Unicode Version
ဘုရားသခင် (သို့) ငွေကြေး ကိုသင်အစေခံနေပါသလား။
လုကာခရစ်ဝင်ကျမ်း ၁၆း၁၃ “အဘယ်အစေခံမျှ
သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကို ချစ်မည်။ သခင်တဦး မှီခို၍
တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီ စည်းစိမ်၏အစေကို၎င်း
မခံနိုင်ကြဟု မိန့်တော်မူ၏။”
ဘုရားသခင်က
သင့်ကို တစ်စုံတစ်ခုကို ပေးကမ်းလိုက်လို့ ပြောပါလျှင် သင်က “အဖဘုရား..တခြားသော ဘယ်
အရာကိုမဆို ကျွန်ုပ်ပေးနိုင်ပေမဲ့ ထိုအရာကလွှဲရင်ပေါ့” လို့ ဆိုပါမည်။ ဒါကြောင့် ထိုအရာကို
သင်မပိုင်ဆိုင်ပါ။ ထိုအရာက သင့်ကို ပိုင်ဆိုင်လိုက်ပါပြီ။
မည်သူ
(သို့) မည်သည့်အရာပေါ် ထမ်းဆောင်ရန် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ သင်၏ ပေးကမ်းမှုသည် သင်၏
ဆုံးဖြတ်ချက်ကို ထင်ဟပ်စေပါလိမ့်မည်။ သင့်အသက်တာတွင် ထာဝရဘုရားရှင်သည် သင်၏ သခင် ဖြစ်တယ်
ဆိုလျှင် သင့် ပိုက်ဆံအိတ်၏ သခင်လည်း သူဖြစ်သင့်ပါတယ်။
တစ်ခါက
ကြွယ်ဝချမ်းသာတဲ့သူတစ်ဦးသည် ခရစ်ယာန်တို့ပြုသည့် ဆယ်ဖို့ တစ်ဖို့ထက် လွန်စွာသော အဖို့ကို
ပေးကမ်းပါတယ်။ သို့ပေမဲ့ ထိုနည်းအတိုင်းပြုခြင်းက သူ့အတွက် အမြဲတမ်းတော့ မဟုတ်ခဲ့ပါဘူး။
နှစ်အတန် ကြာပြီးနောက် ငွေကြေး အရာ၌ စီစဉ်ညွှန်ကြားတတ်သောသူနှင့် တွေ့ဆုံခဲ့ပါတယ်။
သူတို့ အတန်ကြာစကား ပြောပြီးနောက်တွင် ငွေကြေးကို စီစဉ်ညွှန်ကြားတတ်သောသူက စာရွက်တစ်ရွက်ပေါ်
သေတ္တာတစ်လုံးကို ဆွဲလိုက်ပါတယ်။ သေတ္တာ၏ အပြင်ဘက်မှာ သင်္ကေတ (၂) ခုကို ဆွဲလိုက်ပါတယ်။
ငွေကို ကိုယ်စားပြုတဲ့ သင်္ကေတ နှင့် ခရစ်တော်ကို ကိုယ်စားပြုတဲ့ ကားတိုင် ဖြစ်ပါတယ်။
ပြီးတော့
“သင်၌ရှိသော အာရုံစူးစိုက်မှုတွင်
အရာနှစ်မျိုးကို ကျွန်ုပ်ကြားသိရပါတယ်။ သင့်အသက်တာကို ကိုယ်စား ပြုပြီး ဤသေတ္တာပေါ်တွင်
အသက်တာဗဟိုဖြစ်တဲ့ မည့်သည့်အရာကို ထားရှိမလဲဆိုတာ သင်မပြော သရွေ့ သင့်အသက်တာ အစီအစဉ်တို့ကို
ညွှန်ကြားပေးဖို့ရန် ကျွန်ုပ် မကူညီနိုင်ပါဘူး” လို့ပြောခဲ့ပါတယ်။
ထိုအကြောင်းအရာကို
သူဌေးသည် ခဏမျှ စဉ်းစားပြီးနောက် “ကျွန်ုပ်အသက်တာ၏ အလယ်ဗဟိုတွင် သခင်ယေရှုကို ထားရှိချင်ပါတယ်”
