How to Stay Enthusiastic for a Lifetime

 Unicode Version

အသက်တာတစ်လျှောက် စိတ်အားထက်သန်စွာ ဘယ်လို နေထိုင်မလဲ။

ရောမဩဝါဒစာ ၁၂း၁၁-၁၂ “အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက်၊ စိတ်တန်းသဖြင့် သခင်ဘုရား၏ အလိုတော်သို့လိုက်၍ အားထုတ်ကြလော့။ မြော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက် သောအခါ သည်းခံကြလော့။ ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲပြုကြလော့။


သင်၏ ပန်းတိုင်ဆီ အရောက်လှမ်းဖို့ရန် သင်၏ စိတ်အားထက်သန်မှုပေါ် ရေရှည်ဘယ်လို ထိန်းသိမ်းမလဲဆိုတာကို ရှာဖွေလေ့လာ ရပါမည်။

“ကြီးကျယ်သော အောင်မြင်မှုမရှိခြင်းက စိတ်အားထက်သန်မှု မဲ့နေလို့ပါဘဲ” လို့ Ralph Waldo Emerson ကဆိုခဲ့ပါတယ်။ ၎င်းကို ကျွန်ုပ်နှလုံးသားတစ်ခုလုံး ဖြင့်ယုံကြည်ပြီး ၎င်းသည် ကျွန်ုပ်အသက်တာတွင် မှန်ကန်ကြောင်း တွေ့ရှိခဲ့ပါတယ်။ စိတ်၏ ပြင်းပြမှုနှင့် ထက်သန်မှုတို့ ရှိဖို့လိုအပ်ပါတယ်။ သို့မဟုတ်လျှင် အဆုံးသတ်ကို သင်ဘယ်တော့မှ ရောက်မည် မဟုတ်ပါ။

 

လူတော်တော်များများကတော့ ကျွန်တော့ကို စိတ်အားထက်သန်သူလို့ မှတ်ယူကြပေမည်။ စိတ်အားထက် သန်သူတစ်ဦးအဖြစ် မရှိခဲ့တာ တစ်ပတ် (သို့) တစ်လဘဲ ရှိပါသေးတယ်။ ကျွန်ုပ်၏ စိတ်အားထက်သန်မှုက တစ်နှစ် (သို့) ငါးနှစ် (သို့) ဆယ်နှစ်ပြီးနောက် ‌မလျော့သွားခဲ့ပါဘူး။ နှစ်ပေါင်း ၃၀ မက ကျွန်ုပ်ချမှတ်ခဲ့တဲ့ ပန်းတိုင်နှင့် ပတ်သက်ပြီး စိတ်အားထက်သန်မှုတွေ ဆက်တိုက် ဖြစ်နေခဲ့ပါတယ်။

 

၎င်းကို သင်ဘယ်လို လုပ်တာလဲ။ နှောင့်နှေးမှုတွေ ၊ အခက်အခဲတွေ ၊ သေခြင်းတရားတွေ ၊ ပြသနာတွေ ၊ ဖိအားတွေ နှင့် ဝေဖန်မှုကြားကနေ တစ်နေ့ပြီးတစ်နေ့ စိတ်အားထက်သန်မှု ဘယ်လိုရှိနေမလဲ။ စိတ်အားထက်သန်နေမှုကို နှစ်ပေါင်း ၃၀ မက ဘယ်လိုနေနိုင်ခဲ့သလဲ။

 

အပြုသဘောဆောင်တဲ့ အတွေးအခေါ်တွေက မလုံလောက်ပါဘူး။ သင့်ကိုယ်သင် စိတ်ဓါတ်ရေးရာ ဖိနပ်ကြိုးတွေနဲ့ ဆွဲတင်လို့လည်း မလုံလောက်ပါဘူး။ သင့်ကိုယ်သင် အကောင်းမြင်စိတ်နဲ့ ပြောဆိုခြင်းကလည်း မလုံလောက်ပါ။

