Unicode Version
ကြောက်ရွံ့ခြင်းမဟုတ်ဘဲ ယုံကြည်ခြင်းဖြင့် သင်၏ ပန်းတိုင်တို့အတွက် လုပ်ဆောင်ပါ။
တရားဟောရာကျမ်း ၃၁း၈ “သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့်
ရှိတော်မူလိမ့်မည်။ သင့်ကို စွန့်တော်မမူ ၊ ပစ်ထားတော်မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်”
ကြီးမားတဲ့
ပန်းတိုင်တစ်ခု ချမှတ်ခြင်းသည် အရင်ဦးဆုံး စိတ်လှုပ်ရှားဖွယ် ဖြစ်ပါတယ်။ တကယ်တော့ သင့်ရှေ့မှာရှိနေတဲ့
ပန်းတိုင်ကြီးကို ကြည့်နေခြင်းက သင့်အား ကြောက်ရွံ့မှု ဖြစ်စေပါတယ်။ ဒါကြောင့် ကြောက်ရွံ့နေမည့်အစား
ယုံကြည်ခြင်းဖြင့် မည်ကဲ့သို့ တုံံ့ပြန်နိုင်မည်နည်း။ နည်းလမ်း (၄) မျိုးရှိပါတယ်။
(၁) ဘုရားသခင်၏ မျက်မှောက်တော်ကို အသိအမှတ်ပြုပါ။
သင်၏
ပန်းတိုင်အပါအဝင် သင့်အသက်တာ အနေအထား နှင့် အခြေအနေအားလုံး တို့၌ ဘုရားသခင် လုပ်ဆောင်နေကြောင်း
နှင့် သင့်နှင့်အတူရှိနေတယ်ဆိုတာကို သင်စိတ်ချနိုင်ပါတယ်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ
“သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့် ရှိတော်မူလိမ့်မည်။
သင့်ကို စွန့်တော်မမူ ၊ ပစ်ထားတော်မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်” တရားဟောရာကျမ်း
၃၁း၈
(၂) သင့်အသက်တာတွင် ဘုရားပြုတော်မူသော လက္ခဏာတို့ကို ကြည့်ရှုပါ။
ပန်းတိုင်က
ကြီးမားလေလေ ပြီးမြောက်ဖို့ရန် အချိန်ကြာလေ ဖြစ်ပါတယ်။ သင်ပြုသောအရာပေါ်၌ အရင်ဆုံး
အသီးကို တွေ့မြင်ရမည် မဟုတ်ပါ။ သို့ပေမဲ့ မြေကြီးထဲကနေ အစို့ သေးသေးလေးများ တိုးထွက်လာတာကို
ကြည့်လိုက်ပါ။ သိသာထင်ရှားခြင်း မရှိသည့်အချိန်ပင်လျှင် ဘုရားသခင် လုပ်ဆောင်မှု ပြုနေပါတယ်။
စိတ်ဓါတ်ကျခြင်းနှင့် ကြောက်ရွံ့ခြင်းများမှ သင့်အား ကင်းဝေးအောင် ကူညီမစပေးဖို့ကို
ဘုရားသခင် လုပ်ဆောင် နေတယ်ဆိုတာကို ယုံကြည်လိုက်ပါ။ သင်၏ ပန်းတိုင်ကိုသာ ဆက်လက် လုပ်ဆောင်နေပါ။
အချိန်တန်လျှင် ဘုရားသခင်၏ ကောင်းချီးကို သင်မြင်ရပါလိမ့်မည်။
