Unicode Version
အဘယ်အမှုကိုမျှ
မစိုးရိမ်ဘဲ အရာအားလုံးအတွက် ဆုတောင်းပါ။
ရောမဩဝါဒစာ ၈း၃၂ “မိမိသားတော်ရင်းကို မနှမြောဘဲ၊
ငါတို့ရှိသမျှ အဘို့အလိုငှါ စွန့်တော်မူသောသူသည်၊ သားတော်နှင့် တကွ
ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း။”
ကျွန်တော်ငယ်စဉ်
ကလေးအရွယ် အချိန်တုန်းက တစ်ခုခုကို လိုအပ်တဲ့အချိန်တိုင်းမှာ ကျွန်တော့အဖေဆီကို ပြောပြခဲ့ပါတယ်။
တစ်ခါတစ်ရံ ဈေးကြီးတဲ့ ပစ္စည်းတစ်ခုခုကို လိုအပ်ခဲ့ပေမဲ့ ကျွန်တော်လိုချင်တဲ့ ဘယ်လို
အရာကိုမဆို လိုအပ်တဲ့ ငွေကြေးကို အဖေဘယ်ကနေ ရယူမလဲ ဆိုတာနှင့်ပတ်သက်ပြီး တခါမှ စိုးရိမ်ပူပန်
မနေခဲ့ပါဘူး။ ထိုအရာက ကျွန်တော့ အလုပ်မဟုတ်ပါဘူး။ ပိုက်ဆံ ဘယ်နေရာကနေ လာရမလဲဆိုတာကို
ရှာဖွေဖို့က ကျွန်တော့အဖေရဲ့ အလုပ်ဖြစ်ပါတယ်။ ကျွန်တော့အလုပ်က ကလေးတဦးဖြစ်သည့်အလျှောက်
ရိုးရိုးလေး တောင်းလိုက်ရုံပါဘဲ။
ထိုနည်းတူစွာပင်
ဘုရားသခင် ဘယ်လို နည်းနဲ့ ဖြည့်ဆည်းပေးမလဲဆိုတာကို ရှာဖွေခြင်းက သင့်အလုပ်မ ဟုတ်ပါဘူး။
တောင်းလျှောက်ဖို့က သင့်အလုပ်ဖြစ်ပါတယ်။
တောင်းလျှောက်မည့်အစား
သင်က စိုးရိမ်ပူပန်နေတဲ့အခါမှာ သင့်ကိုယ်သင် ဘုရားမဲ့ တစ်ဦးကဲ့သို့ ပြုမူနေခြင်း ဖြစ်ပြီး
ကောင်းကင်ဘုံအဖဘုရားမရှိဘူးလို့ ယုံကြည်နေတဲ့ သူတစ်ဦးနှင့်တူပါတယ်။ စိုးရိမ်ခြင်းအရာက
ဧကန်အမှန် ဘုရားတရားမရှိခြင်း ဖြစ်ပြီး အသက်တာကိုလည်း ဘုရားသခင် မရှိသလိုမျိုး (သို့)
မယုံကြည်နိုင် သလိုမျိုး အသက်ရှင်ပါတယ်။
သမ္မာကျမ်းစာကတော့
ရှင်းပါတယ်။ အရာအားလုံးအတွက် ဆုတောင်းပဌနာပြုခြင်းဖြင့် ဘုရားသခင်ဆီ အရောက်လာဖို့ရန်
အလိုတော်ရှိပါတယ်။ ရှင်ယာကုပ်ဩဝါဒစာ ၄း၂ “ဘုရားသခင်ကို မတောင်းသောကြောင့် သင်၌မရှိ”
(NIV).
