Unicode Version
အတူတကွ လုပ်ဆောင်မှုပြုရန် ကျွန်ုပ်တို့အား ဘုရားဖန်ဆင်းပါတယ်။
ဧဖက်ဩဝါဒစာ ၂း၁၀ “အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည် အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။”
သင်သာလျှင်
လုပ်ဆောင်နိုင်သော အလုပ်ကို ပြုဖို့ရန် ဤကမ္ဘာမြေပေါ်သို့ သင့်အား ဘုရားပို့ဆောင်လိုက်ခြင်း
ဖြစ်ပါတယ်။ သမ္မာကျမ်းစာက ဤကဲ့သို့ ဖော်ပြထားပါတယ်။ “အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို
ကျင့်ရမည် အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော
အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို
ပြင်ဆင်တော်မူနှင့်ပြီ။” ဧဖက်ဩဝါဒစာ ၂း၁၀
တနည်းအားဖြင့်
သင့်အား ဘုရားသခင် ဖန်ဆင်းခြင်းသည် ကောင်းသောအမှုတို့ကို ပြုနိုင်ဖို့ ဖြစ်ပါတယ်။ တကယ်တော့
အသက်တာတွင် သင်မည်သည့်အရာကို လုပ်ဆောင်မှုပြုပြီး ကုန်ဆုံးစေမလဲဆိုတာကို ဘုရားကြို
တင် ကြံစည်ထားပါတယ်။ ထိုလုပ်ဆောင်မှုကို ပြီးပြည့်စုံစေဖို့ရန် သင်၌ လိုအပ်သော ဘဝအခြေအနေ
နှင့် တိကျ သော သဘာဝစွမ်းရည်တို့ကို သင့်အား ပေးထားပါတယ်။ သို့ပေမဲ့ သင်၏ အလုပ်ကို
သင်တစ်ဦီးတည်း လုပ်ဆောင် ဖို့အတွက် ဘုရားသခင် မကြံစည်ထားပါဘူး။ သင်နှင့်အတူ လုပ်ဆောင်ဖို့ရန်
တခြားသူတို့ကိုပါ သင်လိုအပ်ပါတယ်။
သင်၏ အကြံအစည် တို့ဖြင့် များစွာသော အလုပ်ကို လုပ်ဆောင်တဲ့အခါ ရရှိတဲ့
ခံစားချက်ကို သင်သိပါတယ်။ သင်မောပန်းပြီး ချုံးချုံးကျဖြစ်နေပါမည်။
ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က သင့်ကို ဤသို့ဖြစ်ဖို့ ဘယ်တော့မှ မရည်ရွယ်ထားပေမဲ့ သင်က သင်၏ အလုပ်ကို သင်တစ်ဦးတည်း
ကြိုးစားလုပ်ဆောင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အသိုင်းအဝန်းသည် ပင်ပန်းနွမ်းနယ်မှုအတွက်
ဘုရားသခင်၏ အဖြေဖြစ်ပါတယ်။
သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “လူသည်တယောက်တည်းထက်
နှစ်ယောက် သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသော အကျိုးကို ရတတ်၏။”
ဒေသနာကျမ်း ၄း၉
အဖွဲ့လိုက်
လုပ်ဆောင်တဲ့အခါမှာ အလုပ် တွင်ကျယ်သည့်အပြင် အပေါင်းအဖော်များ ရှိခြင်းသည် ပို၍ ပျော်စရာ
ကောင်းပြီး ပင်ပန်းမှုလည်း နည်းပါးပါတယ်။
