Are You Possessed by Your Possessions?

 Unicode Version

သင်၏ ပိုင်ဆိုင်မှုအားဖြင့် သင်ထိန်းချုပ်ခံနေရပါသလား။

ဆာလံကျမ်း ၁၇း၁၅ “အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်။ နိုးသောအခါ ပုံသဏ္ဍာန်တော် အားဖြင့် အကျွန်ုပ်ကို ပြည့်စုံရပါလိမ့်မည်။

Psalm 17:15 (TLB)

“But as for me, my contentment is not in wealth but in seeing you and knowing all is well between us. And when I awake in heaven, I will be fully satisfied, for I will see you face-to-face.”

အသက်တာသည် အရာဝတ္တုတို့အားဖြင့် မဟုတ်ပါဘူး။ ကျွန်ုပ်တို့ ပိုင်ဆိုင်သောအရာနှင့် ပတ်သက်ပြီး မှန်ကန်တဲ့ အမြင်ကို ထိန်းသိမ်းဖို့ရန် လိုပါတယ်။ (သို့) သင်၏ ပိုင်ဆိုင်မှုတို့ဖြင့် သင် ဖမ်းချုပ်ခံရပါလိမ့်မည်။ ထိုအရာတို့ ကလည်း တည်မြဲတဲ့အရာတွေ မဟုတ်ဘူးဆိုတာကို သင်နားလည်ထားဖို့ ဖြစ်ပါတယ်။

ရှင်လုကာ ခရစ်ဝင်ကျမ်း ၁၂း၁၅ တွင် သခင်ယေရှု ဆိုထားသည်မှာ “ထိုမှတပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော် လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူ၏။

 

သင်၏ တန်ဖိုးကို သင်၏ ပိုင်ဆိုင်မှုပေါ်မှာ ဘယ်တော့မှ မဆုံးဖြတ် မစီရင်ပါနှင့်။ သင်၏တန်ဖိုးသည် သင်၏ပိုင်ဆိုင်မှု တန်ဖိုးနှင့် ဆက်စပ်တယ်လို့ ဘယ်တော့မှ မတွေးပါနှင့်။ လောကမှာ ရှိတဲ့ အကြီးမြတ်ဆုံးသော အရာက ပစ္စည်းဥစ္စာတွေ မဟုတ်ပါဘူး။ ဤလောကထဲကို သင်ဘာမှ ယူဆောင်လာတာ မရှိခဲ့ပါဘူး။ ဘယ်အရာကိုမှလည်း သင်ယူသွားလို့ မရပါဘူး။ အသက်တာဆိုတာ အောင်မြင်မှု ရယူခြင်း (သို့) ရှာမှီးရရှိသော ဥစ္စာနှင့် မဆိုင်ပါဘူး။ ပေါင်းသင်းဆက်ဆံရေး ၊ ဘုရားသခင် နှင့် လူတွေကို ဘယ်လို မေတ္တာထားရှိမလဲ ဆိုတာကို လေ့လာခြင်း ဖြစ်ပါတယ်။  

 

အသက်တာသည် ပစ္စည်းဥစ္စာနှင့် မဆိုင်ကြောင်းကို သတိရဖို့ရန် အကောင်းဆုံးသော နည်းမှာ အသက်တာကို ထာဝရပေါ်တွင် တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ထာဝရ တည်မြဲမည့်အရာပေါ်တွင် အာရုံစိုက်လိုက်ပါ။ ပိုင်ဆိုင်မှု အားလုံးတို့သည် ယာယီသာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အသက်တာကို ပစ္စည်းဥစ္စာ ပိုင်ဆိုင်ရယူခြင်းပေါ်တွင် မတည်ဆောက်ပါနှင့်။ “ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏လူ” ဤနှစ်မျိုး သာလျှင် ထာဝရတည်မြဲမည့်အရာ ဖြစ်ပါတယ်။

 

