Unicode Version
သင်၏ မိသားစုတွင် လေ့လာသင့်သော အရာ (၅) ချက်
ရှင်လုကာခရစ်ဝင်ကျမ်း ၂း၅၂ “ယေရှုသည်လည်း
အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက်၊ ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာ
ရတော်မူ၏။”
ဘယ်လိုမျိုးလဲ။
သူတို့သည် တစ်သက်တာ လေ့လာသင်ယူမှု၏ သွင်ပြင်အခြေအနေကို ဖန်တီးပါတယ်။ တစ်ဦးနှင့် တစ်ဦး
ဖွံ့ဖြိုးတိုးတက်အောင်လည်း ကူညီကြပါတယ်။ တစ်ယောက်ချင်းဆီမှာရှိတဲ့ ဝိညာဉ်ဆုကျေးဇူးနှင့်
စွမ်းရည်တို့အား ရှာဖွေခြင်းတို့တွင် အားပေးတိုက်တွန်းကြပါတယ်။ အသစ်သောအရာတို့ကို လေ့လာဖို့နှင့်
စိတ်ဝင် စားဖွယ်ရာ အသစ်တို့ကို တိုးပွားစေဖို့ရန် လူတွေကို လမ်းဖွင့်ပေးပါတယ် ၊ ကူညီပေးပါတယ်။
သို့ပေမဲ့
သင်ကြီးထွားလာစေဖို့ အကူအညီပေးမည့် မိသားစုဝင်စစ်စစ်တွေကို သေချာပေါက် မလိုအပ်ပါ။ သင့်အသက်တာ၏
ကြီးထွားမှု တွန်းအားတစ်ခုဖြစ်ဖို့ သင်၏ အသင်းတော်မိသားစု တတ်နိုင်ပါတယ် - ပြုသင့်ကောင်းပါတယ်။
တခြားသောသူတို့နှင့်
ရင်းနှီးကျွမ်းဝင်ခြင်း၌ ၎င်းအရာတို့ကို သင် မလေ့လာ ၊ မသင်ယူ ပါလျှင် သင်ဘယ်တော့မှ
သင်ယူလို့မရနိုင်တဲ့ တစ်ချို့သော အရာတွေ ရှိပါတယ်။ ၎င်းတို့ကို ကျောင်းတွင် မရရှိနိုင်ပါ။
လုပ်ငန်းခွင်၌လည်း မရရှိနိုင်ပါ။ တခြားသူတို့နှင့်ပေါင်းသင်းဆက်ဆံမှုရှိမှသာ သင်လေ့လာသင်ယူနိုင်ပါမည်။
အဖွဲ့အစည်းကို သင်လိုပါတယ်။
တကယ်တော့ သင်၏အရွယ်ရောက်ပြီး အသက်တာတွင် တွေ့ရှိရသော ပြသနာ အများစုတို့သည်
ကလေးအရွယ်၌ မှန်ကန်သေချာသောအရာကို မသင်ယူခဲ့ရတဲ့ အကြောင်းရင်းကနေ လာပါတယ်။ သင်၏ မိသားစုတွင် လေ့လာသင့် သော အချက်
(၅) ချက်ကို ကြည့်ပါ။
(၁) စိတ်ခံစားချက်ဖြင့် ဘာကိုလုပ်ဆောင်ရမည်ကို
သင်ယူပါ။
ကျန်းမာသော
မိသားစုတွင် သင်၏ ခံစားချက်ကို ခွဲခြားသိမြင်ရန် ၊ ပိုင်ဆိုင်ရန် နှင့် ကိုင်တွယ်ဖြေရှင်းပုံတို့ကို
သင်လေ့လာသင်ယူပါသည်။ လေးစားရတဲ့ မိသားစုဝင်တွေသည် လူတိုင်းကို ရိုးရိုးသားသားရှိစေချင်ပြီး
ကလေးများ ကိုလည်း ၎င်းတို့၏ စိတ်ခံစားချက်ကို ဖော်ပြခွင့် ပေးသင့်သည်။
(၂) ပဠိပက္ခတို့ကို မည်သို့ကိုင်တွယ်ဖို့ရန် လေ့လာသင်ယူပါ။
မိဘတို့
ပြသနာများ ဖြေရှင်းပုံကို ကလေးများ တွေ့မြင်ဖို့ လိုအပ်ပြီး မတူညီမှုများကို ကျန်းမာသော
နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။
