Unicode Version
သင်၏ ငွေကြေးအရာ၌ ကြောက်ရွံ့ခြင်းထက် ယုံကြည်ခြင်းကို ရွေးချယ်ပါ။
ရှင်မဿဲခရစ်ဝင်ကျမ်း ၂၅း၂၈-၂၉ “ထို့ကြောင့်
အခွက်တဆယ်ကို ထိုသူ၏ လက်မှနှုတ်ကြ။ အခွက်တရာရှိ သောသူကို ပေးကြ။ အကြောင်းမူကား၊ အကြင်သူသည်ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ
ပေးဦးမည်။ အကြင်သူ သည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။”
မည်သည့်အရာက
သင်၏အသက်တာကို ရင်းနှီးမြှုပ်နှံခြင်းမှ တားဆီးနေပါသနည်း။ ငွေရေးကြေးရေး လွှတ်မြောက်
ခြင်းဆီသို့ ပြောင်းလဲသွားဖို့ရန် မည်သည့်အရာက တားဆီးနေပါသနည်း။ ထိုအရာကို ကျွန်ုပ်ပြောပြပါ
မည်။ ကြောက်ရွံ့ခြင်း ဖြစ်ပါတယ်။
သမ္မာကျမ်းစာတွင်
ဘုရားသခင်အာမခံထားသည့် ငွေကြေးဆိုင်ရာ သဘောတရားတို့ကို သင်ရှာဖွေနိုင်ပါတယ်။ ထိုသဘောတရားတို့နောက်
သင်လိုက်လျှောက်တဲ့အခါ ကောင်းချီးခံစားရမယ်လို့ ဘုရားသခင် ကတိပေးထား ပါတယ်။ သို့ပေမဲ့
၎င်းသည် ယုံကြည်ခြင်း လိုအပ်ပြီး လူတော်တော်များများကို ကြောက်ရွံ့စေတာ ဖြစ်ပါတယ်။
ဘုရားသခင်၏ နည်းလမ်းအတိုင်း လုပ်ဆောင်ရန် ကြောက်ရွံ့ကြပါတယ်။
များစွာသော
ကြောက်ရွံ့ခြင်းတို့သည် သင့်အား တွန်းလှန်နိုင်ပါတယ်။ အကြောက်တရားတစ်မျိုးသည် “နင်အရင်အချိန်တုန်းက
ကျရှုံးခဲ့ပြီလေ.. နောက်တစ်ခါ ထပ်ကြိုးစားမှာ မဟုတ်တော့ပါဘူး” ဆိုတဲ့ မိမိကိုယ်ကို
သံသယဖြစ်ခြင်း ဖြစ်ပါတယ်။ သို့ပေမဲ့ ကျရှုံးခြင်းအရာကလည်း
သင်အရှုံးပေးသင့်ပါတယ်လို့ မဆိုလိုပါ။ လူတိုင်း ကျရှုံးပါကြတယ်။ ၎င်းသည် သင်လေ့လာနေသော
အရာများကို လေ့လာရန် တစ်ခုတည်းသော နည်းလမ်းဖြစ် ပါတယ်။ ကျရှုံးပြီးနောက်ပိုင်းတွင်
အရှုံးပေးမည့်အစား ဆက်လက် လုပ်ဆောင်ရန် ရွေးချယ်မှုပြုသော သာမာန်လူ တွေကို ဘုရားသခင်
အသုံးပြုပါတယ်။
တပည့်တော်
နှစ်ဦးဖြစ်တဲ့ ယုဒ နှင့် ပေတရုတို့သည် ယေရှု ကားစင်အတင်မသတ်ခံရခင်တွင် ယေရှုကို ငြင်းပယ်ခဲ့ကြပါတယ်။
သူတို့နှစ်ဦလုံး တူညီတဲ့ အပြစ်ကို ကျူးလွန်ခဲ့ပေမဲ့ ခြားနားချက်မှာ မိမိတို့ ရှုံးနှိမ့်မှုကို
အသီးသီး တုံ့ပြန်ပုံ ဖြစ်ပါတယ်။ ယုဒသည် ဘုရားသခင်၏ အပြစ်လွှတ်ခြင်း အစား သူ၏ အပြစ်အပေါ်တွင်
အာရုံစိုက်ခဲ့ပါတယ်။ သူ၏ နောင်တသည် သူ့ကို လွှမ်းမိုးသွားခဲ့ပြီး နောက်ဆုံးတွင် သူ၏
အသက်ကို အဆုံးစီရင် ခဲ့ပါတယ်။
ပေတရုကတော့
သူ၏ အပြစ်ကို သဘောပေါက်နားလည်သွားတဲ့အခါတွင် ဆုတောင်းခဲ့ပါတယ်။ နောင်တရခဲ့ပြီး အပြစ်လွှတ်ခြင်းအတွက်
ဘုရားသခင်ထံ ဆုတောင်းခဲ့ပါတယ်။ ထို့နောက် သခင်ယေရှုက ပေတရုကို ပင်တေ ကုတ္တေပွဲတွင်
နှုတ်ကပတ်တော် ဟောပြောရန် ရွေးချယ်ခဲ့ပြီး ပထမဆုံးသောနေ့တွင် လူ သုံးထောင်ကို ကယ်တင်ခဲ့
ပါတယ်။ အကြီးမားဆုံးသော ကျရှုံးမှုပေါ် အသင်းတော်တည်ဆောက်ဖို့ရန် သခင်ယေရှု ရွေးချယ်ခဲ့
ပါတယ်။
ဘုရားသခင်က
