Good Money Management Starts with Trusting God

 Unicode Version

ငွေကြေးပေါ် ကောင်းသော စီမံခန့်ခွဲခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းကနေ စတင်ပါတယ်။

ဖိလိပ္ပိဩဝါဒစာ ၄း၁၉ “ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။

သင်၏ ဘဏ္ဍရေးရာ အပါအဝင် သင့်အသက်တာရှိ အခန်းကဏ္ဍအားလုံးတို့ကို ဘုရားသခင်ကောင်းချီးပေးစေချင်ပါလျှင် ကောင်းချီးပေးနိုင်ဖို့ ဖြစ်စေပါ။ ဘုရားကောင်းချီးပေးတဲ့အခါတွင် သင်တာဝန်ယူမည်အကြောင်းကို ဖော်ပြပါ။ နောက်လာမည့် နေ့ရက်တွေမှာ သင်၏ငွေကို စီမံခန့်ခွဲဖို့ရန်အတွက် ဘုရားသခင်၏ အစီအစဉ်ကို နားလည်စေနိုင် မည့် အလေ့အကျင့် (၇) မျိုးကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

 

ပထမအချက်မှာ သင် အလုပ်လုပ်နေသည့်နေရာ၌ပင် ဘုရားသခင်သည် သင်၏ပံ့ပိုးပေးသူဖြစ်ကြောင်း နားလည် ရန် ဖြစ်သည်။ သင်၏ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးသူဖြစ်ပြီး သင်၏ အလုပ်ရှင်ကနေတစ်ဆင့် ၎င်းကို လုပ်ဆောင်နိုင်သော ဘုရားသခင် ဖြစ်ပါတယ်။

တစ်ခုခု (သို့) တစ်စုံတစ်ခုသည် အရင်းအမြစ်သည်ဖြစ်တယ်လို့ သင်တွေးမြင်ပါက ထိုအရင်းအမြစ်သည် သင့်အတွက် မရောက်နိုင်သောကြောင့် သင်အမြဲတမ်း စိတ်ပူနေလိမ့်မည်။ သင်၏ အလုပ် ၊ ငွေကြေး (သို့) ပိုင်ဆိုင်မှု တို့ ဆုံးရှုံးနိုင်ပါတယ်။

 

သို့ပေမဲ့   ဘုရားသခင်က သင်၏ လိုအပ်ချက်တို့ကို ဖြည့်မလားဆိုတာကို သင်ဘယ်သောအခါမှ တွေးစရာ မလိုပါ။ အရာအားလုံးကို သူပိုင်ဆိုင်ပါတယ်။ ရောမဩဝါဒစာ ၁၁း၃၆ “ခပ်သိမ်းသောအရာတို့သည် ကိုယ်တော် အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့ အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက် ဆက် ဘုန်းကြီးတော် မူစေသတည်း။ အာမင်။

 

ရေပိုက်ခေါင်းတစ်ခုက ပိတ်သွားမယ်ဆိုလျှင် နောက်ထပ်တစ်ခုကို ဘုရားသခင်သည် အလွယ်တကူ ဖွင့်နိုင်ပါတယ်။ သင်က အလုပ်တစ်ခုကို ဆုံးရှုံးသွားပါလျှင် နောက်ထပ်တစ်ခုကို ဘုရားသခင် ပေးနိုင်ပါတယ်။ အကယ်၍ ဘုရားသခင်က တံခါးတစ်ချပ်ကို ပိတ်လိုက်တယ်ဆိုလျှင် နောက်တံခါးတစ်ချပ်ကို ဖွင့်နိုင်ပါတယ်။ တံခါးအားလုံး ပိတ်သွားမယ်ဆိုလျှင် ပြတင်းပေါက်တစ်ခုကို ဘုရားသခင် ဖွင့်နိုင်ပါတယ်။

 

ထိုအရာတို့ကို သင်က နားလည်ပြီး ဘုရားသခင်ကို ယုံကြည်ဖို့ရန် ရွေးချယ်ပါလျှင် ငွေကြေးအပေါ်နှင့် တခြားသူတွေပေါ် ယုံကြည်နေမှုတွင် စိတ်ဖိစီးမှု မရှိတော့ပါဘူး။

