Unicode Version
အဟောင်းကို စွန့်၍ အသစ်ကို ဝတ်ဆင်ပါ။
ဧဖက်ဩဝါဒစာ ၄း၂၂-၂၄ “အထက်ကကျင်လည်ကြသည်အရာမှာ
လှည့်ဖြားတတ်သောလောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူ ဟောင်းကိုချွတ်ပယ်၍၊ စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင်၊
မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း ပါရမီ အားဖြင့်
ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊ ခရစ်တော်
၏စကားကို ကြားနာရသည်ဖြစ်၍၊ ယေရှု၌
သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။”
အသက်တာတွင်
တည်မြဲမည့် ပြောင်းလဲခြင်းမျိုးကို ရရှိလိုပါလျှင် သင်၏ခန္ဓာကိုယ်၌ စတင်ဖို့လိုအပ်ပြီး
သင်၏ စိတ်သည်လည်း သင့်ခန္ဓာကိုယ်၏ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် အသက်တာကို ပြောင်းလဲဖို့ရန်
သင်၏တွေးခေါ်မှု ပုံစံ ပြောင်းလဲရမည် ဖြစ်သည်။
ရောမဩဝါဒစာ ၁၂း၂ တွင် “သင်တို့သည်
လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊
စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ် အရာဖြစ်သည်ကို
သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့
ရောက်ကြလော့။” ပုံသဏ္ဍာန်ပြောင်းလဲခြင်း
ဆိုတဲ့စကားလုံးက ဂရိဘာသာစကားဖြစ်တဲ့ “အသွင်ပြောင်းလဲခြင်း” စကားမှ ဆင်းသက်လာပါတယ်။
ခူကောင်ကနေ လိပ်ပြာသို့ ပြောင်းလဲသွားတဲ့အခါ အသွင်းပြောင်းခြင်းဟူသည် ဖြစ်ပေါ်လာပါတယ်။
ပိုးကောင်
၊ ခူကောင်သည် သူ့ကိုယ်သူ အကာအကွယ်အထဲ၌ ထုပ်ပိုးထားပြီး ထွက်လာရမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ ပိုပြီး ကောင်းတဲ့
ပိုးတုံးလုံးအသွင်အဖြစ် မဟုတ်တော့ဘဲနဲ့ လုံးဝကို ကွဲပြားတဲ့ အသွင်သဏ္ဍာန်အဖြစ် ပြောင်းလဲသွား
ခဲ့ပါတယ်။ ၎င်းသည် တိုးတက်လာမှု မဟုတ်ပါဘူး။ ဤသည် ထူးခြားကွဲပြားသော အသွင်ပြောင်း လဲခြင်းဖြစ်ပြီး
ဘုရားသခင် တစ်ပါးတည်းသာလျှင် လုပ်ဆောင်နိုင်သောအရာ ဖြစ်ပါတယ်။
ထိုသို့သော အသွင်ပြောင်းလဲခြင်းမျိုးက သင့်အတွက်
ဘုရားအလိုတော်ရှိသော အရာဖြစ်ပါတယ်။ အသစ်သော သစ်ရွက်တစ်ရွက်ကို သင်ကိုယ်တိုင် လှည့်နိုင်ပေမဲ့