“enthusiasm” စကားလုံးသည် en theos ဆိုတဲ့ဂရိဘာသာစကားကနေ ဆင်းသက်လာပြီး En ဆိုသော ဂရိစကားလုံးသည် “in” ဖြစ်ပြီး Theos စကားလုံးကတော့ “God” ဖြစ်ပါတယ်။ ဒါကြောင့် “in God” ဘုရားသခင်၌ လို့ အဓိပ္ပါယ်ရပါတယ်။

 

ဘုရားသခင်၌ သင်ရှိတဲ့အခါမှာ သင်စိတ်အားထက်သန်လာပါမည်။ ၎င်းစိတ်အားထက်သန်ခြင်းမျိုးသည် စီးပွားရေး (သို့) ရာသီဥတု (သို့) အခြေအနေတွေပေါ် ဖြစ်ထွန်းလာတာ မဟုတ်ပါဘူး။ ၎င်းသည် နိစ္စထာဝရဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ကို ထာဝရဘုရားသခင်နှင့် ချည်နှောင်ထားပြီဖြစ်သည်။ သင်က သခင်ခရစ်တော်၌ ရှိပြီ ဖြစ်သည်။

 

ဘယ်လို ဖြစ်သလဲဆိုတာကို တမန်တော်ရှင်ပေါလုက ပြောပြထားပါတယ်။ ရောမဩဝါဒစာ ၁၂း၁၁-၁၂ တွင် “အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက်၊ စိတ်တန်းသဖြင့် သခင်ဘုရား၏ အလိုတော်သို့လိုက်၍ အားထုတ်ကြလော့။ မြော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက် သောအခါ သည်းခံကြလော့။ ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲပြုကြလော့။

သင်၏ ပန်းတိုင်ဆီ အရောက်လှမ်းချင်ပါလျှင် မြော်လင့်လျက် ဝမ်းမြောက်ခြင်းရှိဖို့၊ ဆင်းရဲဒုက္ခရောက် တဲ့အခါ သည်းခံခြင်းရှိဖို့နှင့် ဆုတောင်း ပဌနာပြုခြင်းတွင် သစ္စာရှိဖို့ရန် ဘုရားသခင်ပေးသော စိတ်အားထက်သန်ခြင်းကို ရယူဖို့ လိုအပ်ပါတယ်။

ဤဆုတောင်းဖြင့် စတင်လုပ်ပါ။

“အဖဘုရားသခင်… ကျွန်ုပ်အသက်တာ၏ အခန်းကဏ္ဍတိုင်းကို အုပ်စိုးတော်မူပါ။ ကျွန်ုပ်အသက်တာတွင် နောက်ထပ်နေ့ရက်တွေကို ကိုယ်တော်ရှင် မပါဘဲ ကျွန်ုပ် မဖြတ်သန်းချင်ပါ။ အသက်တာကို ကိုယ်တော်လက်သို့ အပ်နှံပါ၏။ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှု ပြုသည့်နည်းတူ ကျွန်ုပ်အသက်တာကို ကိုယ်တော်ထံ ဆပ်ကပ်အပ်နှံပါ၏။

 

အကူအညီလိုအပ်ကြောင်းကို ကျွန်ုပ်နှိမ့်ချစွာဖြင့် ဝန်ခံပါ၏။ ကျွန်ုပ်၏ စိတ်ကို အသစ်ပြုပြင်ပေးဖို့ရန် အလိုရှိပါသည်။ သို့မှသာ သခင်ယေရှု၏ စိတ်ဖြင့် တွေးခေါ်စေလိုသော ပုံစံကို ကျွန်ုပ်တွေးခေါ်နိုင်မည်။ ကျွန်ုပ်၏ စိတ်မာနတို့ကို ကျေးဇူးပြု၍ ခွင့်လွှတ်တော်မူပါ။ ဖြစ်သင့်သည်ထက်ကို များစွာ ကိုယ့်ကိုကိုယ် မထင်မှတ်ချင်ပါ။ ကျွန်ုပ်၏ ယုံကြည်ခြင်းသည် ကြီးထွားဖို့လိုပါသည်။ ကျွန်ုပ်တိုင်းတာနိုင်သည့် ပန်းတိုင်တို့ကို ချမှတ်ဖို့ရန် ကိုယ်တော်ရှင်၏ အကူအညီလိုပါတယ်။ သို့မှသာ ၎င်းတို့ကို စီမံနိုင်ပါမည်။ ကိုယ့်အကြံအစည်ဖြင့် ပြောင်းလဲဖို့ရန် ကြိုးစားခြင်းအတွက် ကျွန်ုပ်အား ခွင့်လွှတ်တော်မူပါ။

