Unicode Version
သင့်အိပ်မက်နောက် အသက်ရှင်ဖို့ရန် ရွေးချယ်ပါ။
ဂလာတိဩဝါဒစာ ၆း၅ “လူတိုင်းကိုယ်တိုင်ပြုသောအမှုကို
စစ်ကြောစေ။ သို့ပြုလျှင် သူတပါး၌မဆိုဘဲ ကိုယ်၌သာ ဝါကြွား ဝမ်းမြောက်စရာ
အကြောင်းရှိလိမ့်မည်။”
အိပ်မက်တို့ကို
လူတွေက နည်းလမ်း (၃) မျိုးဖြင့် ကိုင်တွယ်ကြပါတယ်။ စွပ်စွဲပြစ်တင်ကြတယ် ၊ ဆင်ခြင် ပေးကြတယ်
(သို့) ရွေးချယ်မှုပြုကြပါတယ်။
သူတစ်ပါးကို
စွပ်စွဲပြစ်တင်ကြတဲ့ လူတွေသည် သူတို့၏ အိပ်မက်တွေ မအောင်မြင်တဲ့အတွက်ကြောင့် တခြားသူ
တွေပေါ် အပြစ်တင်ခြင်းဖြင့် အသက်တာကို ကုန်လွန်စေကြပါတယ်။ ဆင်ခြင်ပေးကြတဲ့ လူတွေမှာတော့
သူတို့၏ အိပ်မက်တွေပေါ် အသက်ရှင်မှု မပြုခြင်းအကြောင်းပြချက်တွေ ပေးကြပါတယ်။
ရွေးချယ်မှု
ပြုတဲ့သူတွေမှာတော့ သူတို့အိပ်မက်တွေနောက်ကို အကောင်အထည်ဖော်ဖို့ရန် လုပ်ဆောင်ကြပါတယ်။
သင့်အား ဘုရားသခင် သဏ္ဍာန်တော်အတိုင်း ဖန်ဆင်းထားတယ်လို့ သမ္မာကျမ်းစာက
ဆိုပါတယ်။ ရွေးချယ်နိုင်မှု သည် လူတွေကို တိရိစ္ဆာန်တို့နှင့် ခွဲခြားနိုင်တဲ့
ယုတ္တိရှိတဲ့ သွင်ပြင်လက္ခဏာ ဖြစ်ပါတယ်။ ၎င်းသည် လူသားတို့ကို ပေးသော ဘုရားသခင်၏ အကြီးမြတ်ဆုံးလက်ဆောင်
ဖြစ်ပါတယ်။ သို့ပေမဲ့ လွှတ်လပ်တဲ့ ရွေးချယ်မှုတွင် သင်က မကောင်းတဲ့ ရွေးချယ်မှုကို
ပြုနိုင်တဲ့အတွက် ၎င်းသည် သင့်အတွက် အကြီးမားဆုံး ကျိန်စာတစ်ခုလည်း ဖြစ်ပါ တယ်။
ရွေးချယ်မှု
ပြုတဲ့သူတွေသည် အသက်တာအတွက် လမ်းညွှန်မှုနှင့် သူတို့၏ ရွေးချယ်မှုတွေတွက် တာဝန်ယူရပါတယ်။
တခြားသူတွေကို အပြစ်တင်ခြင်း (သို့) ဆင်ခြင်ပေးခြင်း မပြုပါဘူး။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “လူတိုင်းကိုယ်တိုင်ပြုသောအမှုကို
စစ်ကြောစေ။” ဂလာတိဩဝါဒစာ ၆း၅
သင်၏
အိပ်မက်ကို သင်မအောင်မြင်ဘူးဆိုလျှင် ညည်းညူနေမည့်အစား မပြီးမြောက်သေးတဲ့အရာအတွက် တာဝန်
ယူမှု ပြုလိုက်ပါ။ သင်၏ အကောင်း နှင့် အဆိုးရွေးချယ်မှုသည်
တခြားသော အချက်များထက် သင်၏ အိပ်မက်တို့ ကို အကောင်အထည်ဖော်နိုင်မှုပေါ် များစွာ သက်ရောက်မှု
ရှိပါတယ်။
အသက်တာမှာ
ဘာမှ ပေးအပ်ခြင်းမခံထားရပေမဲ့ အိပ်မက်တွေထက် ကျော်လွန်အောင်မြင်နေတဲ့သူတွေကို ကျွန်တော်
ဆုံခဲ့ဖူးပါတယ်။ လိုအပ်တဲ့အရာမှန်သမျှ နှင့်
