Unicode Version
ကျန်းမာပျော်ရွှင်သော နေထိုင်မည့် နည်းလမ်း (၄) ချက်
သုတ္တံကျမ်း ၁၄း၃၀ “ကျန်းမာသော နှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း ၊ ငြူစူသော သဘောမူကား ၊ အရိုးဆွေးမြေ့ခြင်း အကြောင်းဖြစ်၏။”
တစ်ချို့သော လူတွေက သူတို့၏ ခန္ဓာကိုယ်သည် သူတို့၏ ဝိညာဉ်နှင့် လုံးဝသီးခြားဖြစ်တယ်လို့ ထင်မြင်လေ့ရှိ ကြပါတယ်။ သို့ပေမဲ့ အမှန်တရားသည် သင်၏ ခန္ဓာကိုယ် ကျန်းမာခြင်း နှင့် ဝိညာဉ်ရေးရာ ကျန်းမာခြင်း တို့ကြားတွင် ဆက်သွယ်မှု ရှိပါတယ်။ တကယ်တော့ သမ္မာကျမ်းစာတွင် အကြံပေးထားသော ကျန်းမာရေးဆိုင်ရာ တို့ဖြင့် ပြည့်နေပြီး ၎င်းတို့နှင့်ပတ်သက်ပြီး အဟာရဆိုင်ရာ စာအုပ်တွင် သင်ဖတ်ရှုရမှာ မဟုတ်ပါဘူး။
အောက်ပါ (၄) ချက်ကား သမ္မာကျမ်းစာမှလာသော ကျန်းမာစေသော နေထိုင်မှုပုံစံဖြစ်ပါတယ်။
(၁) ဘုရားသခင်၌ ယုံကြည်ပါ။
အသက်တာတွင် သင်စိုးရိမ်မှု (သို့) ကိုးကွယ်ဝတ်ပြုမှုတော့ ရှိပါလိမ့်မည်။ ဆုတောင်းမည် (သို့) ကြောက် စိတ်ဝင်နေမည်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ ဆာလံကျမ်း ၁၁၆း၇ “အို ငါ့ဝိညာဉ် ၊ သင်၏ ငြိမ်ဝပ်ရာသို့ ပြန်လော့။ ထာဝရဘုရားသည် သင်၌ ကျေးဇူးပြုတော်မူပြီ။” ဘုရားသခင်က သင့်အား ယုံကြည်ခြင်းနှင့် ငြိမ်သက်ခြင်း ရှိစေချင်ပါတယ်။ သင့်အား စောင့်ရှောက်တော်မူလိမ့်မည်။
(၂) သင်၏ အပြစ်တို့ကို ဝန်ခံပါ။
သင်လုပ်ဆောင်နိုင်သော အကျန်းမာဆုံးသော အရာတစ်ခုက ဘုရားသခင်၏ အပြစ်လွှတ်ခြင်းကို ရရှိဖို့ရန် ဖြစ်ပါတယ်။ သင်၏ အပြစ်တို့ကို ချုပ်တီးခြင်း (သို့) ဖုံးဖိခြင်း မပြုပါနှင့်။ ၎င်းအစား ဘုရားသခင်ထံ ဖော်ပြလိုက်ပါ။ သင်၏ အပြစ်နှင့်ပတ်သက်ပြီး ဘုရားသခင်နှင့် စကားမပြောပါလျှင် ထိုအပြစ်တို့ကို သင်၏ကိုယ်ခန္ဓာဆီသို့ သင်ပို့ဆောင်ပါသည်။ ၎င်းအဖြစ်မျိုး ဒါဝိလ်တွင် ဖြစ်ပျက်ခဲ့ပါတယ်။ ဆာလံကျမ်း ၃၂း၃-၅ “ငါသည် အပြစ်ကို မဖော်ပြဘဲ နေစဉ်အခါ ၊ တနေ့လုံးညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။ နေ့ညဉ့်မပြတ် ကိုယ်တော်၏ လက်သည် အကျွန်ုပ်အပေါ်မှာ လေး၍၊ အကျွန်ုပ်၏ချွေးရည်သည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏။ တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏။ ပြုမိသော ဒုစရိုက်ကို ဝှက်၍ မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဖော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ။ ကိုယ်တော်သည် အကျွန်ုပ် ပြစ်မှားခြင်း အပြစ်ကို လွှတ်တောမူ၏”
(၃) ရက်ရက်ရောရောပေးကမ်းပါ။
“Miser” နှင့် “Miserable” တို့တွင် တူညီသောအမြစ်ရှိတယ်ဆိုတာ မမှားပါဘူး။ “Miser” သည် “Miserable” ဖြစ်ပြီး ၎င်းသည် အစဉ်အမြဲ ဝမ်းနည်းခြင်းဖြစ်သည်။ သို့ပေမဲ့ ပေးကမ်းသောသူတို့အဖို့ အမြဲတမ်း ဝမ်းမြောက် ဖွယ်ရှိပါတယ်။ သုတ္တံကျမ်း ၁၁း၂၅ တွင် ဆိုထားသည်မှာ “စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်။”
တခြားသော အကြောင်းအရာထက် ပေးကမ်းခြင်းနှင့် ရက်ရောခြင်းနှင့်ဆိုင်သော ကတိတော်များစွာသည် သမ္မာကျမ်းစာတွင် ရှိတယ်ဆိုတာကို သင်သိပါသလား။ ဘုရားသခင်က ပေးကမ်းသော ဘုရားဖြစ်ပြီး သူနှင့်တူဖို့ရန် သင့်အား လေ့လာမှုပြုဖို့ အလိုတော်ရှိပါတယ်။ သင်ပေးကမ်းလိုက်သော အကြိမ်တိုင်း သင်၏ စိတ်နှလုံးသည် ပိုပြီး ကြီးထွားလာပါသည်။ ပြီးတော့ ဥစ္စာပစ္စည်းပိုင်ဆိုင်ခြင်းဆိုတဲ့ စိတ်ပျက်စရာ ဖမ်းစားခြင်း ၊ ချုပ်ကိုင်ခြင်းတို့ကို သင်ဖြတ်တောက်လိုက်ခြင်း ဖြစ်ပါတယ်။
(၄) ဝမ်းမြောက်ပျော်ရွှင်ခြင်း ရှိပါ။
အသက်တာဆိုတာ ကြံ့ကြံ့ခံခြင်းမျှသာ မဟုတ်ပါ။ ပျော်ရွှင်ဖို့ရန် ရည်ရွယ်ပါတယ်။ တကယ်တော့ ဘုရားသခင်က အရာအားလုံးတို့ကို သင်ပျော်ရွှင်ဖို့အတွက် ဖန်ဆင်းခဲ့တယ်လို့ သမ္မာကျမ်းစာက ဖော်ပြပါတယ်။ တိမောသေ ဩဝါဒစာ ပဌမစောင် ၆း၁၇ “ငါတို့ ခံစားဖို့ရာ အလုံးစုံတို့ကို ကြွယ်ဝစွာ ပေးသနားတော်မူသော အသက်ရှင်သော ထာဝရဘုရားကို ကိုးစားရမည့်အကြောင်း”။
