Your Healthy Choices Honor God

 Unicode Version

သင်၏ ကျန်းမာစွာ ရွေးချယ်မှုတို့သည် ဘုရားသခင်ကို လေးစားဂုဏ်ပြုဖွယ်ရာ ဖြစ်စေသည်

ကောရိန္သုဩဝါဒစာ ပဌမစောင် ၁ဝး၃၁ “သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော် ၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။”

သင်၏ခန္ဓာကိုယ်ကို ကောင်းစွာ ထိန်းချုပ်စီမံခြင်းအားဖြင့် သင့်အတွက် အကျိုးရှိပြီး ဘုရားသခင်ကိုလည်း လေးစား ဂုဏ်ယူဖွယ်ရာ ဖြစ်စေနိုင်တယ်ဆိုတာကို သင်သိပါသလား။ ကျန်းမာသော ရွေးချယ်မှုတို့ကို သင်ပြုတဲ့ အခါ ဖန်ဆင်းတော်မူသော သင်၏ ခန္ဓာကိုယ်ကို သင်ဂရုစိုက်ခြင်းအားဖြင့် ဘုရားသခင်အား လေးစားဂုဏ်ပြုရာ ရောက်ပါတယ်။ ပြီးတော့ သင်၌ များစွာသော ခွန်အားနှင့်ပြည့်စုံခြင်း ၊ ထက်မြက်တဲ့စိတ် ၊ တောက်ပတဲ့အပြုံး နှင့် သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေသလို သင့်ကိုယ်သင်လည်း လက်ဆောင်ပေးနေတာ ဖြစ်ပါတယ်။


သမ္မာကျမ်းစာက ဆိုထားသည်မှာ “သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။” ကောရိန္သုဩဝါဒစာ ပဌမစောင် ၁ဝး၃၁

သို့ပေမဲ့ ကျန်းမာသော ရွေးချယ်မှုတို့ကို ပြုခြင်းအရာက အမြဲတမ်း မလွယ်ကူပါဘူး။ ၎င်းသည် ကျွန်ုပ်လေ့လာ ခဲ့တဲ့ကိုယ်တွေ့ အရာ ဖြစ်ပါတယ်။ ကျွန်ုပ်ကလေးအရွယ်ကာလအချိန်အခါတို့မှ အမှတ်ရစရာ ပျော်ရွှင်မှုတွေတိုင်း သည် အစားအသောက်နှင့် ဆက်နွယ်နေခဲ့ပါတယ်။ သို့ပေမဲ့ ဝမ်းနည်းမှု အမှတ်ရစရာတို့ သည်လည်း အစား အသောက်နှင့် ဆက်နွယ်နေခဲ့ပါတယ်။ အစွန်းနှစ်ဖက်ကြားက အမှတ်ရစရာတွေက ဒီလိုပါဘဲ။ အစားအသောက် ဆိုတာ ကျန်းမာရေးနှင့် မညီညွှတ်တဲ့အဆင့်အထိ မကြာခဏ မှီခိုနေရတဲ့အရာဖြစ်ပါတယ်။ ဒါကြောင့်လည်း အများက ကျွန်တော့ကို “Pasta Rick” လို့ခေါ်ကြပါတယ်။


ကျန်းမာစေတဲ့ လူနေမှုပုံစုံကို အကောင်အထည်ဖော်ဖို့ရန် ခက်ခဲစေနိုင်တဲ့ အကြောင်းရင်း (၃) ရပ်ကို နှစ်တွေ ကြာလာတာနှင့်အမျှ ကျွန်ုပ်ရှာဖွေတွေ့ရှိခဲ့ပါတယ်။