စိတ်မပူပါနဲ့။
များများ တောင်းလျှောက်ပါ။ စိုးရိမ်နေမည့်အစား အရာအားလုံးအတွက် ဆုတောင်းပါ။
ဖိလိပ္ပိဩဝါဒစာ ၄း၆ “အဘယ်အမှုကိုမျှ
စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ
ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက် ကြလော့။”
ထိုဆိုလိုသောအရာကို
သင်ဖမ်းမိ ပါရဲ့လား။ “အခြေအနေတိုင်းတွင်” သူ့ထံသို့ လာဖို့ရန် သင့်အား ဘုရားသခင် အလိုတော်ရှိပါတယ်။
အရာအားလုံး(သင့်အမြင်၌ ကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ) နှင့် ပတ်သက်ပြီး ဘုရား သခင်ထံ
သင်စကားပြောနိုင်ပါတယ်။
ရောမ ၈း၃၂ တွင် ဆိုထားသည်မှာ “မိမိသားတော်ရင်းကို
မနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလိုငှါ စွန့်တော်မူ သောသူသည်၊ သားတော်နှင့် တကွ
ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း။”
ဘုရားသခင်သည်
သင်၏ အကြီးမားဆုံးသော ပြသနာ - အပြစ်ကို ဖြေရှင်းခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတော့
နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် အရာအားလုံးသည် သေးငယ်သွားပါတယ်။
သင့်အပြစ်တွေအတွက်
သခင်ယေရှုကို အသေခံဖို့ရန် စေလွှတ်လိုက်တဲ့ ဘုရားသခင်ရဲ့ သင်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာက
လုံလောက်တယ်ဆိုလျှင် သင်၏ ငွေကြေးနှင့်ပတ်သက်ပြီး ကူညီမစဖို့ရန် လုံလောက်တဲ့ မေတ္တာဖြင့်
ချစ်တယ်ဆိုတာကို သင်စဉ်းစားမိပါသလား။ သင်၏ ကျန်းမာရေး ၊ သင်၏ ပေါင်းသင်းဆက်ဆံရေး နှင့်
အသက်မွေးဝမ်းကျောင်းအတွက် ဆုံးဖြတ်ချက်တို့နှင့် သင်၏ တစ်ခုခုပြီးစီးရန် သတ်မှတ်ထားသော
နောက်ဆုံး အချိန် တို့ပေါ်တွင်လည်း ကူညီမစဖို့ရန် လုံလောက်စွာ သင့်အား ချစ်တယ်ဆိုတာကို
သင်စဉ်းစားမိ ပါသလား။
သင့်အသက်တာရှိ အခန်းကဏ္ဍတိုင်းကို
ဘုရားသခင် စိတ်ဝင်စားပါတယ်။ တကယ်တော့ သင်လိုအပ်နေတဲ့ အရာတို့ကို သူသိပြီးသား ဖြစ်ပေမဲ့
ထိုအရာတို့အတွက် သင်တောင်းလျှောက်ဖို့ရန် သင့်အား စောင့်ဆိုင်းနေပါတယ်။
သင့်အသက်တာရှိ စိတ်ဖိစီးမှုတို့ကို
လျော့ချဖို့ရန် အဆင်သင့်ဖြစ်ပြီလား။ သင်၏ လိုအပ်ချက်တို့နှင့်အတူ သူ့ထံ အရောက်လာဖို့ရန်
သင့်အား ဘုရားသခင် စောင့်ဆိုင်းနေပါတယ်။ အရာအားလုံးအတွက် ဆုတောင်းပြီး အဘယ်အရာကိုမျှ
မစိုးရိမ်ဖို့ရန် ရွေးချယ်မှုပြုပါ။
ဆင်ခြင်ရန်
-
သင်၏ လိုအင်အားလုံးတို့ကို ဘုရားသခင်က သိနှင့်ပြီးဆိုလျှင်
ထိုလိုအင်တို့ ပြည့်စုံဖို့ရန် သင့်အား ဘုရားသခင်က ဘာကြောင့် တောင်းလျှောက်စေချင်ပါသနည်း။
-
