Enjoy What God Has Given You

 Unicode Version

သင့်အား ဘုရားသခင် ပေးထားသောအရာတို့ဖြင့် ဝမ်းမြောက်ပျော်ရွှင်ပါ။

ဒေသနာကျမ်း ၅း၁၉ “ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ် ဥစ္စာကိုရသော လူတိုင်းမိမိအဘို့ကိုခံ၍ ဝင်စားခြင်းငှါ ၎င်း၊ ကြိုးစားအားထုတ်၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရား သခင့်ကျေးဇူးတော်ကြောင့် အခွင့်ရှိ၏။

တိမောသေ ပဌမစောင် ၆း၁၇ တွင် ဖော်ပြထားသည်မှာ “ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာန စိတ်နှင့် ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကို မကိုးစား ဘဲ၊ ငါတို့ခံစားဘို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာ ပေးသနားတော် မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစာရမည်အကြောင်းနှင့်၊

၎င်းသည် ကျွန်ုပ်တို့ ကိုးကွယ်သော ဘုရားသခင်မျိုး ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ပျော်ရွှင်မှုအတွက် ကမ္ဘာမြေကြီးကို ပေးခဲ့ပါတယ်။ သို့ပေမဲ့ ပြသနာက ကျွန်ုပ်တို့ ရရှိထားတဲ့ အရာပေါ်မှာ မပျော်ရွှင်နိုင်ဘဲ ပိုမိုရရှိဖို့အရေးအတွက် အလုပ်များနေကြပါတယ်။

                          

ရောင့်ရဲခြင်းဆိုင်ရာ လျှို့ဝှက်ချက်ကတော့ ဘုရားသခင်ပေးထားသောအရာတို့ဖြင့် ပျော်ရွှင်နိုင်ဖို့ရန် သင်ယူခြင်း ဖြစ်ပါတယ်။  ဒေသနာကျမ်း ၅း၁၉ “ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ် ဥစ္စာကိုရသော လူတိုင်းမိမိ အဘို့ကိုခံ၍ ဝင်စားခြင်းငှါ ၎င်း၊ ကြိုးစားအားထုတ်၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရားသခင် ကျေးဇူးတော်ကြောင့် အခွင့်ရှိ၏။

များများ ဆုပ်ကိုင်ထားမည့်အစား သင်၌ရှိသောအရာကို အာရုံစိုက်လိုက်ပါ။ မျက်လုံးကို ဖွင့်ပြီး သင့်အား ပေးသနားတော်မူသော အရာကို ချီးမွမ်းပြီး ဝမ်းမြောက်ပျော်ရွှင်လိုက်ပါ။

 

ကျွန်ုပ်အကြိုက်နှစ်သက်ဆုံးသောအရာကတော့ ကျွန်တော်၏ခြံရှိ တောင်ကုန်းစောင်းကနေ နေထွက်ချိန်ကို ကြည့်ခြင်း ဖြစ်ပါတယ်။ ထိုင်ခိုင်တစ်လုံးကို ချထားတာ နှစ်ပေါင်း ၂၀ လုနီးပါးရှိနေပါပြီး။ ရည်ရွယ်ချက်ဖြင့် ကျွန်တော်ဝယ်ယူခဲ့တယ်လို့ ထင်ပါတယ်။ ဈေးမကြီးပါဘူး။ အရောင်မှိန်ဖျော့သွားပြီး ပျဉ်ပြား နှစ်ချပ်မှာတော့ ကျိုးနေခဲ့ပါပြီ။ ထို အိုဟောင်းတဲ့ ကုလားထိုင် အစုတ်ကလေးမှာ ထိုင်ပြီး နေထွက်လာတာခြင်းကို စောင့်ကြည့်ရတာ ကျွန်ုပ်နှစ်သက်ပါတယ်။ ထိုသို့ကြည့်နေရခြင်းက ကျွန်တော့ကို အလွန်ကြည်နူးစေပါတယ်။

 