(၁) သင်၏ စိတ်စွမ်းအားကို သင်မှီခိုခြင်း

စိတ်စွမ်းအား (စိတ်အားထက်သန်မှု) သည် ရေတိုသက်တမ်းအတွက် အလွန်ကောင်းမွန်ပါတယ်။ သို့ပေမဲ့ ကျန်းမာ တဲ့ ပန်းတိုင်ဆီရောက်ဖို့အတွက် သင်၏စိတ်အားထက်သန်မှုပေါ် အားကိုးနေရတဲ့ အချိန်တစ်လျှောက်လုံး သင်၏ ဉီးနှောက်က မလုပ်ချင်တဲ့အရာတစ်ခုကို လုပ်ဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးနေတာပါဘဲ။ ဒါကြောင့် စိတ်အား ထက်သန်မှု တစ်ခုတည်းဖြင့် လုပ်ဆောင်ပါက ပင်ပန်းပါတယ်။ သင်၏ ကိုယ်ပိုင်ခွန်အားထက်ကို ပိုပြီးလိုအပ် ပါတယ်။


(၂) သင်၌ မှားယွင်းတဲ့ လှုံ့ဆော်မှု ရှိနေပါတယ်။

သင်နှင့်ပတ်သက်တဲ့ ပန်းတိုင်တစ်ခုကို ချမှတ်ခြင်းက လူအများနှင့်အတူ ရှေ့ဆက်ဖို့ မလုံလောက်ပါဘူး။ ကြည့်ကောင်းဖို့ ၊ နေလို့အဆင်ပြေဖို့ ၊ အသက်ရှည်ဖို့ရန်အတွက်သာ ဓါတ်စာ (အတိုင်းအချင့်နှင့်စားသော အစာ) ကိုဘယ်လောက်ဖြင့် စတင်ရမလဲဆိုတာကို ကျွန်ုပ်ပြောပြလို့ မရပါဘူး။ ထိုအရာတို့တွင် မှားယွင်းမှုမရှိပါဘူး။ တရားဝင်သော ပန်းတိုင်တွေဖြစ်ကြပါတယ်။ သို့ပေမဲ့ သင်၏ ကျန်းမာရေးက ၎င်းတို့ထက် ပိုပြီး လေးနက်သင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်နေခြင်းက ဝိညာဉ်ပိုင်းဆိုင်ရာတွင် အဓိပ္ပါယ်ရှိစေပါတယ်။


(၃) သင့်အကြံအစည်ဖြင့် ပြောင်းလဲဖို့ ကြိုးစားခြင်း

အသက်တာကို တစ်ယောက်တည်း ဖြတ်သန်းဖို့ရန် သင့်အား ဖန်ဆင်းထားတာ မဟုတ်ပါဘူး။ “ငါ ဒီရက်အတွင်းမှာ ပြောင်းလဲဖို့ရှိတယ်” လို့ပြောနေရုံနဲ့မရပါဘူး။ ကိုယ့်ဖာသာ ကိုယ်ပြောင်းလဲနိုင်ပါလျှင် ပြောင်းလဲမှာပေါ့။ သို့ပေမဲ့ သင်မလုပ်နိုင်တဲ့အတွက် သင်မပြောင်းလဲပါဘူး။ သင်အကူအညီ လိုပါတယ်။ သင့်အား လူမှုအဖွဲ့အစည်းအတွက် ဖန်ဆင်းထားတာ ဖြစ်ပါတယ်။

ဒါကြောင့် စိတ်အားထက်သန်မှုတွေ ၊ မှားယွင်းသော ရည်ရွယ်ချက်တွေ နှင့် ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ ကြိုးစားနေခြင်းတွေက အလုပ်မဖြစ်ပါဘူး။ ဘယ်အရာက အလုပ်ဖြစ်မလဲ။