(၃) သမ္မာကျမ်းစာရှိ ဘုရားသခင်၏ ကတိတော်တို့ပေါ် ရပ်တည်ပါ။
ပန်းတိုင်ကို
ချမှတ်တဲ့အခါမှာ ပြသနာပေါ် အာရုံမစိုက်ပါနှင့်။ ၎င်းအစား ကတိတော်တွေပေါ် အာရုံစိုက်လိုက်ပါ။
သင့်၏ ပန်းတိုင်ဆီသို့ သင့်အား ခေါ်ဆောင်သွားမည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ရှိ ကတိတော်ကို
ရှာပါ။
ကမ္ဘာဦးကျမ်းတွင်
ကြီးမားသော ပန်းတိုင်တစ်ခုကို ကျွန်မှူးအားပေးသော
အာဗြံဟံ အကြောင်းကို ဖော်ပြထားပါ တယ်။ အာဗြံဟံ၏သား ဣဇာက်အတွက် ဇနီးတစ်ဦးရှာဖို့
ဝေးသော မြေသို့ ခရီးပြုရန်ဖြစ်ပါတယ်။ ထိုကျွန်က အမှု မဖြစ်မြောက်မည်ကို စိုးရိမ်သောအခါ
အာဗြံဟံက ဘုရားသခင်၏ ကတိတော်အကြောင်းကို ကျွန်အားပြောခြင်း ဖြင့် စိတ်ချလက်ချ ရှိစေခဲ့ပါတယ်။
ကမ္ဘာဦးကျမ်း ၂၄း၇ “ငါ့အဘ၏ အိမ်မှ၎င်း ၊ ငါ့အမျိုးသား
နေရာပြည်မှ၎င်း ၊ ငါ့ကိုခေါ်၍ ၊ သင်၏ အမျိုးအနွယ်အား ဤပြည်ကို ငါပေးမည်ဟု ၊ ငါ့အား
ဗျာဒိတ်တော်ပေး၍ ကျိန်ဆိုတော်မူသော ကောင်းကင်ဘုံရှင် ဘုရားသခင် ထာဝရဘုရားသည် , မိမိကောင်းကင်တမန်ကို
သင့်ရှေ့၌ စေလွှတ်တော်မူသဖြင့် ၊ သင်သည် ထိုပြည်မှ ငါ့သားဘို့မယားကို ယူရလိမ့်မည်။”
သမ္မာကျမ်းစာရှိ
ကတိတော်တစ်ခု နှင့် တွဲချည်သော ဘုရားပေးသော ပန်းတိုင်ကို သင်ရရှိတဲ့အခါတွင် ကြောက်ရွံ့ခြင်းဖြင့်မဟုတ်ဘဲ
ယုံကြည်ခြင်း၌ သင်စောင့်ဆိုင်းနိုင်ပါတယ်။ ဘုရားသခင်သည် သူ၏ ကတိတော် တို့ကို လေးစားလိမ့်မည်ကို
ယုံကြည်နေပါ။
(၄) ကောင်းမြတ်သော ဘုရားသခင်၏ အကြံအစည်တော်တို့ကို ယုံကြည်ပါ။
သင့်အတွက်
ဘုရားသခင်၏ အကြံအစည်တော်သည် ကောင်းမြတ်ကြောင်းကို သင်မည်သို့ သိနိုင်မည်နည်း။ သင့်အတွက်
ဘုရားသခင်၏ ကောင်းမြတ်ခြင်း ဆိုင်ရာ ကတိတော်ပေါင်း ၇၀၀၀ ထက်မက သမ္မာကျမ်းစာတွင် ရှိပါတယ်။
ဘာကြောင့်လဲဆိုတော့ သခင့်အား ကြောက်ရွံ့မည့်အစား စိတ်ချဖို့ရန် နှင့် ယုံကြည်ခြင်းရှိဖို့ရန်
သင့်အား အလိုတော်ရှိပါတယ်။
ပန်းတိုင်ဆီ သင်လုပ်ဆောင်သည့်အခါ ဘုရားသခင်က သင့်ရှေ့သို့ ကောင်းကင်တမန်ကို
