Don’t Worry, Trust God!
 Unicode Version
မစိုးရိမ်နှင့်။ ဘုရားသခင်ကို ယုံကြည်ပါ။
ဖိလိပ္ပိဩဝါဒစာ ၄း၁၉ “ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့် မည်။
တစ်နေ့တွင် သင်သည် သူရဲကောင်းဖြစ်နိုင်သလို နောက်တစ်နေ့တွင် အညတြ တစ်ယောက် ဖြစ်နိုင်ပါတယ်။ သန်းကြွယ်သူဌေးဖြစ်နိုင်ပြီး နောက် ဒေဝါလီခံရနိုင်ပါတယ်။ ဘယ်လောက်ဘဲ လုပ်ဆောင်မှုပြုနိုင်ပါစေ ၊ ဘယ်လောက်ဘဲ သိုမှီးစုဆောင်းနိုင်ပါစေ ငွေကြေးတို့သည် မသေချာပါဘူး။
ဒါကြောင့် သင်စိုးရိမ်ပါတယ်။ သိုပေမဲ့ ငွေကြေးပေါ် စိုးရိမ်ခြင်းနှင့်ပတ်သက်ပြီး သမ္မာကျမ်းစာ ကဘာပြောထား သလဲ။
(၁) ၎င်းသည် ယုတ္တိမရှိပါ။
မဿဲ ၆း၂၅ “ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ် သည်မဟုတ်လော။အသက်တာမှာ ကြောက်ရွံ့မှုတွေရှိလာမှာ ဖြစ်ပေမဲ့ ငွေကြေးချို့တဲ့မှုကို ကြောက်ရွံ့ဖို့ မလိုအပ်ပါဘူး။ ဒေဝါလီခံခြင်းကတောင် သင့်ကို အနိုင်ယူလို့မရပါဘူး။ အသက်တာသည် သိုမှီးခြင်းအရာတွေထက် ပိုပါတယ်။ အမှန်တကယ် အရေးကြီးသော အရာကို ဂရုစိုက်ပါ။
(၂) ၎င်းသည် သဘာဝ မကျပါ။
ဘုရားသခင် ဖန်ဆင်းခြင်းအတွက် စိုးရိမ်စရာ မလိုကြောင်းကို လူတွေအား သခင်ယေရှု သတိပေးခဲ့ပါတယ်။ မဿဲ ၆း၂၆ “မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။
(၃) ၎င်းသည် မလိုအပ်ပါ။
ငွေကြေးဆိုင်ရာ ကြောက်ရွံ့ခြင်းသည် ဘုရားသခင်ကို နားမလည်ခြင်း နှင့် သင့်အတွက် လုပ်ဆောင်ပေးမည့် ဟု ကတိပြုထားသည့်အရာတို့ကို နားမလည်ခြင်းကနေ လာတာဖြစ်ပါတယ်။
မဿဲ ၆း၂၈-၃၀ “အဝတ်အဘို့၌ အဘယ်ကြောင့်စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့်။
သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး၏အဝတ်သည် ထိုအပင်တပင်မျှ၏ အဝတ်ကို မမှီဟု ငါဆို၏။
ယုံကြည်အားနည်းသော သူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက် ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်း တော်မူမည် မဟုတ်လော။
ဘုရားသခင်သည် သင်၏ ဖခင်ဖြစ်ပါတယ်။ သင်သည် သားသမီးဖြစ်ပါတယ်။ သင်၏ လိုအပ်ချက်တို့ကို ဖြည့်ဆည်း ပေးပါမည်။
သင်စိုးရိမ်နေတဲ့အခါ ဘုရားသခင်ထံ လှည့်စားပြောဆိုပါတယ်။ ဘုရားသခင်ပြောတဲ့ သင့်အား စောင့်ရှောက်မည် ဆိုတဲ့အရာတစ်ခုခုအတွက် သင်က တာဝန်ရှိနေတယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။ ဖိလိပ္ပိ ၄း၁၉ တွင် တမန်တော် ရှင်ပေါလု ဖော်ပြထားသည်မှာ “ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိ သည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။
သင့်အသက်တာတွင် ဖြစ်နေသည့်အရာတွေ နှင့် သင်၏ငွေကြေးအခြေအနေတို့ကို ဘုရားသခင် သိပါတယ်။ သင်မတောင်းခင်အချိန်ကပင် သင်၏ လိုအပ်ချက်အားလုံးတို့ကို ဘုရားသခင် သိပြီးဖြစ်ပါတယ်။ သင့်အား စောင့်ရှောက်မည်ကို သင်ယုံကြည်နိုင်ပါတယ်။
ဆင်ခြင်ရန်
- အသက်တာတွင် ငွေကြေးသည် တစ်ခါတစ်ရံ အရေးအကြီးဆုံးအရာလို့ ခံစားနိုင်ဖွယ်ရှိပါတယ်။ သို့ပေမဲ့ သင်၏ အသက်တာတွင် မည်သို့သောအရာက သင်၏ငွေကြေးထက် အမှန်တကယ် အရေးကြီးပါသနည်း။
- ဘုရားသခင်၏ ယုံကြည်ကိုးစားခြင်းနှင့် သင်၏ကောင်းသော ဘဏ္ဍာစိုးတစ်ဉီးဖြစ်ခြင်းတို့ကို မည်ကဲ့သို့ ချင့်ချိန်ပါသနည်း။
- ငွေကြေးတို့အပေါ် သင်စတင်စိုးရိမ်လာတဲ့အခါမှာ သမ္မာကျမ်းစာမှ မည်သို့သော ကတိတော်များက သင့်အား အားပေးမှု ဖြစ်စေပါသနည်း။
-------------------------------------------------------------------
Zawgyi Version
(၂) ၎င်းသည် သဘာဝ မကျပါ။
(၃) ၎င်းသည် မလိုအပ်ပါ။
ဆင်ခြင်ရန်