ပထမဦးစွာ ဘုရားသခင်၏ တန်ခိုးတော်ပေါ်မှာ ကိုးစားပါ။ သင်၏ အားနည်းချက်တို့ ဘယ်လိုဘဲရှိနေပါစေ ၎င်းတို့နှင့်အတူ ကျန်ရှိတဲ့အသက်တာမှာ ရင်ဆိုင်သွားရပါလိမ့်မည်။ ဒါကြောင့် သင်၏ ပန်းတိုင်ကို ရောက်ရှိဖို့ သင်၏ ကိုယ်ပိုင်အားထုတ်မှု နှင့် လှုံ့ဆော်မှုတို့ထက် ပိုလိုအပ်ပါတယ်။ ဘုရားသခင်၏ တန်ခိုးတော်နှင့် ချိတ်ဆက်ဖို့ လိုပါတယ်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ “ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည် ဟု မိန့်တော်မူ၏။” ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၁၂း၉


ဒုတိယအနေဖြင့် သင့်အား ပံ့ပိုးကူညီရန် လုပ်ဖော်ကိုင်ဖက် (သို့) နည်းပြတစ်ဦးဦိးကို ရှာပါ။ ကျွန်တော်တို့ Saddleback အသင်းတော်မှာတော့ လူတိုင်းကို အဖွဲ့ငယ်တို့နှင့် ဆက်သွယ်ဖို့ တိုက်တွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းမာတဲ့ ရွေးချယ်မှုပြုဖို့ရန် သင်ကိုယ်တိုင် သင်ကတိကဝတ်မပြုနိုင်ပါဘူး။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့။” ဂလာတိ ၆း၂


သင့်ကို ဘုရားသခင် ဖန်ဆင်းထားတဲ့ အတွက်ကြောင့် ကိုယ်တော်အား ဘုန်းတော်ထင်ရှားစေမည့်နည်းလမ်းတို့ဖြင့် သင်အား ခန္ဓာကိုယ်ကို စီမံခန့်ခွဲစေလိုပါသည်။ ၎င်းသည် သင့်အား ကျန်းမာစေပါသည်။


ဆင်ခြင်ရန်

- ဘုရားသခင်အား ဘုန်းအသရေရှိစေသည့် ကျန်းမာသောရွေးချယ်မှုတစ်ခုကို ဥပမာတစ်ခုပေးပါ။ ဘုရားသခင်ကို ဘုန်းအသရေ မပေးသော ကျန်းမာရေးနှင့် မညီညွတ်သော ရွေးချယ်မှု၏ ဥပမာကား အဘယ်နည်း။

- ကျန်းမာရေးပန်းတိုင်သို့ရောက်ရှိရန် စိတ်အားထက်သန်မှုအပေါ် အားကိုးသည့်အချိန်ကို ဖော်ပြပါ။ ရလဒ်က မည်သို့ဖြစ်သနည်း။

- သင့်အသက်တာတွင် သင်ပြုလုပ်ရန် လိုအပ်သော ကျန်းမာရေးနှင့်ညီညွတ်သည့် အပြောင်းအလဲတစ်ခုက မည်သို့နည်း။ ထိုကျန်းမာသော ရွေးချယ်မှုတွင် သင့်အား တာဝန်ခံရန် မည်သူက တောင်းဆိုနိုင်ပါသနည်း။




-------------------------------------------

Zawgyi Version

သင္၏ က်န္းမာစြာ ေ႐ြးခ်ယ္မႈတို႔သည္ ဘုရားသခင္ကို ေလးစားဂုဏ္ျပဳဖြယ္ရာ ျဖစ္ေစသည္။

ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၁ဝး၃၁ “သင္တို႔သည္စားေသာ္၎၊ ေသာက္ေသာ္၎၊ မည္သည့္အမႈကို ျပဳေသာ္ ၎၊ ဘုရားသခင္၏ ဘုန္းေတာ္ကို ေထာက္၍ ခပ္သိမ္းေသာအမႈကိစၥကို ျပဳၾကေလာ့။”