စေလွှတ်မည် မဟုတ်ပေမဲ့ သင်အဆင်ပြေပါတယ်။ ကောင်းကင်တမန် မလိုပါဘူး။ ဘုရားသခင်သည် သင်ဘယ်ကို
သွားသွား သင်နှင့်အတူရှိမည်ကို သမ္မာကျမ်းစာ၌ ကြိမ်ဖန်များစွာ ပြောထားပါတယ်။
ဘုရားသခင်၏
ကောင်းမြတ်ခြင်းကို ယုံကြည်ပြီး သင့်အသက်တာတွင် ဘုရားပြုတော်မူသော လက္ခဏာတို့ကို ကြည့်သည့်နည်းတူ
ယနေ့တွင် ဘယ်လိုဘဲ ကြီးမားတဲ့ ပန်းတိုင်ကို ဘုရားသခင်က သင့်ရှေ့မှ ချထားပါစေ ကြောက်ရွံ့နေမည့်အစား
ယုံကြည်ခြင်း၌ တုံ့ပြန်ဖို့ကို ရွေးချယ်လိုက်ပါ။
ဆင်ခြင်ရန်
-
-
ဘုရား၏ နှုတ်ကပတ်တော်မှ မည်ကဲ့သို့သော လက်တွေ့ကျတဲ့ ကတိတော်သည် ယနေ့တွင် ကြီးမားသော
ပန်းတိုင်ကြီးကို ချမှတ်ဖို့ရန် သင့်အား လှုံ့ဆော်ပါသနည်း။
- ဘုရားသခင်က သင့်နှင့်အတူအမြဲရှိကြောင်းဆိုတဲ့ ကတိတော်သည် သင်ချမှတ်သော ပန်းတိုင်ကို မည်သို့ ပြောင်းလဲခြင်း ဖြစ်စေပါသနည်း။
-----------------------------------------
Zawgyi Version
ေၾကာက္႐ြံ႕ျခင္းမဟုတ္ဘဲ ယုံၾကည္ျခင္းျဖင့္ သင္၏ ပန္းတိုင္တို႔အတြက္ လုပ္ေဆာင္ပါ။
တရားေဟာရာက်မ္း ၃၁း၈ “သင့္ေရွ႕မွာ ထာဝရဘုရားသည္ ကိုယ္တိုင္ႂကြ၍ သင္ႏွင့္ ရွိေတာ္မူလိမ့္မည္။ သင့္ကို စြန႔္ေတာ္မမူ ၊ ပစ္ထားေတာ္မမူ။ မစိုးရိမ္ႏွင့္၊ စိတ္မပ်က္ႏွင့္”ႀကီးမားတဲ့ ပန္းတိုင္တစ္ခု ခ်မွတ္ျခင္းသည္ အရင္ဦးဆုံး စိတ္လႈပ္ရွားဖြယ္ ျဖစ္ပါတယ္။ တကယ္ေတာ့ သင့္ေရွ႕မွာရွိေနတဲ့ ပန္းတိုင္ႀကီးကို ၾကည့္ေနျခင္းက သင့္အား ေၾကာက္႐ြံ႕မႈ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေၾကာက္႐ြံ႕ေနမည့္အစား ယုံၾကည္ျခင္းျဖင့္ မည္ကဲ့သို႔ တုံံ့ျပန္ႏိုင္မည္နည္း။ နည္းလမ္း (၄) မ်ိဳးရွိပါတယ္။
(၁) ဘုရားသခင္၏ မ်က္ေမွာက္ေတာ္ကို အသိအမွတ္ျပဳပါ။
သင္၏ ပန္းတိုင္အပါအဝင္ သင့္အသက္တာ အေနအထား ႏွင့္ အေျခအေနအားလုံး တို႔၌ ဘုရားသခင္ လုပ္ေဆာင္ေနေၾကာင္း ႏွင့္ သင့္ႏွင့္အတူရွိေနတယ္ဆိုတာကို သင္စိတ္ခ်ႏိုင္ပါတယ္။ သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ “သင့္ေရွ႕မွာ ထာဝရဘုရားသည္ ကိုယ္တိုင္ႂကြ၍ သင္ႏွင့္ ရွိေတာ္မူလိမ့္မည္။ သင့္ကို စြန႔္ေတာ္မမူ ၊ ပစ္ထားေတာ္မမူ။ မစိုးရိမ္ႏွင့္၊ စိတ္မပ်က္ႏွင့္” တရားေဟာရာက်မ္း ၃၁း၈