ထို အိုဟောင်းနေတဲ့ ကုလားထိုင်ခုံ အစား စိန်ဖြင့်ပြုလုပ်ဖန်တီးထားတဲ့ ထိုင်ခုံဖြင့် ထိုင်ပြီး နေထွက်တာကို ကြည့်ရမယ်ဆိုလျှင် ကျွန်တော်ပိုပြီး ပျော်နိုင်မလား။ မပျော်နိုင်ပါဘူး။ ၎င်းက ကျွန်တော့ရဲ့ ပျော်ရွှင်ကြည်နူးမှုကို မတိုးလာစေပါဘူး။ တကယ်တော့ စိန်ထိုင်ခုံမရှိခြင်းက အကျိုးရှိပါတယ်။ ၎င်းအစား အိုဟောင်းနေတဲ့ ထိုင်ခုံရှိခြင်းကို ရောင့်ရဲခြင်းက အကျိုးရှိပြီး ဘယ်သူမှလည်း ခိုးယူမှာ မဟုတ်ပါဘူး။

 

“ငါအခု ဘာကြောင့် မပျော်ရွှင်တာလဲ” လို့ သင့်ကိုယ်သင် ပြန်မေးဖို့ လိုပါတယ်။ ကျွန်ုပ်တို့အများစုတို့သည် “အချိန် နှင့် ထိုအခါ” ဆိုတဲ့အရာကို စိတ်ဝင်စားပါတယ်။ “ဒီလိုဖြစ်လာတဲ့ အချိန်အခါမှာ ငါတော့ ဝမ်းသာမှာဘဲ” လို့ စဉ်းစားကြပါတယ်။

 

“ငါရည်းစား ရတဲ့အခါကျရင်..ငါပျော်ရွှင်လာပါလိမ့်မယ်” ၊ “ငါလက်ထပ်တဲ့အခါကျရင်…ငါပျော်ရွှင်လာပါလိမ့်မယ်” ၊ “ငါသားသမီးရလာတဲ့အခါကျရင် ..ငါပျော်ရွှင်လာပါလိမ့်မယ်”၊ “ငါ့ကလေးတွေ ကျောင်းပြီး သွားရင်..ငါပျော်ရွှင် လာပါလိမ့်မယ်” “ငါနောက်တစ်ခါ အိမ်ထောင်ကျရင် …ပျော်ရွှင်လာပါလိမ့်မယ်”။

 

သို့ပေမဲ့ အမှန်တရားက…သင်ရွေးချယ်သလိုမျိုး သင်ပျော်ရွှင်မှာဖြစ်ပါတယ်။ ယခုတွင် သင်မပျော်ရွှင်ဘူးဆိုလျှင် နောင်တွင်လည်း  သင်ပျော်ရွှင်လာမှာ မဟုတ်ပါဘူး။ ပျော်ရွှင်ခြင်းသည် ရွေးချယ်မှု ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ရှိတဲ့အဆင်းရဲဆုံးသော နေရာတစ်ချို့ဆီသို့ ကျွန်ုပ်သင့်ကို ခေါ်ဆောင်ပြီး အိမ်နီးချင်း နှစ်ဦီးကို ပြချင်ပါတယ်။ တစ်ဦးက စိတ်ဆင်းရဲနေပြီး ကျန်တစ်ဦးမှာ ပျော်ရွှင်ပါတယ်။ ဘာကြောင့်လဲ။ ပျော်ရွှင်ခြင်းဆိုတာ သင်၏ အခြေအနေ နှင့် သင်၏ စိတ်သဘောထားဖြင့် လုပ်ဆောင်သောအရာအားလုံးတို့နှင့် မဆိုင်ပါဘူး။

ယခု သင်လက်ရှိ အသက်ရှင်နေထိုင်တဲ့အရာကို မပျော်ဘူးဆိုလျှင် နောက်ထပ် ပျော်ရွှင်ရဖို့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်ုပ် အာမခံနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်၌ ဘာဘဲရှိရှိ အမြဲတမ်း ပိုမိုလိုချင်နေမှာ ဖြစ်တဲ့ အတွက်ကြောင့် ဖြစ်တယ်။

