To Change Your Life, Start with Your Body

 Unicode Version

သင့်အသက်တာကို ပြောင်းလဲဖို့ရန် သင်၏ ခန္ဓာ၌ စတင်လိုက်ပါ။

ရောမဩဝါဒစာ ၁၂း၁ “ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက် တော်မူ ဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။

ဘဏ္ဍာရေး ၊ စိတ်ခံစားချက် ၊ ပညာရေး ၊ စိတ်ပိုင်းဆိုင်ရာ  (သို့) ပေါင်းသင်းဆက်ဆံရေးဖြစ်စေ သင့်အသက်တာရှိ မည်သည့် ကဏ္ဍကိုမဆို ပြောင်းလဲဖို့ရန်အတွက် ခန္ဓာကိုယ်နှင့်အတူ စတင်ရပါတယ်။

သင်၏ခန္ဓာကိုယ်က သင်၏ အပြုအမူပေါ် သက်ရောက်ပါတယ်။ သင်၏ ကြွက်သားတွေက သင်၏ စိတ်အခြေအနေ နှင့် လှုံ့ဆော်မှုပေါ် သက်ရောက်ပြီး ဇီဝကမ္မဗေဒကတော့ (အတွေးအခေါ် ၊ အနေအထိုင် ကွဲပြားမှု) တို့က သင်၏ စိတ်သဘောကို အမှန်တကယ် သက်ရောက်ပါတယ်။

 

ရောမဩဝါဒစာ ၁၂း၁ တွင် ဆိုထားသည်မှာ “ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက် တော်မူ ဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။

 

ယဇ်ပလ္လင်သို့ တွားသွားတိုးဝင်ဖို့ရန် ရွေးချယ်ခြင်းက ဆပ်ကပ်အသက်ရှင်ခြင်း ပြသနာဖြစ်ပါတယ်။ လူသားတို့က ထိုအမှုကို အမြဲပြုကြပါတယ်။ ဘုရားသခင်ထံ သင့်ကိုယ်သင် ဆပ်ကပ်အပ်နှံပြီး နောက်သို့ ပြန်ဆုတ်ပါတယ်။ မိမိကိုယ်ခန္ဓာကို ဆပ်ကပ်အပ်နှံခြင်းသည် တစ်ကြိမ်သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ပါဘူး။ တစ်နေ့ ကို ငါးကြိမ် ၊ ဆယ်ကြိမ်မက ပြုရပါတယ်။

 

ဒါဆိုရင် သင်၏ “စစ်မှန်တဲ့ ကိုးကွယ်မှု” ဆိုတာ ဘာလဲ။ သင်၏ခန္ဓာကိုယ်ကို ဝတ်ပြုကိုးကွယ်ခြင်းအဖြစ် လုပ်ဆောင်နိုင်အရာ (၃) ခုကို သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။

(၁) သင်၏ ခန္ဓာကိုယ်ကို သန့်ရှင်းပါ။

ကောရိန္သုဩဝါဒစာ ဒုတိယစောင် ရး၁ “ချစ်သူတို့၊ ထိုဂတိတော်များနှင့် ငါတို့သည်ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့။

ခန္ဓာကိုယ်ကို သန့်ရှင်းစေဖို့ရန် အဓိကအချက် (၂) ချက်ရှိပါတယ်။ ပထမဉီးစွာ သင်ကြည့်ရှုသောအရာ နှင့် နားဆင်သောအရာအားဖြင့် သင်၏ စိတ်ထဲသို့ သင်ခွင့်ပြု ထိန်းချုပ်လိုက်သောအရာအားဖြင့် သင်၏ ခန္ဓာကိုယ်ကို သန့်ရှင်းစေနိုင်ပါတယ်။ သင်စားသုံးသော အစာ နှင့် သောက်သောရေ နှင့် ပတ်သက်ပြီး ကောင်းသော ရွေးချယ်မှုကို ပြုခြင်းအားဖြင့်လည်း သင်၏ ခန္ဓာကိုယ်ကို သန့်ရှင်းစေနိုင်ပါတယ်။

 

(၂) သင်၏ ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။

ဧဖက်ဩဝါဒစာ ၅း၂၉ “ကိုယ်အသားကို မုန်းသောသူတယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူ သကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။ ပြောင်းလဲမှု မှန်သမျှသည် စွမ်းအင်ကို လိုပါတယ်။ ထိုစွမ်းအင်ကို ရရှိဖို့ရန် သင်၏ ခန္ဓာကိုယ်ကို ဂရုစိုက်ရပါတယ်။ သင်၏ ခန္ဓာကိုယ်ကို ကောင်းသော ရုပ်ခန္ဓာပုံသဏ္ဍာန်အဖြစ် ထိန်းသိမ်းခြင်းသည် ဘုရားသခင်အား ဝတ်ပြုခြင်း လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။