(၃) ဆုံးရှုံးမှုကို ဘယ်လိုကိုင်တွယ်ရမလဲ လေ့လာသင်ယူပါ။
ကလေးများ
အချိန်တိုင်း အနိုင်ရယူဖို့ကို သင်အလိုမရှိပါဘူး။ ထိုကဲ့သို့ သူတို့ပြုပါလျှင် တကယ့်လက်တွေ့ကမ္ဘာတွင်
အရွယ်ရောက်ပြီးသူတွေအနေဖြင့် ရှောင်လွှဲ၍မရနိုင်သော ဆုံးရှုံးမှုတွေကို ရင်ဆိုင်ရတဲ့အခါ
ဝမ်းနည်းကြေ ကွဲရပါလိမ့်မည်။ ရှုံးနိမ့်ခြင်းက သူတို့ကို မပျက်စီးစေကြောင်း ၊ ဆုံးရှုံးခြင်းသည်
အသက်တာ၏ အဆုံးသတ် မဟုတ်ကြောင်း သူတို့ လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။
(၄) ဘယ်လိုအရာက တန်ဖိုးအရှိဆုံးလဲ လေ့လာပါ။
အသက်တာ
အခြေခံ စုံစမ်းသွေးဆောင်ခြင်း (၃) ချက်ကို ကလေးတို့အား သင်ကြားပေးဖို့ရန် အရေးကြီးပါတယ်။
သို့မှသာ လောကအရာတို့အားဖြင့် စိုးမိုးခြယ်လှယ်ခြင်း မခံရမှာ ဖြစ်ပါတယ်။ ထိုစုံစမ်းသွေးဆောင်ခြင်း
တို့တွင် သင်၏ခံစားချက် ၊ သင်လုပ်ဆောင်သောအရာနှင့် အသက်တာတွင် ရရှိသောပိုင်ဆိုင်မှုအရာတို့နှင့်
သက်ဆိုင်နေ ပါတယ်။ တစ်နည်းအားဖြင့် လိင် ၊ ဝင်ငွေ နှင့် အဆင့်အတန်း တို့ဖြစ်ကြပါတယ်။
(၅) ကောင်းသော အလေ့အထကို လေ့လာသင်ယူပါ။
အလေ့အကျင့်တို့သည်
သင်၏စရိုက်လက္ခဏာကို အဆုံးအဖြတ်ပေးပါတယ်။ တစ်ဦးချင်းစီ၏ စရိုက်လက္ခဏာ တို့သည် သခင်ယေရှုနှင့်
တူလာစေဖို့ရန် မိသားစုဝင်တို့သည် တစ်ဦးနှင့်တစ်ဦး ကြီးထွားဖို့ရန် အကူအညီ ပေးသင့်ပါတယ်။
ယနေ့တွင် ပြောင်းလဲမှု ပြုဖို့ရန် စတင်ခြင်းအရာ၌ လူတိုင်းကို အကောင်းဆုံးသော
လေ့လာသင်ယူမှုပြုဖို့ နှင့် ကြီးထွားမှုဖြစ်စေဖို့ရန်အတွက် မိသားစု ရင်းချာ (သို့)
မွေးစား မိသားစု (သို့) ဝိညာဉ်ရေးရာ မိသားစု တို့သည် လုံခြုံသော နေရာတစ်ခု ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-
သင်၏မိသားစုတွင် လေ့လာသင်ယူခြင်းဆိုင်ရာ အခြေအနေတစ်ခုကို မည်ကဲ့သို့ ဖန်တီးနိုင်ပါမည်နည်း။
-
ယနေ့ခေတ် ယဉ်ကျေးမှုတွင် ဆုံးရှုံးမှုကို မည်သို့ကိုင်တွယ်ဖို့ရန် ကလေးများအား သင်ကြားပေးဖို့
ဘာကြောင့်များ ခက်ခဲနေပါသနည်း။
-
သင့်အတွက် တန်ဖိုးအရှိဆုံးအရာက ဘယ်အရာ ဖြစ်မည်နည်း။ သင့်အသက်တာတွင် မည်သို့သော သမ္မာတရားဆိုင်ရာ
တန်ဖိုးရှိသောအရာတွေဖြင့် သားသမီးတို့ကို သင်ကြားပေးဖို့ရန် အလိုရှိပါသနည်း။
-----------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်