Unicode Version
သင့်ခန္ဓာကိုယ်အတွက် ကာယပိုင်ရှင်သည် ဘုရားသခင်ဖြစ်သည်။
သုတ္တံကျမ်း ၃း၁-၂ “ငါ့သား ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို
သင်၏နှလုံးစောင့်ရှောက်ပါစေ အကြောင်းမူကား ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကိုလည်းကောင်း
၊ ငြိမ်ဝပ်ခြင်းကို လည်းကောင်း တိုးပွားစေလိမ့်မည်။”
သင့်အသက်ကို
နှစ်ထပ်တိုးပေးသည်ဟု ကတိပြုတဲ့ ဆေးတစ်လုံး ကျွန်ုပ်၌ရှိလျှင် ထိုဆေးအတွက် ငွေကြေးများစွာ
သင်ပေးချေဖို့ သေချာသလောက်ရှိပါတယ်။ သို့ပေမဲ့ “ခရစ်ယာန်တစ်ဦး အနေဖြင့် အသက်တာ ရှည်ဖို့ရန်
နှင့် ကျန်းမာမှုအတွက် အကူအညီဖြစ်စေသည့် သော့ချက် သင်၌ရှိနေကြောင်းနှင့် ထိုအရာက အခမဲ့ဖြစ်
တယ်လို့ သင့်အား ကျွန်ုပ် ပြောခဲ့မယ်ဆိုလျှင်ကော။
ဘုရားသခင်သည်
ကျန်းမာရေး စီမံခန့်ခွဲမှုအတွက် အခြေခံသဘောတရားအားလုံးတို့ကို သူ၏ နှုတ်ကပတ်တော် ၊
သမ္မာကျမ်းစာတွင် သင့်အား ပေးထားပြီးဖြစ်ပါတယ်။ သမ္မာကျမ်းစာသည် သင့်ခန္ဓာကိုယ်အတွက်
လမ်းညွှန်လည်း ဖြစ်ပါတယ်။ ဒါဝိလ်မင်းကြီးပြောသလို
ဆာလံကျမ်း ၁၁၉း၇၃ “ကိုယ်တော်၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း၍ ၊ ပုံသဏ္ဌာန်ကို
ပေးတော်မူပြီ။ ပညတ်တော်တို့ကို အကျွန်ုပ်သင်နိုင်သော ဉာဏ်နှင့် ပြည့်စုံစေတော်မူပါ။”
တရားဟောရာကျမ်း ၃၂း၄၇ “ဤအမှုသည် သာမညမဟုတ်။ သင်တို့ အသက်နှင့်ဆိုင်သော
အမှုဖြစ်၏။ ယော်ဒန်မြစ်ကို ကူး၍ ဝင်စားလတ္တံ့သော ပြည်၌ ဤအမှုကို စောင့်ရှောက်လျှင်
။ ကိုယ်အသက်တာ ရှည်ကြလိမ့် မည်ဟု ပြောဆို၏။”
ဘုရားသခင်
ထိရောက်စွာ ဆိုထားသည်မှာ “သင်၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး ပြောထားသောအရာကို လုပ်ဆောင်ပါလျှင်
အသက်တာရှည်ခြင်းကို ဝမ်းမြောက်ဖို့ရန် အလားအလာပိုရှိပါလိမ့်မည်။” သုတ္တံကျမ်းတွင် သွန်သင်ထားသည်မှာ
“ငါ့သား ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ အကြောင်းမူကား
ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကိုလည်းကောင်း ၊ ငြိမ်ဝပ်ခြင်းကို လည်းကောင်း
တိုးပွားစေလိမ့်မည်။”
ထိုပညတ်ချက်တို့တစ်ချို့ကား
ဘာတွေဖြစ်မည်နည်း။ သုတ္တံကျမ်း ၃း၅-၁၀ “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့
ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။
သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ငါသည် ပညာရှိ၏ဟု ကိုယ်ကိုမထင်နှင့်။
ထာဝရဘုရားကို ကြောက်၍ ဒုစရိုက်ကိုရှောင်လော့။ သို့ပြုလျှင် သင်၏အကြောတို့သည် အားသန်၍
အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြ လိမ့်မည်”။
ဤကျမ်းပိုဒ်က
သင်မထင်ထားတဲ့ တစ်ချို့သော အချက်အလက်ဖြစ်တဲ့ သင့်အား ကျန်းမာခြင်း ၊ ငြိမ်သက်ခြင်း
၊ သမ္မာသတိဖြစ်ခြင်း ၊ နှိမ့်ချခြင်း နှင့် ရက်ရောခြင်း တို့ကိုထိန်းသိမ်းပေးနိုင်ကြောင်းကို