 

(၃) သင်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ပါ။

တိမောသေဩဝါဒစာ ပဌမစောင် ၄း၄ “သင်တို့အပေါင်းသည် သန့်ရှင်းခြင်း၊ အသရေတင့်တယ်ခြင်းနှင့် မိမိကိုယ်ကို မိမိထိန်းတက်စေခြင်း ငှါ၎င်း၊

“Each of you should learn to control your own body in a way that is holy and honorable” (1 Thessalonians 4:4 NIV).

“ငါ့ကိုယ်ငါ မကူညီနိုင်ဘူး” လို့ပြောစရာ အကြောင်းမရှိ။ သင်၏ ခန္ဓာကိုယ်ကို သင်ထိန်းချုပ်နိုင်ပါတယ်။

အသက်တာ၌ ပြောင်းလဲမှုပြုဖို့ အချိန်ရောက်ပြီဆိုတာ သင်သိပေမဲ့ ဘယ်ကနေစတင်ရမလဲဆိုတာ တွေးဖူးပါလား။ သင်၏ ခန္ဓာ၌ စတင်မှု ပြုပါ။ သန့်ရှင်းပါ။ ဂရုစိုက်ပါ။ ထိန်းချုုပ်ပါ။ အသက်တာ ပြောင်းလဲဖို့ ခန္ဓာကိုယ်ကို ပြောင်းလဲလိုက်ပါ။

ဆင်ခြင်ရန်

- ယနေ့တွင် သင်၏ ခန္ဓာအားဖြင့် ဘုရားသခင်အား ဘုန်းတော်ထင်ရှားနိုင်မည့် လက်တွေ့ကျသော နည်းလမ်းကား မည်သို့နည်း။

သင်၏ခန္ဓာကိုယ် ထိန်းချုပ်ခြင်း၌ မည်သို့သော နည်းလမ်းငယ်များဖြင့် လုပ်ဆောင်မှုပြုဖို့ရန် လိုအပ်ပါသနည်း။ နည်းလမ်း ကြီးတွေကရော မည်သို့နည်း။

- အသင်းတော်အတွက် ကျွေးမွေးခြင်း နှင့် ဂရုပြုခြင်းကို သခင်ယေရှု မည်သို့လုပ်ဆောင်ခဲ့ပါသနည်း။ (ဧဖက် ၅း၂၉) သင်၏ ခန္ဓာကိုယ်ဖြင့် ဤကဲ့သို့သော လုပ်ဆောင်မှုမျိုးပြုဖို့ရန် ဘုရားအလိုတော်ရှိတယ်လို့ သင်ဘာကြောင့် ထင်ပါ သနည်း။

----------------------------------------------------------------

Zawgyi Version

သင့္အသက္တာကို ေျပာင္းလဲဖို႔ရန္ သင္၏ ခႏၶာ၌ စတင္လိုက္ပါ။

ေရာမဩဝါဒစာ ၁၂း၁ “ညီအစ္ကိုတို႔၊ အသက္ရွင္ျခင္းလကၡဏာ၊ သန္႔ရွင္းျခင္းလကၡဏာ၊ ဘုရားသခင္ႏွစ္သက္ ေတာ္မူ ဘြယ္ေသာလကၡဏာႏွင့္ ျပည့္စုံေသာ ယဇ္ကို သင္တို႔သည္ ပူေဇာ္၍၊ မိမိကိုယ္ခႏၶာကို ဘုရားသခင္အား ဆက္ကပ္ျခင္းတည္းဟူေသာ သင္တို႔ျပဳအပ္ေသာ ဝတ္ကို ျပဳမည္အေၾကာင္း၊ ဘုရားသခင္၏ က႐ုဏာေတာ္ကို ေထာက္ထား၍၊ သင္တို႔ကို ငါတိုက္တြန္းႏႈိးေဆာ္ေပ၏။”

ဘ႑ာေရး ၊ စိတ္ခံစားခ်က္ ၊ ပညာေရး ၊ စိတ္ပိုင္းဆိုင္ရာ  (သို႔) ေပါင္းသင္းဆက္ဆံေရးျဖစ္ေစ သင့္အသက္တာရွိ မည္သည့္ က႑ကိုမဆို ေျပာင္းလဲဖို႔ရန္အတြက္ ခႏၶာကိုယ္ႏွင့္အတူ စတင္ရပါတယ္။

