4 Keys to Contentment

 Unicode Version

ရောင့်ရဲခြင်းအတွက် သော့ချက် (၄) ချက်

ကျွန်ုပ်တို့သည် သဘာဝအားဖြင့် ရောင့်ရဲကျေနပ်တတ်တဲ့ သူတွေမဟုတ်ကြပါဘူး။ မကြာခဏ ဆိုသလို ဖြစ်နေတဲ့အရာ တွေပေါ် မကျေနပ်နိုင်ကြပါဘူး။ ရောင့်ရဲခြင်း၏ လျှို့ဝှက်ချက်ကတော့ ဘုရားသခင် သင့်အား ပေးအပ်ထားသော အရာတို့ဖြင့် ဝမ်းမြောက်ဖို့ရန် လေ့လာသင်ယူခြင်း ဖြစ်ပါတယ်။ ဒေသနာကျမ်း ၅း၁၉ တွင် “ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ် ဥစ္စာကိုရသော လူတိုင်းမိမိအဘို့ကိုခံ၍ ဝင်စားခြင်းငှါ ၎င်း၊ ကြိုးစားအားထုတ်၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရား သခင့်ကျေးဇူးတော်ကြောင့် အခွင့်ရှိ၏။

သမ္မာကျမ်းစာတွင် ရောင့်ရဲစေဖို့မည့် သော့ချက် (၄) ချက်ကို ပေးထားပါတယ်။

(၁) သင့်ကိုယ်သင် သူတစ်ပါးနှင့် နှိုင်းယှဉ်ခြင်းကို ရပ်တန့်ပါ။ ဘုရားသခင်က သင့်ကို ထူးခြားစွာ ဖန်ဆင်းထားပါတယ်။ သင်က လူတစ်သန်းတွင် တစ်ယောက် မဟုတ်ပါဘူး။ လူသန်းပေါင်းများစွာထဲမှ တစ်ယောက် ဖြစ်ပါတယ်။ ၂ကော ၁ဝး၁၂ “ကိုယ်ကိုကိုယ်ချီးမွမ်းသော သူတို့နှင့် ရေတွက်ဝင်ခြင်းကို၎င်း၊ ပြိုင်နှိုင်းခြင်းကို၎င်း၊ ငါတို့မပြုဝံ့။ ထိုသူတို့သည် အချင်းချင်း တယောက်နှင့် တယောက်ခိုင်နှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်း တို့ကိုပြု၍ ပညာမဲ့ဖြစ်ကြ၏။

(၂) သင်၌ ရှိသောအရာဖြင့် ဝမ်းမြောက်လိုက်ပါ။ ဘဝမှာ အသက်ရှင်နေထိုင်ဖို့ရန်သာ မဟုတ်ဘဲ သင့်အား အသက်တာကို ပျော်ရွှင်စွာနေထိုင်ဖို့ရန် ဘုရားသခင် အလိုတော်ရှိပါတယ်။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ငါတို့ခံစားဘို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာ ပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစာရမည်အကြောင်း

(၃) အသက်တာသည် ပစ္စည်းဥစ္စာတို့ မဟုတ်ဘူးဆိုတာကို သတိရပါ။ ရှင်လုကာခရစ်ဝင်ကျမ်း ၁၂း၁၅ “ထိုမှတပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း စည်းစိမ်၌ အသက် မတည်ဟု မိန့်တော်မူ၏။

(၄) ထာဝရတည်မြဲမည့်အရာကို အာရုံစိုက်ပါ။ ထာဝရတည်မြဲမည့် အရာ (၂) ခုသာ ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရား၏လူတို့ ဖြစ်ပါတယ်။ ၁ ပေ ၁း၂၄-၂၅ “လူမျိုးရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည်ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလအစဉ် အမြဲတည်၏။ ထိုနှုတ်ကပတ် တော်သည်၊သင် တို့အား ဟောပြော သော ဧဝံဂေလိတရား ဖြစ်သတည်း။

###########################################

ငွေကြေးအရာ၌ အမြော်အမြင်ရှိခြင်းအတွက် အလေ့အကျင့် (၈) မျိုး

(၁) ဘုရားသခင်သည် သင်၏ အရင်းအမြစ် ဖြစ်တယ်ဆိုတာကို သတိရပါ။ တရားဟောရာကျမ်း ၈း၁၈ “သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား၊ သင်၏ ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားတော်ကို ယနေ့ကဲ့သို့ တည်စေလိုသောငှာ၊ စည်းစိမ်ရတတ်သော အစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏။

