Unicode Version
အာရုံစူးစိုက်သော အသက်တာ၏ စွမ်းအား
သုတ္တံကျမ်း ၂၁း၅ “လုံ့လဝိရိယပြုသောသူ၏အကြံအစည်သည်
ကြွယ်ဝခြင်းနှင့်၎င်း၊ သမ္မာသတိမရှိသော သူ၏အကြံ အစည်သည် ဆင်းရဲခြင်းနှင့်၎င်း
ဆိုင်ပေ၏။”
ကောင်းမွန်သော
နည်းလမ်းများဖြင့် သင့်အား ဘုရားသခင်အသုံးပြုဖို့ရန် သင်အလိုရှိပါလျှင် သင်အာရုံစူးစိုက်ဖို့
လိုအပ်ပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းရှိလေလေ အကျိုးသက်ရောက်မှုပိုရှိမည်ဖြစ်ပြီး ဘုရားသခင်
သင့်အား ပိုမိုအသုံးပြုလာနိုင်လေလေ ဖြစ်ပါတယ်။
အာရုံစူးစိုက်မှုတွင်
အံ့ဩဖွယ်အစွမ်းရှိပါတယ်။ ပြန့်ကျဲနေသော အလင်းရောင်သည် ၎င်းနှင့်ထိတွေ့သော အရာတို့ပေါ်
အကျိုးသက်ရောက်မှု မရှိလှပါ။ သို့ပေမဲ့ နေ၏အလင်းကို မှန်ဘီလူးမှတစ်ဆင့် စုစည်းလိုက်ပါလျှင်
စာရွက် (သို့) မြက်ပင်တို့ကို မီးထွန်းနိုင်ပါတယ်။ ၎င်းကို ပိုပြီးစုစည်းမှု ပြုနိုင်တဲ့အခါတွင်
လေဆာ ဖြစ်လာပါတယ်။ လေဆာသည် သံမဏိနှင့် ကင်ဆာကို ဖြတ်နိုင်ပါတယ်။
သင့်အသက်တာ၌လည်း ထိုနည်း၎င်းပင် ဖြစ်ပါတယ်။ သင့်အသက်တာတွင် ဦးတည်ချက်
လမ်းကြောင်းမရှိပါလျှင် သက်ရောက်မှုမရှိတဲ့ ဖြတ်သန်းခြင်းမျိုးသာ ရှိပါမည်။ သို့ပေမဲ့
သင်၏ အချိန်ကို အဓိက ပန်းတိုင်တစ်ချို့ပေါ်မှာ အာရုံစူးစိုက်မယ်ဆိုလျှင် ဘုရားသခင်အတွက်
ဤလောကတွင် သက်ရောက်မှုအစွမ်းတို့ကို သင်ပြုနိုင်မည် ဖြစ်သည်။
သမ္မာကျမ်းစာတွင်
ဆိုထားသည်မှာ “လုံ့လဝိရိယပြုသောသူ၏အကြံအစည်သည်
ကြွယ်ဝခြင်းနှင့်၎င်း၊ သမ္မာသတိ မရှိသော သူ၏အကြံ အစည်သည် ဆင်းရဲခြင်းနှင့်၎င်း
ဆိုင်ပေ၏။” သုတ္တံကျမ်း ၂၁း၅
သမ္မာကျမ်းစာတွင်
အာရုံစူးစိုက်မှုဆိုင်ရာ စံနမူနာကောင်းများထဲမှ တစ်ခုအကြောင်းကို ကမ္ဘာဦးကျမ်း ၂၄ တွင်တွေ့ရပါတယ်။
အာဗြဟံသည် အသက်ကြီးရင့်လာခဲ့ပြီး သူ၏ သားမှာလည်း အိမ်ထောင်မကျသေးပါ။ ဘုရားသခင်က အာဗြဟံအား
သူ၏မိသားစုမှ တစ်ဆင့် လူမျိုးကြီးတစ်ခု ဖြစ်စေမည်ဟု ကတိတော်ရှိခဲ့ပါတယ်။ သူ၏သား ဣဇာက်၌လည်း
သားသမီးမရှိသေးပါ။ အိမ်ထောင်မကျရသေးပါ။ ဒါကြောင့် အာဗြဟံက သူ၏ ကျွန်အား သားအတွက် ဇနီးတစ်ဦးရှာဖို့ရန်