 

ကျွန်ုပ်အသက်တာကို ချစ်ခြင်းဖြင့် ပြည့်ဝချင်ပါသည်။ သခင်နှင့်အတူ ပြည့်ဝချင်ပါသည်။ တခြားသော သူတို့ကို ဂုဏ်ယူတတ်ခြင်း၌ ဝမ်းမြောက်ခြင်းရှိဖို့ ကူညီမစတော်မူပါ။ ကိုယ့်ကိုကိုယ် အသက်တာကို စွန့်လွှတ်ခြင်းအရာ၌ အာရုံစိုက်နိုင်ဖို့ရန် ကူညီမစတော်မူပါ။သို့မှသာ ကျွန်ုပ်၏ လိုအပ်ချက်တို့ကို ကိုယ်တော်ရှင် ပြုစုပျိုးထောင်နိုင်ပါမည်။ သခင်၌ ရှိခြင်းအားဖြင့် စိတ်အားထက်သန်မှု သဘောထားဖြစ်ဖို့ရန် ကျွန်ုပ် အလိုရှိပါသည်။ မြော်လင့်လျက် ဝမ်းမြောက်ခြင်း၊ ဆင်းရဲဒုက္ခရောက် တဲ့အခါ သည်းခံခြင်းနှင့် ဆုတောင်း ပဌနာပြုခြင်းအမှုတို့ကို ဖြစ်စေဖို့ရန် ကျွန်ုပ်အား ကူညီမစတော်မူပါ။ သခင်ယေရှု၏ နာမတော်အားဖြင့် ဆုတော်းပါ၏…. အာမင်။

 

ဆင်ခြင်ရန်

- အချိန်ကြာမြင့်စွာ ပန်းတိုင်တစ်ခုသို့ရောက်ရန်နှင့် စိတ်အားထက်သန်မှုရှိရန် သင်မည်ကဲ့သို့ကြိုးစားခဲ့သနည်း။ အောင်မြင်ခဲ့ပါသလား။

ဘုရားပေးသောစိတ်အားထက်သန်မှုကို သင်ဘယ်အချိန်မှာ တွေ့ကြုံခံစားဖူးလဲ။ ပန်းတိုင်တစ်ခုဆီသို့ သင်လုပ်ဆောင်ခဲ့ပုံအား ၎င်းသည် မည်သို့ပြောင်းလဲခဲ့သနည်း။

-------------------------------------------------------------------

Zawgyi Version

အသက္တာတစ္ေလွ်ာက္ စိတ္အားထက္သန္စြာ ဘယ္လို ေနထိုင္မလဲ။

ေရာမဩဝါဒစာ ၁၂း၁၁-၁၂ “အားထုတ္ျခင္းအရာမွာ ပ်င္းရိျခင္းမရွိဘဲလ်က္၊ စိတ္တန္းသျဖင့္ သခင္ဘုရား၏ အလိုေတာ္သို႔လိုက္၍ အားထုတ္ၾကေလာ့။ ေျမာ္လင့္လ်က္ ဝမ္းေျမာက္ၾကေလာ့။ ဆင္းရဲဒုကၡေရာက္ ေသာအခါ သည္းခံၾကေလာ့။ ဆုေတာင္း ပဌနာျပဳျခင္းအမႈကို အၿမဲျပဳၾကေလာ့။”

