်ားစြာသည္ ၎တို႔၏ဘ႑ာေရးဆိုင္ရာ စည္းကမ္းရွိရန္ အဘယ္ေၾကာင့္ ႐ုန္းကန္ေနရသနည္း။

•  အကယ္၍ သင္သည္ အေႂကြးမဆပ္ပါက သင့္အသက္တာ မည္သို႔ကြာျခားမည္နည္း။

• တစ္ႏွစ္အတြင္း ေငြေရးေၾကးေရးရွိခ်င္သည့္ေနရာကို စိတ္ကူးၾကည့္ပါ။ အဲဒီပန္းတိုင္ေရာက္ဖို႔ ေန႔တိုင္း ဘာေတြလုပ္ရမလဲ။