(၂) သင့္အသက္တာတြင္ ဘုရားျပဳေတာ္မူေသာ လကၡဏာတို႔ကို ၾကည့္ရႈပါ။
ပန္းတိုင္က ႀကီးမားေလေလ ၿပီးေျမာက္ဖို႔ရန္ အခ်ိန္ၾကာေလ ျဖစ္ပါတယ္။ သင္ျပဳေသာအရာေပၚ၌ အရင္ဆုံး အသီးကို ေတြ႕ျမင္ရမည္ မဟုတ္ပါ။ သို႔ေပမဲ့ ေျမႀကီးထဲကေန အစို႔ ေသးေသးေလးမ်ား တိုးထြက္လာတာကို ၾကည့္လိုက္ပါ။ သိသာထင္ရွားျခင္း မရွိသည့္အခ်ိန္ပင္လွ်င္ ဘုရားသခင္ လုပ္ေဆာင္မႈ ျပဳေနပါတယ္။ စိတ္ဓါတ္က်ျခင္းႏွင့္ ေၾကာက္႐ြံ႕ျခင္းမ်ားမွ သင့္အား ကင္းေဝးေအာင္ ကူညီမစေပးဖို႔ကို ဘုရားသခင္ လုပ္ေဆာင္ ေနတယ္ဆိုတာကို ယုံၾကည္လိုက္ပါ။ သင္၏ ပန္းတိုင္ကိုသာ ဆက္လက္ လုပ္ေဆာင္ေနပါ။ အခ်ိန္တန္လွ်င္ ဘုရားသခင္၏ ေကာင္းခ်ီးကို သင္ျမင္ရပါလိမ့္မည္။
(၃) သမၼာက်မ္းစာရွိ ဘုရားသခင္၏ ကတိေတာ္တို႔ေပၚ ရပ္တည္ပါ။
ပန္းတိုင္ကို ခ်မွတ္တဲ့အခါမွာ ျပသနာေပၚ အာ႐ုံမစိုက္ပါႏွင့္။ ၎အစား ကတိေတာ္ေတြေပၚ အာ႐ုံစိုက္လိုက္ပါ။ သင့္၏ ပန္းတိုင္ဆီသို႔ သင့္အား ေခၚေဆာင္သြားမည့္ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ရွိ ကတိေတာ္ကို ရွာပါ။
ကမာၻဦးက်မ္းတြင္ ႀကီးမားေသာ ပန္းတိုင္တစ္ခုကို ကြၽန္မႉးအားေပးေသာ အာၿဗံဟံ အေၾကာင္းကို ေဖာ္ျပထားပါ တယ္။ အာၿဗံဟံ၏သား ဣဇာက္အတြက္ ဇနီးတစ္ဦးရွာဖို႔ ေဝးေသာ ေျမသို႔ ခရီးျပဳရန္ျဖစ္ပါတယ္။ ထိုကြၽန္က အမႈ မျဖစ္ေျမာက္မည္ကို စိုးရိမ္ေသာအခါ အာၿဗံဟံက ဘုရားသခင္၏ ကတိေတာ္အေၾကာင္းကို ကြၽန္အားေျပာျခင္း ျဖင့္ စိတ္ခ်လက္ခ် ရွိေစခဲ့ပါတယ္။ ကမာၻဦးက်မ္း ၂၄း၇ “ငါ့အဘ၏ အိမ္မွ၎ ၊ ငါ့အမ်ိဳးသား ေနရာျပည္မွ၎ ၊ ငါ့ကိုေခၚ၍ ၊ သင္၏ အမ်ိဳးအႏြယ္အား ဤျပည္ကို ငါေပးမည္ဟု ၊ ငါ့အား ဗ်ာဒိတ္ေတာ္ေပး၍ က်ိန္ဆိုေတာ္မူေသာ ေကာင္းကင္ဘုံရွင္ ဘုရားသခင္ ထာဝရဘုရားသည္ , မိမိေကာင္းကင္တမန္ကို သင့္ေရွ႕၌ ေစလႊတ္ေတာ္မူသျဖင့္ ၊ သင္သည္ ထိုျပည္မွ ငါ့သားဘို႔မယားကို ယူရလိမ့္မည္။”