သင္၏ ပန္းတိုင္ဆီ အေရာက္လွမ္းဖို႔ရန္ သင္၏ စိတ္အားထက္သန္မႈေပၚ ေရရွည္ဘယ္လို ထိန္းသိမ္းမလဲဆိုတာကို ရွာေဖြေလ့လာ ရပါမည္။

“ႀကီးက်ယ္ေသာ ေအာင္ျမင္မႈမရွိျခင္းက စိတ္အားထက္သန္မႈ မဲ့ေနလို႔ပါဘဲ” လို႔ Ralph Waldo Emerson ကဆိုခဲ့ပါတယ္။ ၎ကို ကြၽႏ္ုပ္ႏွလုံးသားတစ္ခုလုံး ျဖင့္ယုံၾကည္ၿပီး ၎သည္ ကြၽႏ္ုပ္အသက္တာတြင္ မွန္ကန္ေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ စိတ္၏ ျပင္းျပမႈႏွင့္ ထက္သန္မႈတို႔ ရွိဖို႔လိုအပ္ပါတယ္။ သို႔မဟုတ္လွ်င္ အဆုံးသတ္ကို သင္ဘယ္ေတာ့မွ ေရာက္မည္ မဟုတ္ပါ။


လူေတာ္ေတာ္မ်ားမ်ားကေတာ့ ကြၽန္ေတာ့ကို စိတ္အားထက္သန္သူလို႔ မွတ္ယူၾကေပမည္။ စိတ္အားထက္ သန္သူတစ္ဦးအျဖစ္ မရွိခဲ့တာ တစ္ပတ္ (သို႔) တစ္လဘဲ ရွိပါေသးတယ္။ ကြၽႏ္ုပ္၏ စိတ္အားထက္သန္မႈက တစ္ႏွစ္ (သို႔) ငါးႏွစ္ (သို႔) ဆယ္ႏွစ္ၿပီးေနာက္ ‌မေလ်ာ့သြားခဲ့ပါဘူး။ ႏွစ္ေပါင္း ၃၀ မက ကြၽႏ္ုပ္ခ်မွတ္ခဲ့တဲ့ ပန္းတိုင္ႏွင့္ ပတ္သက္ၿပီး စိတ္အားထက္သန္မႈေတြ ဆက္တိုက္ ျဖစ္ေနခဲ့ပါတယ္။


၎ကို သင္ဘယ္လို လုပ္တာလဲ။ ေႏွာင့္ေႏွးမႈေတြ ၊ အခက္အခဲေတြ ၊ ေသျခင္းတရားေတြ ၊ ျပသနာေတြ ၊ ဖိအားေတြ ႏွင့္ ေဝဖန္မႈၾကားကေန တစ္ေန႔ၿပီးတစ္ေန႔ စိတ္အားထက္သန္မႈ ဘယ္လိုရွိေနမလဲ။ စိတ္အားထက္သန္ေနမႈကို ႏွစ္ေပါင္း ၃၀ မက ဘယ္လိုေနႏိုင္ခဲ့သလဲ။


အျပဳသေဘာေဆာင္တဲ့ အေတြးအေခၚေတြက မလုံေလာက္ပါဘူး။ သင့္ကိုယ္သင္ စိတ္ဓါတ္ေရးရာ ဖိနပ္ႀကိဳးေတြနဲ႔ ဆြဲတင္လို႔လည္း မလုံေလာက္ပါဘူး။ သင့္ကိုယ္သင္ အေကာင္းျမင္စိတ္နဲ႔ ေျပာဆိုျခင္းကလည္း မလုံေလာက္ပါ။

“enthusiasm” စကားလုံးသည္ en theos ဆိုတဲ့ဂရိဘာသာစကားကေန ဆင္းသက္လာၿပီး En ဆိုေသာ ဂရိစကားလုံးသည္ “in” ျဖစ္ၿပီး Theos စကားလုံးကေတာ့ “God” ျဖစ္ပါတယ္။ ဒါေၾကာင့္ “in God” ဘုရားသခင္၌ လို႔ အဓိပၸါယ္ရပါတယ္။