လူတွေ ပြောနေကျ စကားဖြစ်တဲ့ “ဆုတောင်းပဌနာပြုသော မိသားစုတို့သည် အတူတကွ နေထိုင်ကြသည်” ကို သင်အမြဲလိုလို ကြားရပါလိမ့်မည်။ ၎င်းသည် မှန်ကန်ပါတယ်။ သို့ပေမဲ့ “အတူတကွ ဆော့ကစားသော မိသားစု တို့သည် အတူတကွ နေထိုင်ကြသည်” ဆိုသော စကားမှာလည်း မှန်ကန်ပါတယ်။ အသက်တာကို ပျော်ရွှင်မှုကို လိုအပ်ပါတယ်။ ပျော်စရာတွေ ရရှိဖို့ လိုပါတယ်။
မိတ်ဆွေ ..သင်စားသောအစာကသာ အရေးကြီးတာ မဟုတ်ပါဘူး။ ၎င်းက သင့်ကို စားသောအရာ ဖြစ်ပါတယ်။ အကောင်းဆုံးသော အဟာရဓါတ်တွေ ၊ လတ်ဆတ် ကျန်းမာစေတဲ့ အစားအစာတွေကို သင်မှီဝဲနိုင်ပါတယ်။ သို့ပေမဲ့ သင်၏ မိတ်ဆွေကို မနာလိုခြင်း ၊ ဖခင်ကို ဆန့်ကျင်ခြင်း (သို့) မနေ့က လုပ်ဆောင်ခဲ့သော အရာတစ်ခုခုပေါ် မိမိကိုယ်ကို အပြစ်ရှိနေတယ်လို့ မကြာသေးခင်အချိန်က မြင်နေတယ်ဆိုလျှင် ၎င်းတို့သည် သင်၏အရိုးတို့ကို ဆွေးမြေ့စေပါသည်။ သုတ္တံကျမ်း ၁၄း၃၀ “ကျန်းမာသော နှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း ၊ ငြူစူသော သဘောမူကား ၊ အရိုးဆွေးမြေ့ခြင်း အကြောင်းဖြစ်၏။”
သိုပေမဲ့ ဘုရားသခင်ထံသို့ ယုံကြည်ခြင်း ၊ ဝန်ခံခြင်း ၊ စေတနာကောင်းခြင်း နှင့် ဝမ်းမြောက်ပျော်ရွှင်ခြင်းဖြင့် သင်မျှော်ကြည့်တဲ့အခါမှာ သင့်အား ငြိမ်သက်ခြင်းဖြင့် ပြည့်စေပါလိမ့်မည်။
ဆင်ခြင်ရန်
- သင်စိုးရိမ်ခြင်း သို့မဟုတ် ထိတ်လန့်စပြုလာသောအခါ သင်၏ပထမဆုံးတုံ့ပြန်မှုကား အဘယ်နည်း။ အကယ်၍ ဘုရားသခင်ကို မယုံကြည်ပါက၊ ဘုရားသခင်ကို ယုံကြည်ကိုးစားသည့် အလေ့အထတစ်ခုဖြစ်အောင် သင် မည်သို့လုပ်ဆောင်နိုင်မည်နည်း။
- သင်၏ မည်သည့် နယ်ပယ်တွင် ဘုရားသခင်၏ခွင့်လွှတ်မှုကို သင်ရရှိဖို့ လိုအပ်သလဲ။ သင့်အပြစ်ကို ဝန်ခံခြင်း မပြုပါက သင့်ကျန်းမာရေးကို မည်သို့ထိခိုက်စေသနည်း။
- ရက်ရောမှုသည် သင့် (နှင့် အခြားသူများ) အား မည်ကဲ့သို့ ရွှင်လန်းစေကြောင်း ဖော်ပြပါ။
- သင့်အသက်တာတွင် ယနေ့ ပျော်ရွှင်မှုတွေ ပေါင်းထည့်နိုင်တဲ့ နည်းလမ်းက ဘာတွေဖြစ်မည်နည်း။