သင္၏ခႏၶာကိုယ္ကို ေကာင္းစြာ ထိန္းခ်ဳပ္စီမံျခင္းအားျဖင့္ သင့္အတြက္ အက်ိဳးရွိၿပီး ဘုရားသခင္ကိုလည္း ေလးစား ဂုဏ္ယူဖြယ္ရာ ျဖစ္ေစႏိုင္တယ္ဆိုတာကို သင္သိပါသလား။ က်န္းမာေသာ ေ႐ြးခ်ယ္မႈတို႔ကို သင္ျပဳတဲ့ အခါ ဖန္ဆင္းေတာ္မူေသာ သင္၏ ခႏၶာကိုယ္ကို သင္ဂ႐ုစိုက္ျခင္းအားျဖင့္ ဘုရားသခင္အား ေလးစားဂုဏ္ျပဳရာ ေရာက္ပါတယ္။ ၿပီးေတာ့ သင္၌ မ်ားစြာေသာ ခြန္အားႏွင့္ျပည့္စုံျခင္း ၊ ထက္ျမက္တဲ့စိတ္ ၊ ေတာက္ပတဲ့အၿပဳံး ႏွင့္ သန္မာေသာ ခႏၶာကိုယ္ကို ပိုင္ဆိုင္ေစသလို သင့္ကိုယ္သင္လည္း လက္ေဆာင္ေပးေနတာ ျဖစ္ပါတယ္။


သမၼာက်မ္းစာက ဆိုထားသည္မွာ “သင္တို႔သည္စားေသာ္၎၊ ေသာက္ေသာ္၎၊ မည္သည့္အမႈကို ျပဳေသာ္၎၊ ဘုရားသခင္၏ ဘုန္းေတာ္ကို ေထာက္၍ ခပ္သိမ္းေသာအမႈကိစၥကို ျပဳၾကေလာ့။” ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၁ဝး၃၁

သို႔ေပမဲ့ က်န္းမာေသာ ေ႐ြးခ်ယ္မႈတို႔ကို ျပဳျခင္းအရာက အၿမဲတမ္း မလြယ္ကူပါဘူး။ ၎သည္ ကြၽႏ္ုပ္ေလ့လာ ခဲ့တဲ့ကိုယ္ေတြ႕ အရာ ျဖစ္ပါတယ္။ ကြၽႏ္ုပ္ကေလးအ႐ြယ္ကာလအခ်ိန္အခါတို႔မွ အမွတ္ရစရာ ေပ်ာ္႐ႊင္မႈေတြတိုင္း သည္ အစားအေသာက္ႏွင့္ ဆက္ႏြယ္ေနခဲ့ပါတယ္။ သို႔ေပမဲ့ ဝမ္းနည္းမႈ အမွတ္ရစရာတို႔ သည္လည္း အစား အေသာက္ႏွင့္ ဆက္ႏြယ္ေနခဲ့ပါတယ္။ အစြန္းႏွစ္ဖက္ၾကားက အမွတ္ရစရာေတြက ဒီလိုပါဘဲ။ အစားအေသာက္ ဆိုတာ က်န္းမာေရးႏွင့္ မညီၫႊတ္တဲ့အဆင့္အထိ မၾကာခဏ မွီခိုေနရတဲ့အရာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အမ်ားက ကြၽန္ေတာ့ကို “Pasta Rick” လို႔ေခၚၾကပါတယ္။


က်န္းမာေစတဲ့ လူေနမႈပုံစုံကို အေကာင္အထည္ေဖာ္ဖို႔ရန္ ခက္ခဲေစႏိုင္တဲ့ အေၾကာင္းရင္း (၃) ရပ္ကို ႏွစ္ေတြ ၾကာလာတာႏွင့္အမွ် ကြၽႏ္ုပ္ရွာေဖြေတြ႕ရွိခဲ့ပါတယ္။