တာဝန်ပေးခဲ့ပါတယ်။ အာဗြဟံက သူ၏ကျွန်အား “ငါ့သား ဣဇာက်အတွက်
ဇနီးကို ဤနယ်မြေအနီးနားရှိ ခါနာန်အမျိုးသမီးတို့တွင် မရှာဘဲ ငါ၏ နယ်မြေ ငါ၏ အမျိုးသားတို့ပြည်ကို
သွား၍ ဇနီးကို ရှာပါ” ဟု ပြောခဲ့ပါတယ်။
ကောင်းသော
ပန်းတိုင်အားလုံးကဲ့သို့ ကျွန်၌ ရှင်းလင်းပါတယ်။ ဣဇာက်အတွက် ဇနီးရှာဖို့ရန် လိုအပ်တယ်ဆိုတာ
သူသိနေခဲ့ပါတယ်။ ပြီးတော့ ဘယ်လိုအမျိုးသမီးမျိုးကို ရှာဖွေရမည်ကို သူအတိအကျ သိခဲ့ပါတယ်။
အာဗြဟံ၏ ပြည်မှ ရှာဖွေဖို့ လိုအပ်ပါတယ်။
မရေရာတဲ့ ပန်းတိုင်အတွက် ဘယ်တော့မှ အရောက်လှမ်းနိုင်မှာမဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့
ပြီးမြောက်သွား သည့်တိုင် သင်ဘယ်တော့မှ မသိနိုင်ပါဘူး။ အာဗြဟံ၏ ကျွန်၌ ထိုကဲ့သို့သော
ပြသနာမရှိပါ။
ဥပမာ
သင်၏ပန်းတိုင်က ကောင်းသော မိဘ ဖြစ်ဖို့ဆိုလျှင် ၎င်းသည် မရေရာသော ပန်းတိုင်ဖြစ်ပါတယ်။
ဤနှစ်တွင် သင်၏ သားသမီးတို့နှင့်အချိန်ပိုယူမယ်ဆိုပြီး ပန်းတိုင်ပြုသည့်တိုင် မတိကျ
မသေချာတဲ့အတွက်ကြောင့် အရောက်လှမ်းပြီးခဲ့ပါလျှင်လည်း သင်ဘယ်တော့မှ သိမြင်နိုင်မည်
မဟုတ်ပါ။
သို့ပေမဲ့ သင်၏ သားသမီးတို့နှင့်အတူ အင်္ဂါနေ့ ညနေတိုင်း တစ်နာရီစီ
အချိန်ယူမယ်လို့ စိတ်ဆုံးဖြတ်ထားပါလျှင် ၎င်းသည် တိကျသောပန်းတိုင်ဖြစ်ပါတယ်။ ပြီးမြောက်ခဲ့တယ်
၊ မပြီးမြောက်ခဲ့ဘူး ဆိုတာကို သင်သိမြင်ပါလိမ့်မည်။ ထိုကဲ့သို့သော ပန်းတိုင်မျိုးက
သင့်အသက်တာကို ပြောင်းလဲဖို့ရန် အာရုံစူးစိုက်မှုကို ပေးပါလိမ့်မည်။
ဤသီတင်းတစ်ပတ်တွင်
သင်အတွက်သင် မည်ကဲ့သို့သော တိကျတဲ့ ပန်းတိုင်မျိုးကို ချမှတ်မည်နည်း။
ဆင်ခြင်ရန်
-
တိကျတဲ့ ပန်းတိုင်ရှိတဲ့အခါ ၎င်းသည် သင့်အား ပြီးမြောက်ဖို့ရန် မည်သို့ ခွန်အား ဖြစ်စေပါသနည်း။
-
သင့်အတွက် မည်သို့သော တိကျတဲ့ ပန်းတိုင်ကို ချမှတ်လိုပါသနည်း။ ဘာကြောင့်နည်း။
-
သင့်ရည်မှန်းချက် ပန်းတိုင်ရောက်အောင် လုပ်ဆောင်စဉ်တွင် သင့်အား မည်သူက တုံ့ပြန်မှုနှင့်အတူ
အားပေးနိုင်မည်နည်း။