သင်လိုအပ်သောအရာအတွက် ဘုရားသခင်ထံ တောင်းလျှောက်ဖို့ရန် မည်သည့်အရာက အတားအဆီး ဖြစ်စေပါသနည်း။
-
သင်၏ ဆုတောင်းချက်များထဲမှ တစ်ခုကို ဘုရားသခင် ရှင်းလင်းစွာ အဖြေပေးခဲ့သည့်အကြောင်းကို
ပြန်လည် စဉ်းစားကြည့်လိုက်ပါ။ ထိုအဖြေရသော ဆုတောင်းက သင့်အသက်တာရှိ တခြားသောလိုအင်တို့အတွက်
ဆက်လက် ဆုတောင်းဖို့ရန် မည်ကဲ့သို့ တွန်းအားပေးပါသနည်း။
------------------------------------------------------------------------------------
Zawgyi Version
အဘယ္အမႈကိုမွ် မစိုးရိမ္ဘဲ အရာအားလုံးအတြက္ ဆုေတာင္းပါ။
ေရာမဩဝါဒစာ ၈း၃၂ “မိမိသားေတာ္ရင္းကို မႏွေျမာဘဲ၊ ငါတို႔ရွိသမွ် အဘို႔အလိုငွါ စြန္႔ေတာ္မူေသာသူသည္၊ သားေတာ္ႏွင့္ တကြ ခပ္သိမ္းေသာအရာတို႔ကို ငါတို႔အားမေပးဘဲ အဘယ္သို႔ ေနေတာ္မူမည္နည္း။”
ကြၽန္ေတာ္ငယ္စဥ္ ကေလးအ႐ြယ္ အခ်ိန္တုန္းက တစ္ခုခုကို လိုအပ္တဲ့အခ်ိန္တိုင္းမွာ ကြၽန္ေတာ့အေဖဆီကို ေျပာျပခဲ့ပါတယ္။ တစ္ခါတစ္ရံ ေဈးႀကီးတဲ့ ပစၥည္းတစ္ခုခုကို လိုအပ္ခဲ့ေပမဲ့ ကြၽန္ေတာ္လိုခ်င္တဲ့ ဘယ္လို အရာကိုမဆို လိုအပ္တဲ့ ေငြေၾကးကို အေဖဘယ္ကေန ရယူမလဲ ဆိုတာႏွင့္ပတ္သက္ၿပီး တခါမွ စိုးရိမ္ပူပန္ မေနခဲ့ပါဘူး။ ထိုအရာက ကြၽန္ေတာ့ အလုပ္မဟုတ္ပါဘူး။ ပိုက္ဆံ ဘယ္ေနရာကေန လာရမလဲဆိုတာကို ရွာေဖြဖို႔က ကြၽန္ေတာ့အေဖရဲ႕ အလုပ္ျဖစ္ပါတယ္။ ကြၽန္ေတာ့အလုပ္က ကေလးတဦးျဖစ္သည့္အေလွ်ာက္ ႐ိုး႐ိုးေလး ေတာင္းလိုက္႐ုံပါဘဲ။
ထိုနည္းတူစြာပင္ ဘုရားသခင္ ဘယ္လို နည္းနဲ႔ ျဖည့္ဆည္းေပးမလဲဆိုတာကို ရွာေဖြျခင္းက သင့္အလုပ္မ ဟုတ္ပါဘူး။ ေတာင္းေလွ်ာက္ဖို႔က သင့္အလုပ္ျဖစ္ပါတယ္။
ေတာင္းေလွ်ာက္မည့္အစား သင္က စိုးရိမ္ပူပန္ေနတဲ့အခါမွာ သင့္ကိုယ္သင္ ဘုရားမဲ့ တစ္ဦးကဲ့သို႔ ျပဳမူေနျခင္း ျဖစ္ၿပီး ေကာင္းကင္ဘုံအဖဘုရားမရွိဘူးလို႔ ယုံၾကည္ေနတဲ့ သူတစ္ဦးႏွင့္တူပါတယ္။ စိုးရိမ္ျခင္းအရာက ဧကန္အမွန္ ဘုရားတရားမရွိျခင္း ျဖစ္ၿပီး အသက္တာကိုလည္း ဘုရားသခင္ မရွိသလိုမ်ိဳး (သို႔) မယုံၾကည္ႏိုင္ သလိုမ်ိဳး အသက္ရွင္ပါတယ္။
သမၼာက်မ္းစာကေတာ့ ရွင္းပါတယ္။ အရာအားလုံးအတြက္ ဆုေတာင္းပဌနာျပဳျခင္းျဖင့္ ဘုရားသခင္ဆီ အေရာက္လာဖို႔ရန္ အလိုေတာ္ရွိပါတယ္။ ရွင္ယာကုပ္ဩဝါဒစာ ၄း၂ “ဘုရားသခင္ကို မေတာင္းေသာေၾကာင့္ သင္၌မရွိ” (NIV).
စိတ္မပူပါနဲ႔။ မ်ားမ်ား ေတာင္းေလွ်ာက္ပါ။ စိုးရိမ္ေနမည့္အစား အရာအားလုံးအတြက္ ဆုေတာင္းပါ။
ဖိလိပၸိဩဝါဒစာ ၄း၆ “အဘယ္အမႈကိုမွ် စိုးရိမ္ျခင္းမရွိဘဲ အရာရာ၌ ေက်းဇူးေတာ္ကို ခ်ီးမြမ္းျခင္းႏွင့္တကြ ဆုေတာင္းပဌနာ ျပဳေသာအားျဖင့္၊ သင္တို႔ေတာင္းပန္လိုေသာအရာမ်ားတို႔ကို ဘုရားသခင္အား ၾကားေလွ်ာက္ ၾကေလာ့။”
