You Can’t Get God’s Dream with a Grudge

 Unicode Version

ဘုရားသခင်၏ အိမ်မက်ကို အာဃာတ နှင့်အတူ သင်မရယူနိုင်ပါ။

ယောဘဝတ္တု ၂၁း၂၃-၂၅ “တယောက်သောသူကား ခွန်အားနှင့် ပြည့်စုံလျက်၊ ငြိမ်ဝပ်ချမ်းသာစွာ သေတတ်၏။
သူ၏နံဖေးတို့သည် ဆူဖြိုး၍၊ အရိုးတို့လည်း ခြင်ဆီနှင့် စိုစွတ်ကြ၏။ တယောက်သောသူကား တခါမျှမပျော်မွေ့၊ စိတ်ညှိုးငယ်လျက် သေတတ်၏။

သင်၏ မိသားစုအတွက် ၊ အသက်မွေးဝမ်းကျောင်းအတွက် နှင့် သင်၏ အသိုင်းအဝိုင်းတို့အတွက် ကြီးမားသော အိမ်မက်တွေ ရှိနေပေမည်။ သို့ပေမဲ့ ထိုအိမ်မက်တစ်ခုမှ သင့်အတွက် ဘုရားသခင် မက်တဲ့ အိမ်မက်နှင့်ပင် မနီးစပ်ပါ။

 

သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ပြောနေသည်မှာ ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့အလိုငှါ၊ ဘုရားသခင်ပြင်ဆင်တော် မူသော အရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။ ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အားဘော်ပြတော်မူ၏။” ကောရိန္သုဩဝါဒစာ ပဌမစောင် ၂း၉

 

ခွင့်မလွှတ်ခြင်း၏ အကျဉ်းချခြင်းထဲတွင် လျှောက်လှမ်းဖို့ရန် သင်လေ့လာနေသရွေ့ ဘုရားသခင်က သင့်အတွက် ထားရှိသော အိမ်မက်ကို သင်လျှောက်လှမ်းနိုင်မည် မဟုတ်ပါ။ အာဃာတ တို့ကို ပိုက်ထွေးလျက် ထိုအခွင့်ရေးထဲသို့ သင် လျှောက်လှမ်းလို့မရပါ။

 

သင့်အား နာကျင်စေသော လူတို့ကို ဘာကြောင့် ခွင့်လွှတ်သင့်ပါသနည်း။

 

ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က သင့်ကို ခွင့်လွှတ်ပြီး ဖြစ်ပါတယ်။

 

ဘုရားသခင် သင့်အား ခွင့်လွှတ်ပြီးသားထက် ပို၍ သင်ကလည်း ဘယ်သူကိုမှ ခွင့်လွှတ်ဖို့တောင် မလိုပါ။ သခင်ယေရှုထံ ယုံကြည်ခြင်းဖြင့် သင်လှမ်းလာပါလျှင် သင်၏ အပြစ်တို့ ခွင့်လွှတ်ခြင်း ခံရဖို့အတွက်သာ မဟုတ်ပါ။ ထိုအပြစ်တို့ကို ဘုရားသခင် လုံးဝကို သုတ်ပစ်လိုက်ပါပြီး။ ထိုအပြစ်တို့ မှတ်သားထားခြင်း မရှိတော့ပါ။

 

ရောမဩဝါဒစာ ၈း၁-၂ တွင် ဆိုထားသည်မှာ “ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်း နှင့် လွတ်ကြ၏။ ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ဝိညာဉ်တော်၏တရားသည် အပြစ်တရား၏ လက်မှ၎င်း၊ သေခြင်းတရား ၏လက်မှ၎င်း၊ ငါ့ကိုကယ်လွှတ်ပြီ။ သင့်အသက်တာရှိ လူတို့ကို သင်ခွင့်မလွှတ်ပါလျှင် သင်ဟာ ဆိုးဝါးတဲ့ စက်ဝိုင်းတစ်ခုကို စတင်ပါတယ်။ သင့်အား နာကျင်စေသောသူကို သင်ခွင့်မလွှတ်သရွေ့ ထိုစက်ဝိုင်းသံသရာသည် ဆုံးမည် မဟုတ်ပါ။

 

ခွင့်လွှတ်ပါ။ ဘာကြောင့်လဲဆိုတော့ စိတ်မကျေမချမ်းဖြစ်မှုသည် သင့်အား စိတ်ဆင်းရဲစေပါလိမ့်မည်။

တစုံတယောက်ကို ခွင့်လွှတ်ဖို့ရန် ငြင်းပယ်ခြင်းအရာက တခြားသူတွေကို မထိခိုက်ပါဘူး။ သင့်ကိုသာ ထိခိုက်ပါသည်။ မကျေမချမ်းဖြစ်မှုတွေက သင့်ကို စိတ်ဆင်းရဲစေပါတယ်။ နာကျင်မှုကို ဆုပ်ကိုင်ထားခြင်းအရာက အဆိပ်သောက်သလိုဖြစ်ပြီး သင်မုန်းနေသော လူကို သေစေသကဲ့သို့ မျှော်လင့်သလိုမျိုး ဖြစ်ပါတယ်။ သင့်အား နာကျင်အောင် ကြာရှည်မလုပ်နိုင်သူတွေကြောင့် နာကျဉ်းမှုတို့ကို သင်ဆုပ်ကိုင်ထားကောင်း ဆုပ်ကိုင်ထားပါမည်။ သင်ခွင့်မပြုသရွေ့တော့ သူတို့သင့်ကို ဘာမှမထိခိုက်နိုင်ပါဘူး။