----------------------------------------------------------------------------------------
Zawgyi Version
အာ႐ုံစူးစိုက္ေသာ အသက္တာ၏ စြမ္းအား
သုတၱံက်မ္း ၂၁း၅ “လုံ႔လဝိရိယျပဳေသာသူ၏အႀကံအစည္သည္ ႂကြယ္ဝျခင္းႏွင့္၎၊ သမၼာသတိမရွိေသာ သူ၏အႀကံ အစည္သည္ ဆင္းရဲျခင္းႏွင့္၎ ဆိုင္ေပ၏။”
ေကာင္းမြန္ေသာ နည္းလမ္းမ်ားျဖင့္ သင့္အား ဘုရားသခင္အသုံးျပဳဖို႔ရန္ သင္အလိုရွိပါလွ်င္ သင္အာ႐ုံစူးစိုက္ဖို႔ လိုအပ္ပါတယ္။ အာ႐ုံစူးစိုက္ႏိုင္စြမ္းရွိေလေလ အက်ိဳးသက္ေရာက္မႈပိုရွိမည္ျဖစ္ၿပီး ဘုရားသခင္ သင့္အား ပိုမိုအသုံးျပဳလာႏိုင္ေလေလ ျဖစ္ပါတယ္။
အာ႐ုံစူးစိုက္မႈတြင္ အံ့ဩဖြယ္အစြမ္းရွိပါတယ္။ ျပန႔္က်ဲေနေသာ အလင္းေရာင္သည္ ၎ႏွင့္ထိေတြ႕ေသာ အရာတို႔ေပၚ အက်ိဳးသက္ေရာက္မႈ မရွိလွပါ။ သို႔ေပမဲ့ ေန၏အလင္းကို မွန္ဘီလူးမွတစ္ဆင့္ စုစည္းလိုက္ပါလွ်င္ စာ႐ြက္ (သို႔) ျမက္ပင္တို႔ကို မီးထြန္းႏိုင္ပါတယ္။ ၎ကို ပိုၿပီးစုစည္းမႈ ျပဳႏိုင္တဲ့အခါတြင္ ေလဆာ ျဖစ္လာပါတယ္။ ေလဆာသည္ သံမဏိႏွင့္ ကင္ဆာကို ျဖတ္ႏိုင္ပါတယ္။
သင့္အသက္တာ၌လည္း ထိုနည္း၎ပင္ ျဖစ္ပါတယ္။ သင့္အသက္တာတြင္ ဦးတည္ခ်က္ လမ္းေၾကာင္းမရွိပါလွ်င္ သက္ေရာက္မႈမရွိတဲ့ ျဖတ္သန္းျခင္းမ်ိဳးသာ ရွိပါမည္။ သို႔ေပမဲ့ သင္၏ အခ်ိန္ကို အဓိက ပန္းတိုင္တစ္ခ်ိဳ႕ေပၚမွာ အာ႐ုံစူးစိုက္မယ္ဆိုလွ်င္ ဘုရားသခင္အတြက္ ဤေလာကတြင္ သက္ေရာက္မႈအစြမ္းတို႔ကို သင္ျပဳႏိုင္မည္ ျဖစ္သည္။
သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “လုံ႔လဝိရိယျပဳေသာသူ၏အႀကံအစည္သည္ ႂကြယ္ဝျခင္းႏွင့္၎၊ သမၼာသတိ မရွိေသာ သူ၏အႀကံ အစည္သည္ ဆင္းရဲျခင္းႏွင့္၎ ဆိုင္ေပ၏။” သုတၱံက်မ္း ၂၁း၅
သမၼာက်မ္းစာတြင္ အာ႐ုံစူးစိုက္မႈဆိုင္ရာ စံနမူနာေကာင္းမ်ားထဲမွ တစ္ခုအေၾကာင္းကို ကမာၻဦးက်မ္း ၂၄ တြင္ေတြ႕ရပါတယ္။ အာျဗဟံသည္ အသက္ႀကီးရင့္လာခဲ့ၿပီး သူ၏ သားမွာလည္း အိမ္ေထာင္မက်ေသးပါ။ ဘုရားသခင္က အာျဗဟံအား သူ၏မိသားစုမွ တစ္ဆင့္ လူမ်ိဳးႀကီးတစ္ခု ျဖစ္ေစမည္ဟု ကတိေတာ္ရွိခဲ့ပါတယ္။ သူ၏သား ဣဇာက္၌လည္း သားသမီးမရွိေသးပါ။ အိမ္ေထာင္မက်ရေသးပါ။ ဒါေၾကာင့္ အာျဗဟံက သူ၏ ကြၽန္အား သားအတြက္ ဇနီးတစ္ဦးရွာဖို႔ရန္ တာဝန္ေပးခဲ့ပါတယ္။ အာျဗဟံက သူ၏ကြၽန္အား “ငါ့သား ဣဇာက္အတြက္ ဇနီးကို ဤနယ္ေျမအနီးနားရွိ ခါနာန္အမ်ိဳးသမီးတို႔တြင္ မရွာဘဲ ငါ၏ နယ္ေျမ ငါ၏ အမ်ိဳးသားတို႔ျပည္ကို သြား၍ ဇနီးကို ရွာပါ” ဟု ေျပာခဲ့ပါတယ္။
ေကာင္းေသာ ပန္းတိုင္အားလုံးကဲ့သို႔ ကြၽန္၌ ရွင္းလင္းပါတယ္။ ဣဇာက္အတြက္ ဇနီးရွာဖို႔ရန္ လိုအပ္တယ္ဆိုတာ သူသိေနခဲ့ပါတယ္။ ၿပီးေတာ့ ဘယ္လိုအမ်ိဳးသမီးမ်ိဳးကို ရွာေဖြရမည္ကို သူအတိအက် သိခဲ့ပါတယ္။ အာျဗဟံ၏ ျပည္မွ ရွာေဖြဖို႔ လိုအပ္ပါတယ္။
မေရရာတဲ့ ပန္းတိုင္အတြက္ ဘယ္ေတာ့မွ အေရာက္လွမ္းႏိုင္မွာမဟုတ္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ ၿပီးေျမာက္သြား သည့္တိုင္ သင္ဘယ္ေတာ့မွ မသိႏိုင္ပါဘူး။ အာျဗဟံ၏ ကြၽန္၌ ထိုကဲ့သို႔ေသာ ျပသနာမရွိပါ။
ဥပမာ သင္၏ပန္းတိုင္က ေကာင္းေသာ မိဘ ျဖစ္ဖို႔ဆိုလွ်င္ ၎သည္ မေရရာေသာ ပန္းတိုင္ျဖစ္ပါတယ္။ ဤႏွစ္တြင္ သင္၏ သားသမီးတို႔ႏွင့္အခ်ိန္ပိုယူမယ္ဆိုၿပီး ပန္းတိုင္ျပဳသည့္တိုင္ မတိက် မေသခ်ာတဲ့အတြက္ေၾကာင့္ အေရာက္လွမ္းၿပီးခဲ့ပါလွ်င္လည္း သင္ဘယ္ေတာ့မွ သိျမင္ႏိုင္မည္ မဟုတ္ပါ။
သို႔ေပမဲ့ သင္၏ သားသမီးတို႔ႏွင့္အတူ အဂၤါေန႔ ညေနတိုင္း တစ္နာရီစီ အခ်ိန္ယူမယ္လို႔ စိတ္ဆုံးျဖတ္ထားပါလွ်င္ ၎သည္ တိက်ေသာပန္းတိုင္ျဖစ္ပါတယ္။ ၿပီးေျမာက္ခဲ့တယ္ ၊ မၿပီးေျမာက္ခဲ့ဘူး ဆိုတာကို သင္သိျမင္ပါလိမ့္မည္။ ထိုကဲ့သို႔ေသာ ပန္းတိုင္မ်ိဳးက သင့္အသက္တာကို ေျပာင္းလဲဖို႔ရန္ အာ႐ုံစူးစိုက္မႈကို ေပးပါလိမ့္မည္။
ဤသီတင္းတစ္ပတ္တြင္ သင္အတြက္သင္ မည္ကဲ့သို႔ေသာ တိက်တဲ့ ပန္းတိုင္မ်ိဳးကို ခ်မွတ္မည္နည္း။
ဆင္ျခင္ရန္
- တိက်တဲ့ ပန္းတိုင္ရွိတဲ့အခါ ၎သည္ သင့္အား ၿပီးေျမာက္ဖို႔ရန္ မည္သို႔ ခြန္အား ျဖစ္ေစပါသနည္း။
- သင့္အတြက္ မည္သို႔ေသာ တိက်တဲ့ ပန္းတိုင္ကို ခ်မွတ္လိုပါသနည္း။ ဘာေၾကာင့္နည္း။
- သင့္ရည္မွန္းခ်က္ ပန္းတိုင္ေရာက္ေအာင္ လုပ္ေဆာင္စဥ္တြင္ သင့္အား မည္သူက တုံ႔ျပန္မႈႏွင့္အတူ အားေပးႏိုင္မည္နည္း။