How to Invest for Eternity
Unicode Version
နိစ္စထာဝရအတွက် ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ။
တိမောသေဩဝါဒစာ ပဌမစောင် ၆း၁၈-၁၉ “သူတပါးအားကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ ကြွယ်ဝ ပြည့်စုံခြင်း၊ စွန့်ကြဲချင်သော စေတနာ စိတ်ရှိခြင်း၊ အချင်းချင်း ဆက်ဆံခြင်း၊မှန်သောအသက်ကို ဝင်စားလိုသောငှါ၊ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဘို့ ဆည်းဖူး ခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့။
ကောင်းကင်ဘုံတွင် သင်သိုမှီးသော အရာဖြင့် ထာဝရ ပျော်ရွှင်ဝမ်းမြောက်ရတော့မှာ ဖြစ်ပါတယ်။ ပြီးတော့ သင်၏ ငွေတို့ကို ကောင်းသောအရာအတွက် သင်အသုံးပြုလိုက်တဲ့ အခါတိုင်းသည် ကောင်းကင်ဘုံတွင် ဘဏ္ဍာ သိုမှီးခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ၎င်းကို လုပ်ဆောင်ဖို့ရန် အကောင်းဆုံး နည်းလမ်းက ဘာဖြစ်မလဲ။ မည်သည့် ဘဏ္ဍာရေးရာ အကြံပေးသူမဆို သင့်အား ခြင်းတစ်လုံးထဲတွင် သင်၏ဥများအားလုံးကို မထည့်ရန် ပြောပါလိမ့်မည်။ ၎င်းအစား မျှတသော မြှုပ်နှံမှုအစုစုတို့အတွက် သင်၏ငွေတို့ကို မတူညီသော ရန်ပုံငွေများထဲသို့ သင်ထည့်လိုက်သည်။
နိစ္စထာဝရအတွက် ရင်းနှီးမြှုပ်နှံနိုင်သော မတူညီတဲ့ ဘဏ္ဍာငွေ ဆိုတာ ဘုရားသခင် ပေးထားပြီးဖြစ်တယ်ဆိုတာ သင်သိပါသလား။ ၎င်းနှင့် ပတ်သက်ပြီး ယနေ့နှင့် မနက်ဖြန်တွင် အရာ (၃) မျိုးကို လေ့လာကြရအောင်။ ဤ ဘဏ္ဍာငွေတွေက သက်သေပြနေပါတယ်။ မှတ်တမ်းတွေရှိကြတယ်။ ကာကွယ်ထားကြတယ်။ အန္တရာယ်လည်း ကင်း ပါတယ်။ ပြီးတော့ ကြီးမားတဲ့ အမြတ်ဝေစု ပေးပါတယ်။
(၁) ဘုရားသခင်၏ တိုးပွားသော ဘဏ္ဍာငွေ
၎င်းသည် တစ်စုံတစ်ခု၌ သင်ရင်းနှီးမြှုပ်နှံလိုက်သည့် အခါတိုင်းတွင် သင်၏စရိုက်လက္ခဏာကို ကြီးထွားတိုး တက်ပါသည်။ သုတ္တံကျမ်း ၁ဝး၁၆ တွင် ဆိုထားသည်မှာ “ဖြောင့်မတ်သောသူ၏အလုပ်အကိုင်သည် အသက်နှင့်၎င်း၊ မတရားသောသူ၏ အကျိုးစီးပွါးသည် အပြစ်နှင့်၎င်း ယှဉ်၏။
ဒါဆို အသက်တာကို ငွေတို့ဖြင့် မည်ကဲ့သို့ မြှင့်တင်ပါသနည်း။ ၎င်းတို့ကို ဝိညာဉ်ရေးရာ ၊ ဉာဏ်ပညာနှင့် စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖို့ရန် အသုံးပြုပါ။ ငွေကြေးတို့ကို သင်၏ကျွမ်းကျင်မှုတို့ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရင့်ကျက်သောသူဖြစ်လာစေဖို့ရန် အသုံးပြုလိုက်တဲ့ အခါ၌ နိစ္စထာဝရတွင် သင်မြှုပ်နှံလိုက်ခြင်း ဖြစ်ပါတယ်။
(၂) ဘုရားသခင်၏ နှစ်ဦးနှစ်ဖက် / အပြန်အလှန် ဘဏ္ဍာငွေ