(၁) သင္၏ စိတ္စြမ္းအားကို သင္မွီခိုျခင္း

စိတ္စြမ္းအား (စိတ္အားထက္သန္မႈ) သည္ ေရတိုသက္တမ္းအတြက္ အလြန္ေကာင္းမြန္ပါတယ္။ သို႔ေပမဲ့ က်န္းမာ တဲ့ ပန္းတိုင္ဆီေရာက္ဖို႔အတြက္ သင္၏စိတ္အားထက္သန္မႈေပၚ အားကိုးေနရတဲ့ အခ်ိန္တစ္ေလွ်ာက္လုံး သင္၏ ဉီးေႏွာက္က မလုပ္ခ်င္တဲ့အရာတစ္ခုကို လုပ္ဖို႔ ကိုယ့္ကိုယ္ကို တြန္းအားေပးေနတာပါဘဲ။ ဒါေၾကာင့္ စိတ္အား ထက္သန္မႈ တစ္ခုတည္းျဖင့္ လုပ္ေဆာင္ပါက ပင္ပန္းပါတယ္။ သင္၏ ကိုယ္ပိုင္ခြန္အားထက္ကို ပိုၿပီးလိုအပ္ ပါတယ္။


(၂) သင္၌ မွားယြင္းတဲ့ လႈံ႕ေဆာ္မႈ ရွိေနပါတယ္။

သင္ႏွင့္ပတ္သက္တဲ့ ပန္းတိုင္တစ္ခုကို ခ်မွတ္ျခင္းက လူအမ်ားႏွင့္အတူ ေရွ႕ဆက္ဖို႔ မလုံေလာက္ပါဘူး။ ၾကည့္ေကာင္းဖို႔ ၊ ေနလို႔အဆင္ေျပဖို႔ ၊ အသက္ရွည္ဖို႔ရန္အတြက္သာ ဓါတ္စာ (အတိုင္းအခ်င့္ႏွင့္စားေသာ အစာ) ကိုဘယ္ေလာက္ျဖင့္ စတင္ရမလဲဆိုတာကို ကြၽႏ္ုပ္ေျပာျပလို႔ မရပါဘူး။ ထိုအရာတို႔တြင္ မွားယြင္းမႈမရွိပါဘူး။ တရားဝင္ေသာ ပန္းတိုင္ေတြျဖစ္ၾကပါတယ္။ သို႔ေပမဲ့ သင္၏ က်န္းမာေရးက ၎တို႔ထက္ ပိုၿပီး ေလးနက္သင့္ပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာ ေကာင္းမြန္ေနျခင္းက ဝိညာဥ္ပိုင္းဆိုင္ရာတြင္ အဓိပၸါယ္ရွိေစပါတယ္။


(၃) သင့္အႀကံအစည္ျဖင့္ ေျပာင္းလဲဖို႔ ႀကိဳးစားျခင္း

အသက္တာကို တစ္ေယာက္တည္း ျဖတ္သန္းဖို႔ရန္ သင့္အား ဖန္ဆင္းထားတာ မဟုတ္ပါဘူး။ “ငါ ဒီရက္အတြင္းမွာ ေျပာင္းလဲဖို႔ရွိတယ္” လို႔ေျပာေန႐ုံနဲ႔မရပါဘူး။ ကိုယ့္ဖာသာ ကိုယ္ေျပာင္းလဲႏိုင္ပါလွ်င္ ေျပာင္းလဲမွာေပါ့။ သို႔ေပမဲ့ သင္မလုပ္ႏိုင္တဲ့အတြက္ သင္မေျပာင္းလဲပါဘူး။ သင္အကူအညီ လိုပါတယ္။ သင့္အား လူမႈအဖြဲ႕အစည္းအတြက္ ဖန္ဆင္းထားတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ စိတ္အားထက္သန္မႈေတြ ၊ မွားယြင္းေသာ ရည္႐ြယ္ခ်က္ေတြ ႏွင့္ ကိုယ့္ကိုယ္ကို ေျပာင္းလဲဖို႔ ႀကိဳးစားေနျခင္းေတြက အလုပ္မျဖစ္ပါဘူး။ ဘယ္အရာက အလုပ္ျဖစ္မလဲ။


