What Are You Doing with Your Dream?
 Unicode Version
သင်၏အိပ်မက်တို့ဖြင့် သင်ဘာကို လုပ်ဆောင်သနည်း။
ဧဖက်ဩဝါဒစာ ၅း၁၅-၁၆ “ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင် မည်အ ကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြ လော့။
လူတိုင်း အိပ်မက်ကိုယ်စီ ရှိကြပါတယ်။ ထိုအိပ်မက်သည် သင်ငယ်စဉ်ကတည်းက ရှိကောင်းရှိနေခဲ့ပါမည်။ ထိုအိပ်မက်က မကြာသေးမှီအချိန်က သင့်ထံ ရောက်ရှိလာနိုင်ပါမည်။ လိုအင်တွေ ၊ ဆန္ဒတွေ နှင့် ရည်မှန်းချက် တွေက လူသားတိုင်း အသက်တာ၏ တစ်စိတ်တစ်ဒေသ ဖြစ်ကြပါတယ်။ ထိုအရာတို့ကို သင့်အထဲ၌ သင်ပုန်း ကွယ်ထားနိုင်ပေမဲ့ တစ်နေရာရာမှာတော့ အိပ်မက်ရှိနေပါတယ်။
ဒါကြောင့် မေးခွန်းက သင်၌ အိပ်မက်ရှိခြင်း ၊ မရှိခြင်း မဟုတ်ပါဘူး။ ၎င်းအစား မေးခွန်းက သင်၏ အိပ်မက်ဖြင့် ဘာကို လုပ်ဆောင်သနည်း။
အိပ်မက်အများစုတို့က ဘယ်တော့မှ အကောင်အထည်မပေါ်လာပါဘူး။  လုံလောက်သော ဉာဏ်ရည်ထက် မြက်မှု တွေ ၊ လုပ်ဆောင်မှုတွေ (သို့) ဝိညာဉ်ရေးရာ မစုံလင်မှုတွေ သင်၌ ရှိမနေခြင်းမျိုးလည်း မဟုတ်ပါဘူး။ အများအား ဖြင့် အိပ်မက်တို့ကို အရောက်လှမ်းနိုင်ဖို့ရန် လိုအပ်တဲ့ အရဲစွန့်မှုကိုပြုဖို့ ဆန္ဒမရှိခြင်းကြောင့် သင်၏ အိပ်မက် အကောင်အထည် မဖြစ်လာခြင်း ဖြစ်ပါတယ်။
သမ္မာကျမ်းစာတွင် ဝေငှထားသည့် ဝမ်းနည်းစရာ စာကြောင်းတစ်ကြောင်းနှင့် ပတ်သက်၍ အသက်တာတွင် အရေးကြီးသော ရည်မှန်းချက်ကို ဖော်ဆောင်ဖို့ရန် ကျရှုံးခဲ့ရတဲ့ ဘုရင်တစ်ပါးအကြောင်း ဖြစ်ပါတယ်။
ဓမ္မာရာဇဝင် တတိယစောင် ၂၂း၄၈ “ယောရှဖတ်သည် ဩဖိရပြည်သို့ စေလွှတ်၍၊ ရွှေကို ယူစေခြင်းငှါ တာရှု သင်္ဘောတို့ကို ဧဇယုန်ဂါဗာမြို့ မှာ တည်၏။ ….သို့သော် လည်း သင်္ဘောတို့သည် ဧဇယုန်ဂါဗာမြို့မှာ ကျိုးပဲ့သော ကြောင့်၊ ဩဖိရမြို့သို့ မသွားရ။
သင်၏ သင်္ဘောက ဘယ်တော့မှ မဝင်လာရတဲ့အတွက် ဝမ်းနည်းကြေကွဲစရာ ဖြစ်ပေမဲ့ သင်္ဘောကို တည်ဆောက် ပြီး ဘယ်တော့မှ မလွှင့်ရတာက သင့်အတွက် ပိုပြီး ဝမ်းနည်းကြေကွဲစရာ ရှိပါတယ်။ ဘုရင် ယောရှဖတ်၏ ကုန်ဆုံး သွားတဲ့ စွမ်းအင် နှင့် ကုန်ကျစရိတ်တို့ကို မြင်ယောင်ကြည့်ပါ။ ရွှေရဖို့အတွက် သင်္ဘော တစ်စီးလုံးကို တည်ဆောက် ခဲ့ပြီး ဆိပ်ကမ်းကနေ မထွက်ခွါခဲ့ရပါဘူး။ ၎င်းသင်္ဘောသည် ဆိပ်ကမ်း၌ ရှိနေစဉ် မုန်တိုင်းတစ်ခု ပေါ်လာခဲ့ပြီး ကျောက်တို့ကို အရှိန်ဖြင့်ထိမှန်၍ ပျက်စီးခဲ့ရပါတယ်။