သင္၏ခႏၶာကိုယ္က သင္၏ အျပဳအမူေပၚ သက္ေရာက္ပါတယ္။ သင္၏ ႂကြက္သားေတြက  သင္၏ စိတ္အေျခအေန ႏွင့္ လႈံ႕ေဆာ္မႈေပၚ သက္ေရာက္ၿပီး ဇီဝကမၼေဗဒကေတာ့ (အေတြးအေခၚ ၊ အေနအထိုင္ ကြဲျပားမႈ) တို႔က သင္၏ စိတ္သေဘာကို အမွန္တကယ္ သက္ေရာက္ပါတယ္။


ေရာမဩဝါဒစာ ၁၂း၁ တြင္ ဆိုထားသည္မွာ “ညီအစ္ကိုတို႔၊ အသက္ရွင္ျခင္းလကၡဏာ၊ သန္႔ရွင္းျခင္းလကၡဏာ၊ ဘုရားသခင္ႏွစ္သက္ ေတာ္မူ ဘြယ္ေသာလကၡဏာႏွင့္ ျပည့္စုံေသာ ယဇ္ကို သင္တို႔သည္ ပူေဇာ္၍၊ မိမိကိုယ္ခႏၶာကို ဘုရားသခင္အား ဆက္ကပ္ျခင္းတည္းဟူေသာ သင္တို႔ျပဳအပ္ေသာ ဝတ္ကို ျပဳမည္အေၾကာင္း၊ ဘုရားသခင္၏ က႐ုဏာေတာ္ကို ေထာက္ထား၍၊ သင္တို႔ကို ငါတိုက္တြန္းႏႈိးေဆာ္ေပ၏။”


ယဇ္ပလႅင္သို႔ တြားသြားတိုးဝင္ဖို႔ရန္ ေ႐ြးခ်ယ္ျခင္းက ဆပ္ကပ္အသက္ရွင္ျခင္း ျပသနာျဖစ္ပါတယ္။ လူသားတို႔က ထိုအမႈကို အၿမဲျပဳၾကပါတယ္။ ဘုရားသခင္ထံ သင့္ကိုယ္သင္ ဆပ္ကပ္အပ္ႏွံၿပီး ေနာက္သို႔ ျပန္ဆုတ္ပါတယ္။ မိမိကိုယ္ခႏၶာကို ဆပ္ကပ္အပ္ႏွံျခင္းသည္ တစ္ႀကိမ္သာ လုပ္ေဆာင္ျခင္းမ်ိဳးမဟုတ္ပါဘူး။ တစ္ေန႔ ကို ငါးႀကိမ္ ၊ ဆယ္ႀကိမ္မက ျပဳရပါတယ္။


ဒါဆိုရင္ သင္၏ “စစ္မွန္တဲ့ ကိုးကြယ္မႈ” ဆိုတာ ဘာလဲ။ သင္၏ခႏၶာကိုယ္ကို ဝတ္ျပဳကိုးကြယ္ျခင္းအျဖစ္ လုပ္ေဆာင္ႏိုင္အရာ (၃) ခုကို သမၼာက်မ္းစာက ေဖာ္ျပထားပါတယ္။

(၁) သင္၏ ခႏၶာကိုယ္ကို သန႔္ရွင္းပါ။

ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ရး၁ “ခ်စ္သူတို႔၊ ထိုဂတိေတာ္မ်ားႏွင့္ ငါတို႔သည္ဆိုင္ၾကသည္ျဖစ္၍၊ ကိုယ္ခႏၶာ၏ အညစ္အေၾကး၊ စိတ္ဝိညာဥ္၏အညစ္အေၾကးရွိသမွ်တို႔ႏွင့္ ကိုယ္ကိုကိုယ္ကင္းစင္ေစလ်က္၊ ဘုရားသခင္ကို ေၾကာက္႐ြံ႕၍ သန္႔ရွင္းျခင္းပါရမီႏွင့္ ျပည့္စုံၾကကုန္အံ့။” 

ခႏၶာကိုယ္ကို သန႔္ရွင္းေစဖို႔ရန္ အဓိကအခ်က္ (၂) ခ်က္ရွိပါတယ္။ ပထမဉီးစြာ သင္ၾကည့္ရႈေသာအရာ ႏွင့္ နားဆင္ေသာအရာအားျဖင့္ သင္၏ စိတ္ထဲသို႔ သင္ခြင့္ျပဳ ထိန္းခ်ဳပ္လိုက္ေသာအရာအားျဖင့္ သင္၏ ခႏၶာကိုယ္ကို သန႔္ရွင္းေစႏိုင္ပါတယ္။ သင္စားသုံးေသာ အစာ ႏွင့္ ေသာက္ေသာေရ ႏွင့္ ပတ္သက္ၿပီး ေကာင္းေသာ ေ႐ြးခ်ယ္မႈကို ျပဳျခင္းအားျဖင့္လည္း သင္၏ ခႏၶာကိုယ္ကို သန႔္ရွင္းေစႏိုင္ပါတယ္။