ပျော်ရွှင်ခြင်းသည် ရွေးချယ်မှု ဖြစ်ပါတယ်။ ဘုရားသခင် သင့်အား ပေးအပ်ထားသော အရာဖြင့် ဝမ်းမြောက်ဖို့ရန် ယခုပင် ရွေးချယ်မှုပြုလိုက်ပါ။

 

ဆင်ခြင်ရန်

- သင်ပြည့်ဝစွာ ဝမ်မြောက်ခြင်း မရှိနိုင်တဲ့ မည်သည့်အရာမျိုးကို ဘုရားသခင် သင့်အား ကောင်းချီးပေးထား ပါသနည်း။

- သင်ဝမ်းမြောက်ပျော်ရွှင်ရဖို့ရန်အတွက် ဘာကို စောင့်ဆိုင်းနေပါသနည်း။

- ဝမ်းမြောက်ခြင်းက ရွေးချယ်မှုဖြစ်တယ်ဆိုလျှင် လူတွေဘာကြောင့် စိတ်မချမ်းသာဖို့ရန် ရွေးချယ်နေကြသနည်း။

-----------------------------------------------------------------------------------------------

Zawgyi Version

သင့္အား ဘုရားသခင္ ေပးထားေသာအရာတို႔ျဖင့္ ဝမ္းေျမာက္ေပ်ာ္႐ႊင္ပါ။

ေဒသနာက်မ္း ၅း၁၉ “ဘုရားသခင္ ေပးသနားေတာ္မူေသာ စည္းစိမ္ ဥစၥာကိုရေသာ လူတိုင္းမိမိအဘို႔ကိုခံ၍ ဝင္စားျခင္းငွါ ၎၊ ႀကိဳးစားအားထုတ္၌ ေပ်ာ္ေမြ႕ျခင္းငွါ၎၊ ဘုရား သခင့္ေက်းဇူးေတာ္ေၾကာင့္ အခြင့္ရွိ၏။” 



တိေမာေသ ပဌမေစာင္ ၆း၁၇ တြင္ ေဖာ္ျပထားသည္မွာ “ဤဘဝ၌ ေငြရတတ္ေသာသူတို႔သည္ မာန္မာန စိတ္ႏွင့္ ကင္းလြတ္၍၊ မၿမဲေသာစည္းစိမ္ကို မကိုးစား ဘဲ၊ ငါတို႔ခံစားဘို႔ရာ အလုံးစုံတို႔ကိုႂကြယ္ဝစြာ ေပးသနားေတာ္ မူေသာ၊ အသက္ရွင္ေတာ္မူေသာ ဘုရားသခင္ကို ကိုးစာရမည္အေၾကာင္းႏွင့္၊”

၎သည္ ကြၽႏ္ုပ္တို႔ ကိုးကြယ္ေသာ ဘုရားသခင္မ်ိဳး ျဖစ္ပါတယ္။ ကြၽႏ္ုပ္တို႔ ေပ်ာ္႐ႊင္မႈအတြက္ ကမာၻေျမႀကီးကို ေပးခဲ့ပါတယ္။ သို႔ေပမဲ့ ျပသနာက ကြၽႏ္ုပ္တို႔ ရရွိထားတဲ့ အရာေပၚမွာ မေပ်ာ္႐ႊင္ႏိုင္ဘဲ ပိုမိုရရွိဖို႔အေရးအတြက္ အလုပ္မ်ားေနၾကပါတယ္။

ေရာင့္ရဲျခင္းဆိုင္ရာ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ ဘုရားသခင္ေပးထားေသာအရာတို႔ျဖင့္ ေပ်ာ္႐ႊင္ႏိုင္ဖို႔ရန္ သင္ယူျခင္း ျဖစ္ပါတယ္။  ေဒသနာက်မ္း ၅း၁၉ “ဘုရားသခင္ ေပးသနားေတာ္မူေသာ စည္းစိမ္ ဥစၥာကိုရေသာ လူတိုင္းမိမိ အဘို႔ကိုခံ၍ ဝင္စားျခင္းငွါ ၎၊ ႀကိဳးစားအားထုတ္၌ ေပ်ာ္ေမြ႕ျခင္းငွါ၎၊ ဘုရားသခင္ ေက်းဇူးေတာ္ေၾကာင့္ အခြင့္ရွိ၏။”