တစ်ချို့သော လူတွေက သူတို့၏ သင်္ဘော   ဆိုက်ရောက်လာဖို့ရန် စောင့်ဆိုင်းရင်း အသက်တာကို ကုန်ဆုံးစေ ကြပါတယ်။ သို့ပေမဲ့ သင်၏ သင်္ဘောရောက်လာဖို့ရန် ဘုရားသခင် မစောင့်ဆိုင်းပါဘူး။ သင်၏ သင်္ဘောကို ဆိပ်ကမ်းကနေ ထွက်ခွါဖို့ရန် သင့်အား စောင့်ဆိုင်းနေပါတယ်။
သာသနာအမှုကို စတင်လုပ်ဆောင်မည့် အိပ်မက်ကို နှစ်ပေါင်း ၃၀ တိုင် မက်နေခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော်သိခဲ့ပါတယ်။ ထိုအကြောင်းကို ထိုသူ ပြောနေခဲ့ပြီး အိပ်မက်ထားရှိခဲ့တယ်။ ကြံစည်ခဲ့ပါတယ်။ ထိုအိပ်မက်အပေါ်မှာ အချိန်များစွာ ကုန်ဆုံးစေခဲ့ပေမဲ့ ထိုအရာနှင့်ပတ်သက်ပြီး နောက်ထပ်ဘယ်တော့မှ စွန့်စားမှုမျိုး မလုပ်ဆောင်ခဲ့ပါဘူး။ သူ၏ သင်္ဘောကို ဆိပ်ကမ်းကနေ ဘယ်တော့မှ မထွက်ခွါစေခဲ့ပါဘူး။ နောက်ဆုံးတွင် ထိုသူ သည် သူ၏ အိပ်မက်နှင့်အတူ သေဆုံးသွားခဲ့ပါတယ်။
ထိုကြေကွဲဖွယ် အချိန်ဆွဲခြင်းမျိုးအတွက် သမ္မာကျမ်းစာ၏ ဖြေဆေးသည် အလွန်အကျွံစကားတစ်ခုကဲ့သို့ ရိုးရှင်းသော်လည်း တစ်ခါတစ်ရံတွင် ကျင့်သုံးရန် ခက်ခဲလွန်းပေသည်။ လုပ်ဆောင်လိုက်ရုံပါဘဲ။
သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ “ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင် မည်အကြောင်း သတိပြုကြလော့။ ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ် ကြလော့။” ဧဖက်ဩဝါဒစာ ၅း၁၅-၁၆
တဒင်္ဂအချိန်ကို ဆုပ်ကိုင်ပြီး ယခုလုပ်ဆောင်မှုပြုရန် သမ္မာကျမ်းစာက တိုက်တွန်းထားပါတယ်။ မပြည့်မှီသော အိပ်မက်များဖြင့် နေထိုင်ခြင်းသည် ကြေကွဲစရာ ဖြစ်ပါတယ်။ သင်္ဘောတွေကို ဆိပ်ကမ်းအတွက် မတည်ဆောက် ပါဘူး။ ရွက်လွင့်ဖို့ တည်ဆောက်ခြင်း ဖြစ်ပါတယ်။
သင်ရွက်လွှင့်ဖို့ အဆင်သင့်ဖြစ်ပြီလား။
ဆင်ခြင်ရန်
- သင်၌ အကြံအစည်ရှိပေမဲ့ ဘယ်တော့မှ မလုပ်ဆောင်ရသေးတဲ့ အိပ်မက်ရှိပါသလား။
- သင်၏ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ဖို့ရန် မည်သို့သော အရင်းအမြစ်တို့ လိုအပ်သနည်း။ ဘုရားသခင်၏ စီမံပေးမှုမှ တစ်ဆင့် သင့်အတွက် မည်သည့်အရင်းအမြစ် ရရှိနိုင်မည်နည်း။
- ယနေ့ကို အကောင်းဆုံး အသုံးချဖို့ရန် မည်သို့သော အခွင့်အရေးများ လိုအပ်မည်နည်း။
-----------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်