သင်၌ ရွေးချယ်မှုတစ်ခု ပြုရပါမည်။ ပိုပြီး ပျော်ရွှင်ရဖို့ ၊ ပိုပြီး အောင်မြင်မှုရဖို့ ၊ ပိုပြီး တန်ဖိုးတက်ဖို့ ၊ ပိုပြီး လုံခြုံဖို့ရန် ပိုင်ဆိုင်မှု ရှိဖို့လိုတယ်လို့ လောက ကမ္ဘာကြီးကတော့ ပြောနေပါတယ်။ ဒါကြောင့် သင်ဆုံးဖြတ်ဖို့ လိုပါတယ်။ လောက သဘောထားနှင့်နည်းလမ်း ကို နားထောင်မလား (သို့) သင်၏အကြီးအကဲကို နားထောင်မလား။ ထုံးဓမ်းဓလေ့ကို နားထောင်မလား (သို့) ယေရှုခရစ်တော် ကို နားထောင်မလား။ လောကကိုလား နှုတ်ကပတ် တော်ကိုလား။ တစ်ခုကတော့ သင့်အသက်တာတစ်လျှောက် စိတ်မကျေနပ်ခြင်းကို ပေးပါလိမ့်မည်။ တစ်ခုကတော့ စစ်မှန်တဲ့ ပျော်ရွှင်ခြင်းကို ပေးပါလိမ့်မည်။

 

ငွေကြေးဆိုင်ရာ လွှတ်ခြင်းဆီသို့ သင်ရွေ့လျားခြင်း မပြုနိုင်ခင်မှာ သင့်ကိုယ်သင် မေးသင့်ပါတယ်။ “မည်သည့်အရာက ငါ့အသက်တာ၏ အဓိက ရည်ရွယ်ချက်လဲ” ပိုမို ရှာဖွေပိုင်ဆိုင်ရဖို့လား။ ငါဘာကို စဉ်းစားတာလဲ။ ငါဘာအကြောင်းတွေ ပြောနေတာလဲ။ ငါဘာကို အာရုံစိုက်နေတာလဲ။ ဘာအတွက် အသက်ရှင် နေတာလဲ။”

 

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။ အသက်ရှင်နေထိုင်နေတဲ့သူတွေ အများကြီးရှိတာကို သင်တွေ့မြင် ပါလိမ့်မည်။ သင်၏ အသိုင်းအဝိုင်း ၊ ဝန်းကျင် ထဲတွင် စီးပွားရေး အောင်မြင်သောသူတွေ ၊ ရုပ်သံတွင် နာမည်ကြီးသူတွေ တွေ့မြင်ရမှာပါ။ ထိုသူတို့ရဲ့ ဘဏ်စာရင်းမှာ ငွေတွေ ပိုလျှံနေကြပါတယ်။ အသက်ရှင်နေထိုင်ဖို့ များစွာ ပိုင်ဆိုင်ထားကြတယ်။ သို့ပေမဲ့ တစ်ချို့သော လူတွေမှာတော့ အသက်ရှင်နေထိုင်ဖို့အတွက် အနည်းငယ်သာ ပိုင်ဆိုင်မှု ရှိကြပါတယ်။

 

သင်ကရော။ ဘယ်လိုလဲ။ သင်၌ အသက်ရှင်နေထိုင်ဖို့ များစွာရှိကောင်း ရှိပါမည်။ သို့ပေမဲ့ အသက်ရှင်ဖို့ ဘာတစ်ခုမှ မရှိဘူးဖြစ်နေလား။ သင် ဘုရားသခင်နှင့် ဆက်သွယ်မှု ရှိပါသလား။ လောကအရာမှာတော့ အရာအားလုံးကို သင်ရရှိနိုင်ပါတယ်။ အမှန်တရားကတော့ အားလုံး မရရှိနိုင်ပါ။ သေချာတာက ပျော်ရွှင်ဖို့အတွက် အရာအားလုံး မလိုအပ်ပါဘူး။ သင်ရွေးချယ်သလိုသာ သင်ပျော်ရွှင်မှုရှိပါမည်။

 

ရောင့်ရဲဖို့အတွက် လျှို့ဝှက်ချက်ကတော့ သင်၏ ပစ္စည်းဥစ္စာပေါ်ကျေနပ်မှု နှင့် လုံခြုံမှု ရှာဖွေခြင်း မဟုတ်ပါဘူး။ သင် ဘယ်သူ၌ ရှိခြင်းကို ရှာရမှာ ဖြစ်ပါတယ်။ ယေရှုခရစ်တော်၌ သင်ရှာတွေ့မှာ ဖြစ်ပါတယ်။

 

ဆာလံကျမ်း ၁၇း၁၅ “အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်။ နိုးသောအခါ ပုံသဏ္ဍာန်တော် အားဖြင့် အကျွန်ုပ်ကို ပြည့်စုံရပါလိမ့်မည်။

Psalm 17:15 (TLB)

“But as for me, my contentment is not in wealth but in seeing you and knowing all is well between us. And when I awake in heaven, I will be fully satisfied, for I will see you face-to-face.”