မ်ားမ်ား ဆုပ္ကိုင္ထားမည့္အစား သင္၌ရွိေသာအရာကို အာ႐ုံစိုက္လိုက္ပါ။ မ်က္လုံးကို ဖြင့္ၿပီး သင့္အား ေပးသနားေတာ္မူေသာ အရာကို ခ်ီးမြမ္းၿပီး ဝမ္းေျမာက္ေပ်ာ္႐ႊင္လိုက္ပါ။


ကြၽႏ္ုပ္အႀကိဳက္ႏွစ္သက္ဆုံးေသာအရာကေတာ့ ကြၽန္ေတာ္၏ၿခံရွိ ေတာင္ကုန္းေစာင္းကေန ေနထြက္ခ်ိန္ကို ၾကည့္ျခင္း ျဖစ္ပါတယ္။ ထိုင္ခိုင္တစ္လုံးကို ခ်ထားတာ ႏွစ္ေပါင္း ၂၀ လုနီးပါးရွိေနပါၿပီး။ ရည္႐ြယ္ခ်က္ျဖင့္ ကြၽန္ေတာ္ဝယ္ယူခဲ့တယ္လို႔ ထင္ပါတယ္။ ေဈးမႀကီးပါဘူး။ အေရာင္မွိန္ေဖ်ာ့သြားၿပီး ပ်ဥ္ျပား ႏွစ္ခ်ပ္မွာေတာ့ က်ိဳးေနခဲ့ပါၿပီ။ ထို အိုေဟာင္းတဲ့ ကုလားထိုင္ အစုတ္ကေလးမွာ ထိုင္ၿပီး ေနထြက္လာတာျခင္းကို ေစာင့္ၾကည့္ရတာ ကြၽႏ္ုပ္ႏွစ္သက္ပါတယ္။ ထိုသို႔ၾကည့္ေနရျခင္းက ကြၽန္ေတာ့ကို အလြန္ၾကည္ႏူးေစပါတယ္။


ထို အိုေဟာင္းေနတဲ့ ကုလားထိုင္ခုံ အစား စိန္ျဖင့္ျပဳလုပ္ဖန္တီးထားတဲ့ ထိုင္ခုံျဖင့္ ထိုင္ၿပီး ေနထြက္တာကို ၾကည့္ရမယ္ဆိုလွ်င္ ကြၽန္ေတာ္ပိုၿပီး ေပ်ာ္ႏိုင္မလား။ မေပ်ာ္ႏိုင္ပါဘူး။ ၎က ကြၽန္ေတာ့ရဲ႕ ေပ်ာ္႐ႊင္ၾကည္ႏူးမႈကို မတိုးလာေစပါဘူး။ တကယ္ေတာ့ စိန္ထိုင္ခုံမရွိျခင္းက အက်ိဳးရွိပါတယ္။ ၎အစား အိုေဟာင္းေနတဲ့ ထိုင္ခုံရွိျခင္းကို ေရာင့္ရဲျခင္းက အက်ိဳးရွိၿပီး ဘယ္သူမွလည္း ခိုးယူမွာ မဟုတ္ပါဘူး။


“ငါအခု ဘာေၾကာင့္ မေပ်ာ္႐ႊင္တာလဲ” လို႔ သင့္ကိုယ္သင္ ျပန္ေမးဖို႔ လိုပါတယ္။ ကြၽႏ္ုပ္တို႔အမ်ားစုတို႔သည္ “အခ်ိန္ ႏွင့္ ထိုအခါ” ဆိုတဲ့အရာကို စိတ္ဝင္စားပါတယ္။ “ဒီလိုျဖစ္လာတဲ့ အခ်ိန္အခါမွာ ငါေတာ့ ဝမ္းသာမွာဘဲ” လို႔ စဥ္းစားၾကပါတယ္။