သမၼာက်မ္းစာရွိ ကတိေတာ္တစ္ခု ႏွင့္ တြဲခ်ည္ေသာ ဘုရားေပးေသာ ပန္းတိုင္ကို သင္ရရွိတဲ့အခါတြင္ ေၾကာက္႐ြံ႕ျခင္းျဖင့္မဟုတ္ဘဲ ယုံၾကည္ျခင္း၌ သင္ေစာင့္ဆိုင္းႏိုင္ပါတယ္။ ဘုရားသခင္သည္ သူ၏ ကတိေတာ္ တို႔ကို ေလးစားလိမ့္မည္ကို ယုံၾကည္ေနပါ။
(၄) ေကာင္းျမတ္ေသာ ဘုရားသခင္၏ အႀကံအစည္ေတာ္တို႔ကို ယုံၾကည္ပါ။
သင့္အတြက္ ဘုရားသခင္၏ အႀကံအစည္ေတာ္သည္ ေကာင္းျမတ္ေၾကာင္းကို သင္မည္သို႔ သိႏိုင္မည္နည္း။ သင့္အတြက္ ဘုရားသခင္၏ ေကာင္းျမတ္ျခင္း ဆိုင္ရာ ကတိေတာ္ေပါင္း ၇၀၀၀ ထက္မက သမၼာက်မ္းစာတြင္ ရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သခင့္အား ေၾကာက္႐ြံ႕မည့္အစား စိတ္ခ်ဖို႔ရန္ ႏွင့္ ယုံၾကည္ျခင္းရွိဖို႔ရန္ သင့္အား အလိုေတာ္ရွိပါတယ္။
ပန္းတိုင္ဆီ သင္လုပ္ေဆာင္သည့္အခါ ဘုရားသခင္က သင့္ေရွ႕သို႔ ေကာင္းကင္တမန္ကို ေစလႊတ္မည္ မဟုတ္ေပမဲ့ သင္အဆင္ေျပပါတယ္။ ေကာင္းကင္တမန္ မလိုပါဘူး။ ဘုရားသခင္သည္ သင္ဘယ္ကို သြားသြား သင္ႏွင့္အတူရွိမည္ကို သမၼာက်မ္းစာ၌ ႀကိမ္ဖန္မ်ားစြာ ေျပာထားပါတယ္။
ဘုရားသခင္၏ ေကာင္းျမတ္ျခင္းကို ယုံၾကည္ၿပီး သင့္အသက္တာတြင္ ဘုရားျပဳေတာ္မူေသာ လကၡဏာတို႔ကို ၾကည့္သည့္နည္းတူ ယေန႔တြင္ ဘယ္လိုဘဲ ႀကီးမားတဲ့ ပန္းတိုင္ကို ဘုရားသခင္က သင့္ေရွ႕မွ ခ်ထားပါေစ ေၾကာက္႐ြံ႕ေနမည့္အစား ယုံၾကည္ျခင္း၌ တုံ႔ျပန္ဖို႔ကို ေ႐ြးခ်ယ္လိုက္ပါ။
ဆင္ျခင္ရန္
- အသက္တာရွိ ဘုရားသခင္ျပဳေသာ ေသးငယ္ေသာ လကၡဏာတို႔က မည္သို႔ေသာ အခ်ိန္တြင္ ပန္းတိုင္ဆီသို႔ ဆက္လက္ေ႐ြ႕လ်ားေစဖို႔ရန္ သင့္အား တိုက္တြန္းေစပါသနည္း။
- ဘုရား၏ ႏႈတ္ကပတ္ေတာ္မွ မည္ကဲ့သို႔ေသာ လက္ေတြ႕က်တဲ့ ကတိေတာ္သည္ ယေန႔တြင္ ႀကီးမားေသာ ပန္းတိုင္ႀကီးကို ခ်မွတ္ဖို႔ရန္ သင့္အား လႈံ႕ေဆာ္ပါသနည္း။
- ဘုရားသခင္က သင့္ႏွင့္အတူအၿမဲရွိေၾကာင္းဆိုတဲ့ ကတိေတာ္သည္ သင္ခ်မွတ္ေသာ ပန္းတိုင္ကို မည္သို႔ ေျပာင္းလဲျခင္း ျဖစ္ေစပါသနည္း။