Exercise Faith by Setting Goals

 Unicode Version

ပန်းတိုင်များ ချမှတ်ခြင်းဖြင့် ယုံကြည်ခြင်းကို လေ့ကျင့်ပါ။

သုတ္တံကျမ်း  ၁၇း၂၄ “ဥာဏ်ရှိသောသူသည် ပညာကို မျက်မှောက် ပြုတတ်၏။ မိုက်သောသူ၏ မျက်စိမူကား၊ မြေကြီးစွန်း တိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။

သင်လုပ်ဆောင်နေသော နေ့စဉ်အခြေခံအလုပ်တို့တွင် အများစုတို့သည် ငါးမိနစ်အတွင်းဖြစ်ဖြစ် ၊ ငါးနှစ်ထက် လျော့သော အချိန်ကာလဖြစ်ဖြစ် အရေးမကြီးလောက်ပါဘူး။ ၎င်းကို ဝန်ခံရဖို့ နာကျင်နိုင်ပေမဲ့ သင်နှင့်တခြား သူတွေသည်လည်း တကယ်အရေးမပါတဲ့အရာတွေကို အများကြီး လုပ်ဆောင်ကြပါတယ်။

 

သင်၏ အိပ်မက်တို့ကို အောင်မြင်ဖို့ရန် အသက်တာရဲ့ အရေးကြီးတဲ့အရာ နှင့် နောက်ဆုံးတည်မည့်အရာတို့ကို ဆုံးဖြတ်ဖို့ရန် လိုအပ်ပါလိမ့်မည်။ ပြီးနောက် ထိုအရာကို အာရုံစိုက်လိုက်ပါ။ သမ္မာကျမ်းစာက ဆိုထားသည်မှာ ဥာဏ်ရှိသောသူသည် ပညာကို မျက်မှောက် ပြုတတ်၏။ မိုက်သောသူ၏ မျက်စိမူကား၊ မြေကြီးစွန်း တိုင်အောင် လှည့်၍ ကြည့်ရှုတတ်၏။” သုတ္တံကျမ်း  ၁၇း၂၄

 

အရေးကြီးသော အရာက ဘာလဲဆိုတာကို သင်တွေ့ရှိပြီးသည်နှင့်တပြိုင်နက် ယုံကြည်ခြင်း လိုအပ်သလောက် ကြီးမားတဲ့ပန်းတိုင်ကို ချမှတ်လိုက်ပါ။ ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၉ တွင် သခင်ယေရှုက သင်အလိုရှိ သလောက်ကို သင့်အား ကောင်းချီးပေးမယ်လို့ ဆိုထားပါတယ်။ သခင်ယေရှု၏ ကောင်းချီးမင်္ဂလာသည် သင်၏ ယုံကြည်ခြင်း အရွယ်အစားပေါ်မှာ မူတည်ပါတယ်။ ထိုအခါ သူတို့၏ မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံခြင်း ရှိသည်အတိုင်း သင်တို့၌ဖြစ်စေဟု မိန့်တော် မူလျှင်” ရှင်မဿဲခရစ်ဝင်ကျမ်း ၉း၂၉

 

သင်၏ ခွက်ဖလားကို ရွေးချယ်ဖို့ရန် ဘုရားသခင် သင့်အား ပြောနေပါတယ်။ ဘုရားသခင် ဖြည့်ပေးဖို့ ဖြစ်တယ်။ သင်၌ လက်ဖက်ရည်ခွက် အသေးတစ်လုံး ၊ ငါးဂါလံအိုး (သို့) ၁၀၀ ဂါလံစည် ရှိနေပါစေ ဘုရားသခင်သည် သင့်ယုံကြည်ခြင်းအတိုင်း ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။

 

သင်၏ အိပ်မက်ကို ပြီးမြောက်အောင်မြင်ဖို့ သွားနေရင်းနဲ့ သင်၏ ယုံကြည်ခြင်းကို ပန်းတိုင်တို့ကို ချမှတ်ခြင်းဖြင့် လေ့ကျင့်လိုက်ပါ။ “အဖဘုရားသခင် …တိကျသော ရက်စွဲတွင် ဤအရာကို ပြီးမြောက်ဖို့ရန် ကျွန်ုပ်အား ပြောနေသည်ကို ကျွန်ုပ်ယုံကြည်ပါ၏။ ၎င်းကို လုပ်ဆောင်ဖို့ရန် တကယ့်ကို တွန်းအား ဖြစ်စေပါတယ်။ သို့ပေမဲ့ ထိုအရာသည် ကျွန်ုပ် လုပ်ဆောင်ဖို့လိုအပ်တဲ့အရာ ဖြစ်တယ်ဆိုတာကို ယုံကြည်ပါသည်” လို့သင်ပြောလိုက်တဲ့ အခါတွင် သင်ပန်းတိုင်ကို ချမှတ်လိုက်ခြင်း ဖြစ်ပါတယ်။

