Three Characteristics of Godly Goals

 Unicode Version

ဘုရားရေးရာ ပန်းတိုင်တို့၏ လက္ခဏာ (၃) ရပ်

ဟေဗြဲဩဝါဒစာ ၁၁း၆ “ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။

သင်ချမှတ်သော မည်သည့်ပန်းတိုင်မျိုးကိုမဆို ဘုရားသခင် ဂရုစိုက်ပါတယ်။ တကယ်တော့ သင်၏ ပန်းတိုင်များမှ အရာ (၃) မျိုးကို ဘုရားအလိုတော်ရှိပါတယ်။

 

(၁) ဘုရားရေးရာ ပန်းတိုင်တို့သည် သင်၏ ယုံကြည်ခြင်းကို စိန်ခေါ်ပါတယ်။

 သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ “ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။” ဟေဗြဲဩဝါဒစာ ၁၁း၆

ဘုရားသခင်၏ စိတ်တော်နှင့်တွေ့ဖို့ရန် ယုံကြည်ခြင်း လိုအပ်သော ပန်းတိုင်တို့ကို ချမှတ်ဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် သင့်အစွမ်းအစဖြင့် ရောက်ဖို့ရန် အလွန်ကြီးမားသော ပန်းတိုင်ကို ချမှတ်သင့်ပါတယ်။

 

ကြီးမားသော ပန်းတိုင်ကို ချမှတ်ပါလျှင် ကြီးမားသော နည်းလမ်းဖြင့် ဘုရားလုပ်ဆောင်သွားပါလိမ့်မည်။ သာမန် ပန်းတိုင်ကို သင်ချမှတ်လျှင် ဘုရားသခင်သည် သာမန် အရွယ်နည်းလမ်းကိုသာ လုပ်ဆောင်ပါလိမ့်မည်။ သင်က သေးငယ်သော ပန်းတိုင်ကို ချမှတ်ပါလျှင် သေးငယ်သော နည်းလမ်းဖြင့် ဘုရားလုပ်ဆောင်မှု ပြုပါလိမ့်မည်။

 

ပန်းတိုင်တို့က သင်၏ ယုံကြည်ခြင်းကို ဆန့်တန်းထားပါတယ်။ ၎င်းသည် ဘုရားသခင်ကို သင်ယုံကြည်ကြောင်း အခိုင်အမာဆိုသော်လည်း ၎င်းတို့သည် သင်ဘုရားသခင်ကို သင်မည်မျှယုံကြည်ကြောင်း ဖော်ပြချက်များလည်း ဖြစ်သည်။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေ” မဿဲ ၉း၂၉

 

(၂) ဘုရားရေးရာ ပန်းတိုင်တို့သည် သင်၏ စရိုက်လက္ခဏာကို ဖွံ့ဖြိုးတိုးတက်စေသည်။

ယုံကြည်ခြင်း လိုအပ်သော ပန်းတိုင်တစ်ခုကို သင်ချမှတ်လိုက်တဲ့အခါ ထိုပန်းတိုင်ကို ရောက်ဖို့ရန် သင်လုပ်ဆောင်သည့်အလျှောက် သင်၏ ခရီးလမ်း၌ သင်ပြောင်းလဲသွားပါမည်။

ရုပ်ရှင်တွေမှာရှိတဲ့ ဇာတ်လမ်းတွေလိုဖြစ်ပါတယ်။ ဇာတ်ကောင်တွေရဲ့ ပန်းတိုင်က စစ်ပွဲအောင်နိုင်ဖို့ ၊ လပေါ် အရောက်သွားဖို့ (သို့) ဧဝရတ်တော်ထိပ်သို့ တက်နိုင်ဖို့ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်လျှောက် ဇာတ်ကောင်တို့သည် မိမိတို့ ပန်းတိုင်ရောက်ဖို့ အခက်အခဲတို့ကို ရင်ဆိုင်ကျော်လွှားရင်းနဲ့ ရရှိလာသော ရလဒ်မှာ သူတို့၏ ဇာတ်ကောင်များ ပြောင်းလဲသွားခြင်း ဖြစ်ပါတယ်။ သူတို့ကြီးပြင်းလာကြပါတယ်။

