Unicode Version
ပြဌာန်းဥပဒေ လိုက်နာခြင်းတွေသည် သင်၏ ပျော်ရွှင်မှုတို့ကို လုယူပါတယ်။
ဖိလိပ္ပိဩဝါဒစာ ၃း၁၁ “ပညတ်တရားအားဖြင့်ရသော
ကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကို ယုံကြည်
ခြင်းအားဖြင့် ရသောဖြောင့်မြတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအတွက်ကြောင့်
ဘုရားသခင် ပေးတော်မူသော ဖြောင့်မြတ်ခြင်းကိုကိုးစားသဖြင့်၊ ခရစ်တော်ကို အမြတ်ရ၍
ထိုသခင်၌ တည်ပါမည်အကြောင်း၊ ခပ်သိမ်းသော အရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ်၏။”
ဘုရားသခင် သင့်အားပိုချစ်ဖို့ရန်အတွက် သင်လုပ်ဆောင်နိုင်တာ ဘာတစ်ခုမှ မရှိဘူးဆိုတာကို နားလည် သဘောပေါက်ခြင်းအရာ ဤကမ္ဘာပေါ်မှာ လွှတ်မြောက်ခြင်းအဖြစ်ဆုံး ခံစားချက်တွေထဲက တစ်ခုဖြစ်ပြီး ၎င်းသည် ပျော်ရွှင်မှု၏ သော့ချက်ဖြစ်ပါတယ်။
သမ္မာကျမ်းစာတွင်
ဖော်ပြထားသည်မှာ “ငါတို့အတွက်ကြောင့် ခရစ်တော်ယေရှုပြုသောအမှု၌
ဝါကြွား၍ ကိုယ်ကိုကိုယ်ကယ်တင်ခြင်းငှာ ကူရာမဲ့ကြောင်းကို သိမြင်ကြ၏” ဖိလိပ္ပိဩဝါဒစာ
၃း၃ TLB
ထိုသမ္မာတရားကို အချိန်တိုင်း သင်မေ့နေခဲ့ပြီး ဘုရားသခင်၏ မေတ္တာတော်ကို
ဘယ်လိုရယူရမလဲဆိုတာကိုဘဲ သင်တွေးပါတယ်။ ၎င်းသည် ပြဌာန်းဥပဒေ လိုက်နာခြင်းမျိုး ဖြစ်ပြီး
ထိုအရာက သင်၏ ပျော်ရွှင်မှုကို လုယူသွားပါတယ်။
ဥပဒေ
လိုက်နာခြင်းသည် သခင်ယေရှု သင့်အတွက် လုပ်ဆောင်ခဲ့ပြီသော အရာကို ယုံကြည်နေခြင်းထက်
သင်က ဘုရားသခင်အတွက် ဘာကို လုပ်ဆောင်ပေးနိုင်မလဲဆိုတဲ့အရာပေါ်မှာ
ယုံကြည်နေခြင်း ဖြစ်ပါတယ်။ ၎င်းသည်
သင့်ကိုယ်သင် ထိုက်တန်ပါတယ်ဆိုတာကို သက်သေပြဖို့ရန် စည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်နေခြင်း
ဖြစ်ပါတယ်။ ပြီးတော့ ၎င်းသည် ဘုရားသခင်၏ ကျေးဇူးတော်၌ သင်ခိုလုံဖို့ရန် တားဆီးတဲ့ ထောင်ချောက်တစ်ခု
ဖြစ်ပါတယ်။
ဘုရားသခင်၏
ကျေးဇူးတော်၌ ဘယ်လို ခိုလှုံရသလဲဆိုတာကို ရှင်ပေါလု သိခဲ့ပါတယ်။ ဖိလိပ္ပိကျမ်းတွင်
ဖော်ပြထားသည်မှာ “ပညတ်တရားအားဖြင့်ရသော ကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကို ယုံကြည် ခြင်းအားဖြင့် ရသောဖြောင့်မြတ်ခြင်းတည်းဟူသော
ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင် ပေးတော်မူသော
ဖြောင့်မြတ်ခြင်းကိုကိုးစားသဖြင့်၊ ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌
တည်ပါမည်အကြောင်း၊ ခပ်သိမ်းသော အရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ်၏။”
ဖိလိပ္ပိဩဝါဒစာ ၃း၁၁
ဥပဒေသတို့နှင့်