ဘယ်လိုပါလိမ့်။ နာမည်ကြီးတဲ့သူတွေကို မရွေးချယ်ခဲ့ပါဘူး။ အဆိုးဆုံးသောအရာတွင် လွှင့်ပါးနေသော
သူကိုရွေးချယ်ပါတယ်။
ငွေးကြေးအရာ
(သို့) တခြားသော အကြောင်းအရာတို့တွင် သင်ရှုပ်ထွေးနေပေမည်။ သို့ပေမဲ့ သင်ဘယ်ကို ရောက်ရောက်
အရေးမကြီးပါဘူး။ အရေးကြီးတာက သင်အခု သွားနေသော ဦးတည်ရာလမ်းကသာ အရေးကြီး ပါတယ်။
ရှင်မဿဲခရစ်ဝင်ကျမ်း
အခန်းကြီး ၂၅ တွင် စွမ်းရည်နှင့်ဆိုင်သော ဆုံးမခြင်းပုံဆောင်ပြောကြားခြင်းတွင် သူဌေးတစ်ဉီးသည်
ခရီးရှည်မထွက်ခင် သူ၏ငွေတို့ကို ငယ်သား (၃)ဦးတို့ထံတွင် အပ်နှံခဲ့ပါတယ်။ သူပြန်ရောက်
လာသောအခါ ငယ်သားတို့ထံမှ စာရင်းကို မေးမြန်းခဲ့ပါတယ်။ အစေခံ (၂) ဦီးမှာ သခင်၏ ငွေတို့ကို
နှစ်ဆ ပြုခဲ့ကြပေမဲ့ ကျန်တစ်ဦးမှာ ငွေတို့ကို ရင်းနှီးခြင်း နှင့် လုပ်ဆောင်မှု ပြုမည့်အစား
ကြောက်ရွံ့နေခဲ့သောကြောင့် ဝှက်ထားခဲ့ပါတယ်။ သူ၏ ကြောက်ရွံ့ခြင်းက သခင်ကို စိတ်ပျက်စေပြီး
ဒေါသထွက်စေခဲ့ပါတယ်။ သခင်က “ဤငယ်သားဆီက ငွေတို့ကို ယူပြီး ငွေအခွက် တစ်ရာ ရသော ငယ်သားအား
ပေးလော့” ဟု ဆိုပါတယ်။ မိုက်သော ငယ်သားဆီမှ ပေးအပ်ထားသောအရာ မှန်သမျှတို့ကို ပြန်လည်သိမ်းယူခဲ့ပါတယ်။
ဘုရားသခင်၏ အလိုတော်လမ်းအတိုင်း သင်ကြိုးစားလုပ်ဆောင်တဲ့အခါမှာ ကြောက်ရွံ့ခြင်းကတော့
မကြာမကြာ ပေါ်လာမှာ ဖြစ်ပါတယ်။ ဘုရားသခင်ပေးအပ်ထားတဲ့ ငွေကြေးတို့ကို ကောင်းစွာ ထိန်းသိမ်းဖို့အတွက်
သင်၏စွမ်းရည်ပေါ် သံသယစိတ်ကို သွင်းခြင်း
(သို့) ကျရှုံးခြင်းဆိုတဲ့ ကြောက်ရွံ့ခြင်းကိုလည်း ဖြစ်စေခြင်းဖြင့် ငွေကြေးအပေါ်
စီမံခန့်ခွဲခြင်းအတွက် ဘုရားသခင် နည်းလမ်းတို့ကို လစ်လျူရှုဖို့ရန် စာတန် ကြိုးစားပါလိမ့်မည်။
သို့ပေမဲ့ အသက်တာတွင် အောင်မြင်စေဖို့ရန် သင်၏ ကြောက်ရွံ့ခြင်းတို့ကို
ဆန့်ကျင်ရပါမည်။ သင်အကြောက် ဆုံးသော အရာကို သင်လုပ်ဆောင်ရပါမည်။
ငွေကြေးအရာ၌
ငြိမ်းချမ်းဖို့အတွက် ဘုရားသခင်၏ လမ်းညွှန်ချက်တို့ကို လိုက်လျှောက်ပြီး ယုံကြည်ခြင်းဖြင့် ရှေ့ဆက်တဲ့အခါမှာ ဘုရားသခင်၏
ကောင်းချီးမင်္ဂလာကိုသာမက ပိုမိုသော အရင်းအမြစ်နှင့် တာဝန်ရှိခြင်းတို့ကိုပါ တွေ့ကြုံခံစားပါမည်။
ရှင်မဿဲခရစ်ဝင်ကျမ်း ၂၅း၂၉ တွင် ဆိုထားသည်မှာ “အကြောင်းမူကား၊ အကြင်သူသည်ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူ သည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။”
As Matthew 25:29 says, “To those who use well what they are given, even more will be given, and they will have an abundance. But from those who do nothing, even what little they have will be taken away” (NLT).
-------------------------------------------------------------------------------------------------
Zawgyi Version