အသစ်သော အသက်တာကိုတော့ ဘုရားသခင်သာ ပေးစွမ်းနိုင်ပါတယ်။ ၎င်းသည် သင်၏ စိတ်ကို အသစ်ဖြစ်စေသော
ဘုရားသခင်၏ လုပ်ဆောင်ချက် ဖြစ်ပါတယ်။
ဧဖက်ဩဝါဒစာ ၄း၂၂-၂၄ “အထက်ကကျင်လည်ကြသည်အရာမှာ
လှည့်ဖြားတတ်သောလောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူ ဟောင်းကိုချွတ်ပယ်၍၊ စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင်၊
မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း ပါရမီ အားဖြင့်
ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊ ခရစ်တော်
၏စကားကို ကြားနာရသည်ဖြစ်၍၊ ယေရှု၌
သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။”
ချွတ်ပယ်ခြင်းနှင့်
ယူတင်ဝတ်ဆောင်ခြင်း ရှိတယ်ဆိုတာကို သတိပြုပါ။ သင်၏ စိတ်ကျန်းမာရေးသည် တစ်ချို့သော အရာတို့ကို
ရပ်တန့်ဖို့ရန် လိုအပ်ခြင်း နှင့် အသစ်သော အရာတို့ကို စတင်ဖို့ရန် လိုအပ်ခြင်း အကြောင်းတို့ကို
ရပ်တန့်သွားဖို့ရန် အမှန်တကယ် ဖြစ်လာပါတယ်။ အဆိုးမြင်တတ်တဲ့စိတ်နဲ့ နာကျင်စေတဲ့ အရာတွေကို
သင့်စိတ်ထဲမထည့်ပါနှင့်။ သင့်အား သခင်ယေရှုနှင့် ပိုမိုတူစေမည့် အရာတို့ကို စတင် ကြည့်ရှုခြင်း
နှင့် နားဆင်ခြင်းတို့ကို လုပ်ဆောင်လိုက်ပါ။
သင့်စိတ်ကို
အသစ်တဖန် စတင်ခြင်း၌ ထည့်သွင်းမှုတွေ မပြုခင်မှာ ပယ်ရှင်းမှုတွေ ပြုရပါမည်။ ဥပမာ အသစ်သော
ကုတ်အင်္ကျီတစ်ထည်ကို သင်စတိုးဆိုင်တွင် ဝယ်ယူမည် ဆိုပါစို့။ တစ်ထည်ကိုတော့ သင်ဝတ်ကြည့်ရမည်
ဖြစ်ပါတယ်။ သို့ပေမဲ့ သင်ဝတ်ဆင်ထားတဲ့ ကိုယ်ပေါ်ကအထည်ဟောင်းကို ချွတ်ပြီးမှ အသစ်ကို
ဝတ်ဆင်ရပါမည်။
ဝိညာဉ်ရေးရာ
၊ စိတ်ခံစားချက်ဆိုင်ရာ တို့တွင်လည်း ထိုနည်း၎င်းပင် ဖြစ်ပါတယ်။ ဧဖက်ဩဝါဒစာ ၂ ရှိ ကျမ်းပိုဒ်တို့ကို ထပ်မံကြည့်ရှုလိုက်ပါ။ သမ္မာကျမ်းစာက
ဖော်ပြထားသည်မှာ “လှည့်ဖြားတတ်သောလောဘစိတ် တို့ဖြင့် ပုပ်ပျက်သော လူဟောင်းကိုချွတ်ပယ်၍၊”
လူဟောင်းသည် သင့်အား ဦးတည်ချက် မှားယွင်းစေသည့် တွန်းအားပေးမှုများ ဖြစ်ပါတယ်။
ထို့နောက် “သန့်ရှင်းခြင်း ပါရမီ အားဖြင့်
ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ် ဆောင်မည်အကြောင်း၊” စိတ်နေစိတ်ထားတွေက
အနှီးနဲ့ တူပါတယ်။ သူတို့ကို ခဏခဏ ပြောင်းလဲပေး ရပါတယ်။ သို့မဟုတ်လျှင် စတင် နံစော်နေမည်
ဖြစ်သည်။
သင်၏
အတ္တဟောင်းနှင့် သဘောထားအဟောင်းတို့ကို ချွတ်ပယ်ပြီးမှ စစ်မှန်သော ဖြောင့်မတ်ခြင်း
နှင့် သန့်ရှင်းခြင်း၌ ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းထားသော လူသစ်ကိုဝတ်ဆင်နိုင်မည်
ဖြစ်သည်။
သင့်အသက်တာကို ယနေ့တွင် ပြောင်းလဲချင်ပါသလား။
အသက်တာပြောင်းလဲခြင်းအရာက ပြောင်းလဲသော စိတ်ဖြင့် အစပြုတယ်ဆိုတာကို သတိရပါ။
ဆင်ခြင်ရန်
-
ပြောင်းလဲသွားသော စိတ်က ပြောင်းလဲသွားသော အသက်တာ အကောင်း (သို့) အဆိုးဘက်ကို ဦးတည်သွားကြောင်းကို
မည်သည့်အချိန်တွင် သင်တွေ့မြင်ပါသနည်း။
-
ဧဖက် ၄တွင် ဖော်ပြထားသော မည်သို့သော လူဟောင်း၏ အစိတ်အပိုင်းတို့ကို သင်၏ စိတ်ထဲမှ ထုတ်ပစ်ဖို့ရန်
လိုအပ်နေပါသနည်း။
-
အသစ်သောလူ၏ မည်ကဲ့သို့သော အစိတ်အပိုင်းတို့ကို သင်၏ စိတ်ထဲသို့ ဝတ်ဆင်ရန် လိုအပ်ပါသနည်း။
၎င်းကို လုပ်ဆောင်စေမည့် မည်ကဲ့သို့သော အသစ်သော အလေ့အကျင့်တို့ကို သင်မွေးမြူနိုင်မည်နည်း။
--------------------------------------------------------------------
Zawgyi Version
အေဟာင္းကို စြန႔္၍ အသစ္ကို ဝတ္ဆင္ပါ။
ဧဖက္ဩဝါဒစာ ၄း၂၂-၂၄ “အထက္ကက်င္လည္ၾကသည္အရာမွာ လွည့္ျဖားတတ္ေသာေလာဘစိတ္တို႔ျဖင့္ ပုပ္ပ်က္ေသာလူ ေဟာင္းကိုခြၽတ္ပယ္၍၊ စိတ္ႏွလုံးသေဘာသစ္ကိုရၿပီးလွ်င္၊ မွန္ေသာေျဖာင့္မတ္ျခင္း၊ သန္႔ရွင္းျခင္း ပါရမီ အားျဖင့္ ဘုရားသခင္ႏွင့္အတူအမွ် ဖန္ဆင္းေသာ လူသစ္ကို ယူတင္ဝတ္ေဆာင္မည္အေၾကာင္း၊ ခရစ္ေတာ္ ၏စကားကို ၾကားနာရသည္ျဖစ္၍၊ ေယရႈ၌ သမၼာတရားရွိသည္ႏွင့္အညီ၊ ထိုသခင္ထံ၌ နည္းခံၾကၿပီသတည္း။”
အသက္တာတြင္ တည္ၿမဲမည့္ ေျပာင္းလဲျခင္းမ်ိဳးကို ရရွိလိုပါလွ်င္ သင္၏ခႏၶာကိုယ္၌ စတင္ဖို႔လိုအပ္ၿပီး သင္၏ စိတ္သည္လည္း သင့္ခႏၶာကိုယ္၏ အစိတ္အပိုင္း ျဖစ္ပါတယ္။ ဒါေၾကာင့္ အသက္တာကို ေျပာင္းလဲဖို႔ရန္ သင္၏ေတြးေခၚမႈ ပုံစံ ေျပာင္းလဲရမည္ ျဖစ္သည္။