ဘုရားသခင္၌ သင္ရွိတဲ့အခါမွာ သင္စိတ္အားထက္သန္လာပါမည္။ ၎စိတ္အားထက္သန္ျခင္းမ်ိဳးသည္ စီးပြားေရး (သို႔) ရာသီဥတု (သို႔) အေျခအေနေတြေပၚ ျဖစ္ထြန္းလာတာ မဟုတ္ပါဘူး။ ၎သည္ နိစၥထာဝရျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင့္ကို ထာဝရဘုရားသခင္ႏွင့္ ခ်ည္ေႏွာင္ထားၿပီျဖစ္သည္။ သင္က သခင္ခရစ္ေတာ္၌ ရွိၿပီ ျဖစ္သည္။


ဘယ္လို ျဖစ္သလဲဆိုတာကို တမန္ေတာ္ရွင္ေပါလုက ေျပာျပထားပါတယ္။ ေရာမဩဝါဒစာ ၁၂း၁၁-၁၂ တြင္ “အားထုတ္ျခင္းအရာမွာ ပ်င္းရိျခင္းမရွိဘဲလ်က္၊ စိတ္တန္းသျဖင့္ သခင္ဘုရား၏ အလိုေတာ္သို႔လိုက္၍ အားထုတ္ၾကေလာ့။ ေျမာ္လင့္လ်က္ ဝမ္းေျမာက္ၾကေလာ့။ ဆင္းရဲဒုကၡေရာက္ ေသာအခါ သည္းခံၾကေလာ့။ ဆုေတာင္း ပဌနာျပဳျခင္းအမႈကို အၿမဲျပဳၾကေလာ့။”

သင္၏ ပန္းတိုင္ဆီ အေရာက္လွမ္းခ်င္ပါလွ်င္ ေျမာ္လင့္လ်က္ ဝမ္းေျမာက္ျခင္းရွိဖို႔၊ ဆင္းရဲဒုကၡေရာက္ တဲ့အခါ သည္းခံျခင္းရွိဖို႔ႏွင့္ ဆုေတာင္း ပဌနာျပဳျခင္းတြင္ သစၥာရွိဖို႔ရန္ ဘုရားသခင္ေပးေသာ စိတ္အားထက္သန္ျခင္းကို ရယူဖို႔ လိုအပ္ပါတယ္။

ဤဆုေတာင္းျဖင့္ စတင္လုပ္ပါ။

“အဖဘုရားသခင္… ကြၽႏ္ုပ္အသက္တာ၏ အခန္းက႑တိုင္းကို အုပ္စိုးေတာ္မူပါ။ ကြၽႏ္ုပ္အသက္တာတြင္ ေနာက္ထပ္ေန႔ရက္ေတြကို ကိုယ္ေတာ္ရွင္ မပါဘဲ ကြၽႏ္ုပ္ မျဖတ္သန္းခ်င္ပါ။ အသက္တာကို ကိုယ္ေတာ္လက္သို႔ အပ္ႏွံပါ၏။ ဝိညာဥ္ေရးရာ ဝတ္ျပဳကိုးကြယ္မႈ ျပဳသည့္နည္းတူ ကြၽႏ္ုပ္အသက္တာကို ကိုယ္ေတာ္ထံ ဆပ္ကပ္အပ္ႏွံပါ၏။ 