ငွေလင်ဗန်းပေါ် လိုချင်သမျှ ပေးအပ်ခံရပြီး အသက်တာကို အလဟဿ ဖြုန်းတီးတဲ့သူတွေကိုလည်း
တွေ့ဖူးပါတယ်။
သင်၏ အခြေအနေတို့ကို သင်ထိန်းချုပ်လို့ မရပါဘူး။ သို့ပေမဲ့ ထို အခြေအနေတွေကို
ဘယ်လို တုန့်ပြန်မလဲ ဆိုတာကိုတော့ သင်ထိန်းချုပ်နိုင်ပါတယ်။
သုတ္တံကျမ်း ၂၂း၁၃ တွင် “ပျင်းရိသောသူက၊
အိမ်ပြင်မှာခြင်္သေ့ရှိ၏။ လမ်း သို့ ထွက်လျှင် ငါသေလိမ့်မည်ဟု ဆိုတတ်၏။”
ထိုသူကဲ့သို့ မဖြစ်စေနှင့်။ သင်၏ လက်တွေ့မဆန်တဲ့ အိပ်မက်တွေအတွက် ဆင်ခြင်ပေး နေတာတွေကို
ရပ်တန့်လိုက်ပါ။
ဘုရားသခင်
သင့်အားပေးထားသော အိပ်မက်တို့နှင့် ပတ်သက်ပြီး တစ်စုံတစ်ခု လုပ်ဆောင်ဖို့ရန် ယနေ့တွင်
ရွေးချယ်မှု ပြုလိုက်ပါ။
ဆင်ခြင်ရန်
-
သင်၏ လက်တွေ့မဖြစ်သော အိပ်မက်တွေဆီ ရောက်လာတဲ့အခါမှာ သင်က “ဆင်ခြင်ပေးသူ” (သို့) “ပြစ်တင်စွပ်စွဲသူ”
အဖြစ် စုံစမ်းသွေးဆောင်ခံရပါသလား။ ဘာကြောင့်လဲ။
-
အိပ်မက်တစ်ခုက ဘုရားသခင်ထံမှ လာသလားဆိုတာကို သင်မည်သို့ ပိုင်းခြားသိမြင်ပါသနည်း။
-
သင့်အသက်တာတွင် ကြာရှည်စွာ ဆုပ်ကိုင်ထားသော အိပ်မက်တစ်ခုဆီ ချဉ်းကပ်ဖို့ရန် ယနေ့တွင်
မည်သို့သော ခြေလှမ်းကို စတင်နိုင်မည်နည်း။
---------------------------------------------------------
Zawgyi Version
သင့္အိပ္မက္ေနာက္ အသက္ရွင္ဖို႔ရန္ ေ႐ြးခ်ယ္ပါ။
ဂလာတိဩဝါဒစာ ၆း၅ “လူတိုင္းကိုယ္တိုင္ျပဳေသာအမႈကို စစ္ေၾကာေစ။ သို႔ျပဳလွ်င္ သူတပါး၌မဆိုဘဲ ကိုယ္၌သာ ဝါႂကြား ဝမ္းေျမာက္စရာ အေၾကာင္းရွိလိမ့္မည္။”
အိပ္မက္တို႔ကို လူေတြက နည္းလမ္း (၃) မ်ိဳးျဖင့္ ကိုင္တြယ္ၾကပါတယ္။ စြပ္စြဲျပစ္တင္ၾကတယ္ ၊ ဆင္ျခင္ ေပးၾကတယ္ (သို႔) ေ႐ြးခ်ယ္မႈျပဳၾကပါတယ္။
သူတစ္ပါးကို စြပ္စြဲျပစ္တင္ၾကတဲ့ လူေတြသည္ သူတို႔၏ အိပ္မက္ေတြ မေအာင္ျမင္တဲ့အတြက္ေၾကာင့္ တျခားသူ ေတြေပၚ အျပစ္တင္ျခင္းျဖင့္ အသက္တာကို ကုန္လြန္ေစၾကပါတယ္။ ဆင္ျခင္ေပးၾကတဲ့ လူေတြမွာေတာ့ သူတို႔၏ အိပ္မက္ေတြေပၚ အသက္ရွင္မႈ မျပဳျခင္းအေၾကာင္းျပခ်က္ေတြ ေပးၾကပါတယ္။
ေ႐ြးခ်ယ္မႈ ျပဳတဲ့သူေတြမွာေတာ့ သူတို႔အိပ္မက္ေတြေနာက္ကို အေကာင္အထည္ေဖာ္ဖို႔ရန္ လုပ္ေဆာင္ၾကပါတယ္။