 

သင့်ကိုလည်း ကြီးပြင်းလာဖို့ ဘုရားအလိုတော်ရှိပါတယ်။ သင်သေဆုံးသွားတဲ့အခါမှာ သင်ရရှိအောင်မြင်ထား တဲ့အရာ တို့ကို ကောင်းကင်ဘုံသို့ ယူဆောင်သွားလို့ မရပါဘူး။ သို့ပေမဲ့ သင်၏ စရိုက်လက္ခဏာတို့က သင်နှင့်အတူ ပါရှိမှာ ဖြစ်ပါတယ်။ ဘုရားရေးရာ ပန်းတိုင်တို့သည် ဘုရားသခင် အလိုတော်ရှိသော စရိုက်မျိုးအဖြစ် တိုးပွားစေ ပါတယ်။

တမန်တော်ရှင်ပေါလု ဆိုထားသည်မှာ “ထိုသို့ဆိုသော် အကျိုးကိုခံရပြီ၊ စုံလင်ခြင်းသို့ ရောက်ရပြီဟု ငါမဆိုလို၊ အကြင်အကျိုးကိုပေးခြင်းငှါ ခရစ်တော်သည် ငါ့ကို ကိုင်ဘမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိခြင်းငှါ ငါပြေး၍ လိုက်သေး၏။”ဖိလိပ္ပိ ၃း၁၂

 

(၃) ဘုရားရေးရာ ပန်းတိုင်က သင့်အား မျှော်လင့်ခြင်းကို ပေးပါတယ်။

တစ်ခါက သေမင်း၏ ငရဲခန်းသို့ ရောက်ရှိခဲ့ဖူးပြီး အသက်ရှင်ကျန်ရစ်သူ Holocaust တို့အကြောင်းကို ကျွန်ုပ်ဖတ်ခဲ့ရပါတယ်။ သူတို့ဘယ်လို ရှင်သန်ခဲ့သလဲ။ သူတို့အားလုံး၌ တူညီတဲ့အရာတစ်ခု တော့ရှိပါမည်။ သူတို့မှာ မျှော်လင့်စရာ ရှိခဲ့ပါတယ်။

 

ဘုရားရေးရာ ပန်းတိုင်သည်လည်း သင်အခက်ခဲဆုံးအချိန်များ တစ်လျှောက် ခံနိုင်ရည်ရှိဖို့ရန် အကြောင်းရင်းကို ပေးပါတယ်။ ယေရမိအနာဂတ္တိကျမ်း ၁၉း၁၁ “တဖန်မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကိုအကျိုးနည်း စေခြင်းငှာ ကြံစည်သော အကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်း ငှာသာ၊ သင်တို့အဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။

 

သင်၌ ပန်းတိုင်ရှိတဲ့အခါ အရှုံးပေးချင်တဲ့ စိတ်ခံစားချက် ရှိသည့်တိုင် ရှေ့ဆက်ဖို့ရန် သင်၌မျှော်လင့်ခြင်း ရှိလာမည်။

ယနေ့တွင် သင်မည်သို့ ဖြတ်သန်းနေရသည်ကို ကျွန်ုပ်မသိပါ။ သို့ပေမဲ့ အသက်တာက သင့်အတွက် မည်သို့သော အမြင်ရှိပါစေ ဘုရားရေးရာ ပန်းတိုင်ကို သင်လိုအပ်ပါတယ်။ ၎င်းကို လိုက်လျှောက်ခြင်းက သင်၏ ယုံကြည်ခြင်းကို စိန်ခေါ်ပြီး သင်၏ လက္ခဏာကို ဖွံ့ဖြိုးတိုးတက်စေမည်။ သင်၏ မျှော်လင့်ခြင်းကို တည်ဆောက်ပေးပါလိမ့်မည်။