ထိုဆိုလိုေသာအရာကို သင္ဖမ္းမိ ပါရဲ႕လား။ “အေျခအေနတိုင္းတြင္” သူ႔ထံသို႔ လာဖို႔ရန္ သင့္အား ဘုရားသခင္ အလိုေတာ္ရွိပါတယ္။ အရာအားလုံး(သင့္အျမင္၌ ႀကီးသည္ျဖစ္ေစ၊ ငယ္သည္ ျဖစ္ေစ) ႏွင့္ ပတ္သက္ၿပီး ဘုရား သခင္ထံ သင္စကားေျပာႏိုင္ပါတယ္။
ေရာမ ၈း၃၂ တြင္ ဆိုထားသည္မွာ “မိမိသားေတာ္ရင္းကို မႏွေျမာဘဲ၊ ငါတို႔ရွိသမွ် အဘို႔အလိုငွါ စြန္႔ေတာ္မူ ေသာသူသည္၊ သားေတာ္ႏွင့္ တကြ ခပ္သိမ္းေသာအရာတို႔ကို ငါတို႔အားမေပးဘဲ အဘယ္သို႔ ေနေတာ္မူမည္နည္း။”
ဘုရားသခင္သည္ သင္၏ အႀကီးမားဆုံးေသာ ျပသနာ - အျပစ္ကို ေျဖရွင္းခဲ့ၿပီး ျဖစ္ပါတယ္။ ၿပီးေတာ့ ႏႈိင္းယွဥ္ၾကည့္ျခင္းအားျဖင့္ အရာအားလုံးသည္ ေသးငယ္သြားပါတယ္။
သင့္အျပစ္ေတြအတြက္ သခင္ေယရႈကို အေသခံဖို႔ရန္ ေစလႊတ္လိုက္တဲ့ ဘုရားသခင္ရဲ႕ သင္အေပၚထားတဲ့ ခ်စ္ျခင္းေမတၱာက လုံေလာက္တယ္ဆိုလွ်င္ သင္၏ ေငြေၾကးႏွင့္ပတ္သက္ၿပီး ကူညီမစဖို႔ရန္ လုံေလာက္တဲ့ ေမတၱာျဖင့္ ခ်စ္တယ္ဆိုတာကို သင္စဥ္းစားမိပါသလား။ သင္၏ က်န္းမာေရး ၊ သင္၏ ေပါင္းသင္းဆက္ဆံေရး ႏွင့္ အသက္ေမြးဝမ္းေက်ာင္းအတြက္ ဆုံးျဖတ္ခ်က္တို႔ႏွင့္ သင္၏ တစ္ခုခုၿပီးစီးရန္ သတ္မွတ္ထားေသာ ေနာက္ဆုံး အခ်ိန္ တို႔ေပၚတြင္လည္း ကူညီမစဖို႔ရန္ လုံေလာက္စြာ သင့္အား ခ်စ္တယ္ဆိုတာကို သင္စဥ္းစားမိ ပါသလား။
သင့္အသက္တာရွိ အခန္းက႑တိုင္းကို ဘုရားသခင္ စိတ္ဝင္စားပါတယ္။ တကယ္ေတာ့ သင္လိုအပ္ေနတဲ့ အရာတို႔ကို သူသိၿပီးသား ျဖစ္ေပမဲ့ ထိုအရာတို႔အတြက္ သင္ေတာင္းေလွ်ာက္ဖို႔ရန္ သင့္အား ေစာင့္ဆိုင္းေနပါတယ္။
သင့္အသက္တာရွိ စိတ္ဖိစီးမႈတို႔ကို ေလ်ာ့ခ်ဖို႔ရန္ အဆင္သင့္ျဖစ္ၿပီလား။ သင္၏ လိုအပ္ခ်က္တို႔ႏွင့္အတူ သူ႔ထံ အေရာက္လာဖို႔ရန္ သင့္အား ဘုရားသခင္ ေစာင့္ဆိုင္းေနပါတယ္။ အရာအားလုံးအတြက္ ဆုေတာင္းၿပီး အဘယ္အရာကိုမွ် မစိုးရိမ္ဖို႔ရန္ ေ႐ြးခ်ယ္မႈျပဳပါ။
ဆင္ျခင္ရန္
- သင္၏ လိုအင္အားလုံးတို႔ကို ဘုရားသခင္က သိႏွင့္ၿပီးဆိုလွ်င္ ထိုလိုအင္တို႔ ျပည့္စုံဖို႔ရန္ သင့္အား ဘုရားသခင္က ဘာေၾကာင့္ ေတာင္းေလွ်ာက္ေစခ်င္ပါသနည္း။
- သင္လိုအပ္ေသာအရာအတြက္ ဘုရားသခင္ထံ ေတာင္းေလွ်ာက္ဖို႔ရန္ မည္သည့္အရာက အတားအဆီး ျဖစ္ေစပါသနည္း။
- သင္၏ ဆုေတာင္းခ်က္မ်ားထဲမွ တစ္ခုကို ဘုရားသခင္ ရွင္းလင္းစြာ အေျဖေပးခဲ့သည့္အေၾကာင္းကို ျပန္လည္ စဥ္းစားၾကည့္လိုက္ပါ။ ထိုအေျဖရေသာ ဆုေတာင္းက သင့္အသက္တာရွိ တျခားေသာလိုအင္တို႔အတြက္ ဆက္လက္ ဆုေတာင္းဖို႔ရန္ မည္ကဲ့သို႔ တြန္းအားေပးပါသနည္း။