-----------------------------------------------------------------------
Zawgyi Version
က်န္းမာေပ်ာ္႐ႊင္ေသာ ေနထိုင္မည့္ နည္းလမ္း (၄) ခ်က္
သုတၱံက်မ္း ၁၄း၃၀ “က်န္းမာေသာ ႏွလုံးသည္ ကိုယ္အသက္ရွင္ေစေသာအေၾကာင္း ၊ ျငဴစူေသာ သေဘာမူကား ၊ အ႐ိုးေဆြးေျမ့ျခင္း အေၾကာင္းျဖစ္၏။”
တစ္ခ်ိဳ႕ေသာ လူေတြက သူတို႔၏ ခႏၶာကိုယ္သည္ သူတို႔၏ ဝိညာဥ္ႏွင့္ လုံးဝသီးျခားျဖစ္တယ္လို႔ ထင္ျမင္ေလ့ရွိ ၾကပါတယ္။ သို႔ေပမဲ့ အမွန္တရားသည္ သင္၏ ခႏၶာကိုယ္ က်န္းမာျခင္း ႏွင့္ ဝိညာဥ္ေရးရာ က်န္းမာျခင္း တို႔ၾကားတြင္ ဆက္သြယ္မႈ ရွိပါတယ္။ တကယ္ေတာ့ သမၼာက်မ္းစာတြင္ အႀကံေပးထားေသာ က်န္းမာေရးဆိုင္ရာ တို႔ျဖင့္ ျပည့္ေနၿပီး ၎တို႔ႏွင့္ပတ္သက္ၿပီး အဟာရဆိုင္ရာ စာအုပ္တြင္ သင္ဖတ္ရႈရမွာ မဟုတ္ပါဘူး။
ေအာက္ပါ (၄) ခ်က္ကား သမၼာက်မ္းစာမွလာေသာ က်န္းမာေစေသာ ေနထိုင္မႈပုံစံျဖစ္ပါတယ္။
(၁) ဘုရားသခင္၌ ယုံၾကည္ပါ။
အသက္တာတြင္ သင္စိုးရိမ္မႈ (သို႔) ကိုးကြယ္ဝတ္ျပဳမႈေတာ့ ရွိပါလိမ့္မည္။ ဆုေတာင္းမည္ (သို႔) ေၾကာက္ စိတ္ဝင္ေနမည္။ သမၼာက်မ္းစာက ဆိုထားသည္မွာ ဆာလံက်မ္း ၁၁၆း၇ “အို ငါ့ဝိညာဥ္ ၊ သင္၏ ၿငိမ္ဝပ္ရာသို႔ ျပန္ေလာ့။ ထာဝရဘုရားသည္ သင္၌ ေက်းဇူးျပဳေတာ္မူၿပီ။” ဘုရားသခင္က သင့္အား ယုံၾကည္ျခင္းႏွင့္ ၿငိမ္သက္ျခင္း ရွိေစခ်င္ပါတယ္။ သင့္အား ေစာင့္ေရွာက္ေတာ္မူလိမ့္မည္။
(၂) သင္၏ အျပစ္တို႔ကို ဝန္ခံပါ။
သင္လုပ္ေဆာင္ႏိုင္ေသာ အက်န္းမာဆုံးေသာ အရာတစ္ခုက ဘုရားသခင္၏ အျပစ္လႊတ္ျခင္းကို ရရွိဖို႔ရန္ ျဖစ္ပါတယ္။ သင္၏ အျပစ္တို႔ကို ခ်ဳပ္တီးျခင္း (သို႔) ဖုံးဖိျခင္း မျပဳပါႏွင့္။ ၎အစား ဘုရားသခင္ထံ ေဖာ္ျပလိုက္ပါ။ သင္၏ အျပစ္ႏွင့္ပတ္သက္ၿပီး ဘုရားသခင္ႏွင့္ စကားမေျပာပါလွ်င္ ထိုအျပစ္တို႔ကို သင္၏ကိုယ္ခႏၶာဆီသို႔ သင္ပို႔ေဆာင္ပါသည္။ ၎အျဖစ္မ်ိဳး ဒါဝိလ္တြင္ ျဖစ္ပ်က္ခဲ့ပါတယ္။ ဆာလံက်မ္း ၃၂း၃-၅ “ငါသည္ အျပစ္ကို မေဖာ္ျပဘဲ ေနစဥ္အခါ ၊ တေန႔လုံးညည္းတြားေသာအားျဖင့္ ငါ့အ႐ိုးတို႔သည္ ေဆြးေျမ့ျခင္းသို႔ ေရာက္ၾက၏။ ေန႔ညဥ့္မျပတ္ ကိုယ္ေတာ္၏ လက္သည္ အကြၽႏ္ုပ္အေပၚမွာ ေလး၍၊ အကြၽႏ္ုပ္၏ေခြၽးရည္သည္ ေႏြကာလ၌ ေသြ႕ေျခာက္ျခင္းကဲ့သို႔ ျဖစ္ပါ၏။ တဖန္အကြၽႏ္ုပ္သည္ ကိုယ္အျပစ္ကို ေရွ႕ေတာ္၌ ဝန္ခ်ပါ၏။ ျပဳမိေသာ ဒုစ႐ိုက္ကို ဝွက္၍ မထားပါ။ ငါလြန္က်ဴးေသာအရာကို ထာဝရဘုရားအား ေဖာ္ျပေတာင္းပန္မည္ဟု ေျပာဆိုေသာအခါ။ ကိုယ္ေတာ္သည္ အကြၽႏ္ုပ္ ျပစ္မွားျခင္း အျပစ္ကို လႊတ္ေတာမူ၏”
(၃) ရက္ရက္ေရာေရာေပးကမ္းပါ။
“Miser” ႏွင့္ “Miserable” တို႔တြင္ တူညီေသာအျမစ္ရွိတယ္ဆိုတာ မမွားပါဘူး။ “Miser” သည္ “Miserable” ျဖစ္ၿပီး ၎သည္ အစဥ္အၿမဲ ဝမ္းနည္းျခင္းျဖစ္သည္။ သို႔ေပမဲ့ ေပးကမ္းေသာသူတို႔အဖို႔ အၿမဲတမ္း ဝမ္းေျမာက္ ဖြယ္ရွိပါတယ္။ သုတၱံက်မ္း ၁၁း၂၅ တြင္ ဆိုထားသည္မွာ “စြန႔္ႀကဲတတ္ေသာသူသည္ ႂကြယ္ဝလိမ့္မည္။ သူတစ္ပါးကို ေရေလာင္းေသာသူသည္ ကိုယ္တိုင္ေရေလာင္းျခင္းအက်ိဳးကို ခံရလိမ့္မည္။”
တျခားေသာ အေၾကာင္းအရာထက္ ေပးကမ္းျခင္းႏွင့္ ရက္ေရာျခင္းႏွင့္ဆိုင္ေသာ ကတိေတာ္မ်ားစြာသည္ သမၼာက်မ္းစာတြင္ ရွိတယ္ဆိုတာကို သင္သိပါသလား။ ဘုရားသခင္က ေပးကမ္းေသာ ဘုရားျဖစ္ၿပီး သူႏွင့္တူဖို႔ရန္ သင့္အား ေလ့လာမႈျပဳဖို႔ အလိုေတာ္ရွိပါတယ္။ သင္ေပးကမ္းလိုက္ေသာ အႀကိမ္တိုင္း သင္၏ စိတ္ႏွလုံးသည္ ပိုၿပီး ႀကီးထြားလာပါသည္။ ၿပီးေတာ့ ဥစၥာပစၥည္းပိုင္ဆိုင္ျခင္းဆိုတဲ့ စိတ္ပ်က္စရာ ဖမ္းစားျခင္း ၊ ခ်ဳပ္ကိုင္ျခင္းတို႔ကို သင္ျဖတ္ေတာက္လိုက္ျခင္း ျဖစ္ပါတယ္။
(၄) ဝမ္းေျမာက္ေပ်ာ္႐ႊင္ျခင္း ရွိပါ။
အသက္တာဆိုတာ ႀကံ့ႀကံ့ခံျခင္းမွ်သာ မဟုတ္ပါ။ ေပ်ာ္႐ႊင္ဖို႔ရန္ ရည္႐ြယ္ပါတယ္။ တကယ္ေတာ့ ဘုရားသခင္က အရာအားလုံးတို႔ကို သင္ေပ်ာ္႐ႊင္ဖို႔အတြက္ ဖန္ဆင္းခဲ့တယ္လို႔ သမၼာက်မ္းစာက ေဖာ္ျပပါတယ္။ တိေမာေသ ဩဝါဒစာ ပဌမေစာင္ ၆း၁၇ “ငါတို႔ ခံစားဖို႔ရာ အလုံးစုံတို႔ကို ႂကြယ္ဝစြာ ေပးသနားေတာ္မူေသာ အသက္ရွင္ေသာ ထာဝရဘုရားကို ကိုးစားရမည့္အေၾကာင္း”။