သင့္အား ဘုရားသခင္ သ႑ာန္ေတာ္အတိုင္း ဖန္ဆင္းထားတယ္လို႔ သမၼာက်မ္းစာက ဆိုပါတယ္။ ေ႐ြးခ်ယ္ႏိုင္မႈ သည္ လူေတြကို တိရိစာၦန္တို႔ႏွင့္ ခြဲျခားႏိုင္တဲ့ ယုတၱိရွိတဲ့ သြင္ျပင္လကၡဏာ ျဖစ္ပါတယ္။ ၎သည္ လူသားတို႔ကို ေပးေသာ ဘုရားသခင္၏ အႀကီးျမတ္ဆုံးလက္ေဆာင္ ျဖစ္ပါတယ္။ သို႔ေပမဲ့ လႊတ္လပ္တဲ့ ေ႐ြးခ်ယ္မႈတြင္ သင္က မေကာင္းတဲ့ ေ႐ြးခ်ယ္မႈကို ျပဳႏိုင္တဲ့အတြက္ ၎သည္ သင့္အတြက္ အႀကီးမားဆုံး က်ိန္စာတစ္ခုလည္း ျဖစ္ပါ တယ္။
ေ႐ြးခ်ယ္မႈ ျပဳတဲ့သူေတြသည္ အသက္တာအတြက္ လမ္းၫႊန္မႈႏွင့္ သူတို႔၏ ေ႐ြးခ်ယ္မႈေတြတြက္ တာဝန္ယူရပါတယ္။ တျခားသူေတြကို အျပစ္တင္ျခင္း (သို႔) ဆင္ျခင္ေပးျခင္း မျပဳပါဘူး။ သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “လူတိုင္းကိုယ္တိုင္ျပဳေသာအမႈကို စစ္ေၾကာေစ။” ဂလာတိဩဝါဒစာ ၆း၅
သင္၏ အိပ္မက္ကို သင္မေအာင္ျမင္ဘူးဆိုလွ်င္ ညည္းညဴေနမည့္အစား မၿပီးေျမာက္ေသးတဲ့အရာအတြက္ တာဝန္ ယူမႈ ျပဳလိုက္ပါ။ သင္၏ အေကာင္း ႏွင့္ အဆိုးေ႐ြးခ်ယ္မႈသည္ တျခားေသာ အခ်က္မ်ားထက္ သင္၏ အိပ္မက္တို႔ ကို အေကာင္အထည္ေဖာ္ႏိုင္မႈေပၚ မ်ားစြာ သက္ေရာက္မႈ ရွိပါတယ္။
အသက္တာမွာ ဘာမွ ေပးအပ္ျခင္းမခံထားရေပမဲ့ အိပ္မက္ေတြထက္ ေက်ာ္လြန္ေအာင္ျမင္ေနတဲ့သူေတြကို ကြၽန္ေတာ္ ဆုံခဲ့ဖူးပါတယ္။ လိုအပ္တဲ့အရာမွန္သမွ် ႏွင့္ ေငြလင္ဗန္းေပၚ လိုခ်င္သမွ် ေပးအပ္ခံရၿပီး အသက္တာကို အလဟႆ ျဖဳန္းတီးတဲ့သူေတြကိုလည္း ေတြ႕ဖူးပါတယ္။
သင္၏ အေျခအေနတို႔ကို သင္ထိန္းခ်ဳပ္လို႔ မရပါဘူး။ သို႔ေပမဲ့ ထို အေျခအေနေတြကို ဘယ္လို တုန႔္ျပန္မလဲ ဆိုတာကိုေတာ့ သင္ထိန္းခ်ဳပ္ႏိုင္ပါတယ္။
သုတၱံက်မ္း ၂၂း၁၃ တြင္ “ပ်င္းရိေသာသူက၊ အိမ္ျပင္မွာျခေသၤ့ရွိ၏။ လမ္း သို႔ ထြက္လွ်င္ ငါေသလိမ့္မည္ဟု ဆိုတတ္၏။” ထိုသူကဲ့သို႔ မျဖစ္ေစႏွင့္။ သင္၏ လက္ေတြ႕မဆန္တဲ့ အိပ္မက္ေတြအတြက္ ဆင္ျခင္ေပး ေနတာေတြကို ရပ္တန႔္လိုက္ပါ။
ဘုရားသခင္ သင့္အားေပးထားေသာ အိပ္မက္တို႔ႏွင့္ ပတ္သက္ၿပီး တစ္စုံတစ္ခု လုပ္ေဆာင္ဖို႔ရန္ ယေန႔တြင္ ေ႐ြးခ်ယ္မႈ ျပဳလိုက္ပါ။
ဆင္ျခင္ရန္
- သင္၏ လက္ေတြ႕မျဖစ္ေသာ အိပ္မက္ေတြဆီ ေရာက္လာတဲ့အခါမွာ သင္က “ဆင္ျခင္ေပးသူ” (သို႔) “ျပစ္တင္စြပ္စြဲသူ” အျဖစ္ စုံစမ္းေသြးေဆာင္ခံရပါသလား။ ဘာေၾကာင့္လဲ။
- အိပ္မက္တစ္ခုက ဘုရားသခင္ထံမွ လာသလားဆိုတာကို သင္မည္သို႔ ပိုင္းျခားသိျမင္ပါသနည္း။
- သင့္အသက္တာတြင္ ၾကာရွည္စြာ ဆုပ္ကိုင္ထားေသာ အိပ္မက္တစ္ခုဆီ ခ်ဥ္းကပ္ဖို႔ရန္ ယေန႔တြင္ မည္သို႔ေသာ ေျခလွမ္းကို စတင္ႏိုင္မည္နည္း။