လို့ပြောလိုက်ပါတယ်။ ၎င်းသည် အလှည့်အပြောင်းတစ်ခုဖြစ်ပြီး ထာဝရတွင် စတင်ရင်းနှီး မြှုပ်နှံခြင်း
ဖြစ်ခဲ့ပါတယ်။
တစ်ယောက်ယောက်က
သင့်အသက်တာ ကိုယ်စားပြုတဲ့ သေတ္တာတစ်လုံးကို ဆွဲမယ်ဆိုလျှင် ထိုသေတ္တာသည် ၏ အလယ်ဗဟို၌
မည်သို့သောအရာ ရှိမည်နည်း။ သင်က ဘာကိုပြောမည်နည်း။ ငွေကြေး (သို့) ကားတိုင် ဆိုတဲ့
သင်္ကေတလား။ သင်၏ ဘဏ်စရင်းက အဖြေကို အထောက်အမ ပေးမည်လား။ တစ်ခုခုက သင့်အသက်တာတွင် ဦးစွာ
နေရာယူပြီးလို့ သင်ပြောနိုင်ပေမဲ့ သင်အသုံးပြုလိုက်သော အချိန်နှင့်ငွေကြေးတို့က အမှန်တရားကို
ဖော်ပြ နေမှာ ဖြစ်ပါတယ်။
သင်၏
ငွေကြေးတို့နှင့် ပတ်သက်လာလျှင် ဆုံးဖြတ်ချက် (၂) ခုချဖို့ရှိပါတယ်။ ပထမဦးစွာ မည်သူ့က
သင်၏ သခင် ဖြစ်မည်နည်း။ ဒုတိယအနေဖြင့် သင်၏ငွေတို့ကို ဘယ်မှာ အသုံးပြုမည်နည်း။ နိစ္စထာဝရတွင်လား
(သို့)ဤလောက နေရာတွင်လား။
သခင်ယေရှုက
ပြောထားသည်မှာ “သံချေး၊ ပိုးရွ
မဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူး ကြလော့။
အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏
စိတ်နှလုံးရောက် တတ်၏။” မဿဲ ၆း၂၀-၂၁
ဘုရားသခင်က သင်၏ငွေတွေကို မလိုအပ်ပါဘူး။ သင်၏ နှလုံးသားထဲမှာ ကိုယ်စားပြုနေတဲ့အရာကို
အလိုတော်ရှိပါတယ်။ သင်၏ငွေကြေးတို့ကို ဘုရားသခင် ထိန်းချုပ်ပေးဖို့ရန် အပ်နှံခြင်းအားဖြင့်
သင်၏စိတ် နှလုံးသား တစ်ခုလုံးကို သူ ပိုင်ဆိုင်ကြောင်း ဖော်ပြလိုက်ပါ။ ဘုရားသခင် နှင့်
တခြားသူတို့ပေါ် အမှုတော် ထမ်းရွက်ခြင်းအရာ၌ ဆပ်ကပ်ဖို့ရန် ဘုရားသခင် သင့်အား ပြောသောအရာကို
ယနေ့တွင် ပေးအပ်ဖို့ရန် ဝန်ခံလိုက်ပါ။
ဆင်ခြင်ရန်
-
လူတွေ ဘာကြောင့်များ ငွေကြေးကို တင်းကျပ်စွာ ဆုပ်ကိုင်ကြပါသနည်း။
-
ဘုရားသခင်က သင်၏ငွေကို မလိုအပ်ပါဘူး။ ၎င်းကို သိရှိခြင်းအရာက ဆယ်ဖို့တစ်ဖို့နှင့် ပတ်သက်သော
သင်၏စိတ်သဘောထားကို မည်ကဲ့သို့ သက်ရောက်မှု ဖြစ်စေပါသနည်း။
-
သင်၏ သေတ္တာ ပေါ်တွင် မည်သည့်အရာကို အလယ်ဗဟို ထားချင်ပါသနည်း။ ထိုဆုံးဖြတ်ချက်သည် သင့်အသက်တာအတွက်
မည်သို့သော ပြောင်းလဲမှုများကို လိုအပ်မည်နည်း။