 

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ဖိလိပ္ပိဩဝါဒစာ ၄း၁၉ “ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော် မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေ တော်မူလိမ့်မည်။” သင်၏ လိုအပ်သောအရာများ နှင့် ဘယ်လိုဖြည့်ဆည်းပေးရမည်ကို ဘုရားသခင် အသိဆုံးဖြစ်ပါတယ်။ ပြီးတော့ ထိုအရာ အားလုံးတို့ကို ဖြည့်ဆည်းပေးမယ်လို့ ဘုရားသခင် ကတိပေးပါတယ်။

 

ငွေကြေးစီမံခန့်ခွဲခြင်းက ဤမေးခွန်းဖြင့် စတင်ပါတယ်။ “သင်၏ ယုံကြည်မှုကို မည်သူ (သို့) မည်သည့်အရာပေါ် ထားရှိပါသနည်း”

 

သင်၏ ယုံကြည်မှုကို ဘုရားသခင်ထံ ထားရှိလိုက်တဲ့အခါမှာ မနက်နိုးထချိန်တိုင်းတွင် “ဘုရားသခင်… အရာအားလုံး သခင်နှင့်ဆိုင်ပါတယ်။ သခင့်ဆီမှ လာတာဖြစ်ပါတယ်။ သခင်သည် ကျွန်ုပ်၏ ပံ့ပိုးပေးသူဖြစ်ပြီး ကျွန်ုပ်၏ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမည်ကို ယုံကြည်ပါမည်။” လို့ သင်ပြောနိုင်ပါပြီ။

 

ဘုရားသခင်ကို ယုံကြည်ခြင်းသည် သင်၏ စိတ်ဖိစီးမှုတို့ကို လျော့ကျစေမည်ဖြစ်ပြီး သင်၏ လိုအပ်ချက်တို့ကို ဖြည့်ဆည်းမည်ကို သင်ယုံကြည်သည်အလျောက် ဘုရားသခင် ကောင်းချီးဘယ်လိုပေးချင်သည်ကို သင်သိမြင် နိုင်မည် ဖြစ်သည်။

 

ဆင်ခြင်ရန်

- သင်၏ ငွေကြေးတို့ကို သင်တာဝန်ယူ ထိန်းသိမ်းနိုင်ကြောင်းကို ပြသဖို့ရန် ဘုရားသခင် ဘာကြောင့် သင့်အား အလိုရှိပါသနည်း။

- သင်၏ ဘဏ္ဍာရေးရာတွင် ဘုရားသခင်အား ယုံကြည်လိုက်တဲ့အခါမှာ ဘုရားသခင် တံခါးတို့ကို ဘယ်လိုဖွင့်ခဲ့သလဲဆိုတာကို မြင်တွေ့ဖူးပါသနည်း။

- သင်၏ ပံ့ပိုးမှုအတွက် ဘုရားသခင်ပေါ် သင်၏ ယုံကြည်ကိုးစားမှုကို ရောင်ပြန်ဟပ်စေရန် သင်၏ငွေတို့ကို မည်သို့ လက်တွေ့ကျသော နည်းလမ်းဖြင့် စီမံခန့်ခွဲနိုင်သနည်း။

-----------------------------------------------------------------


Zawgyi Version

ေငြေၾကးေပၚ ေကာင္းေသာ စီမံခန႔္ခြဲျခင္းသည္ ဘုရားသခင္ကို ယုံၾကည္ျခင္းကေန စတင္ပါတယ္။

ဖိလိပၸိဩဝါဒစာ ၄း၁၉ “ငါ၏ဘုရားသခင္သည္ ဘုန္းအာႏုေဘာ္၌ စံပယ္ေတာ္မူေသာ စည္းစိမ္ရွိသည္အတိုင္း၊ သင္တို႔အလို ရွိသမွ်တို႔ကို ေယရႈခရစ္အားျဖင့္ ျပည့္စုံေစေတာ္မူလိမ့္မည္။”