 

ဆင်ခြင်ရန်

- သင့်အသက်တာတွင် ကြီးမားသော အရာကို လုပ်ဆောင်ဖို့ရန် ဘုရားသခင်ကို ဘယ်လောက် ယုံကြည်ကြောင်းကို သင်၏ ပန်းတိုင်က မည်သို့ ဖော်ြပနေပါသနည်း။

- သင်က ပန်းတိုင်တစ်ခုကို လိုက်လျှောက်သည့်အလျှောက် သင်၏ စရိုက်လက္ခဏာကို ဘုရားသခင် မည်သို့ ကြီးထွားစေသည်ကို မည်သည့်အချိန်တွင် တွေ့မြင်ပါသနည်း။

- သင့်အသက်တာ မည်သည့်အခန်းကဏ္ဍ၌ မျှော်လင့်ခြင်းကို ယနေ့လိုအပ်ပါသနည်း။

------------------------------------------------------

Zawgyi Version

ဘုရားေရးရာ ပန္းတိုင္တို႔၏ လကၡဏာ (၃) ရပ္

ေဟၿဗဲဩဝါဒစာ ၁၁း၆ “ယုံၾကည္ျခင္းမရွိလွ်င္၊ ဘုရားသခင္၏ စိတ္ေတာ္ႏွင့္မေတြ႕ႏိုင္။”


သင္ခ်မွတ္ေသာ မည္သည့္ပန္းတိုင္မ်ိဳးကိုမဆို ဘုရားသခင္ ဂ႐ုစိုက္ပါတယ္။ တကယ္ေတာ့ သင္၏ ပန္းတိုင္မ်ားမွ အရာ (၃) မ်ိဳးကို ဘုရားအလိုေတာ္ရွိပါတယ္။


(၁) ဘုရားေရးရာ ပန္းတိုင္တို႔သည္ သင္၏ ယုံၾကည္ျခင္းကို စိန္ေခၚပါတယ္။

 သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ “ယုံၾကည္ျခင္းမရွိလွ်င္၊ ဘုရားသခင္၏ စိတ္ေတာ္ႏွင့္မေတြ႕ႏိုင္။” ေဟၿဗဲဩဝါဒစာ ၁၁း၆ 

ဘုရားသခင္၏ စိတ္ေတာ္ႏွင့္ေတြ႕ဖို႔ရန္ ယုံၾကည္ျခင္း လိုအပ္ေသာ ပန္းတိုင္တို႔ကို ခ်မွတ္ဖို႔ လိုအပ္ပါတယ္။ တစ္နည္းအားျဖင့္ သင့္အစြမ္းအစျဖင့္ ေရာက္ဖို႔ရန္ အလြန္ႀကီးမားေသာ ပန္းတိုင္ကို ခ်မွတ္သင့္ပါတယ္။


ႀကီးမားေသာ ပန္းတိုင္ကို ခ်မွတ္ပါလွ်င္ ႀကီးမားေသာ နည္းလမ္းျဖင့္ ဘုရားလုပ္ေဆာင္သြားပါလိမ့္မည္။ သာမန္ ပန္းတိုင္ကို သင္ခ်မွတ္လွ်င္ ဘုရားသခင္သည္ သာမန္ အ႐ြယ္နည္းလမ္းကိုသာ လုပ္ေဆာင္ပါလိမ့္မည္။ သင္က ေသးငယ္ေသာ ပန္းတိုင္ကို ခ်မွတ္ပါလွ်င္ ေသးငယ္ေသာ နည္းလမ္းျဖင့္ ဘုရားလုပ္ေဆာင္မႈ ျပဳပါလိမ့္မည္။