ပထမဦးစြာ ဘုရားသခင္၏ တန္ခိုးေတာ္ေပၚမွာ ကိုးစားပါ။ သင္၏ အားနည္းခ်က္တို႔ ဘယ္လိုဘဲရွိေနပါေစ ၎တို႔ႏွင့္အတူ က်န္ရွိတဲ့အသက္တာမွာ ရင္ဆိုင္သြားရပါလိမ့္မည္။ ဒါေၾကာင့္ သင္၏ ပန္းတိုင္ကို ေရာက္ရွိဖို႔ သင္၏ ကိုယ္ပိုင္အားထုတ္မႈ ႏွင့္ လႈံ႕ေဆာ္မႈတို႔ထက္ ပိုလိုအပ္ပါတယ္။ ဘုရားသခင္၏ တန္ခိုးေတာ္ႏွင့္ ခ်ိတ္ဆက္ဖို႔ လိုပါတယ္။ သမၼာက်မ္းစာက ဆိုထားသည္မွာ “ငါ့တန္ခိုးသည္ အားနည္းျခင္းအျဖစ္၌ စုံလင္တတ္သည္ ဟု မိန္႔ေတာ္မူ၏။” ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၁၂း၉


ဒုတိယအေနျဖင့္ သင့္အား ပံ့ပိုးကူညီရန္ လုပ္ေဖာ္ကိုင္ဖက္ (သို႔) နည္းျပတစ္ဦးဦိးကို ရွာပါ။ ကြၽန္ေတာ္တို႔ Saddleback အသင္းေတာ္မွာေတာ့ လူတိုင္းကို အဖြဲ႕ငယ္တို႔ႏွင့္ ဆက္သြယ္ဖို႔ တိုက္တြန္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်န္းမာတဲ့ ေ႐ြးခ်ယ္မႈျပဳဖို႔ရန္ သင္ကိုယ္တိုင္ သင္ကတိကဝတ္မျပဳႏိုင္ပါဘူး။ သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “ထမ္း႐ြက္စရာဝန္ခ်င္းတို႔ကို အခ်င္းခ်င္းကူညီ၍ ထမ္း႐ြက္ေသာအားျဖင့္ ခရစ္ေတာ္၏တရားကို က်င့္ၾကေလာ့။” ဂလာတိ ၆း၂


သင့္ကို ဘုရားသခင္ ဖန္ဆင္းထားတဲ့ အတြက္ေၾကာင့္ ကိုယ္ေတာ္အား ဘုန္းေတာ္ထင္ရွားေစမည့္နည္းလမ္းတို႔ျဖင့္ သင္အား ခႏၶာကိုယ္ကို စီမံခန႔္ခြဲေစလိုပါသည္။ ၎သည္ သင့္အား က်န္းမာေစပါသည္။


ဆင္ျခင္ရန္

- ဘုရားသခင္အား ဘုန္းအသေရရွိေစသည့္ က်န္းမာေသာေ႐ြးခ်ယ္မႈတစ္ခုကို ဥပမာတစ္ခုေပးပါ။ ဘုရားသခင္ကို ဘုန္းအသေရ မေပးေသာ က်န္းမာေရးႏွင့္ မညီၫြတ္ေသာ ေ႐ြးခ်ယ္မႈ၏ ဥပမာကား အဘယ္နည္း။

- က်န္းမာေရးပန္းတိုင္သို႔ေရာက္ရွိရန္ စိတ္အားထက္သန္မႈအေပၚ အားကိုးသည့္အခ်ိန္ကို ေဖာ္ျပပါ။ ရလဒ္က မည္သို႔ျဖစ္သနည္း။

- သင့္အသက္တာတြင္ သင္ျပဳလုပ္ရန္ လိုအပ္ေသာ က်န္းမာေရးႏွင့္ညီၫြတ္သည့္ အေျပာင္းအလဲတစ္ခုက မည္သို႔နည္း။ ထိုက်န္းမာေသာ ေ႐ြးခ်ယ္မႈတြင္ သင့္အား တာဝန္ခံရန္ မည္သူက ေတာင္းဆိုႏိုင္ပါသနည္း။