(၂) ငွေကြေးကို ဖြောင့်မတ်စွာ ပြုပါ။ သုတ္တံကျမ်း ၁၅း၂၇ “မတရားသော စီးပွါးကို ရှာသောသူသည် မိမိ အိမ်သားတို့ကို နှောင့်ရှက်တတ်၏။ တံစိုးကိုရွံသောသူမူ ကား အသက်ချမ်းသာရလိမ့်မည်။

(၃) ဘုရားသခင်ကို ဦးစွာ ချီးမွမ်းဂုဏ်ပြုပါ။ တရား‌ဟောရာကျမ်း ၁၄း၂၃ “သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ နာမတော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ်၌ စပါး၊ စပျစ်ရည်၊ ဆီမှစ၍၊ သိုး၊ နွားတွင် အဦးဘွားသော သားငယ်ဆယ်ဘို့တဘို့ကို ရှေ့တော်မှာ စားရကြမည်။

(၄) ငွေကြေးကို အမြော်အမြင်ရှိစွာ ထိန်းသိမ်းပါ။ သုတ္တံကျမ်း ၂၁း၂၀ “ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဘွယ်သော ဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေ တတ်၏။

(၅) ကောင်းသောအရာတို့ကို သိုမှီးပါ။ သုတ္တံကျမ်း ၂၇း၂၃-၂၄ “သင်၏ သိုးစုအကြောင်းတို့ကို သိခြင်းငှါ ကြိုး စားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။ စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏ စည်းစိမ်သော်လည်း၊ လူမျိုးအစဉ် အဆက် မတည်တတ်။

(၆) ကုန်ကျစရိတ်ကို ကြိုတင်စီမံပါ။ သုတ္တံကျမ်း ၂၁း၅ “လုံ့လဝိရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့်၎င်း၊ သမ္မာသတိမရှိသော သူ၏အကြံ အစည်သည် ဆင်းရဲခြင်းနှင့်၎င်း ဆိုင်ပေ၏။

(၇) ပြန်ဆပ်ရမည့် အစီအစဉ်ကို ချမှတ်ပါ။ သုတ္တံကျမ်း ၃း၂၇ “ကျေးဇူးကိုခံသင့်သော သူတို့အား ကျေးဇူးပြုရသော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။

(၈) ထိုအမှုအားလုံးကို ဘုရားသခင်ထံ အပ်နှံလိုက်ပါ။ သုတ္တံကျမ်း ၁၆း၃ “ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌ အပ် လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်။

-------------------------------------------------------------------------------------------


Zawgyi Version

ေရာင့္ရဲျခင္းအတြက္ ေသာ့ခ်က္ (၄) ခ်က္

ကြၽႏ္ုပ္တို႔သည္ သဘာဝအားျဖင့္ ေရာင့္ရဲေက်နပ္တတ္တဲ့ သူေတြမဟုတ္ၾကပါဘူး။ မၾကာခဏ ဆိုသလို ျဖစ္ေနတဲ့အရာ ေတြေပၚ မေက်နပ္ႏိုင္ၾကပါဘူး။ ေရာင့္ရဲျခင္း၏ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ ဘုရားသခင္ သင့္အား ေပးအပ္ထားေသာ အရာတို႔ျဖင့္ ဝမ္းေျမာက္ဖို႔ရန္ ေလ့လာသင္ယူျခင္း ျဖစ္ပါတယ္။ ေဒသနာက်မ္း ၅း၁၉ တြင္ “ဘုရားသခင္ ေပးသနားေတာ္မူေသာ စည္းစိမ္ ဥစၥာကိုရေသာ လူတိုင္းမိမိအဘို႔ကိုခံ၍ ဝင္စားျခင္းငွါ ၎၊ ႀကိဳးစားအားထုတ္၌ ေပ်ာ္ေမြ႕ျခင္းငွါ၎၊ ဘုရား သခင့္ေက်းဇူးေတာ္ေၾကာင့္ အခြင့္ရွိ၏။”


