You Can Only Manage What You Measure

Unicode Version

သင်တိုင်းတာသည့်အရာကိုသာ သင်စီမံနိုင်ပါသည်။

ရောမဩဝါဒစာ ၁၂း၃ “သင်တို့သည် ကိုယ်ကိုထင်သင့်သည် အတိုင်းထက်လွန်၍ မထင်ဘဲ၊ ဘုရားသခင်သည် လူအသီးအသီး တို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ၊ ကိုယ်ကိုလျောက်ပတ်စွာထင်ရမည် အကြောင်း ငါသည် ကိုယ်ခံရသော ကျေးဇူးတော်ကိုအမှီပြုလျက်၊ သင်တို့တွင် ရှိသမျှသောသူတို့ကိုမှာထား၏။

သင့်အသက်တာ၏ မည်သည့်အခန်းကဏ္ဍကိုမဆို ပြောင်းလဲဖို့ရန် ပထမဆုံးနှင့် အကြီးမားဆုံး အတားအဆီးက မာနဖြစ်ပါတယ်။ မာနသည် သင်ပြောင်းလဲရန် လိုအပ်သည့် နယ်ပယ်နှင့်ပတ်သက်ပြီး ရိုးသားခြင်းမှ ကင်းဝေးစေ ပါတယ်။ သို့ပေမဲ့ တကယ်တမ်းတွင် ကျွန်ုပ်တို့အားလုံး ပြောင်းလဲဖို့ရန် လိုအပ်ကြပါတယ်။ ဘယ်သူမှ စုံလင်ခြင်း မရှိကြပါဘူး။ ကျွန်ုပ်လည်း မရှိဘူး။ သင်လည်း မရှိပါဘူး။ သင်အထင်ကြီး လေးစားရသော ပုဂ္ဂိုလ်မှာလည်း မရှိပါဘူး။

 

ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လွှဲ၍ ကျန်သောအရာ တစ်ခုကမျှ ပြီးပြည့်စုံမှု မရှိပါဘူး။ အပြစ်ကြောင့် ဤကမ္ဘာင်္ဂြိုလ်ပေါ်ရှိ အရာအားလုံးတို့က ပျက်စီးကျိုးပဲ့နေပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့က လူတွေကို အထင်ကြီးအောင်လုပ်ဖို့ဘဲ ကြိုးစားနေကြပါတယ်။ စုံလင်တယ်လို့ ဟန်ဆောင်နေကြပါတယ်။

 

သင့်အသက်တာတွင် တည်မြဲသော ပြောင်းလဲခြင်းကို ရယူချင်ပါလျှင် သင်၏ လက်ရှိ အခြေအနေဖြစ်တဲ့ ဝန်ခံခြင်းအပါအဝင် သင်၌မစုံလင်ခြင်းကို နှိမ့်ချစွာဖြင့် လက်ခံဖို့ရန် လိုပါတယ်။ သင်၏ မာန်မာနကို ဘေးဖယ်ထားပြီး သင့်အသက်တာရှိ ရုန်းကန်နေရတဲ့ အခန်းကဏ္ဍ (သို့) သင်၏ ကျန်းမာရေး (သို့) သင်၏ ဘဏ္ဍာရေးတို့တွင် ပြသနာရှိနေတယ်လို့ ဝန်ခံဖို့ လိုပါတယ်။

 

ရောမဩဝါဒစာ ၁၂း၃ တွင် ဖော်ပြထားသည်မှာ “သင်တို့သည် ကိုယ်ကိုထင်သင့်သည် အတိုင်းထက်လွန်၍ မထင်ဘဲ၊ ဘုရားသခင်သည် လူအသီးအသီး တို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ၊ ကိုယ်ကိုလျောက်ပတ်စွာထင်ရမည် အကြောင်း ငါသည် ကိုယ်ခံရသော ကျေးဇူးတော်ကိုအမှီပြုလျက်၊ သင်တို့တွင် ရှိသမျှသောသူတို့ကိုမှာထား၏။

 