သင္၏ ဘ႑ေရးရာ အပါအဝင္ သင့္အသက္တာရွိ အခန္းက႑အားလုံးတို႔ကို ဘုရားသခင္ေကာင္းခ်ီးေပးေစခ်င္ပါလွ်င္ ေကာင္းခ်ီးေပးႏိုင္ဖို႔ ျဖစ္ေစပါ။ ဘုရားေကာင္းခ်ီးေပးတဲ့အခါတြင္ သင္တာဝန္ယူမည္အေၾကာင္းကို ေဖာ္ျပပါ။ ေနာက္လာမည့္ ေန႔ရက္ေတြမွာ သင္၏ေငြကို စီမံခန႔္ခြဲဖို႔ရန္အတြက္ ဘုရားသခင္၏ အစီအစဥ္ကို နားလည္ေစႏိုင္ မည့္ အေလ့အက်င့္ (၇) မ်ိဳးကို ၾကည့္ရႈၾကရမွာ ျဖစ္ပါတယ္။ 


ပထမအခ်က္မွာ သင္ အလုပ္လုပ္ေနသည့္ေနရာ၌ပင္ ဘုရားသခင္သည္ သင္၏ပံ့ပိုးေပးသူျဖစ္ေၾကာင္း နားလည္ ရန္ ျဖစ္သည္။ သင္၏ လိုအပ္ခ်က္တိုင္းကို ျဖည့္ဆည္းေပးသူျဖစ္ၿပီး သင္၏ အလုပ္ရွင္ကေနတစ္ဆင့္ ၎ကို လုပ္ေဆာင္ႏိုင္ေသာ ဘုရားသခင္ ျဖစ္ပါတယ္။ 

တစ္ခုခု (သို႔) တစ္စုံတစ္ခုသည္ အရင္းအျမစ္သည္ျဖစ္တယ္လို႔ သင္ေတြးျမင္ပါက ထိုအရင္းအျမစ္သည္ သင့္အတြက္ မေရာက္ႏိုင္ေသာေၾကာင့္ သင္အၿမဲတမ္း စိတ္ပူေနလိမ့္မည္။ သင္၏ အလုပ္ ၊ ေငြေၾကး (သို႔) ပိုင္ဆိုင္မႈ တို႔ ဆုံးရႈံးႏိုင္ပါတယ္။ 


သို႔ေပမဲ့   ဘုရားသခင္က သင္၏ လိုအပ္ခ်က္တို႔ကို ျဖည့္မလားဆိုတာကို သင္ဘယ္ေသာအခါမွ ေတြးစရာ မလိုပါ။ အရာအားလုံးကို သူပိုင္ဆိုင္ပါတယ္။ ေရာမဩဝါဒစာ ၁၁း၃၆ “ခပ္သိမ္းေသာအရာတို႔သည္ ကိုယ္ေတာ္ အထဲက၎၊ ကိုယ္ေတာ္အားျဖင့္၎၊ ကိုယ္ေတာ္အဘို႔ အလိုငွါ၎ ျဖစ္ၾက၏။ ကမာၻအဆက္ ဆက္ ဘုန္းႀကီးေတာ္ မူေစသတည္း။ အာမင္။”


ေရပိုက္ေခါင္းတစ္ခုက ပိတ္သြားမယ္ဆိုလွ်င္ ေနာက္ထပ္တစ္ခုကို ဘုရားသခင္သည္ အလြယ္တကူ ဖြင့္ႏိုင္ပါတယ္။ သင္က အလုပ္တစ္ခုကို ဆုံးရႈံးသြားပါလွ်င္ ေနာက္ထပ္တစ္ခုကို ဘုရားသခင္ ေပးႏိုင္ပါတယ္။ အကယ္၍ ဘုရားသခင္က တံခါးတစ္ခ်ပ္ကို ပိတ္လိုက္တယ္ဆိုလွ်င္ ေနာက္တံခါးတစ္ခ်ပ္ကို ဖြင့္ႏိုင္ပါတယ္။ တံခါးအားလုံး ပိတ္သြားမယ္ဆိုလွ်င္ ျပတင္းေပါက္တစ္ခုကို ဘုရားသခင္ ဖြင့္ႏိုင္ပါတယ္။