-------------------------------------------------------------------
Zawgyi Version
ဘုရားသခင္ (သို႔) ေငြေၾကး ကိုသင္အေစခံေနပါသလား။
လုကာခရစ္ဝင္က်မ္း ၁၆း၁၃ “အဘယ္အေစခံမွ် သခင္ႏွစ္ဦးအေစကို မခံႏိုင္။ သခင္တဦးကိုမုန္း၍ တဦးကို ခ်စ္မည္။ သခင္တဦး မွီခို၍ တဦးကို မခန္႔မညားျပဳမည္။ သင္တို႔သည္ ဘုရားသခင္၏ အေစကို၎၊ ေလာကီ စည္းစိမ္၏အေစကို၎ မခံႏိုင္ၾကဟု မိန္႔ေတာ္မူ၏။”
ဘုရားသခင္က သင့္ကို တစ္စုံတစ္ခုကို ေပးကမ္းလိုက္လို႔ ေျပာပါလွ်င္ သင္က “အဖဘုရား..တျခားေသာ ဘယ္ အရာကိုမဆို ကြၽႏ္ုပ္ေပးႏိုင္ေပမဲ့ ထိုအရာကလႊဲရင္ေပါ့” လို႔ ဆိုပါမည္။ ဒါေၾကာင့္ ထိုအရာကို သင္မပိုင္ဆိုင္ပါ။ ထိုအရာက သင့္ကို ပိုင္ဆိုင္လိုက္ပါၿပီ။
မည္သူ (သို႔) မည္သည့္အရာေပၚ ထမ္းေဆာင္ရန္ ဆုံးျဖတ္ရမွာ ျဖစ္ပါတယ္။ သင္၏ ေပးကမ္းမႈသည္ သင္၏ ဆုံးျဖတ္ခ်က္ကို ထင္ဟပ္ေစပါလိမ့္မည္။ သင့္အသက္တာတြင္ ထာဝရဘုရားရွင္သည္ သင္၏ သခင္ ျဖစ္တယ္ ဆိုလွ်င္ သင့္ ပိုက္ဆံအိတ္၏ သခင္လည္း သူျဖစ္သင့္ပါတယ္။
တစ္ခါက ႂကြယ္ဝခ်မ္းသာတဲ့သူတစ္ဦးသည္ ခရစ္ယာန္တို႔ျပဳသည့္ ဆယ္ဖို႔ တစ္ဖို႔ထက္ လြန္စြာေသာ အဖို႔ကို ေပးကမ္းပါတယ္။ သို႔ေပမဲ့ ထိုနည္းအတိုင္းျပဳျခင္းက သူ႔အတြက္ အၿမဲတမ္းေတာ့ မဟုတ္ခဲ့ပါဘူး။ ႏွစ္အတန္ ၾကာၿပီးေနာက္ ေငြေၾကး အရာ၌ စီစဥ္ၫႊန္ၾကားတတ္ေသာသူႏွင့္ ေတြ႕ဆုံခဲ့ပါတယ္။ သူတို႔ အတန္ၾကာစကား ေျပာၿပီးေနာက္တြင္ ေငြေၾကးကို စီစဥ္ၫႊန္ၾကားတတ္ေသာသူက စာ႐ြက္တစ္႐ြက္ေပၚ ေသတၱာတစ္လုံးကို ဆြဲလိုက္ပါတယ္။ ေသတၱာ၏ အျပင္ဘက္မွာ သေကၤတ (၂) ခုကို ဆြဲလိုက္ပါတယ္။ ေငြကို ကိုယ္စားျပဳတဲ့ သေကၤတ ႏွင့္ ခရစ္ေတာ္ကို ကိုယ္စားျပဳတဲ့ ကားတိုင္ ျဖစ္ပါတယ္။
ၿပီးေတာ့ “သင္၌ရွိေသာ အာ႐ုံစူးစိုက္မႈတြင္ အရာႏွစ္မ်ိဳးကို ကြၽႏ္ုပ္ၾကားသိရပါတယ္။ သင့္အသက္တာကို ကိုယ္စား ျပဳၿပီး ဤေသတၱာေပၚတြင္ အသက္တာဗဟိုျဖစ္တဲ့ မည့္သည့္အရာကို ထားရွိမလဲဆိုတာ သင္မေျပာ သေ႐ြ႕ သင့္အသက္တာ အစီအစဥ္တို႔ကို ၫႊန္ၾကားေပးဖို႔ရန္ ကြၽႏ္ုပ္ မကူညီႏိုင္ပါဘူး” လို႔ေျပာခဲ့ပါတယ္။