အကူအညီလိုအပ္ေၾကာင္းကို ကြၽႏ္ုပ္ႏွိမ့္ခ်စြာျဖင့္ ဝန္ခံပါ၏။ ကြၽႏ္ုပ္၏ စိတ္ကို အသစ္ျပဳျပင္ေပးဖို႔ရန္ အလိုရွိပါသည္။ သို႔မွသာ သခင္ေယရႈ၏ စိတ္ျဖင့္ ေတြးေခၚေစလိုေသာ ပုံစံကို ကြၽႏ္ုပ္ေတြးေခၚႏိုင္မည္။ ကြၽႏ္ုပ္၏ စိတ္မာနတို႔ကို ေက်းဇူးျပဳ၍ ခြင့္လႊတ္ေတာ္မူပါ။ ျဖစ္သင့္သည္ထက္ကို မ်ားစြာ ကိုယ့္ကိုကိုယ္ မထင္မွတ္ခ်င္ပါ။ ကြၽႏ္ုပ္၏ ယုံၾကည္ျခင္းသည္ ႀကီးထြားဖို႔လိုပါသည္။ ကြၽႏ္ုပ္တိုင္းတာႏိုင္သည့္ ပန္းတိုင္တို႔ကို ခ်မွတ္ဖို႔ရန္ ကိုယ္ေတာ္ရွင္၏ အကူအညီလိုပါတယ္။ သို႔မွသာ ၎တို႔ကို စီမံႏိုင္ပါမည္။ ကိုယ့္အႀကံအစည္ျဖင့္ ေျပာင္းလဲဖို႔ရန္ ႀကိဳးစားျခင္းအတြက္ ကြၽႏ္ုပ္အား ခြင့္လႊတ္ေတာ္မူပါ။


ကြၽႏ္ုပ္အသက္တာကို ခ်စ္ျခင္းျဖင့္ ျပည့္ဝခ်င္ပါသည္။ သခင္ႏွင့္အတူ ျပည့္ဝခ်င္ပါသည္။ တျခားေသာ သူတို႔ကို ဂုဏ္ယူတတ္ျခင္း၌ ဝမ္းေျမာက္ျခင္းရွိဖို႔ ကူညီမစေတာ္မူပါ။ ကိုယ့္ကိုကိုယ္ အသက္တာကို စြန႔္လႊတ္ျခင္းအရာ၌ အာ႐ုံစိုက္ႏိုင္ဖို႔ရန္ ကူညီမစေတာ္မူပါ။သို႔မွသာ ကြၽႏ္ုပ္၏ လိုအပ္ခ်က္တို႔ကို ကိုယ္ေတာ္ရွင္ ျပဳစုပ်ိဳးေထာင္ႏိုင္ပါမည္။ သခင္၌ ရွိျခင္းအားျဖင့္ စိတ္အားထက္သန္မႈ သေဘာထားျဖစ္ဖို႔ရန္ ကြၽႏ္ုပ္ အလိုရွိပါသည္။ ေျမာ္လင့္လ်က္ ဝမ္းေျမာက္ျခင္း၊ ဆင္းရဲဒုကၡေရာက္ တဲ့အခါ သည္းခံျခင္းႏွင့္ ဆုေတာင္း ပဌနာျပဳျခင္းအမႈတို႔ကို ျဖစ္ေစဖို႔ရန္ ကြၽႏ္ုပ္အား ကူညီမစေတာ္မူပါ။ သခင္ေယရႈ၏ နာမေတာ္အားျဖင့္ ဆုေတာ္းပါ၏…. အာမင္။


ဆင္ျခင္ရန္

- အခ်ိန္ၾကာျမင့္စြာ ပန္းတိုင္တစ္ခုသို႔ေရာက္ရန္ႏွင့္ စိတ္အားထက္သန္မႈရွိရန္ သင္မည္ကဲ့သို႔ႀကိဳးစားခဲ့သနည္း။ ေအာင္ျမင္ခဲ့ပါသလား။

• ဘုရားေပးေသာစိတ္အားထက္သန္မႈကို သင္ဘယ္အခ်ိန္မွာ ေတြ႕ႀကဳံခံစားဖူးလဲ။ ပန္းတိုင္တစ္ခုဆီသို႔ သင္လုပ္ေဆာင္ခဲ့ပုံအား ၎သည္ မည္သို႔ေျပာင္းလဲခဲ့သနည္း။