ေရာမဩဝါဒစာ ၁၂း၂ တြင္ “သင္တို႔သည္ ေလာကီပုံသဏၭာန္ကို မေဆာင္ၾကႏွင့္။ ေကာင္းျမတ္ေသာအရာ၊ ႏွစ္သက္ဘြယ္ေသာအရာ၊ စုံလင္ေသာအရာတည္းဟူေသာ ဘုရားသခင္အလိုေတာ္ရွိေသာ အရာသည္ အဘယ္ အရာျဖစ္သည္ကို သင္ႏိုင္မည္အေၾကာင္း၊ စိတ္ႏွလုံးကို အသစ္ျပင္ဆင္၍ ပုံသဏၭာန္ ေျပာင္းလဲျခင္းသို႔ ေရာက္ၾကေလာ့။” ပုံသ႑ာန္ေျပာင္းလဲျခင္း ဆိုတဲ့စကားလုံးက ဂရိဘာသာစကားျဖစ္တဲ့ “အသြင္ေျပာင္းလဲျခင္း” စကားမွ ဆင္းသက္လာပါတယ္။ ခူေကာင္ကေန လိပ္ျပာသို႔ ေျပာင္းလဲသြားတဲ့အခါ အသြင္းေျပာင္းျခင္းဟူသည္ ျဖစ္ေပၚလာပါတယ္။
ပိုးေကာင္ ၊ ခူေကာင္သည္ သူ႔ကိုယ္သူ အကာအကြယ္အထဲ၌ ထုပ္ပိုးထားၿပီး ထြက္လာရမွာ ျဖစ္ပါတယ္။ သို႔ေပမဲ့ ပိုၿပီး ေကာင္းတဲ့ ပိုးတုံးလုံးအသြင္အျဖစ္ မဟုတ္ေတာ့ဘဲနဲ႔ လုံးဝကို ကြဲျပားတဲ့ အသြင္သ႑ာန္အျဖစ္ ေျပာင္းလဲသြား ခဲ့ပါတယ္။ ၎သည္ တိုးတက္လာမႈ မဟုတ္ပါဘူး။ ဤသည္ ထူးျခားကြဲျပားေသာ အသြင္ေျပာင္း လဲျခင္းျဖစ္ၿပီး ဘုရားသခင္ တစ္ပါးတည္းသာလွ်င္ လုပ္ေဆာင္ႏိုင္ေသာအရာ ျဖစ္ပါတယ္။
ထိုသို႔ေသာ အသြင္ေျပာင္းလဲျခင္းမ်ိဳးက သင့္အတြက္ ဘုရားအလိုေတာ္ရွိေသာ အရာျဖစ္ပါတယ္။ အသစ္ေသာ သစ္႐ြက္တစ္႐ြက္ကို သင္ကိုယ္တိုင္ လွည့္ႏိုင္ေပမဲ့ အသစ္ေသာ အသက္တာကိုေတာ့ ဘုရားသခင္သာ ေပးစြမ္းႏိုင္ပါတယ္။ ၎သည္ သင္၏ စိတ္ကို အသစ္ျဖစ္ေစေသာ ဘုရားသခင္၏ လုပ္ေဆာင္ခ်က္ ျဖစ္ပါတယ္။
ဧဖက္ဩဝါဒစာ ၄း၂၂-၂၄ “အထက္ကက်င္လည္ၾကသည္အရာမွာ လွည့္ျဖားတတ္ေသာေလာဘစိတ္တို႔ျဖင့္ ပုပ္ပ်က္ေသာလူ ေဟာင္းကိုခြၽတ္ပယ္၍၊ စိတ္ႏွလုံးသေဘာသစ္ကိုရၿပီးလွ်င္၊ မွန္ေသာေျဖာင့္မတ္ျခင္း၊ သန္႔ရွင္းျခင္း ပါရမီ အားျဖင့္ ဘုရားသခင္ႏွင့္အတူအမွ် ဖန္ဆင္းေသာ လူသစ္ကို ယူတင္ဝတ္ေဆာင္မည္အေၾကာင္း၊ ခရစ္ေတာ္ ၏စကားကို ၾကားနာရသည္ျဖစ္၍၊ ေယရႈ၌ သမၼာတရားရွိသည္ႏွင့္အညီ၊ ထိုသခင္ထံ၌ နည္းခံၾကၿပီသတည္း။”
ခြၽတ္ပယ္ျခင္းႏွင့္ ယူတင္ဝတ္ေဆာင္ျခင္း ရွိတယ္ဆိုတာကို သတိျပဳပါ။ သင္၏ စိတ္က်န္းမာေရးသည္ တစ္ခ်ိဳ႕ေသာ အရာတို႔ကို ရပ္တန႔္ဖို႔ရန္ လိုအပ္ျခင္း ႏွင့္ အသစ္ေသာ အရာတို႔ကို စတင္ဖို႔ရန္ လိုအပ္ျခင္း အေၾကာင္းတို႔ကို ရပ္တန႔္သြားဖို႔ရန္ အမွန္တကယ္ ျဖစ္လာပါတယ္။ အဆိုးျမင္တတ္တဲ့စိတ္နဲ႔ နာက်င္ေစတဲ့ အရာေတြကို သင့္စိတ္ထဲမထည့္ပါႏွင့္။ သင့္အား သခင္ေယရႈႏွင့္ ပိုမိုတူေစမည့္ အရာတို႔ကို စတင္ ၾကည့္ရႈျခင္း ႏွင့္ နားဆင္ျခင္းတို႔ကို လုပ္ေဆာင္လိုက္ပါ။