တစ်ခါတစ်ရံတွင် တခြားသူတို့၏ အကူအညီမပါဘဲ သင့်ကိုယ်သင် တိကျစွာ ပြန်မမြင်နိုင်ပါဘူး။ တခြားသူတွေကို သင့်အပေါ် ရိုးသားဖို့ သင်တောင်းဆိုရဲပါသလား။ “ငါဘယ်ကဏ္ဍကို ပြောင်းလဲဖို့ လိုမလဲ” လို့သင်နှင့် ခင်မင်သော လူတွေကို မေးဖို့ ဆန္ဒရှိပါသလား။

 

မိမိကိုယ်ကို အသေးစိတ် မြင်ဖို့ရန် ဘာကြောင့်အရေးကြီးပါသနည်း။ ဘာကြောင့်လဲဆိုတော့ သင်တိုင်းတာသည့် အရာကိုသာ သင်စီမံနိုင်ပါမည်။

 

သင်၏ ယုံကြည်ခြင်း အတိုင်းအတာကို သင်မသိပါလျှင် သင်၏ ယုံကြည်ခြင်းတွင် ကြီးထွားမှု မဖြစ်နိုင်ပါ။ သင်၏ ကျန်းမာရေး အတိုင်းအတာကို သင်မသိပါလျှင် သင်၏ ကျန်းမာရေးကို တိုးတက်အောင် မပြုနိုင်ပါ။ သင်၏ ငွေကြေး မည်သည့်နေရာတွင် ဘယ်လောက်အတိုင်းအတာရှိသည်ကို မသိပါလျှင် ငွေကြေးအရ ပန်းတိုင်ချမှတ်လို့ မရနိုင်ပါ။ သင်၏ ဝိညာဉ်ရေးရာ (သို့) အသက်မွေးဝမ်းကျောင်းပြုမှု (သို့) ပေါင်းသင်းဆက်ဆံရေး အတိုင်းအတာတွေကို မသိပါလျှင် ထိုအခန်းကဏ္ဍတို့၌ သင်မကြီးထွားနိုင်ပါ။ သင်တိုင်းတာသော အရာပေါ်သာ သင်စီမံနိုင်မည်ဖြစ်သည်။

 

စစ်မှန်သော အသက်တာပြောင်းလဲမှုဖြစ်ဖို့ သင်အဆင်သင့်ဖြစ်ပြီလား။ ပထမဦးစွာ သင်၏ မာနကို ဘေးဖယ်ပြီး ယနေ့တွင် သင်ရောက်ရှိသည့်နေရာကို တိကျသော တိုင်းတာမှု ပြုလိုက်ပါ။ သို့မှသာ ကြီးထွားရန် လိုအပ်သော နယ်ပယ် ၊အခန်းကဏ္ဍကို သင်မြင်နိုင်ပါလိမ့်မည်။

 

ဆင်ခြင်ရန်

- အသက်တာတွင် ပွင့်လင်းစွာ နှင့်ရိုးသားစွာဖြင့် သင်ဝေမျှနိုင်မည့် သူကား မည်သူဖြစ်မည်နည်း။

-ပြောင်းလဲမှုအတွက် လက်တွေ့ကျသော ပန်းတိုင်များ ချမှတ်နိုင်ဖို့ရန် သင့်အသက်တာရှိ မည်သည့်အခန်း ကဏ္ဍတို့ကို အကဲဖြတ်ရန် လိုအပ်ပါသနည်း။

- သင်၏ ကြီးထွားမှု နှင့် တိုးတက်မှုတို့ကို အခြေခံနိုင်မည့် နည်းလမ်းအချို့ကား မည်သို့နည်း။