မီးမောင်းထိုးထားပါတယ်။ ဤအရာတွေက သင့်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတဲ့အရာတွေ ဖြစ်စေပါလိမ့်မည်။
ဘာကြောင့်လဲဆိုတော့ ဝိညာဉ်ကျန်းမာခြင်းအားဖြင့်သာ ခန္ဓာ၏ ကျန်းမာခြင်းကို လွှမ်းမိုးတဲ့အတွက်ကြောင့်
ဖြစ်ပါတယ်။
ထိုကျမ်းပိုဒ်၏
ပထမပိုင်းထပ်ကြည့်ရအောင် သုတ္တံကျမ်း ၃း၅-၁၀ “ထာဝရဘုရားကို
စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။
ဘုရားသခင်ကို
ယုံကြည်ခြင်းက သင်၏ ကျန်းမာခြင်းအတွက် ကောင်းပါတယ်။ ဘုရားသခင်ကို သင်ယုံကြည် လိုက်တဲ့အခါမှာ
သင်၏ စိုးရိမ်ခြင်းနှင့် စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။
သမ္မာကျမ်းတွင် ဖော်ပြထားသည်မှာ သုတ္တံ ၁၄း၃၀ “ကျန်းမာသော နှလုံးသည်
ကိုယ်အသက်ရှင်စေသောအကြောင်း ၊ ငြူစူသော သဘောမူကား ၊ အရိုးဆွေးမြေ့ခြင်းအကြောင်း ဖြစ်၏”။
မှန်ကန်တဲ့
အာဟာရ နှင့်သဘာဝမြေဩဇာသုံး အစားအစာ အားလုံးကို သင်ရရှိနိုင်ပါတယ်။ သို့ပေမဲ့ သင်၏ ခန္ဓာကိုယ်က
မကျေမချမ်းမှုတွေ ၊ စိုးရိမ်မှုတွေ ၊ ကြောက်ရွံ့မှုတွေ ၊ တပ်မက်ခြင်းတွေ ၊ ကိုယ့်ကိုယ်ကို
အပြစ်တင်ခြင်းတွေ ၊ ဒေါသတွေ ၊ ခါးသီးမှုတွေ (သို့) တခြားစိတ်ပိုင်းဆိုင်ရာ ရောဂါ တစ်ခုခုတို့ဖြင့်
ပြည့်နှက်နေပါလျှင် ၎င်းတို့က သင်၏ အသက်တာကို တိုသွားစေမည်ဖြစ်သည်။
သင်၏
ဝိညာဉ်ရေးရာ နှင့် ခန္ဓာရေးရာ ကျန်းမာခြင်းတို့ဆီ ၎င်းအရာတို့ ကျရောက်လာပါလျှင် သင်၌
ရွေးချယ်စရာရှိပါတယ်။ သင့်နည်းအတိုင်း လုပ်ဆောင်ခြင်း (သို့) ဘုရားသခင်အား ယုံကြည်ခြင်း
ဖြစ်ပါတယ်။
ယခုသီတင်းပတ်တွင် ကောင်းမွန်စွာ စားသောက်ခြင်း ၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း
နှင့် လုံလောက်စွာ အနားယူခြင်း စသော သင်သိသော နည်းလမ်းတို့ဖြင့် သင်၏ ကျန်းမာရေးကို
ဂရုပြုလိုက်ပါ။ သို့ပေမဲ့ ခန္ဓာပိုင်းနှင့် စိတ်ဝိညာဉ်ပိုင်း ဆိုင်ရာ ကျန်းမာရေးတို့က
ဆက်နွယ်နေတယ်ဆိုတာကို သတိရပါ။ သင်၏ ဝိညာဉ်ကို လစ်လျူမရှုပါနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ
အခြေခံသဘောတရားတို့ကို လိုက်လျှောက်ပြီး ယုံကြည်ခြင်းအရာ ၊ ငြိမ်သက်ခြင်း ၊ သမ္မာသတိရှိခြင်း
၊ နှိမ့်ချခြင်း နှင့် စေတနာကောင်းခြင်းတို့၌ သင်ကြီးထွားလာနိုင်မည်ဖြစ်သည်။
ဆင်ခြင်ရန်
-
ဝိညာဉ်ပိုင်းဆိုင်ရာ တိုးတက်ခြင်းအချိန်ကာလတို့၌ သင်၏ ကျန်းမာရေးတို့သည်လည်း မည်သို့
တိုးတက်ကြောင်း တွေ့မြင်ပါသနည်း။
-
နှိမ့်ချခြင်းအရာက စိတ်နှင့် ခန္ဓာကျန်းမာခြင်းအတွက် ဘာကြောင့် အရေးကြီးပါသနည်း။
-
“ကိုယ့်အကြံအစည်၌” တည်နေခြင်း အခြေအနေတွင် မည်သို့သော ခက်ခဲမှုရှိပါသနည်း။ ၎င်းအစား
ဘုရားသခင်ကို ယုံကြည်ကိုးစားလျှင်ကော မည်သို့ဖြစ်မည်နည်း။
------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်