 

ဆင်ခြင်ရန်

- ဘုရားသခင်နှင့်အတူ လျှောက်လှမ်းဖို့ရန် အားကောင်းစေမည့်အစား မည်သို့သော ထိတွေ့ခြင်း (သို့) ထိတွေ့မရခြင်း အရာတွေကို ရှာဖွေနေခဲ့ပါသနည်း။

- အောင်မြင်ခြင်း (သို့) အဆင့်အတန်းကို ရှာဖွေခြင်းတွင် သင်၏ဆက်ဆံရေးကို မည်ကဲ့သို့ စွန့်လွှတ်ခဲ့သနည်း။ ထို ဆက်ဆံ‌ရေးကို စတင်ပြင်ဆင်ဖို့ရန် ယနေ့တွင် သင်ဘာကိုလိုအပ်ပါသနည်း။

- “အရာအားလုံး ရှိခြင်း” မဟုတ်ဘူးဆိုလျှင် သင်အဆင်ပြေမလား။ ဘာကြောင့်နည်း။

 

------------------------------------------------------------------------

Zawgyi Version

သင္၏ ပိုင္ဆိုင္မႈအားျဖင့္ သင္ထိန္းခ်ဳပ္ခံေနရပါသလား။

ဆာလံက်မ္း ၁ရး၁၅ “အကြၽႏ္ုပ္မူကား ေျဖာင့္မတ္၍ မ်က္ႏွာေတာ္ကို ဖူးျမင္ရပါလိမ့္မည္။ ႏိုးေသာအခါ ပုံသ႑ာန္ေတာ္ အားျဖင့္ အကြၽႏ္ုပ္ကို ျပည့္စုံရပါလိမ့္မည္။”

Psalm 17:15 (TLB)

“But as for me, my contentment is not in wealth but in seeing you and knowing all is well between us. And when I awake in heaven, I will be fully satisfied, for I will see you face-to-face.”


အသက္တာသည္ အရာဝတၱဳတို႔အားျဖင့္ မဟုတ္ပါဘူး။ ကြၽႏ္ုပ္တို႔ ပိုင္ဆိုင္ေသာအရာႏွင့္ ပတ္သက္ၿပီး မွန္ကန္တဲ့ အျမင္ကို ထိန္းသိမ္းဖို႔ရန္ လိုပါတယ္။ (သို႔) သင္၏ ပိုင္ဆိုင္မႈတို႔ျဖင့္ သင္ ဖမ္းခ်ဳပ္ခံရပါလိမ့္မည္။ ထိုအရာတို႔ ကလည္း တည္ၿမဲတဲ့အရာေတြ မဟုတ္ဘူးဆိုတာကို သင္နားလည္ထားဖို႔ ျဖစ္ပါတယ္။

ရွင္လုကာ ခရစ္ဝင္က်မ္း ၁၂း၁၅ တြင္ သခင္ေယရႈ ဆိုထားသည္မွာ “ထိုမွတပါး ေလာဘလြန္က်ဴးျခင္းကို သတိႏွင့္ ၾကဥ္ေရွာင္ၾကေလာ့။ အေၾကာင္းမူကား၊ စည္းစိမ္ရွိေသာ္ လည္း စည္းစိမ္၌ အသက္မတည္ဟု မိန္႔ေတာ္မူ၏။”


သင္၏ တန္ဖိုးကို သင္၏ ပိုင္ဆိုင္မႈေပၚမွာ ဘယ္ေတာ့မွ မဆုံးျဖတ္ မစီရင္ပါႏွင့္။ သင္၏တန္ဖိုးသည္ သင္၏ပိုင္ဆိုင္မႈ တန္ဖိုးႏွင့္ ဆက္စပ္တယ္လို႔ ဘယ္ေတာ့မွ မေတြးပါႏွင့္။ ေလာကမွာ ရွိတဲ့ အႀကီးျမတ္ဆုံးေသာ အရာက ပစၥည္းဥစၥာေတြ မဟုတ္ပါဘူး။ ဤေလာကထဲကို သင္ဘာမွ ယူေဆာင္လာတာ မရွိခဲ့ပါဘူး။ ဘယ္အရာကိုမွလည္း သင္ယူသြားလို႔ မရပါဘူး။ အသက္တာဆိုတာ ေအာင္ျမင္မႈ ရယူျခင္း (သို႔) ရွာမွီးရရွိေသာ ဥစၥာႏွင့္ မဆိုင္ပါဘူး။ ေပါင္းသင္းဆက္ဆံေရး ၊ ဘုရားသခင္ ႏွင့္ လူေတြကို ဘယ္လို ေမတၱာထားရွိမလဲ ဆိုတာကို ေလ့လာျခင္း ျဖစ္ပါတယ္။  