ဤပုံကို ဖော်ကြည့်ပါ။ ကျွန်ုပ်တို့ တစ်ဦးချင်းစီသည် နှင်းပွင့်များနှင့်တူပါတယ်။
ကိုယ့်ဖာသာကိုယ် ကြီးကြီးမားမား ကွဲပြားအောင် မလုပ်ဆောင်နိုင်ပါဘူး။ သို့သော် နုနယ်တဲ့
နှင်းပွင့်တွေသည် တခြားသော နှင့်ပွင့်တွေနှင့် ကပ်နေတဲ့အခါမှာ ၎င်းတို့သည် လမ်းကြောင်းများကို
ရပ်တန့်စေနိုင်ပါတယ်။ နှင်းပွင်းများကဲ့သို့ပင် ကျွန်ုပ်တို့ အတူတကွ လုပ်ဆောင်တဲ့အခါမှာ
တစ်ဦးနှင့် တစ်ဦးတို့၏ အစိတ်အပိုင်းကို လုပ်ဆောင်လိုက်ခြင်းတွင် ကြီးမား သော ပြောင်းလဲမှုတစ်ခုကို
ပြုလုပ်နိုင်ပါတယ်။
ကမ္ဘာပေါ်ရှိ
တခြားသော သူတို့နှင့်အတူ လုပ်ဆောင်မှု ပြုခြင်းသည် အမှန်တကယ်တော့ နိစ္စထာတရအတွက် သင်လေ့ကျင့်နေခြင်း
ဖြစ်ပါတယ်။ ကောင်းကင်ဘုံတွင် သင်ဆောင်မှုပြုရပါလိမ့်မည်။ သို့ပေမဲ့ တစ်ဦးချင်းစီတိုင်း
အလုပ်နည်းနည်းကိုယ်စီ လုပ်ဆောင်ရမည်ဖြစ်ကာ ဘယ်တော့မှ ဝန်ထုပ်ဝန်ပိုး ကြီးမားမှု (သို့)
ပင်ပန်းမှု မရှိတော့ပါ။ ကြီးမားတဲ့ လေးလံမှုကို ဘယ်သူမှ သယ်ဆောင်ရလိမ့်မည် မဟုတ်ပါ။
သို့ပေမဲ့ ကိုယ်စီ အမှုငယ်တို့ကို လုပ်ဆောင်ပြီး အလုပ်များကို ပြီးမြောက်စေမည် ဖြစ်သည်။
အသက်တာကို ဖြတ်သန်းသွားရချိန်တွေမှာ အရာအားလုံးကို
သင်၏အကြံအစည်ဖြင့် လုပ်ဆောင်ဖို့ မဟုတ်ဘူး ဆိုတာကို သတိရပါ။ သင်နှင့်အတူ လျှောက်လှမ်းရန် တခြားသူများ
လိုအပ်ပြီး အလုပ်အားလုံးကို ပြီးမြောက်စေမည် ဖြစ်ပါသည်။
ခရစ်ယာန်အချင်းချင်းတို့ဖြင့်
သင်၏ ဝန်ထုပ်ဝန်ပိုးကို မျှဝေတဲ့အခါမှာ ဘုရားသခင်၏ ဘုန်းတော်အတွက် ပို၍ ပြီးမြောက်ကြောင်းကို
သင်တွေ့ရှိရပါလိမ့်မည်။
ဆင်ခြင်ရန်
-
တခြားသော သူတို့နှင့်အတူ လုပ်ဆောင်ခြင်းထက် သင်တစ်ဦးတည်း များစွာ လုပ်ဆောင်မှုပြုပြီး
အလုပ်ပြီး မြောက်အောင် မည်သည့်အချိန်က ကြိုးစားခဲ့သနည်း။ ရလဒ်က မည်သို့နည်း။
-
မည်သို့သော အလုပ်မျိုးကို သင့်အား ဘုရားသခင် ပြုစေလိုပါသနည်း။ ထိုအရာကို အတူတကွ လုပ်ဆောင်ဖို့ရန်
တခြားသူတို့အား မည်သို့ ဖိတ်ခေါ်မည်နည်း။
-
ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေဖို့ရန် ခရစ်ယာန်အချင်းချင်း လုပ်ဆောင်မှု ပြုတဲ့အခါ
တခြားသော ကမ္ဘာ့နိုင်ငံများတို့ထံ မည်သို့သော ပုံသက်သေ ပြနိုင်မည်နည်း။
----------------------------------------------------------------------