လူေတြ ေျပာေနက် စကားျဖစ္တဲ့ “ဆုေတာင္းပဌနာျပဳေသာ မိသားစုတို႔သည္ အတူတကြ ေနထိုင္ၾကသည္” ကို သင္အၿမဲလိုလို ၾကားရပါလိမ့္မည္။ ၎သည္ မွန္ကန္ပါတယ္။ သို႔ေပမဲ့ “အတူတကြ ေဆာ့ကစားေသာ မိသားစု တို႔သည္ အတူတကြ ေနထိုင္ၾကသည္” ဆိုေသာ စကားမွာလည္း မွန္ကန္ပါတယ္။ အသက္တာကို ေပ်ာ္႐ႊင္မႈကို လိုအပ္ပါတယ္။ ေပ်ာ္စရာေတြ ရရွိဖို႔ လိုပါတယ္။
မိတ္ေဆြ ..သင္စားေသာအစာကသာ အေရးႀကီးတာ မဟုတ္ပါဘူး။ ၎က သင့္ကို စားေသာအရာ ျဖစ္ပါတယ္။ အေကာင္းဆုံးေသာ အဟာရဓါတ္ေတြ ၊ လတ္ဆတ္ က်န္းမာေစတဲ့ အစားအစာေတြကို သင္မွီဝဲႏိုင္ပါတယ္။ သို႔ေပမဲ့ သင္၏ မိတ္ေဆြကို မနာလိုျခင္း ၊ ဖခင္ကို ဆန႔္က်င္ျခင္း (သို႔) မေန႔က လုပ္ေဆာင္ခဲ့ေသာ အရာတစ္ခုခုေပၚ မိမိကိုယ္ကို အျပစ္ရွိေနတယ္လို႔ မၾကာေသးခင္အခ်ိန္က ျမင္ေနတယ္ဆိုလွ်င္ ၎တို႔သည္ သင္၏အ႐ိုးတို႔ကို ေဆြးေျမ့ေစပါသည္။ သုတၱံက်မ္း ၁၄း၃၀ “က်န္းမာေသာ ႏွလုံးသည္ ကိုယ္အသက္ရွင္ေစေသာအေၾကာင္း ၊ ျငဴစူေသာ သေဘာမူကား ၊ အ႐ိုးေဆြးေျမ့ျခင္း အေၾကာင္းျဖစ္၏။”
သိုေပမဲ့ ဘုရားသခင္ထံသို႔ ယုံၾကည္ျခင္း ၊ ဝန္ခံျခင္း ၊ ေစတနာေကာင္းျခင္း ႏွင့္ ဝမ္းေျမာက္ေပ်ာ္႐ႊင္ျခင္းျဖင့္ သင္ေမွ်ာ္ၾကည့္တဲ့အခါမွာ သင့္အား ၿငိမ္သက္ျခင္းျဖင့္ ျပည့္ေစပါလိမ့္မည္။
ဆင္ျခင္ရန္
- သင္စိုးရိမ္ျခင္း သို႔မဟုတ္ ထိတ္လန႔္စျပဳလာေသာအခါ သင္၏ပထမဆုံးတုံ႔ျပန္မႈကား အဘယ္နည္း။ အကယ္၍ ဘုရားသခင္ကို မယုံၾကည္ပါက၊ ဘုရားသခင္ကို ယုံၾကည္ကိုးစားသည့္ အေလ့အထတစ္ခုျဖစ္ေအာင္ သင္ မည္သို႔လုပ္ေဆာင္ႏိုင္မည္နည္း။
- သင္၏ မည္သည့္ နယ္ပယ္တြင္ ဘုရားသခင္၏ခြင့္လႊတ္မႈကို သင္ရရွိဖို႔ လိုအပ္သလဲ။ သင့္အျပစ္ကို ဝန္ခံျခင္း မျပဳပါက သင့္က်န္းမာေရးကို မည္သို႔ထိခိုက္ေစသနည္း။
- ရက္ေရာမႈသည္ သင့္ (ႏွင့္ အျခားသူမ်ား) အား မည္ကဲ့သို႔ ႐ႊင္လန္းေစေၾကာင္း ေဖာ္ျပပါ။
- သင့္အသက္တာတြင္ ယေန႔ ေပ်ာ္႐ႊင္မႈေတြ ေပါင္းထည့္ႏိုင္တဲ့ နည္းလမ္းက ဘာေတြျဖစ္မည္နည္း။