ထိုအရာတို႔ကို သင္က နားလည္ၿပီး ဘုရားသခင္ကို ယုံၾကည္ဖို႔ရန္ ေ႐ြးခ်ယ္ပါလွ်င္ ေငြေၾကးအေပၚႏွင့္ တျခားသူေတြေပၚ ယုံၾကည္ေနမႈတြင္ စိတ္ဖိစီးမႈ မရွိေတာ့ပါဘူး။


သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ ဖိလိပၸိဩဝါဒစာ ၄း၁၉ “ငါ၏ဘုရားသခင္သည္ ဘုန္းအာႏုေဘာ္၌ စံပယ္ေတာ္ မူေသာ စည္းစိမ္ရွိသည္အတိုင္း၊ သင္တို႔အလို ရွိသမွ်တို႔ကို ေယရႈခရစ္အားျဖင့္ ျပည့္စုံေစ ေတာ္မူလိမ့္မည္။” သင္၏ လိုအပ္ေသာအရာမ်ား ႏွင့္ ဘယ္လိုျဖည့္ဆည္းေပးရမည္ကို ဘုရားသခင္ အသိဆုံးျဖစ္ပါတယ္။ ၿပီးေတာ့ ထိုအရာ အားလုံးတို႔ကို ျဖည့္ဆည္းေပးမယ္လို႔ ဘုရားသခင္ ကတိေပးပါတယ္။


ေငြေၾကးစီမံခန႔္ခြဲျခင္းက ဤေမးခြန္းျဖင့္ စတင္ပါတယ္။ “သင္၏ ယုံၾကည္မႈကို မည္သူ (သို႔) မည္သည့္အရာေပၚ ထားရွိပါသနည္း”


သင္၏ ယုံၾကည္မႈကို ဘုရားသခင္ထံ ထားရွိလိုက္တဲ့အခါမွာ မနက္ႏိုးထခ်ိန္တိုင္းတြင္ “ဘုရားသခင္… အရာအားလုံး သခင္ႏွင့္ဆိုင္ပါတယ္။ သခင့္ဆီမွ လာတာျဖစ္ပါတယ္။ သခင္သည္ ကြၽႏ္ုပ္၏ ပံ့ပိုးေပးသူျဖစ္ၿပီး ကြၽႏ္ုပ္၏ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးမည္ကို ယုံၾကည္ပါမည္။” လို႔ သင္ေျပာႏိုင္ပါၿပီ။


ဘုရားသခင္ကို ယုံၾကည္ျခင္းသည္ သင္၏ စိတ္ဖိစီးမႈတို႔ကို ေလ်ာ့က်ေစမည္ျဖစ္ၿပီး သင္၏ လိုအပ္ခ်က္တို႔ကို ျဖည့္ဆည္းမည္ကို သင္ယုံၾကည္သည္အေလ်ာက္ ဘုရားသခင္ ေကာင္းခ်ီးဘယ္လိုေပးခ်င္သည္ကို သင္သိျမင္ ႏိုင္မည္ ျဖစ္သည္။


ဆင္ျခင္ရန္

- သင္၏ ေငြေၾကးတို႔ကို သင္တာဝန္ယူ ထိန္းသိမ္းႏိုင္ေၾကာင္းကို ျပသဖို႔ရန္ ဘုရားသခင္ ဘာေၾကာင့္ သင့္အား အလိုရွိပါသနည္း။

- သင္၏ ဘ႑ာေရးရာတြင္ ဘုရားသခင္အား ယုံၾကည္လိုက္တဲ့အခါမွာ ဘုရားသခင္ တံခါးတို႔ကို ဘယ္လိုဖြင့္ခဲ့သလဲဆိုတာကို ျမင္ေတြ႕ဖူးပါသနည္း။

- သင္၏ ပံ့ပိုးမႈအတြက္ ဘုရားသခင္ေပၚ သင္၏ ယုံၾကည္ကိုးစားမႈကို ေရာင္ျပန္ဟပ္ေစရန္ သင္၏ေငြတို႔ကို မည္သို႔ လက္ေတြ႕က်ေသာ နည္းလမ္းျဖင့္ စီမံခန႔္ခြဲႏိုင္သနည္း။