-------------------------------------------------------------------------------

Zawgyi Version

သင္တိုင္းတာသည့္အရာကိုသာ သင္စီမံႏိုင္ပါသည္။

ေရာမဩဝါဒစာ ၁၂း၃ “သင္တို႔သည္ ကိုယ္ကိုထင္သင့္သည္ အတိုင္းထက္လြန္၍ မထင္ဘဲ၊ ဘုရားသခင္သည္ လူအသီးအသီး တို႔အား ယုံၾကည္ျခင္းကို ေဝေပးေတာ္မူသည္ႏွင့္အညီ၊ ကိုယ္ကိုေလ်ာက္ပတ္စြာထင္ရမည္ အေၾကာင္း ငါသည္ ကိုယ္ခံရေသာ ေက်းဇူးေတာ္ကိုအမွီျပဳလ်က္၊ သင္တို႔တြင္ ရွိသမွ်ေသာသူတို႔ကိုမွာထား၏။”


သင့္အသက္တာ၏ မည္သည့္အခန္းက႑ကိုမဆို ေျပာင္းလဲဖို႔ရန္ ပထမဆုံးႏွင့္ အႀကီးမားဆုံး အတားအဆီးက မာနျဖစ္ပါတယ္။ မာနသည္ သင္ေျပာင္းလဲရန္ လိုအပ္သည့္ နယ္ပယ္ႏွင့္ပတ္သက္ၿပီး ႐ိုးသားျခင္းမွ ကင္းေဝးေစ ပါတယ္။ သို႔ေပမဲ့ တကယ္တမ္းတြင္ ကြၽႏ္ုပ္တို႔အားလုံး ေျပာင္းလဲဖို႔ရန္ လိုအပ္ၾကပါတယ္။ ဘယ္သူမွ စုံလင္ျခင္း မရွိၾကပါဘူး။ ကြၽႏ္ုပ္လည္း မရွိဘူး။ သင္လည္း မရွိပါဘူး။ သင္အထင္ႀကီး ေလးစားရေသာ ပုဂၢိဳလ္မွာလည္း မရွိပါဘူး။ 

ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္မွ လႊဲ၍ က်န္ေသာအရာ တစ္ခုကမွ် ၿပီးျပည့္စုံမႈ မရွိပါဘူး။ အျပစ္ေၾကာင့္ ဤကမာၻၿဂႋဳလ္ေပၚရွိ အရာအားလုံးတို႔က ပ်က္စီးက်ိဳးပဲ့ေနပါတယ္။ သို႔ေပမဲ့ ကြၽႏ္ုပ္တို႔က လူေတြကို အထင္ႀကီးေအာင္လုပ္ဖို႔ဘဲ ႀကိဳးစားေနၾကပါတယ္။ စုံလင္တယ္လို႔ ဟန္ေဆာင္ေနၾကပါတယ္။

သင့္အသက္တာတြင္ တည္ၿမဲေသာ ေျပာင္းလဲျခင္းကို ရယူခ်င္ပါလွ်င္ သင္၏ လက္ရွိ အေျခအေနျဖစ္တဲ့ ဝန္ခံျခင္းအပါအဝင္ သင္၌မစုံလင္ျခင္းကို ႏွိမ့္ခ်စြာျဖင့္ လက္ခံဖို႔ရန္ လိုပါတယ္။ သင္၏ မာန္မာနကို ေဘးဖယ္ထားၿပီး သင့္အသက္တာရွိ ႐ုန္းကန္ေနရတဲ့ အခန္းက႑ (သို႔) သင္၏ က်န္းမာေရး (သို႔) သင္၏ ဘ႑ာေရးတို႔တြင္ ျပသနာရွိေနတယ္လို႔ ဝန္ခံဖို႔ လိုပါတယ္။

ေရာမဩဝါဒစာ ၁၂း၃ တြင္ ေဖာ္ျပထားသည္မွာ “သင္တို႔သည္ ကိုယ္ကိုထင္သင့္သည္ အတိုင္းထက္လြန္၍ မထင္ဘဲ၊ ဘုရားသခင္သည္ လူအသီးအသီး တို႔အား ယုံၾကည္ျခင္းကို ေဝေပးေတာ္မူသည္ႏွင့္အညီ၊ ကိုယ္ကိုေလ်ာက္ပတ္စြာထင္ရမည္ အေၾကာင္း ငါသည္ ကိုယ္ခံရေသာ ေက်းဇူးေတာ္ကိုအမွီျပဳလ်က္၊ သင္တို႔တြင္ ရွိသမွ်ေသာသူတို႔ကိုမွာထား၏။”