သမၼာက်မ္းစာတြင္ ေရာင့္ရဲေစဖို႔မည့္ ေသာ့ခ်က္ (၄) ခ်က္ကို ေပးထားပါတယ္။

(၁) သင့္ကိုယ္သင္ သူတစ္ပါးႏွင့္ ႏႈိင္းယွဥ္ျခင္းကို ရပ္တန႔္ပါ။ ဘုရားသခင္က သင့္ကို ထူးျခားစြာ ဖန္ဆင္းထားပါတယ္။ သင္က လူတစ္သန္းတြင္ တစ္ေယာက္ မဟုတ္ပါဘူး။ လူသန္းေပါင္းမ်ားစြာထဲမွ တစ္ေယာက္ ျဖစ္ပါတယ္။ ၂ေကာ ၁ဝး၁၂ “ကိုယ္ကိုကိုယ္ခ်ီးမြမ္းေသာ သူတို႔ႏွင့္ ေရတြက္ဝင္ျခင္းကို၎၊ ၿပိဳင္ႏႈိင္းျခင္းကို၎၊ ငါတို႔မျပဳဝံ့။ ထိုသူတို႔သည္ အခ်င္းခ်င္း တေယာက္ႏွင့္ တေယာက္ခိုင္ႏႈိင္းျခင္း၊ ၿပိဳင္ႏႈိင္းျခင္း တို႔ကိုျပဳ၍ ပညာမဲ့ျဖစ္ၾက၏။”


(၂) သင္၌ ရွိေသာအရာျဖင့္ ဝမ္းေျမာက္လိုက္ပါ။ ဘဝမွာ အသက္ရွင္ေနထိုင္ဖို႔ရန္သာ မဟုတ္ဘဲ သင့္အား အသက္တာကို ေပ်ာ္႐ႊင္စြာေနထိုင္ဖို႔ရန္ ဘုရားသခင္ အလိုေတာ္ရွိပါတယ္။ သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “ငါတို႔ခံစားဘို႔ရာ အလုံးစုံတို႔ကိုႂကြယ္ဝစြာ ေပးသနားေတာ္မူေသာ၊ အသက္ရွင္ေတာ္မူေသာ ဘုရားသခင္ကို ကိုးစာရမည္အေၾကာင္း…၊”


(၃) အသက္တာသည္ ပစၥည္းဥစၥာတို႔ မဟုတ္ဘူးဆိုတာကို သတိရပါ။ ရွင္လုကာခရစ္ဝင္က်မ္း ၁၂း၁၅ “ထိုမွတပါး ေလာဘလြန္က်ဴးျခင္းကို သတိႏွင့္ ၾကဥ္ေရွာင္ၾကေလာ့။ အေၾကာင္းမူကား၊ စည္းစိမ္ရွိေသာ္လည္း စည္းစိမ္၌ အသက္ မတည္ဟု မိန္႔ေတာ္မူ၏။”


(၄) ထာဝရတည္ၿမဲမည့္အရာကို အာ႐ုံစိုက္ပါ။ ထာဝရတည္ၿမဲမည့္ အရာ (၂) ခုသာ ရွိသည္။ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ႏွင့္ ဘုရား၏လူတို႔ ျဖစ္ပါတယ္။ ၁ ေပ ၁း၂၄-၂၅ “လူမ်ိဳးရွိသမွ်သည္လည္း ျမက္ပြင့္ကဲ့သို႔ျဖစ္၏။ လူမ်ိဳး၏ ဘုန္းရွိသမွ်သည္လည္း ျမက္ပြင့္ကဲ့သို႔ျဖစ္၏။ ျမက္ပင္သည္ညႇိဳးႏြမ္းေသြ႕ေျခာက္တတ္၏။ အပြင့္လည္း ေႂကြတတ္၏။ ထာဝရဘုရား၏ ႏႈတ္ကပတ္တရားမူကား၊ ကာလအစဥ္ အၿမဲတည္၏။ ထိုႏႈတ္ကပတ္ ေတာ္သည္၊သင္ တို႔အား ေဟာေျပာ ေသာ ဧဝံေဂလိတရား ျဖစ္သတည္း။”