 

ယုံကြည်ခြင်း၌ ပန်းတိုင်ချမှတ်ခြင်းက မည်သို့နည်း။ ၎င်းမှာ

- အာရုံစိုက်ပါ။ ၎င်းသည် သင်အတိအကျ တိုင်းတာနိုင်သော အရာဖြစ်ပါသည်။

- ရရှိနိုင်သည်။ ၎င်းသည် လက်တွေဆန့်ပြီး ဖြစ်နိုင်ခြေရှိသည်။ လက်တွေ့မဆန်တဲ့ ပန်းတိုင်ချမှတ်ခြင်းက အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။

- တစ်ဦီးချင်း - ၎င်းသည် ပုဂ္ဂိုလ်ရေးရာ သီးသန့်ဖြစ်ပါတယ်။ သူတစ်ပါးအတွက် သင်က ပန်းတိုင်ချမှတ်ပေးလို့ မရပါ။ သင်၏ ကိုယ်ပိုင် ပန်းတိုင်အတွက် သင်ပိုင်ဆိုင်မှုရှိသည်။

- လမ်းကြောင်း - သင်၏ ပန်းတိုင်သည် သတ်မှတ်ရက် ရှိဖို့လိုပါတယ်။ သတ်မှတ်ရက်မရှိပါလျှင် ပန်းတိုင်မဟုတ်ပါ။

- စိတ်အားထက်သန်မှု - ဝါသနာမပါတဲ့ပန်းတိုင်ကို ဘယ်တော့မှ မချမှတ်ပါနှင့်။ ရောက်ဖို့ရန် ဆန္ဒပြင်းပြမှု တကယ်ရှိမှသာ ပန်းတိုင်ကို ပြီးမြောက်အောင်မြင်စေပါလိမ့်မည်။

 

သေခြင်းအတွက် စွန့်လွှတ်လိုက်ရသော အိပ်မက်တို့ သင်၌ ရှိပါသလား။ ၎င်းတို့ကို ဘုရားသခင် အသစ်သော အရာဖြစ်စေပါလိမ့်မည်။ သင်စွန့်လွှတ်လိုက်သော အိပ်မက်တို့ကို ကြည့်ပါ။ ပန်းတိုင်တစ်ခုချလိုက်ပါ။ ပြီးနောက် ဘုရားသခင် မည်သို့ပြုနိုင်မည်ကို စောင့်ကြည့်လိုက်ပါ။

 

ဆင်ခြင်ရန်

- သင်၏ အိပ်မက်တို့ကို အကောင်အထည်ဖော်ဖို့ရန် ပန်းတိုင်က အကူအညီ ဖြစ်စေတယ်လို့ သင်ဘာကြောင့် ထင်မြင်ပါသနည်း။

- သင်၏ အိပ်မက်တို့နှင့် ဆက်စပ်ပြီး ပန်းတိုင်ချမှတ်ဖို့ရန် မည်သည့်အရာက ခက်ခဲစေပါသနည်း။

- သင့်အသက်တာတွင် လက်တွေ့မဆန်သော အိပ်မက်တစ်ခုအတွက် သင်ချမှတ်နိုင်သော တစ်ချို့သော ပန်းတိုင်ကား မည်သို့နည်း။ သင်၏ ပန်းတိုင်တို့ကို ရေးချပြီး ထိုအရာတို့ဖြင့် သူတစ်ပါးတို့အား ကူညီဝေဌနိုင်ဖို့ရန် စဉ်းစားပါ။

-------------------------------------------------------------

Zawgyi Version

ပန္းတိုင္မ်ား ခ်မွတ္ျခင္းျဖင့္ ယုံၾကည္ျခင္းကို ေလ့က်င့္ပါ။

သုတၱံက်မ္း  ၁ရး၂၄ “ဥာဏ္ရွိေသာသူသည္ ပညာကို မ်က္ေမွာက္ ျပဳတတ္၏။ မိုက္ေသာသူ၏ မ်က္စိမူကား၊ ေျမႀကီးစြန္း တိုင္ေအာင္လွည့္၍ ၾကည့္ရႈတတ္၏။”