သင့္စိတ္ကို အသစ္တဖန္ စတင္ျခင္း၌ ထည့္သြင္းမႈေတြ မျပဳခင္မွာ ပယ္ရွင္းမႈေတြ ျပဳရပါမည္။ ဥပမာ အသစ္ေသာ ကုတ္အက်ႌတစ္ထည္ကို သင္စတိုးဆိုင္တြင္ ဝယ္ယူမည္ ဆိုပါစို႔။ တစ္ထည္ကိုေတာ့ သင္ဝတ္ၾကည့္ရမည္ ျဖစ္ပါတယ္။ သို႔ေပမဲ့ သင္ဝတ္ဆင္ထားတဲ့ ကိုယ္ေပၚကအထည္ေဟာင္းကို ခြၽတ္ၿပီးမွ အသစ္ကို ဝတ္ဆင္ရပါမည္။
ဝိညာဥ္ေရးရာ ၊ စိတ္ခံစားခ်က္ဆိုင္ရာ တို႔တြင္လည္း ထိုနည္း၎ပင္ ျဖစ္ပါတယ္။ ဧဖက္ဩဝါဒစာ ၂ ရွိ က်မ္းပိုဒ္တို႔ကို ထပ္မံၾကည့္ရႈလိုက္ပါ။ သမၼာက်မ္းစာက ေဖာ္ျပထားသည္မွာ “လွည့္ျဖားတတ္ေသာေလာဘစိတ္ တို႔ျဖင့္ ပုပ္ပ်က္ေသာ လူေဟာင္းကိုခြၽတ္ပယ္၍၊” လူေဟာင္းသည္ သင့္အား ဦးတည္ခ်က္ မွားယြင္းေစသည့္ တြန္းအားေပးမႈမ်ား ျဖစ္ပါတယ္။
ထို႔ေနာက္ “သန္႔ရွင္းျခင္း ပါရမီ အားျဖင့္ ဘုရားသခင္ႏွင့္အတူအမွ် ဖန္ဆင္းေသာ လူသစ္ကို ယူတင္ဝတ္ ေဆာင္မည္အေၾကာင္း၊” စိတ္ေနစိတ္ထားေတြက အႏွီးနဲ႔ တူပါတယ္။ သူတို႔ကို ခဏခဏ ေျပာင္းလဲေပး ရပါတယ္။ သို႔မဟုတ္လွ်င္ စတင္ နံေစာ္ေနမည္ ျဖစ္သည္။
သင္၏ အတၱေဟာင္းႏွင့္ သေဘာထားအေဟာင္းတို႔ကို ခြၽတ္ပယ္ၿပီးမွ စစ္မွန္ေသာ ေျဖာင့္မတ္ျခင္း ႏွင့္ သန႔္ရွင္းျခင္း၌ ဘုရားသခင္ႏွင့္အတူအမွ် ဖန္ဆင္းထားေသာ လူသစ္ကိုဝတ္ဆင္ႏိုင္မည္ ျဖစ္သည္။
သင့္အသက္တာကို ယေန႔တြင္ ေျပာင္းလဲခ်င္ပါသလား။ အသက္တာေျပာင္းလဲျခင္းအရာက ေျပာင္းလဲေသာ စိတ္ျဖင့္ အစျပဳတယ္ဆိုတာကို သတိရပါ။
ဆင္ျခင္ရန္
- ေျပာင္းလဲသြားေသာ စိတ္က ေျပာင္းလဲသြားေသာ အသက္တာ အေကာင္း (သို႔) အဆိုးဘက္ကို ဦးတည္သြားေၾကာင္းကို မည္သည့္အခ်ိန္တြင္ သင္ေတြ႕ျမင္ပါသနည္း။
- ဧဖက္ ၄တြင္ ေဖာ္ျပထားေသာ မည္သို႔ေသာ လူေဟာင္း၏ အစိတ္အပိုင္းတို႔ကို သင္၏ စိတ္ထဲမွ ထုတ္ပစ္ဖို႔ရန္ လိုအပ္ေနပါသနည္း။
- အသစ္ေသာလူ၏ မည္ကဲ့သို႔ေသာ အစိတ္အပိုင္းတို႔ကို သင္၏ စိတ္ထဲသို႔ ဝတ္ဆင္ရန္ လိုအပ္ပါသနည္း။ ၎ကို လုပ္ေဆာင္ေစမည့္ မည္ကဲ့သို႔ေသာ အသစ္ေသာ အေလ့အက်င့္တို႔ကို သင္ေမြးျမဴႏိုင္မည္နည္း။