Zawgyi Version
အတူတကြ လုပ္ေဆာင္မႈျပဳရန္ ကြၽႏ္ုပ္တို႔အား ဘုရားဖန္ဆင္းပါတယ္။
ဧဖက္ဩဝါဒစာ ၂း၁၀ “အဘယ္ေၾကာင့္နည္းဟူမူကား၊ ငါတို႔သည္ ေကာင္းေသာအက်င့္တို႔ကို က်င့္ရမည္ အေၾကာင္း၊ ေယရႈခရစ္၌ ျပဳျပင္၍ ဖန္ဆင္းေတာ္မူရာျဖစ္ၾက၏။ ထိုေကာင္းေသာ အက်င့္တို႔၌ ငါတို႔သည္ က်င္လည္ရမည္ အေၾကာင္း၊ ဘုရားသခင္သည္ ငါတို႔ကို ျပင္ဆင္ေတာ္မူႏွင့္ၿပီ။”
သင္သာလွ်င္ လုပ္ေဆာင္ႏိုင္ေသာ အလုပ္ကို ျပဳဖို႔ရန္ ဤကမာၻေျမေပၚသို႔ သင့္အား ဘုရားပို႔ေဆာင္လိုက္ျခင္း ျဖစ္ပါတယ္။ သမၼာက်မ္းစာက ဤကဲ့သို႔ ေဖာ္ျပထားပါတယ္။ “အဘယ္ေၾကာင့္နည္းဟူမူကား၊ ငါတို႔သည္ ေကာင္းေသာအက်င့္တို႔ကို က်င့္ရမည္ အေၾကာင္း၊ ေယရႈခရစ္၌ ျပဳျပင္၍ ဖန္ဆင္းေတာ္မူရာျဖစ္ၾက၏။ ထိုေကာင္းေသာ အက်င့္တို႔၌ ငါတို႔သည္ က်င္လည္ရမည္ အေၾကာင္း၊ ဘုရားသခင္သည္ ငါတို႔ကို ျပင္ဆင္ေတာ္မူႏွင့္ၿပီ။” ဧဖက္ဩဝါဒစာ ၂း၁၀
တနည္းအားျဖင့္ သင့္အား ဘုရားသခင္ ဖန္ဆင္းျခင္းသည္ ေကာင္းေသာအမႈတို႔ကို ျပဳႏိုင္ဖို႔ ျဖစ္ပါတယ္။ တကယ္ေတာ့ အသက္တာတြင္ သင္မည္သည့္အရာကို လုပ္ေဆာင္မႈျပဳၿပီး ကုန္ဆုံးေစမလဲဆိုတာကို ဘုရားႀကိဳ တင္ ႀကံစည္ထားပါတယ္။ ထိုလုပ္ေဆာင္မႈကို ၿပီးျပည့္စုံေစဖို႔ရန္ သင္၌ လိုအပ္ေသာ ဘဝအေျခအေန ႏွင့္ တိက် ေသာ သဘာဝစြမ္းရည္တို႔ကို သင့္အား ေပးထားပါတယ္။ သို႔ေပမဲ့ သင္၏ အလုပ္ကို သင္တစ္ဦီးတည္း လုပ္ေဆာင္ ဖို႔အတြက္ ဘုရားသခင္ မႀကံစည္ထားပါဘူး။ သင္ႏွင့္အတူ လုပ္ေဆာင္ဖို႔ရန္ တျခားသူတို႔ကိုပါ သင္လိုအပ္ပါတယ္။
သင္၏ အႀကံအစည္ တို႔ျဖင့္ မ်ားစြာေသာ အလုပ္ကို လုပ္ေဆာင္တဲ့အခါ ရရွိတဲ့ ခံစားခ်က္ကို သင္သိပါတယ္။ သင္ေမာပန္းၿပီး ခ်ဳံးခ်ဳံးက်ျဖစ္ေနပါမည္။ ဘာေၾကာင့္လဲဆိုေတာ့ ဘုရားသခင္က သင့္ကို ဤသို႔ျဖစ္ဖို႔ ဘယ္ေတာ့မွ မရည္႐ြယ္ထားေပမဲ့ သင္က သင္၏ အလုပ္ကို သင္တစ္ဦးတည္း ႀကိဳးစားလုပ္ေဆာင္တဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။ အသိုင္းအဝန္းသည္ ပင္ပန္းႏြမ္းနယ္မႈအတြက္ ဘုရားသခင္၏ အေျဖျဖစ္ပါတယ္။
သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “လူသည္တေယာက္တည္းထက္ ႏွစ္ေယာက္ သာ၍ေကာင္း၏။ ႀကိဳးစားအားထုတ္လွ်င္၊ ေကာင္းေသာ အက်ိဳးကို ရတတ္၏။” ေဒသနာက်မ္း ၄း၉