သင္လုပ္ေဆာင္ေနေသာ ေန႔စဥ္အေျခခံအလုပ္တို႔တြင္ အမ်ားစုတို႔သည္ ငါးမိနစ္အတြင္းျဖစ္ျဖစ္ ၊ ငါးႏွစ္ထက္ ေလ်ာ့ေသာ အခ်ိန္ကာလျဖစ္ျဖစ္ အေရးမႀကီးေလာက္ပါဘူး။ ၎ကို ဝန္ခံရဖို႔ နာက်င္ႏိုင္ေပမဲ့ သင္ႏွင့္တျခား သူေတြသည္လည္း တကယ္အေရးမပါတဲ့အရာေတြကို အမ်ားႀကီး လုပ္ေဆာင္ၾကပါတယ္။


သင္၏ အိပ္မက္တို႔ကို ေအာင္ျမင္ဖို႔ရန္ အသက္တာရဲ႕ အေရးႀကီးတဲ့အရာ ႏွင့္ ေနာက္ဆုံးတည္မည့္အရာတို႔ကို ဆုံးျဖတ္ဖို႔ရန္ လိုအပ္ပါလိမ့္မည္။ ၿပီးေနာက္ ထိုအရာကို အာ႐ုံစိုက္လိုက္ပါ။ သမၼာက်မ္းစာက ဆိုထားသည္မွာ “ဥာဏ္ရွိေသာသူသည္ ပညာကို မ်က္ေမွာက္ ျပဳတတ္၏။ မိုက္ေသာသူ၏ မ်က္စိမူကား၊ ေျမႀကီးစြန္း တိုင္ေအာင္ လွည့္၍ ၾကည့္ရႈတတ္၏။” သုတၱံက်မ္း  ၁ရး၂၄


အေရးႀကီးေသာ အရာက ဘာလဲဆိုတာကို သင္ေတြ႕ရွိၿပီးသည္ႏွင့္တၿပိဳင္နက္ ယုံၾကည္ျခင္း လိုအပ္သေလာက္ ႀကီးမားတဲ့ပန္းတိုင္ကို ခ်မွတ္လိုက္ပါ။ ရွင္မႆဲခရစ္ဝင္က်မ္း အခန္းႀကီး ၉ တြင္ သခင္ေယရႈက သင္အလိုရွိ သေလာက္ကို သင့္အား ေကာင္းခ်ီးေပးမယ္လို႔ ဆိုထားပါတယ္။ သခင္ေယရႈ၏ ေကာင္းခ်ီးမဂၤလာသည္ သင္၏ ယုံၾကည္ျခင္း အ႐ြယ္အစားေပၚမွာ မူတည္ပါတယ္။ “ထိုအခါ သူတို႔၏ မ်က္စိကို တို႔ေတာ္မူ၍၊ သင္တို႔ ယုံျခင္း ရွိသည္အတိုင္း သင္တို႔၌ျဖစ္ေစဟု မိန္႔ေတာ္ မူလွ်င္” ရွင္မႆဲခရစ္ဝင္က်မ္း ၉း၂၉


သင္၏ ခြက္ဖလားကို ေ႐ြးခ်ယ္ဖို႔ရန္ ဘုရားသခင္ သင့္အား ေျပာေနပါတယ္။ ဘုရားသခင္ ျဖည့္ေပးဖို႔ ျဖစ္တယ္။ သင္၌ လက္ဖက္ရည္ခြက္ အေသးတစ္လုံး ၊ ငါးဂါလံအိုး (သို႔) ၁၀၀ ဂါလံစည္ ရွိေနပါေစ ဘုရားသခင္သည္ သင့္ယုံၾကည္ျခင္းအတိုင္း ျဖည့္ဆည္းေပးမွာ ျဖစ္ပါတယ္။


သင္၏ အိပ္မက္ကို ၿပီးေျမာက္ေအာင္ျမင္ဖို႔ သြားေနရင္းနဲ႔ သင္၏ ယုံၾကည္ျခင္းကို ပန္းတိုင္တို႔ကို ခ်မွတ္ျခင္းျဖင့္ ေလ့က်င့္လိုက္ပါ။ “အဖဘုရားသခင္ …တိက်ေသာ ရက္စြဲတြင္ ဤအရာကို ၿပီးေျမာက္ဖို႔ရန္ ကြၽႏ္ုပ္အား ေျပာေနသည္ကို ကြၽႏ္ုပ္ယုံၾကည္ပါ၏။ ၎ကို လုပ္ေဆာင္ဖို႔ရန္ တကယ့္ကို တြန္းအား ျဖစ္ေစပါတယ္။ သို႔ေပမဲ့ ထိုအရာသည္ ကြၽႏ္ုပ္ လုပ္ေဆာင္ဖို႔လိုအပ္တဲ့အရာ ျဖစ္တယ္ဆိုတာကို ယုံၾကည္ပါသည္” လို႔သင္ေျပာလိုက္တဲ့ အခါတြင္ သင္ပန္းတိုင္ကို ခ်မွတ္လိုက္ျခင္း ျဖစ္ပါတယ္။