တစ္ခါတစ္ရံတြင္ တျခားသူတို႔၏ အကူအညီမပါဘဲ သင့္ကိုယ္သင္ တိက်စြာ ျပန္မျမင္ႏိုင္ပါဘူး။ တျခားသူေတြကို သင့္အေပၚ ႐ိုးသားဖို႔ သင္ေတာင္းဆိုရဲပါသလား။ “ငါဘယ္က႑ကို ေျပာင္းလဲဖို႔ လိုမလဲ” လို႔သင္ႏွင့္ ခင္မင္ေသာ လူေတြကို ေမးဖို႔ ဆႏၵရွိပါသလား။

မိမိကိုယ္ကို အေသးစိတ္ ျမင္ဖို႔ရန္ ဘာေၾကာင့္အေရးႀကီးပါသနည္း။ ဘာေၾကာင့္လဲဆိုေတာ့ သင္တိုင္းတာသည့္ အရာကိုသာ သင္စီမံႏိုင္ပါမည္။ 

သင္၏ ယုံၾကည္ျခင္း အတိုင္းအတာကို သင္မသိပါလွ်င္ သင္၏ ယုံၾကည္ျခင္းတြင္ ႀကီးထြားမႈ မျဖစ္ႏိုင္ပါ။ သင္၏ က်န္းမာေရး အတိုင္းအတာကို သင္မသိပါလွ်င္ သင္၏ က်န္းမာေရးကို တိုးတက္ေအာင္ မျပဳႏိုင္ပါ။ သင္၏ ေငြေၾကး မည္သည့္ေနရာတြင္ ဘယ္ေလာက္အတိုင္းအတာရွိသည္ကို မသိပါလွ်င္ ေငြေၾကးအရ ပန္းတိုင္ခ်မွတ္လို႔ မရႏိုင္ပါ။ သင္၏ ဝိညာဥ္ေရးရာ (သို႔) အသက္ေမြးဝမ္းေက်ာင္းျပဳမႈ (သို႔) ေပါင္းသင္းဆက္ဆံေရး အတိုင္းအတာေတြကို မသိပါလွ်င္ ထိုအခန္းက႑တို႔၌ သင္မႀကီးထြားႏိုင္ပါ။ သင္တိုင္းတာေသာ အရာေပၚသာ သင္စီမံႏိုင္မည္ျဖစ္သည္။

စစ္မွန္ေသာ အသက္တာေျပာင္းလဲမႈျဖစ္ဖို႔ သင္အဆင္သင့္ျဖစ္ၿပီလား။ ပထမဦးစြာ သင္၏ မာနကို ေဘးဖယ္ၿပီး ယေန႔တြင္ သင္ေရာက္ရွိသည့္ေနရာကို တိက်ေသာ တိုင္းတာမႈ ျပဳလိုက္ပါ။ သို႔မွသာ ႀကီးထြားရန္ လိုအပ္ေသာ နယ္ပယ္ ၊အခန္းက႑ကို သင္ျမင္ႏိုင္ပါလိမ့္မည္။

ဆင္ျခင္ရန္
- အသက္တာတြင္ ပြင့္လင္းစြာ ႏွင့္႐ိုးသားစြာျဖင့္ သင္ေဝမွ်ႏိုင္မည့္ သူကား မည္သူျဖစ္မည္နည္း။
-ေျပာင္းလဲမႈအတြက္ လက္ေတြ႕က်ေသာ ပန္းတိုင္မ်ား ခ်မွတ္ႏိုင္ဖို႔ရန္ သင့္အသက္တာရွိ မည္သည့္အခန္း က႑တို႔ကို အကဲျဖတ္ရန္ လိုအပ္ပါသနည္း။
- သင္၏ ႀကီးထြားမႈ ႏွင့္ တိုးတက္မႈတို႔ကို အေျခခံႏိုင္မည့္ နည္းလမ္းအခ်ိဳ႕ကား မည္သို႔နည္း။