Unicode Version
အိပ်မက်ကို အကောင်အထည်ဖော်ဖို့ရန် အရှုံးပေးလိုက်ပါ။
ဖိလိပ္ပိဩဝါဒစာ ၄း၁၂-၁၃ “ရှုတ်ချခြင်းကို၎င်း၊
ကြွယ်ဝခြင်းကို၎င်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊
ဆင်းရဲ ခြင်းတို့ကို ခံရအံ့သောငှါ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေ တော်မူသော ခရစ်တော်အားဖြင့်
ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်း နိုင်၏။”
အရှုံးပေးဖို့ရန်
သင်လေ့လာခြင်း မရှိသရွေ့တော့ သင်၏ အိပ်မက်ကို ဘယ်တော့မှ ရယူနိုင်လိမ့်မည် မဟုတ်ပါ။
၎င်းသည် သင်၏ အိပ်မက်ဆီသို့ ရောက်ရှိလာတဲ့အခါ သခင်ယေရှုထံ အပ်နှံလိုက်ခြင်းက အလုံခြုံဆုံးသော
ဆုံးဖြတ်ချက်ကို သင်အစဉ်အမြဲ ပြုစေပါလိမ့်မည်။
အကယ်စင်စစ်
ဘုရားသခင်သည် သင်၏ အိပ်မက်ကို အဆင့် (၆) ဆင့်အားဖြင့် ယူဆောင်ပါတယ်။ ထိုကဲ့သို့ ဘုရားသခင်
လုပ်ဆောင်ခဲ့ခြင်းမျိုးကို ကျွန်ုပ်အသက်တာနှင့် တခြားသူတို့၏ အသက်တာတို့တွင် မရေတွက်
နိုင်အောင် တွေ့မြင်ခဲ့ပါတယ်။
အဆင့်
(၁) ဘုရားသခင် သင့်အား အိပ်မက်တစ်ခု ပေးပါတယ်။
အဆင့်
(၂) အဲဒီအိပ်မက်ကို လိုက်သွားဖို့ရန် သင်ဆုံးဖြတ်ပါတယ်။
အဆင့်
(၃) သင့်အိပ်မက်က ကြန့်ကြာနေပါတယ်။
အဆင့်
(၄) သင့်အိပ်မက်က အခက်အခဲတို့ဖြင့် ကြုံတွေ့ပါတယ်။
အဆင့်
(၅) သင့်အိပ်မက်က အဆုံးသတ်ကို ကျရောက်ပါတယ်။
အဆင့်
(၆) သင့်အိပ်မက်ကို ဘုရားသခင် ပို့ဆောင်ပါတယ်။
အထက်ပါ
အဆင့်တစ်ခုစီ၏ ဖြစ်ပျက်မှုအချိန်တိုင်းတွင် သင်က ထိုအိပ်မက်ကို ဆက်လက်လုပ်ဆောင်နေတယ်။
တစ်ချိန်တည်းမှာပင် ဘုရားသခင်သည်လည်း သင်၌ လုပ်ဆောင်မှု ပြုနေပါတယ်။
တခြားသော အရာတို့ထက် ဘုရားသခင်ကိုသာ ယုံကြည်ဖို့ရန် အလိုတော်ရှိပါတယ်။ တမန်တော် ရှင်ပေါလု ဆိုထားသည်မှာ “ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်း၊
ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲ ခြင်းတို့ကို
ခံရအံ့သောငှါ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေ တော်မူသော ခရစ်တော်အားဖြင့်
ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်း နိုင်၏။” ဖိလိပ္ပိဩဝါဒစာ ၄း၁၂-၁၃
ဘုရားသခင်၏ အကူအညီဖြင့် (သို့) တမန်တော် ရှင်ပေါလု ပြောတဲ့ “ငါ့ကို
ခွန်အားနှင့် ပြည့်စုံစေတော်မူသော သခင်ခရစ်တော်အားဖြင့်” လုပ်ဆောင်နေသမျှကာလပတ်လုံး
အရာခပ်သိမ်းတို့ကို သင်လုပ်ဆောင်နိုင်ကြောင်းကို သမ္မာကျမ်းစာတွင် အလေးအနက် ဆိုထားပါတယ်။
ဘုရားသခင်ပေးအပ်တဲ့ သင့်၏အိပ်မက်တို့ကို
သင်လက်ကိုင် မှုပြုသည့်အလျှောက် အပြုသဘောဆောင်တဲ့ အတွေးများထက်ကို ပိုသော ဘုရားသခင်၏
တန်ခိုးတော်ကို သင်လို အပ်ပါလိမ့်မည်။
လူတော်တော်များများ
စိတ်ဓါတ်လှုံ့ဆော်မှု စာအုပ်တို့ကို တစ်အုပ်ပြီး တစ်အုပ် ဖတ်ရှုပြီး သူတို့၏ အိပ်မက်တို့ဆီ
တိုးတက်မှုတို့ကို မပြုကြသူတွေ ရှိနေဆဲပါ။ ၎င်းသည် အားကောင်းသော စိတ်ဓါတ်လှုံ့ဆော်မှု
မလိုအပ်ခြင်းကြောင့် ဖြစ်ပါတယ်။ ဘုရားသခင်၏ သဘာဝလွန် အကူအညီကို သင်လိုအပ်ပါတယ်။
သင်၏
အစွမ်းအစဖြင့် သင့်အိပ်မက်ကို ရွက်လွင့်ဖို့ ကြိုးစားလုပ်ဆောင်ခဲ့ဖူးပါသလား။ ဒါဆိုရင်
သင့်အသက်တာ အရေးကြီးတဲ့ အိမ်မက်တစ်ခုကိုပင်လျှင် သင် အကောင်အထည်ဖော်ခြင်း မရှိဘူးဆိုထာ
ကျွန်ုပ် သေချာပေါက် ပြောနိုင်ပါတယ်။ ၎င်းကို သင်၏ တတ်နိုင်စွမ်းဖြင့် ရွက်လွှင့်ဖို့ပြုတဲ့အခါမှာ
လေက သေနေမှာ ဖြစ်ပါတယ်။
သင်၏
အိပ်မက်တို့ကို ဘုရားသခင်ထံ အပ်နှံလိုက်ပါ။ ရွက်လွှင့်စေနိုင်သော တန်ခိုးတော်တို့ကို
ပြုစေဖို့ရန် အခွင့်ပေးလိုက်ပါ။
ဆင်ခြင်ရန်
-
သင့်အိပ်မက်တို့ကို သခင်ယေရှုထံ အပ်နှံဖို့ဆိုတာ ဘာကို ဆိုလိုပါသနည်း။
-
သင့်အိပ်မက်တို့ကို သခင်ယေရှုထံ အပ်နှံဖို့ စဉ်းစားနေခြင်းက ဘာကြောင့် အလွန်ခက်ခဲပါသနည်း။
မည်သည့်အရာကို သင်ကြောက်ရွံ့တယ်လို့ ထင်မြင်ပါသနည်း။
-
သင့်အိပ်မက်ရှိ မည်သည့်အစိတ်အပိုင်းတို့ကို သခင်ယေရှုထံ ပေးအပ်ဖို့ ရှိနေပါသနည်း။ ယနေ့တွင်
ထိုအရာတို့ကို ပေးအပ်ဖို့ရန်ပြုခြင်းအရာက မည်ကဲ့သို့သော အရာနှင့် တူမည်နည်း။
----------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်