ယုံၾကည္ျခင္း၌ ပန္းတိုင္ခ်မွတ္ျခင္းက မည္သို႔နည္း။ ၎မွာ

- အာ႐ုံစိုက္ပါ။ ၎သည္ သင္အတိအက် တိုင္းတာႏိုင္ေသာ အရာျဖစ္ပါသည္။

- ရရွိႏိုင္သည္။ ၎သည္ လက္ေတြဆန႔္ၿပီး ျဖစ္ႏိုင္ေျခရွိသည္။ လက္ေတြ႕မဆန္တဲ့ ပန္းတိုင္ခ်မွတ္ျခင္းက အေကာင္အထည္ေဖာ္ႏိုင္မွာ မဟုတ္ပါဘူး။

- တစ္ဦီးခ်င္း - ၎သည္ ပုဂၢိဳလ္ေရးရာ သီးသန႔္ျဖစ္ပါတယ္။ သူတစ္ပါးအတြက္ သင္က ပန္းတိုင္ခ်မွတ္ေပးလို႔ မရပါ။ သင္၏ ကိုယ္ပိုင္ ပန္းတိုင္အတြက္ သင္ပိုင္ဆိုင္မႈရွိသည္။

- လမ္းေၾကာင္း - သင္၏ ပန္းတိုင္သည္ သတ္မွတ္ရက္ ရွိဖို႔လိုပါတယ္။ သတ္မွတ္ရက္မရွိပါလွ်င္ ပန္းတိုင္မဟုတ္ပါ။

- စိတ္အားထက္သန္မႈ - ဝါသနာမပါတဲ့ပန္းတိုင္ကို ဘယ္ေတာ့မွ မခ်မွတ္ပါႏွင့္။ ေရာက္ဖို႔ရန္ ဆႏၵျပင္းျပမႈ တကယ္ရွိမွသာ ပန္းတိုင္ကို ၿပီးေျမာက္ေအာင္ျမင္ေစပါလိမ့္မည္။


ေသျခင္းအတြက္ စြန႔္လႊတ္လိုက္ရေသာ အိပ္မက္တို႔ သင္၌ ရွိပါသလား။ ၎တို႔ကို ဘုရားသခင္ အသစ္ေသာ အရာျဖစ္ေစပါလိမ့္မည္။ သင္စြန႔္လႊတ္လိုက္ေသာ အိပ္မက္တို႔ကို ၾကည့္ပါ။ ပန္းတိုင္တစ္ခုခ်လိုက္ပါ။ ၿပီးေနာက္ ဘုရားသခင္ မည္သို႔ျပဳႏိုင္မည္ကို ေစာင့္ၾကည့္လိုက္ပါ။


ဆင္ျခင္ရန္

- သင္၏ အိပ္မက္တို႔ကို အေကာင္အထည္ေဖာ္ဖို႔ရန္ ပန္းတိုင္က အကူအညီ ျဖစ္ေစတယ္လို႔ သင္ဘာေၾကာင့္ ထင္ျမင္ပါသနည္း။

- သင္၏ အိပ္မက္တို႔ႏွင့္ ဆက္စပ္ၿပီး ပန္းတိုင္ခ်မွတ္ဖို႔ရန္ မည္သည့္အရာက ခက္ခဲေစပါသနည္း။

- သင့္အသက္တာတြင္ လက္ေတြ႕မဆန္ေသာ အိပ္မက္တစ္ခုအတြက္ သင္ခ်မွတ္ႏိုင္ေသာ တစ္ခ်ိဳ႕ေသာ ပန္းတိုင္ကား မည္သို႔နည္း။ သင္၏ ပန္းတိုင္တို႔ကို ေရးခ်ၿပီး ထိုအရာတို႔ျဖင့္ သူတစ္ပါးတို႔အား ကူညီေဝဌႏိုင္ဖို႔ရန္ စဥ္းစားပါ။