လိုက်လျှောက်အသက်ရှင်နေခြင်းကို သင်မည်သို့ သိနိုင်မည်နည်း။ ထိုသို့သော သူဖြစ်တဲ့အခါမှာ
တခြားသော သူတို့ကို သင်မကြာခဏဆိုသလို စီရင်တတ်လာပါတယ်။ ၎င်းသည် သင့်ကိုယ်သင် လက်ခံခြင်း
နှင့် ချစ်ခြင်း မခံစားရတဲ့အခါမှာ သူတစ်ပါးကို ဝေဖန်ဖို့ ပိုလွယ်ကူတဲ့အတွက်ကြောင့်
ဖြစ်ပါတယ်။
တနည်းအားဖြင့်
ကျေးဇူးတော်၌ အသက်ရှင်နေကြောင်းကို မည်သို့ သိနိုင်မည်နည်း။ ကျေးဇူးတော်၌ အသက်ရှင်နေတဲ့အခါမှာ
သူတစ်ပါးတို့ပေါ်၌လည်း သင်က သနားခြင်းဂရုဏာစိတ် ဖြစ်ပေါ်ပါတယ်။ ဘုရားသခင်က သင့်ကို
ခွင့်လွှတ်ခြင်းပေးနေတယ်ဆိုတာကို သင်အသိအမှတ်ပြုတဲ့အတွက်ကြောင့် သင်ကလည်း ခွင့်လွှတ်ခြင်းကို
အလွယ်တကူ ရှာတွေ့တာ ဖြစ်ပါတယ်။ ကောင်းကင်ဘုံ သွားရဖို့အတွက် ဘာမှ ကြိုးစား အားထုတ်
လုပ်ဆောင်စရာမရှိဘူး ဆိုတဲ့ အကြောင်းကလည်း သင့်စိတ်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။
နံနက်တိုင်း
ဘုရားသခင်၏ ကျေးဇူးတော်ကို အောက်မေ့ခြင်းအားဖြင့် ဤသို့ ဝတ်ပြုဆုတောင်းပါ
“အဖဘုရားသခင်… ယနေ့တွင် ကျွန်ုပ်သည် ပြည့်ဝစုံလင်စွာ အပြစ်လွှတ်ခြင်းခံရပြီးကြောင်းကို
ကိုယ့်ကိုယ်ကို သတိပေးနေပါတယ်။”
ကျေးဇူးတော်၌
သင်အသက်ရှင် နေထိုင်လေလေ ..ပျော်ရွှင်ခြင်းများစွာ ရရှိလေလေ ဖြစ်ပါတယ်။
--------------------------------------------------------------------------------------
Zawgyi Version
ျပဌာန္းဥပေဒ လိုက္နာျခင္းေတြသည္ သင္၏ ေပ်ာ္႐ႊင္မႈတို႔ကို လုယူပါတယ္။
ဖိလိပၸိဩဝါဒစာ ၃း၁၁ “ပညတ္တရားအားျဖင့္ရေသာ ကိုယ္ေျဖာင့္မတ္ျခင္းကို မကိုးစားဘဲ၊ ခရစ္ေတာ္ကို ယုံၾကည္ ျခင္းအားျဖင့္ ရေသာေျဖာင့္ျမတ္ျခင္းတည္းဟူေသာ ယုံၾကည္ျခင္းအတြက္ေၾကာင့္ ဘုရားသခင္ ေပးေတာ္မူေသာ ေျဖာင့္ျမတ္ျခင္းကိုကိုးစားသျဖင့္၊ ခရစ္ေတာ္ကို အျမတ္ရ၍ ထိုသခင္၌ တည္ပါမည္အေၾကာင္း၊ ခပ္သိမ္းေသာ အရာတို႔ကို မစင္ကဲ့သို႔ ငါထင္မွတ္၏။”
ဘုရားသခင္ သင့္အားပိုခ်စ္ဖို႔ရန္အတြက္ သင္လုပ္ေဆာင္ႏိုင္တာ ဘာတစ္ခုမွ မရွိဘူးဆိုတာကို နားလည္ သေဘာေပါက္ျခင္းအရာ ဤကမာၻေပၚမွာ လႊတ္ေျမာက္ျခင္းအျဖစ္ဆုံး ခံစားခ်က္ေတြထဲက တစ္ခုျဖစ္ၿပီး ၎သည္ ေပ်ာ္႐ႊင္မႈ၏ ေသာ့ခ်က္ျဖစ္ပါတယ္။
သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ “ငါတို႔အတြက္ေၾကာင့္ ခရစ္ေတာ္ေယရႈျပဳေသာအမႈ၌ ဝါႂကြား၍ ကိုယ္ကိုကိုယ္ကယ္တင္ျခင္းငွာ ကူရာမဲ့ေၾကာင္းကို သိျမင္ၾက၏” ဖိလိပၸိဩဝါဒစာ ၃း၃ TLB
ထိုသမၼာတရားကို အခ်ိန္တိုင္း သင္ေမ့ေနခဲ့ၿပီး ဘုရားသခင္၏ ေမတၱာေတာ္ကို ဘယ္လိုရယူရမလဲဆိုတာကိုဘဲ သင္ေတြးပါတယ္။ ၎သည္ ျပဌာန္းဥပေဒ လိုက္နာျခင္းမ်ိဳး ျဖစ္ၿပီး ထိုအရာက သင္၏ ေပ်ာ္႐ႊင္မႈကို လုယူသြားပါတယ္။