ပန္းတိုင္တို႔က သင္၏ ယုံၾကည္ျခင္းကို ဆန႔္တန္းထားပါတယ္။ ၎သည္ ဘုရားသခင္ကို သင္ယုံၾကည္ေၾကာင္း အခိုင္အမာဆိုေသာ္လည္း ၎တို႔သည္ သင္ဘုရားသခင္ကို သင္မည္မွ်ယုံၾကည္ေၾကာင္း ေဖာ္ျပခ်က္မ်ားလည္း ျဖစ္သည္။ သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “သင္တို႔ ယုံျခင္းရွိသည္အတိုင္း သင္တို႔၌ျဖစ္ေစ” မႆဲ ၉း၂၉


(၂) ဘုရားေရးရာ ပန္းတိုင္တို႔သည္ သင္၏ စ႐ိုက္လကၡဏာကို ဖြံ႕ၿဖိဳးတိုးတက္ေစသည္။

ယုံၾကည္ျခင္း လိုအပ္ေသာ ပန္းတိုင္တစ္ခုကို သင္ခ်မွတ္လိုက္တဲ့အခါ ထိုပန္းတိုင္ကို ေရာက္ဖို႔ရန္ သင္လုပ္ေဆာင္သည့္အေလွ်ာက္ သင္၏ ခရီးလမ္း၌ သင္ေျပာင္းလဲသြားပါမည္။

႐ုပ္ရွင္ေတြမွာရွိတဲ့ ဇာတ္လမ္းေတြလိုျဖစ္ပါတယ္။ ဇာတ္ေကာင္ေတြရဲ႕ ပန္းတိုင္က စစ္ပြဲေအာင္ႏိုင္ဖို႔ ၊ လေပၚ အေရာက္သြားဖို႔ (သို႔) ဧဝရတ္ေတာ္ထိပ္သို႔ တက္ႏိုင္ဖို႔ ျဖစ္ပါတယ္။ ဇာတ္လမ္းတစ္ေလွ်ာက္ ဇာတ္ေကာင္တို႔သည္ မိမိတို႔ ပန္းတိုင္ေရာက္ဖို႔ အခက္အခဲတို႔ကို ရင္ဆိုင္ေက်ာ္လႊားရင္းနဲ႔ ရရွိလာေသာ ရလဒ္မွာ သူတို႔၏ ဇာတ္ေကာင္မ်ား ေျပာင္းလဲသြားျခင္း ျဖစ္ပါတယ္။ သူတို႔ႀကီးျပင္းလာၾကပါတယ္။


သင့္ကိုလည္း ႀကီးျပင္းလာဖို႔ ဘုရားအလိုေတာ္ရွိပါတယ္။ သင္ေသဆုံးသြားတဲ့အခါမွာ သင္ရရွိေအာင္ျမင္ထား တဲ့အရာ တို႔ကို ေကာင္းကင္ဘုံသို႔ ယူေဆာင္သြားလို႔ မရပါဘူး။ သို႔ေပမဲ့ သင္၏ စ႐ိုက္လကၡဏာတို႔က သင္ႏွင့္အတူ ပါရွိမွာ ျဖစ္ပါတယ္။ ဘုရားေရးရာ ပန္းတိုင္တို႔သည္ ဘုရားသခင္ အလိုေတာ္ရွိေသာ စ႐ိုက္မ်ိဳးအျဖစ္ တိုးပြားေစ ပါတယ္။

တမန္ေတာ္ရွင္ေပါလု ဆိုထားသည္မွာ “ထိုသို႔ဆိုေသာ္ အက်ိဳးကိုခံရၿပီ၊ စုံလင္ျခင္းသို႔ ေရာက္ရၿပီဟု ငါမဆိုလို၊ အၾကင္အက်ိဳးကိုေပးျခင္းငွါ ခရစ္ေတာ္သည္ ငါ့ကို ကိုင္ဘမ္းေတာ္မူ၏။ ထိုအက်ိဳးကို ကိုင္မိျခင္းငွါ ငါေျပး၍ လိုက္ေသး၏။”ဖိလိပၸိ ၃း၁၂