အသက္တာသည္ ပစၥည္းဥစၥာႏွင့္ မဆိုင္ေၾကာင္းကို သတိရဖို႔ရန္ အေကာင္းဆုံးေသာ နည္းမွာ အသက္တာကို ထာဝရေပၚတြင္ တည္ေဆာက္ျခင္း ျဖစ္ပါတယ္။ ထာဝရ တည္ၿမဲမည့္အရာေပၚတြင္ အာ႐ုံစိုက္လိုက္ပါ။ ပိုင္ဆိုင္မႈ အားလုံးတို႔သည္ ယာယီသာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္အသက္တာကို ပစၥည္းဥစၥာ ပိုင္ဆိုင္ရယူျခင္းေပၚတြင္ မတည္ေဆာက္ပါႏွင့္။ “ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ႏွင့္ ဘုရားသခင္၏လူ” ဤႏွစ္မ်ိဳး သာလွ်င္ ထာဝရတည္ၿမဲမည့္အရာ ျဖစ္ပါတယ္။


သင္၌ ေ႐ြးခ်ယ္မႈတစ္ခု ျပဳရပါမည္။ ပိုၿပီး ေပ်ာ္႐ႊင္ရဖို႔ ၊ ပိုၿပီး ေအာင္ျမင္မႈရဖို႔ ၊ ပိုၿပီး တန္ဖိုးတက္ဖို႔ ၊ ပိုၿပီး လုံၿခဳံဖို႔ရန္ ပိုင္ဆိုင္မႈ ရွိဖို႔လိုတယ္လို႔ ေလာက ကမာၻႀကီးကေတာ့ ေျပာေနပါတယ္။ ဒါေၾကာင့္ သင္ဆုံးျဖတ္ဖို႔ လိုပါတယ္။ ေလာက သေဘာထားႏွင့္နည္းလမ္း ကို နားေထာင္မလား (သို႔) သင္၏အႀကီးအကဲကို နားေထာင္မလား။ ထုံးဓမ္းဓေလ့ကို နားေထာင္မလား (သို႔) ေယရႈခရစ္ေတာ္ ကို နားေထာင္မလား။ ေလာကကိုလား ႏႈတ္ကပတ္ ေတာ္ကိုလား။ တစ္ခုကေတာ့ သင့္အသက္တာတစ္ေလွ်ာက္ စိတ္မေက်နပ္ျခင္းကို ေပးပါလိမ့္မည္။ တစ္ခုကေတာ့ စစ္မွန္တဲ့ ေပ်ာ္႐ႊင္ျခင္းကို ေပးပါလိမ့္မည္။


ေငြေၾကးဆိုင္ရာ လႊတ္ျခင္းဆီသို႔ သင္ေ႐ြ႕လ်ားျခင္း မျပဳႏိုင္ခင္မွာ သင့္ကိုယ္သင္ ေမးသင့္ပါတယ္။ “မည္သည့္အရာက ငါ့အသက္တာ၏ အဓိက ရည္႐ြယ္ခ်က္လဲ” ပိုမို ရွာေဖြပိုင္ဆိုင္ရဖို႔လား။ ငါဘာကို စဥ္းစားတာလဲ။ ငါဘာအေၾကာင္းေတြ ေျပာေနတာလဲ။ ငါဘာကို အာ႐ုံစိုက္ေနတာလဲ။ ဘာအတြက္ အသက္ရွင္ ေနတာလဲ။”