#####################################

ေငြေၾကးအရာ၌ အေျမာ္အျမင္ရွိျခင္းအတြက္ အေလ့အက်င့္ (၈) မ်ိဳး

(၁) ဘုရားသခင္သည္ သင္၏ အရင္းအျမစ္ ျဖစ္တယ္ဆိုတာကို သတိရပါ။ တရားေဟာရာက်မ္း ၈း၁၈ “သင္၏ဘုရားသခင္ ထာဝရဘုရားကိုသာ ေအာက္ေမ့ရမည္။ အေၾကာင္းမူကား၊ သင္၏ ဘိုးေဘးတို႔ အား က်ိန္ဆိုေတာ္မူေသာ ပဋိညာဥ္တရားေတာ္ကို ယေန႔ကဲ့သို႔ တည္ေစလိုေသာငွာ၊ စည္းစိမ္ရတတ္ေသာ အစြမ္းသတၱိကို ဘုရားသခင္ေပးေတာ္မူ၏။”

(၂) ေငြေၾကးကို ေျဖာင့္မတ္စြာ ျပဳပါ။ သုတၱံက်မ္း ၁၅း၂၇ “မတရားေသာ စီးပြါးကို ရွာေသာသူသည္ မိမိ အိမ္သားတို႔ကို ေႏွာင့္ရွက္တတ္၏။ တံစိုးကို႐ြံေသာသူမူ ကား အသက္ခ်မ္းသာရလိမ့္မည္။”

(၃) ဘုရားသခင္ကို ဦးစြာ ခ်ီးမြမ္းဂုဏ္ျပဳပါ။ တရား‌ေဟာရာက်မ္း ၁၄း၂၃ “သင္တို႔၏ ဘုရားသခင္ ထာဝရဘုရားသည္၊ နာမေတာ္ကို တည္ေစဘို႔ရာ ေ႐ြးေကာက္ေတာ္မူေသာ အရပ္၌ စပါး၊ စပ်စ္ရည္၊ ဆီမွစ၍၊ သိုး၊ ႏြားတြင္ အဦးဘြားေသာ သားငယ္ဆယ္ဘို႔တဘို႔ကို ေရွ႕ေတာ္မွာ စားရၾကမည္။”

(၄) ေငြေၾကးကို အေျမာ္အျမင္ရွိစြာ ထိန္းသိမ္းပါ။ သုတၱံက်မ္း ၂၁း၂၀ “ပညာရွိေသာသူ၏အိမ္၌ ႏွစ္သက္ဘြယ္ေသာ ဘ႑ာႏွင့္ ဆီရွိတတ္၏။ မိုက္ေသာသူမူကား၊ ကုန္ေစ တတ္၏။”

(၅) ေကာင္းေသာအရာတို႔ကို သိုမွီးးပါ။ သုတၱံက်မ္း ၂ရး၂၃-၂၄ “သင္၏ သိုးစုအေၾကာင္းတို႔ကို သိျခင္းငွါ ႀကိဳး စားေလာ့။ ႏြားစုတို႔ကိုလည္း ေစ့ေစ့ၾကည့္ရႈေလာ့။ စည္းစိမ္သည္ အၿမဲမတည္တတ္။ ရွင္ဘုရင္၏ စည္းစိမ္ေသာ္လည္း၊ လူမ်ိဳးအစဥ္ အဆက္ မတည္တတ္။”

(၆) ကုန္က်စရိတ္ကို ႀကိဳတင္စီမံပါ။ သုတၱံက်မ္း ၂၁း၅ “လုံ႔လဝိရိယျပဳေသာသူ၏အႀကံအစည္သည္ ႂကြယ္ဝျခင္းႏွင့္၎၊ သမၼာသတိမရွိေသာ သူ၏အႀကံ အစည္သည္ ဆင္းရဲျခင္းႏွင့္၎ ဆိုင္ေပ၏။”

(၇) ျပန္ဆပ္ရမည့္ အစီအစဥ္ကို ခ်မွတ္ပါ။ သုတၱံက်မ္း ၃း၂၇ “ေက်းဇူးကိုခံသင့္ေသာ သူတို႔အား ေက်းဇူးျပဳရေသာ အခြင့္ရွိလွ်င္ မျပဳဘဲမေနႏွင့္။”

(၈) ထိုအမႈအားလုံးကို ဘုရားသခင္ထံ အပ္ႏွံလိုက္ပါ။ သုတၱံက်မ္း ၁၆း၃ “ကိုယ္ျပဳေသာအမႈတို႔ကို ထာဝရဘုရား၌ အပ္ ေလာ့။ သို႔ျပဳလွ်င္ သင္၏အႀကံအစည္တို႔သည္ တည္ၾကလိမ့္မည္။”