၎င်းသည် သင် မိတ်သဟာရဖွဲ့ခြင်းကို အားပေးဖို့ရန် နှင့် တခြားသော ယုံကြည်သူတို့နှင့်အတူ ဆက်ဆံရေး တည်ဆောက်ဖို့ရန် ငွေကို အသုံးပြုခြင်း ဖြစ်ပါသည်။ ရောမဩဝါဒစာ ၁၂း၁၃ “သန့်ရှင်းသောသူတို့သည် ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့။ အာဂန္တုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား၍ပြုကြလော့။
တခြားသူတို့အား မေတ္တာပြဖို့ရန် သင်၏ ငွေတစ်ချို့ကို အသုံးပြုဖို့ သင့်အား ဘုရားသခင် ဘာကြောင့် အလိုရှိပါသနည်း။ အကြောင်းရင်း (၃) ရပ်ရှိပါတယ်။ ပထမဦးစွာ သင်သည် ဘုရားသခင်၏ မိသားစုဝင် ဖြစ်တယ်ဆိုတာကို သက်သေပြပါတယ်။ ဒုတိယအချက်က စည်းလုံးညီညွှတ်မှုကို ဖြစ်ပေါ်စေပါတယ်။ တတိယ အချက်က မယုံကြည်သူတို့အတွက် သက်သေဖြစ်ပါတယ်။   
(၃) ဘုရားသခင်၏ လုပ်ငန်းစဉ်ဘဏ္ဍာငွေ
၎င်းသည် တခြားသော သူတို့ကို ဝန်ဆောင်မှုပေးဖို့ရန် ငွေတို့ကို အသုံးပြုလိုက်ခြင်းအားဖြင့် နိစ္စထာဝရတွင် မြှုပ်နှံလိုက်ခြင်း ဖြစ်ပါတယ်။ လိုအပ်သော သူတို့ကို အကူအညီပေးဖို့ရန် သင်၏ ငွေတစ်ချို့တို့ကို အသုံးပြုဖို့ ဘုရားသခင် သင့်အား အလိုတော်ရှိပါတယ်။
သုတ္တံကျမ်း ၁၁း၂၄ “စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။တနည်းအားဖြင့် တခြားသူတို့ကို သင်အကူအညီပေးလေလေ ဘုရားသခင် သင့်အား ကောင်းချီးပေးလေလေ ဖြစ်ပါတယ်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင် ကိုယ်တော် တိုင် ပေးကမ်းမှုပြုသူ ၊ ရက်ရောသူ ဖြစ်ပါတယ်။ သင့်ကိုလည်း သူနှင့်ပိုတူလာဖို့ရန် အလိုတော် ရှိပါတယ်။
သင်၏ စရိုက်လက္ခဏာ ၊ တခြားသော မယုံကြည်သူတို့ နှင့် အကူအညီ လိုအပ်သောသူတို့တွင် သင်ရင်းနှီးမြှုပ် နှံလိုက်သည်နှင့် ဘုရားသခင်နှင့် ပို၍တူလာသည်ကို သင်တွေ့ရှိလာပါလိမ့်မည်။
ဆင်ခြင်ရန်
- သင်၏ စရိုက်လက္ခဏာတို့ကို အဆုံးစွန်ထိ ပျက်စီးသွားစေသော အရာတို့တွင် သင်၏ငွေတို့ကို အသုံးပြုပါသလား။ ၎င်းအစား သင်၏ငွေတို့ကို သင်၏စရိုက်လက္ခဏာတို့ တည်ဆောက်စေဖို့ရန် မည်သည့်အရာတွေဖြင့် သင်ဦးတည် စေနိုင်မည်နည်း။
- တခြားယုံကြည်သူတို့ကို ဂရုစိုက်ပေးခြင်းအားဖြင့် သင်သည် ဘုရားသခင်၏ မိသားစုဝင်ဖြစ်ကြောင်းကို လူတို့အား သက်သေပြနိုင်ဖို့ရန် ဘာကြောင့်များ အရေးကြီးပါသနည်း။
- ရက်ရောသောသူ ဖြစ်ဖို့ရန်အတွက် မည်သည့်အရာက သင့်အား စေ့ဆော်မှုပြုပါသနည်း။ သင်၏ စိတ်အား ထက်သန်မှုက သင်၏ရက်ရောမှုပေါ် မည်ကဲ့သို့ သက်ရောက်မှု ရှိပါသနည်း။
------------------------------------------------------------------------------
Zawgyi Version 
ဆင်ခြင်ရန်