ထိုအေၾကာင္းအရာကို သူေဌးသည္ ခဏမွ် စဥ္းစားၿပီးေနာက္ “ကြၽႏ္ုပ္အသက္တာ၏ အလယ္ဗဟိုတြင္ သခင္ေယရႈကို ထားရွိခ်င္ပါတယ္” လို႔ေျပာလိုက္ပါတယ္။ ၎သည္ အလွည့္အေျပာင္းတစ္ခုျဖစ္ၿပီး ထာဝရတြင္ စတင္ရင္းႏွီး ျမႇဳပ္ႏွံျခင္း ျဖစ္ခဲ့ပါတယ္။
တစ္ေယာက္ေယာက္က သင့္အသက္တာ ကိုယ္စားျပဳတဲ့ ေသတၱာတစ္လုံးကို ဆြဲမယ္ဆိုလွ်င္ ထိုေသတၱာသည္ ၏ အလယ္ဗဟို၌ မည္သို႔ေသာအရာ ရွိမည္နည္း။ သင္က ဘာကိုေျပာမည္နည္း။ ေငြေၾကး (သို႔) ကားတိုင္ ဆိုတဲ့ သေကၤတလား။ သင္၏ ဘဏ္စရင္းက အေျဖကို အေထာက္အမ ေပးမည္လား။ တစ္ခုခုက သင့္အသက္တာတြင္ ဦးစြာ ေနရာယူၿပီးလို႔ သင္ေျပာႏိုင္ေပမဲ့ သင္အသုံးျပဳလိုက္ေသာ အခ်ိန္ႏွင့္ေငြေၾကးတို႔က အမွန္တရားကို ေဖာ္ျပ ေနမွာ ျဖစ္ပါတယ္။
သင္၏ ေငြေၾကးတို႔ႏွင့္ ပတ္သက္လာလွ်င္ ဆုံးျဖတ္ခ်က္ (၂) ခုခ်ဖို႔ရွိပါတယ္။ ပထမဦးစြာ မည္သူ႔က သင္၏ သခင္ ျဖစ္မည္နည္း။ ဒုတိယအေနျဖင့္ သင္၏ေငြတို႔ကို ဘယ္မွာ အသုံးျပဳမည္နည္း။ နိစၥထာဝရတြင္လား (သို႔)ဤေလာက ေနရာတြင္လား။
သခင္ေယရႈက ေျပာထားသည္မွာ “သံေခ်း၊ ပိုး႐ြ မဖ်က္ဆီး၍ သူခိုးမထြင္းမေဖာက္ မခိုးမယူရာ ေကာင္းကင္ဘုံ၌ ဘ႑ာကိုဆည္းဖူး ၾကေလာ့။ အေၾကာင္းမူကား၊ အၾကင္အရပ္၌ သင္တို႔၏ဘ႑ာရွိ၏။ ထိုအရပ္သို႔ သင္တို႔၏ စိတ္ႏွလုံးေရာက္ တတ္၏။” မႆဲ ၆း၂၀-၂၁
ဘုရားသခင္က သင္၏ေငြေတြကို မလိုအပ္ပါဘူး။ သင္၏ ႏွလုံးသားထဲမွာ ကိုယ္စားျပဳေနတဲ့အရာကို အလိုေတာ္ရွိပါတယ္။ သင္၏ေငြေၾကးတို႔ကို ဘုရားသခင္ ထိန္းခ်ဳပ္ေပးဖို႔ရန္ အပ္ႏွံျခင္းအားျဖင့္ သင္၏စိတ္ ႏွလုံးသား တစ္ခုလုံးကို သူ ပိုင္ဆိုင္ေၾကာင္း ေဖာ္ျပလိုက္ပါ။ ဘုရားသခင္ ႏွင့္ တျခားသူတို႔ေပၚ အမႈေတာ္ ထမ္း႐ြက္ျခင္းအရာ၌ ဆပ္ကပ္ဖို႔ရန္ ဘုရားသခင္ သင့္အား ေျပာေသာအရာကို ယေန႔တြင္ ေပးအပ္ဖို႔ရန္ ဝန္ခံလိုက္ပါ။
ဆင္ျခင္ရန္
- လူေတြ ဘာေၾကာင့္မ်ား ေငြေၾကးကို တင္းက်ပ္စြာ ဆုပ္ကိုင္ၾကပါသနည္း။
- ဘုရားသခင္က သင္၏ေငြကို မလိုအပ္ပါဘူး။ ၎ကို သိရွိျခင္းအရာက ဆယ္ဖို႔တစ္ဖို႔ႏွင့္ ပတ္သက္ေသာ သင္၏စိတ္သေဘာထားကို မည္ကဲ့သို႔ သက္ေရာက္မႈ ျဖစ္ေစပါသနည္း။
- သင္၏ ေသတၱာ ေပၚတြင္ မည္သည့္အရာကို အလယ္ဗဟို ထားခ်င္ပါသနည္း။ ထိုဆုံးျဖတ္ခ်က္သည္ သင့္အသက္တာအတြက္ မည္သို႔ေသာ ေျပာင္းလဲမႈမ်ားကို လိုအပ္မည္နည္း။