ဥပေဒ လိုက္နာျခင္းသည္ သခင္ေယရႈ သင့္အတြက္ လုပ္ေဆာင္ခဲ့ၿပီေသာ အရာကို ယုံၾကည္ေနျခင္းထက္ သင္က ဘုရားသခင္အတြက္ ဘာကို လုပ္ေဆာင္ေပးႏိုင္မလဲဆိုတဲ့အရာေပၚမွာ ယုံၾကည္ေနျခင္း ျဖစ္ပါတယ္။ ၎သည္ သင့္ကိုယ္သင္ ထိုက္တန္ပါတယ္ဆိုတာကို သက္ေသျပဖို႔ရန္ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္ေလွ်ာက္ေနျခင္း ျဖစ္ပါတယ္။ ၿပီးေတာ့ ၎သည္ ဘုရားသခင္၏ ေက်းဇူးေတာ္၌ သင္ခိုလုံဖို႔ရန္ တားဆီးတဲ့ ေထာင္ေခ်ာက္တစ္ခု ျဖစ္ပါတယ္။
ဘုရားသခင္၏ ေက်းဇူးေတာ္၌ ဘယ္လို ခိုလႈံရသလဲဆိုတာကို ရွင္ေပါလု သိခဲ့ပါတယ္။ ဖိလိပၸိက်မ္းတြင္ ေဖာ္ျပထားသည္မွာ “ပညတ္တရားအားျဖင့္ရေသာ ကိုယ္ေျဖာင့္မတ္ျခင္းကို မကိုးစားဘဲ၊ ခရစ္ေတာ္ကို ယုံၾကည္ ျခင္းအားျဖင့္ ရေသာေျဖာင့္ျမတ္ျခင္းတည္းဟူေသာ ယုံၾကည္ျခင္းအတြက္ေၾကာင့္ ဘုရားသခင္ ေပးေတာ္မူေသာ ေျဖာင့္ျမတ္ျခင္းကိုကိုးစားသျဖင့္၊ ခရစ္ေတာ္ကို အျမတ္ရ၍ ထိုသခင္၌ တည္ပါမည္အေၾကာင္း၊ ခပ္သိမ္းေသာ အရာတို႔ကို မစင္ကဲ့သို႔ ငါထင္မွတ္၏။” ဖိလိပၸိဩဝါဒစာ ၃း၁၁
ဥပေဒသတို႔ႏွင့္ လိုက္ေလွ်ာက္အသက္ရွင္ေနျခင္းကို သင္မည္သို႔ သိႏိုင္မည္နည္း။ ထိုသို႔ေသာ သူျဖစ္တဲ့အခါမွာ တျခားေသာ သူတို႔ကို သင္မၾကာခဏဆိုသလို စီရင္တတ္လာပါတယ္။ ၎သည္ သင့္ကိုယ္သင္ လက္ခံျခင္း ႏွင့္ ခ်စ္ျခင္း မခံစားရတဲ့အခါမွာ သူတစ္ပါးကို ေဝဖန္ဖို႔ ပိုလြယ္ကူတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။ သင့္ကိုယ္သင္ သူေတာ္ေကာင္းလို႔ မခံစားရဘဲ ဘာေၾကာင့္မ်ား တျခားသူေတြ သူတို႔ကိုယ္သူတို႔ သူေတာ္ေကာင္းစိတ္ ခံစားေစခ်င္ပါသနည္း။
တနည္းအားျဖင့္ ေက်းဇူးေတာ္၌ အသက္ရွင္ေနေၾကာင္းကို မည္သို႔ သိႏိုင္မည္နည္း။ ေက်းဇူးေတာ္၌ အသက္ရွင္ေနတဲ့အခါမွာ သူတစ္ပါးတို႔ေပၚ၌လည္း သင္က သနားျခင္းဂ႐ုဏာစိတ္ ျဖစ္ေပၚပါတယ္။ ဘုရားသခင္က သင့္ကို ခြင့္လႊတ္ျခင္းေပးေနတယ္ဆိုတာကို သင္အသိအမွတ္ျပဳတဲ့အတြက္ေၾကာင့္ သင္ကလည္း ခြင့္လႊတ္ျခင္းကို အလြယ္တကူ ရွာေတြ႕တာ ျဖစ္ပါတယ္။ ေကာင္းကင္ဘုံ သြားရဖို႔အတြက္ ဘာမွ ႀကိဳးစား အားထုတ္ လုပ္ေဆာင္စရာမရွိဘူး ဆိုတဲ့ အေၾကာင္းကလည္း သင့္စိတ္ကို သက္ေတာင့္သက္သာ ျဖစ္ေစပါတယ္။
နံနက္တိုင္း ဘုရားသခင္၏ ေက်းဇူးေတာ္ကို ေအာက္ေမ့ျခင္းအားျဖင့္ ဤသို႔ ဝတ္ျပဳဆုေတာင္းပါ
“အဖဘုရားသခင္… ယေန႔တြင္ ကြၽႏ္ုပ္သည္ ျပည့္ဝစုံလင္စြာ အျပစ္လႊတ္ျခင္းခံရၿပီးေၾကာင္းကို ကိုယ့္ကိုယ္ကို သတိေပးေနပါတယ္။”
ေက်းဇူးေတာ္၌ သင္အသက္ရွင္ ေနထိုင္ေလေလ ..ေပ်ာ္႐ႊင္ျခင္းမ်ားစြာ ရရွိေလေလ ျဖစ္ပါတယ္။