“ငါရည္းစား ရတဲ့အခါက်ရင္..ငါေပ်ာ္႐ႊင္လာပါလိမ့္မယ္” ၊ “ငါလက္ထပ္တဲ့အခါက်ရင္…ငါေပ်ာ္႐ႊင္လာပါလိမ့္မယ္” ၊ “ငါသားသမီးရလာတဲ့အခါက်ရင္ ..ငါေပ်ာ္႐ႊင္လာပါလိမ့္မယ္”၊ “ငါ့ကေလးေတြ ေက်ာင္းၿပီး သြားရင္..ငါေပ်ာ္႐ႊင္ လာပါလိမ့္မယ္” “ငါေနာက္တစ္ခါ အိမ္ေထာင္က်ရင္ …ေပ်ာ္႐ႊင္လာပါလိမ့္မယ္”။


သို႔ေပမဲ့ အမွန္တရားက…သင္ေ႐ြးခ်ယ္သလိုမ်ိဳး သင္ေပ်ာ္႐ႊင္မွာျဖစ္ပါတယ္။ ယခုတြင္ သင္မေပ်ာ္႐ႊင္ဘူးဆိုလွ်င္ ေနာင္တြင္လည္း  သင္ေပ်ာ္႐ႊင္လာမွာ မဟုတ္ပါဘူး။ ေပ်ာ္႐ႊင္ျခင္းသည္ ေ႐ြးခ်ယ္မႈ ျဖစ္ပါတယ္။

ကမာၻေပၚမွာ ရွိတဲ့အဆင္းရဲဆုံးေသာ ေနရာတစ္ခ်ိဳ႕ဆီသို႔ ကြၽႏ္ုပ္သင့္ကို ေခၚေဆာင္ၿပီး အိမ္နီးခ်င္း ႏွစ္ဦီးကို ျပခ်င္ပါတယ္။ တစ္ဦးက စိတ္ဆင္းရဲေနၿပီး က်န္တစ္ဦးမွာ ေပ်ာ္႐ႊင္ပါတယ္။ ဘာေၾကာင့္လဲ။ ေပ်ာ္႐ႊင္ျခင္းဆိုတာ သင္၏ အေျခအေန ႏွင့္ သင္၏ စိတ္သေဘာထားျဖင့္ လုပ္ေဆာင္ေသာအရာအားလုံးတို႔ႏွင့္ မဆိုင္ပါဘူး။ 

ယခု သင္လက္ရွိ အသက္ရွင္ေနထိုင္တဲ့အရာကို မေပ်ာ္ဘူးဆိုလွ်င္ ေနာက္ထပ္ ေပ်ာ္႐ႊင္ရဖို႔ မျဖစ္ႏိုင္ဘူးဆိုတာ ကြၽႏ္ုပ္ အာမခံႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင္၌ ဘာဘဲရွိရွိ အၿမဲတမ္း ပိုမိုလိုခ်င္ေနမွာ ျဖစ္တဲ့ အတြက္ေၾကာင့္ ျဖစ္တယ္။ 

ေပ်ာ္႐ႊင္ျခင္းသည္ ေ႐ြးခ်ယ္မႈ ျဖစ္ပါတယ္။ ဘုရားသခင္ သင့္အား ေပးအပ္ထားေသာ အရာျဖင့္ ဝမ္းေျမာက္ဖို႔ရန္ ယခုပင္ ေ႐ြးခ်ယ္မႈျပဳလိုက္ပါ။


ဆင္ျခင္ရန္

- သင္ျပည့္ဝစြာ ဝမ္ေျမာက္ျခင္း မရွိႏိုင္တဲ့ မည္သည့္အရာမ်ိဳးကို ဘုရားသခင္ သင့္အား ေကာင္းခ်ီးေပးထား ပါသနည္း။ 

- သင္ဝမ္းေျမာက္ေပ်ာ္႐ႊင္ရဖို႔ရန္အတြက္ ဘာကို ေစာင့္ဆိုင္းေနပါသနည္း။

- ဝမ္းေျမာက္ျခင္းက ေ႐ြးခ်ယ္မႈျဖစ္တယ္ဆိုလွ်င္ လူေတြဘာေၾကာင့္ စိတ္မခ်မ္းသာဖို႔ရန္ ေ႐ြးခ်ယ္ေနၾကသနည္း။