(၂) သင္၏ ခႏၶာကိုယ္ကို ဂ႐ုစိုက္ပါ။

ဧဖက္ဩဝါဒစာ ၅း၂၉ “ကိုယ္အသားကို မုန္းေသာသူတေယာက္မွ်မရွိ။ ခရစ္ေတာ္သည္ အသင္းေတာ္ကို ေကြၽးေမြးျပဳစုေတာ္မူ သကဲ့သို႔၊ ခပ္သိမ္းေသာသူတို႔သည္ မိမိတို႔အသားကို ေကြၽးေမြးျပဳစုတတ္ၾက၏။” ေျပာင္းလဲမႈ မွန္သမွ်သည္ စြမ္းအင္ကို လိုပါတယ္။ ထိုစြမ္းအင္ကို ရရွိဖို႔ရန္ သင္၏ ခႏၶာကိုယ္ကို ဂ႐ုစိုက္ရပါတယ္။ သင္၏ ခႏၶာကိုယ္ကို ေကာင္းေသာ ႐ုပ္ခႏၶာပုံသ႑ာန္အျဖစ္ ထိန္းသိမ္းျခင္းသည္ ဘုရားသခင္အား ဝတ္ျပဳျခင္း လုပ္ရပ္တစ္ခု ျဖစ္ပါတယ္။


(၃) သင္၏ ခႏၶာကိုယ္ကို ထိန္းခ်ဳပ္ပါ။

တိေမာေသဩဝါဒစာ ပဌမေစာင္ ၄း၄ “သင္တို႔အေပါင္းသည္ သန္႔ရွင္းျခင္း၊ အသေရတင့္တယ္ျခင္းႏွင့္ မိမိကိုယ္ကို မိမိထိန္းတက္ေစျခင္း ငွါ၎၊” 

“Each of you should learn to control your own body in a way that is holy and honorable” (1 Thessalonians 4:4 NIV).

“ငါ့ကိုယ္ငါ မကူညီႏိုင္ဘူး” လို႔ေျပာစရာ အေၾကာင္းမရွိ။ သင္၏ ခႏၶာကိုယ္ကို သင္ထိန္းခ်ဳပ္ႏိုင္ပါတယ္။

အသက္တာ၌ ေျပာင္းလဲမႈျပဳဖို႔ အခ်ိန္ေရာက္ၿပီဆိုတာ သင္သိေပမဲ့ ဘယ္ကေနစတင္ရမလဲဆိုတာ ေတြးဖူးပါလား။ သင္၏ ခႏၶာ၌ စတင္မႈ ျပဳပါ။ သန႔္ရွင္းပါ။ ဂ႐ုစိုက္ပါ။ ထိန္းခ်ဳုပ္ပါ။ အသက္တာ ေျပာင္းလဲဖို႔ ခႏၶာကိုယ္ကို ေျပာင္းလဲလိုက္ပါ။

ဆင္ျခင္ရန္

- ယေန႔တြင္ သင္၏ ခႏၶာအားျဖင့္ ဘုရားသခင္အား ဘုန္းေတာ္ထင္ရွားႏိုင္မည့္ လက္ေတြ႕က်ေသာ နည္းလမ္းကား မည္သို႔နည္း။

သင္၏ခႏၶာကိုယ္ ထိန္းခ်ဳပ္ျခင္း၌ မည္သို႔ေသာ နည္းလမ္းငယ္မ်ားျဖင့္ လုပ္ေဆာင္မႈျပဳဖို႔ရန္ လိုအပ္ပါသနည္း။ နည္းလမ္း ႀကီးေတြကေရာ မည္သို႔နည္း။

- အသင္းေတာ္အတြက္ ေကြၽးေမြးျခင္း ႏွင့္ ဂ႐ုျပဳျခင္းကို သခင္ေယရႈ မည္သို႔လုပ္ေဆာင္ခဲ့ပါသနည္း။ (ဧဖက္ ၅း၂၉) သင္၏ ခႏၶာကိုယ္ျဖင့္ ဤကဲ့သို႔ေသာ လုပ္ေဆာင္မႈမ်ိဳးျပဳဖို႔ရန္ ဘုရားအလိုေတာ္ရွိတယ္လို႔ သင္ဘာေၾကာင့္ ထင္ပါ သနည္း။