ေဘးပတ္ဝန္းက်င္ကို ၾကည့္လိုက္ပါ။ အသက္ရွင္ေနထိုင္ေနတဲ့သူေတြ အမ်ားႀကီးရွိတာကို သင္ေတြ႕ျမင္ ပါလိမ့္မည္။ သင္၏ အသိုင္းအဝိုင္း ၊ ဝန္းက်င္ ထဲတြင္ စီးပြားေရး ေအာင္ျမင္ေသာသူေတြ ၊ ႐ုပ္သံတြင္ နာမည္ႀကီးသူေတြ ေတြ႕ျမင္ရမွာပါ။ ထိုသူတို႔ရဲ႕ ဘဏ္စာရင္းမွာ ေငြေတြ ပိုလွ်ံေနၾကပါတယ္။ အသက္ရွင္ေနထိုင္ဖို႔ မ်ားစြာ ပိုင္ဆိုင္ထားၾကတယ္။ သို႔ေပမဲ့ တစ္ခ်ိဳ႕ေသာ လူေတြမွာေတာ့ အသက္ရွင္ေနထိုင္ဖို႔အတြက္ အနည္းငယ္သာ ပိုင္ဆိုင္မႈ ရွိၾကပါတယ္။ 


သင္ကေရာ။ ဘယ္လိုလဲ။ သင္၌ အသက္ရွင္ေနထိုင္ဖို႔ မ်ားစြာရွိေကာင္း ရွိပါမည္။ သို႔ေပမဲ့ အသက္ရွင္ဖို႔ ဘာတစ္ခုမွ မရွိဘူးျဖစ္ေနလား။ သင္ ဘုရားသခင္ႏွင့္ ဆက္သြယ္မႈ ရွိပါသလား။ ေလာကအရာမွာေတာ့ အရာအားလုံးကို သင္ရရွိႏိုင္ပါတယ္။ အမွန္တရားကေတာ့ အားလုံး မရရွိႏိုင္ပါ။ ေသခ်ာတာက ေပ်ာ္႐ႊင္ဖို႔အတြက္ အရာအားလုံး မလိုအပ္ပါဘူး။ သင္ေ႐ြးခ်ယ္သလိုသာ သင္ေပ်ာ္႐ႊင္မႈရွိပါမည္။


ေရာင့္ရဲဖို႔အတြက္ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ သင္၏ ပစၥည္းဥစၥာေပၚေက်နပ္မႈ ႏွင့္ လုံၿခဳံမႈ ရွာေဖြျခင္း မဟုတ္ပါဘူး။ သင္ ဘယ္သူ၌ ရွိျခင္းကို ရွာရမွာ ျဖစ္ပါတယ္။ ေယရႈခရစ္ေတာ္၌ သင္ရွာေတြ႕မွာ ျဖစ္ပါတယ္။


ဆာလံက်မ္း ၁ရး၁၅ “အကြၽႏ္ုပ္မူကား ေျဖာင့္မတ္၍ မ်က္ႏွာေတာ္ကို ဖူးျမင္ရပါလိမ့္မည္။ ႏိုးေသာအခါ ပုံသ႑ာန္ေတာ္ အားျဖင့္ အကြၽႏ္ုပ္ကို ျပည့္စုံရပါလိမ့္မည္။”

Psalm 17:15 (TLB)

“But as for me, my contentment is not in wealth but in seeing you and knowing all is well between us. And when I awake in heaven, I will be fully satisfied, for I will see you face-to-face.”


ဆင္ျခင္ရန္

- ဘုရားသခင္ႏွင့္အတူ ေလွ်ာက္လွမ္းဖို႔ရန္ အားေကာင္းေစမည့္အစား မည္သို႔ေသာ ထိေတြ႕ျခင္း (သို႔) ထိေတြ႕မရျခင္း အရာေတြကို ရွာေဖြေနခဲ့ပါသနည္း။

- ေအာင္ျမင္ျခင္း (သို႔) အဆင့္အတန္းကို ရွာေဖြျခင္းတြင္ သင္၏ဆက္ဆံေရးကို မည္ကဲ့သို႔ စြန႔္လႊတ္ခဲ့သနည္း။ ထို ဆက္ဆံ‌ေရးကို စတင္ျပင္ဆင္ဖို႔ရန္ ယေန႔တြင္ သင္ဘာကိုလိုအပ္ပါသနည္း။

- “အရာအားလုံး ရွိျခင္း” မဟုတ္ဘူးဆိုလွ်င္ သင္အဆင္ေျပမလား။ ဘာေၾကာင့္နည္း။