(၃) ဘုရားေရးရာ ပန္းတိုင္က သင့္အား ေမွ်ာ္လင့္ျခင္းကို ေပးပါတယ္။

တစ္ခါက ေသမင္း၏ ငရဲခန္းသို႔ ေရာက္ရွိခဲ့ဖူးၿပီး အသက္ရွင္က်န္ရစ္သူ Holocaust တို႔အေၾကာင္းကို ကြၽႏ္ုပ္ဖတ္ခဲ့ရပါတယ္။ သူတို႔ဘယ္လို ရွင္သန္ခဲ့သလဲ။ သူတို႔အားလုံး၌ တူညီတဲ့အရာတစ္ခု ေတာ့ရွိပါမည္။ သူတို႔မွာ ေမွ်ာ္လင့္စရာ ရွိခဲ့ပါတယ္။


ဘုရားေရးရာ ပန္းတိုင္သည္လည္း သင္အခက္ခဲဆုံးအခ်ိန္မ်ား တစ္ေလွ်ာက္ ခံႏိုင္ရည္ရွိဖို႔ရန္ အေၾကာင္းရင္းကို ေပးပါတယ္။ ေယရမိအနာဂတၱိက်မ္း ၁၉း၁၁ “တဖန္မိန္႔ေတာ္မူသည္ကား၊ ငါသည္ သင္တို႔ကိုအက်ိဳးနည္း ေစျခင္းငွာ ႀကံစည္ေသာ အႀကံမဟုတ္ဘဲ၊ သင္တို႔သည္ ေျမာ္လင့္ေသာ အက်ိဳးကိုရမည္အေၾကာင္း၊ ၿငိမ္ဝပ္ေစျခင္း ငွာသာ၊ သင္တို႔အဘို႔ ႀကံစည္ေသာ အႀကံတို႔ကို ငါသိ၏။”


သင္၌ ပန္းတိုင္ရွိတဲ့အခါ အရႈံးေပးခ်င္တဲ့ စိတ္ခံစားခ်က္ ရွိသည့္တိုင္ ေရွ႕ဆက္ဖို႔ရန္ သင္၌ေမွ်ာ္လင့္ျခင္း ရွိလာမည္။ 

ယေန႔တြင္ သင္မည္သို႔ ျဖတ္သန္းေနရသည္ကို ကြၽႏ္ုပ္မသိပါ။ သို႔ေပမဲ့ အသက္တာက သင့္အတြက္ မည္သို႔ေသာ အျမင္ရွိပါေစ ဘုရားေရးရာ ပန္းတိုင္ကို သင္လိုအပ္ပါတယ္။ ၎ကို လိုက္ေလွ်ာက္ျခင္းက သင္၏ ယုံၾကည္ျခင္းကို စိန္ေခၚၿပီး သင္၏ လကၡဏာကို ဖြံ႕ၿဖိဳးတိုးတက္ေစမည္။ သင္၏ ေမွ်ာ္လင့္ျခင္းကို တည္ေဆာက္ေပးပါလိမ့္မည္။


ဆင္ျခင္ရန္

- သင့္အသက္တာတြင္ ႀကီးမားေသာ အရာကို လုပ္ေဆာင္ဖို႔ရန္ ဘုရားသခင္ကို ဘယ္ေလာက္ ယုံၾကည္ေၾကာင္းကို သင္၏ ပန္းတိုင္က မည္သို႔ ေဖာ္ျပေနပါသနည္း။

- သင္က ပန္းတိုင္တစ္ခုကို လိုက္ေလွ်ာက္သည့္အေလွ်ာက္ သင္၏ စ႐ိုက္လကၡဏာကို ဘုရားသခင္ မည္သို႔ ႀကီးထြားေစသည္ကို မည္သည့္အခ်ိန္တြင္ ေတြ႕ျမင္ပါသနည္း။

- သင့္အသက္တာ မည္သည့္အခန္းက႑၌ ေမွ်ာ္လင့္ျခင္းကို ယေန႔လိုအပ္ပါသနည္း။