အဖြဲ႕လိုက္ လုပ္ေဆာင္တဲ့အခါမွာ အလုပ္ တြင္က်ယ္သည့္အျပင္ အေပါင္းအေဖာ္မ်ား ရွိျခင္းသည္ ပို၍ ေပ်ာ္စရာ ေကာင္းၿပီး ပင္ပန္းမႈလည္း နည္းပါးပါတယ္။
ဤပုံကို ေဖာ္ၾကည့္ပါ။ ကြၽႏ္ုပ္တို႔ တစ္ဦးခ်င္းစီသည္ ႏွင္းပြင့္မ်ားႏွင့္တူပါတယ္။ ကိုယ့္ဖာသာကိုယ္ ႀကီးႀကီးမားမား ကြဲျပားေအာင္ မလုပ္ေဆာင္ႏိုင္ပါဘူး။ သို႔ေသာ္ ႏုနယ္တဲ့ ႏွင္းပြင့္ေတြသည္ တျခားေသာ ႏွင့္ပြင့္ေတြႏွင့္ ကပ္ေနတဲ့အခါမွာ ၎တို႔သည္ လမ္းေၾကာင္းမ်ားကို ရပ္တန႔္ေစႏိုင္ပါတယ္။ ႏွင္းပြင္းမ်ားကဲ့သို႔ပင္ ကြၽႏ္ုပ္တို႔ အတူတကြ လုပ္ေဆာင္တဲ့အခါမွာ တစ္ဦးႏွင့္ တစ္ဦးတို႔၏ အစိတ္အပိုင္းကို လုပ္ေဆာင္လိုက္ျခင္းတြင္ ႀကီးမား ေသာ ေျပာင္းလဲမႈတစ္ခုကို ျပဳလုပ္ႏိုင္ပါတယ္။
ကမာၻေပၚရွိ တျခားေသာ သူတို႔ႏွင့္အတူ လုပ္ေဆာင္မႈ ျပဳျခင္းသည္ အမွန္တကယ္ေတာ့ နိစၥထာတရအတြက္ သင္ေလ့က်င့္ေနျခင္း ျဖစ္ပါတယ္။ ေကာင္းကင္ဘုံတြင္ သင္ေဆာင္မႈျပဳရပါလိမ့္မည္။ သို႔ေပမဲ့ တစ္ဦးခ်င္းစီတိုင္း အလုပ္နည္းနည္းကိုယ္စီ လုပ္ေဆာင္ရမည္ျဖစ္ကာ ဘယ္ေတာ့မွ ဝန္ထုပ္ဝန္ပိုး ႀကီးမားမႈ (သို႔) ပင္ပန္းမႈ မရွိေတာ့ပါ။ ႀကီးမားတဲ့ ေလးလံမႈကို ဘယ္သူမွ သယ္ေဆာင္ရလိမ့္မည္ မဟုတ္ပါ။ သို႔ေပမဲ့ ကိုယ္စီ အမႈငယ္တို႔ကို လုပ္ေဆာင္ၿပီး အလုပ္မ်ားကို ၿပီးေျမာက္ေစမည္ ျဖစ္သည္။
အသက္တာကို ျဖတ္သန္းသြားရခ်ိန္ေတြမွာ အရာအားလုံးကို သင္၏အႀကံအစည္ျဖင့္ လုပ္ေဆာင္ဖို႔ မဟုတ္ဘူး ဆိုတာကို သတိရပါ။ သင္ႏွင့္အတူ ေလွ်ာက္လွမ္းရန္ တျခားသူမ်ား လိုအပ္ၿပီး အလုပ္အားလုံးကို ၿပီးေျမာက္ေစမည္ ျဖစ္ပါသည္။
ခရစ္ယာန္အခ်င္းခ်င္းတို႔ျဖင့္ သင္၏ ဝန္ထုပ္ဝန္ပိုးကို မွ်ေဝတဲ့အခါမွာ ဘုရားသခင္၏ ဘုန္းေတာ္အတြက္ ပို၍ ၿပီးေျမာက္ေၾကာင္းကို သင္ေတြ႕ရွိရပါလိမ့္မည္။
ဆင္ျခင္ရန္
- တျခားေသာ သူတို႔ႏွင့္အတူ လုပ္ေဆာင္ျခင္းထက္ သင္တစ္ဦးတည္း မ်ားစြာ လုပ္ေဆာင္မႈျပဳၿပီး အလုပ္ၿပီး ေျမာက္ေအာင္ မည္သည့္အခ်ိန္က ႀကိဳးစားခဲ့သနည္း။ ရလဒ္က မည္သို႔နည္း။
- မည္သို႔ေသာ အလုပ္မ်ိဳးကို သင့္အား ဘုရားသခင္ ျပဳေစလိုပါသနည္း။ ထိုအရာကို အတူတကြ လုပ္ေဆာင္ဖို႔ရန္ တျခားသူတို႔အား မည္သို႔ ဖိတ္ေခၚမည္နည္း။
- ဘုရားသခင္၏ ဘုန္းေတာ္ ထင္ရွားေစဖို႔ရန္ ခရစ္ယာန္အခ်င္းခ်င္း လုပ္ေဆာင္မႈ ျပဳတဲ့အခါ တျခားေသာ ကမာၻ႔ႏိုင္ငံမ်ားတို႔ထံ မည္သို႔ေသာ ပုံသက္ေသ ျပႏိုင္မည္နည္း။