 

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “တယောက်သောသူကား ခွန်အားနှင့် ပြည့်စုံ လျက်၊ ငြိမ်ဝပ်ချမ်းသာစွာ သေတတ်၏။ သူ၏နံဖေးတို့သည် ဆူဖြိုး၍၊ အရိုးတို့လည်း ခြင်ဆီနှင့် စိုစွတ်ကြ၏။တယောက်သောသူကား တခါမျှမပျော်မွေ့၊ စိတ်ညှိုးငယ်လျက် သေတတ်၏။” ယောဘဝတ္တု ၂၁း၂၃-၂၅

 

သင်သည် ပျော်ရွှင်ဖို့ရန် နေနိုင်သလို နာကြည်းမှုကို ပွေ့လျက် ခါးသီးမှု ကြီးထွားဖို့ရန် နေနိုင်ပါတယ်။ သင်၏ ရွေးချယ်မှု ဖြစ်ပါတယ်။

 

ခွင့်လွှတ်ပါ။ ဘာကြောင့်လဲဆိုတော့ အနာဂတ်တွင် သင်သည် ခွင့်လွှတ်ခြင်းကို လိုအပ်ပါလိမ့်မည်။

သင် အပြစ်ပြုခြင်းကို ဘယ်တော့မှ ရပ်တန့်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ သင်က လူသား ဖြစ်နေလို့ပါ။ အနာဂတ်တွင် သင်ခွင့်လွှတ်ခြင်းကို လိုအပ်ပါလိမ့်မည်။ ဒါကြောင့် တခြားသော သူတို့ကို ခွင့်လွှတ်ဖို့ လိုအပ်ပါတယ်။ သခင်ယေရှု သွန်သင်ထားသည်မှာ  သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊သင်တို့ အဘသည် သင်တို့၏အပြစ်ကို လွှတ်တော် မမူ။” ရှင်မဿဲဩဝါဒစာ ၆း၁၅

 

သင်မပေးချင်သော အရာကို သင်လက်ခံရရှိမည် မဟုတ်ပါ။

ယနေ့သည် သင်ခွင့်လွှတ်ခြင်းကို စတင်ဖို့ရန် ဖြစ်ခြင်းက သင်သည် အနာရောဂါကင်းနိုင်ပြီး သင့်အသက် တာအတွက် ဘုရားသခင်၏ အိမ်မက်ထဲသို့ ရှေ့တိုးသွားနိုင်မည်ဖြစ်သည်။

 

ဆင်ခြင်ရန်

- ခွင့်လွှတ်ခြင်းမရှိတဲ့အတွက်ကြောင့် အသက်တာလမ်းချော်သွားတဲ့ လူတွေကို သင်မည်ကဲ့သို့ တွေ့မြင်ဖူးပါသနည်း။

- ဘုရားသခင် အလိုတော်ရှိသော အသက်တာကို ဆုပ်ကိုင်ထားဖို့ထက် ခါးသီးမှုတို့ကို ဆုပ်ကိုင်ဖို့ရန် လူတွေ မကြာမကြာ ရွေးချယ်ခြင်းက ဘာကြောင့်လဲလို့ သင်ထင်မြင်ပါသနည်း။

- ခွင့်လွှတ်ခြင်းအတွက် သင့်လိုအပ်ချက်ကို နားလည်သဘောပေါက်ခြင်းက အခြားသူများကို ပိုမိုလွယ်ကူစွာ ခွင့်လွှတ်နိုင်စေရန် မည်သို့ ကူညီပေးပါသနည်း။

--------------------------------------------------------------------------

Zawgyi Version

ဘုရားသခင္၏ အိမ္မက္ကို အာဃာတ ႏွင့္အတူ သင္မရယူႏိုင္ပါ။

ေယာဘဝတၱဳ ၂၁း၂၃-၂၅ “တေယာက္ေသာသူကား ခြန္အားႏွင့္ ျပည့္စုံလ်က္၊ ၿငိမ္ဝပ္ခ်မ္းသာစြာ ေသတတ္၏။ သူ၏နံေဖးတို႔သည္ ဆူၿဖိဳး၍၊ အ႐ိုးတို႔လည္း ျခင္ဆီႏွင့္ စိုစြတ္ၾက၏။ တေယာက္ေသာသူကား တခါမွ်မေပ်ာ္ေမြ႕၊ စိတ္ညႇိဳးငယ္လ်က္ ေသတတ္၏။”



သင္၏ မိသားစုအတြက္ ၊ အသက္ေမြးဝမ္းေက်ာင္းအတြက္ ႏွင့္ သင္၏ အသိုင္းအဝိုင္းတို႔အတြက္ ႀကီးမားေသာ အိမ္မက္ေတြ ရွိေနေပမည္။ သို႔ေပမဲ့ ထိုအိမ္မက္တစ္ခုမွ သင့္အတြက္ ဘုရားသခင္ မက္တဲ့ အိမ္မက္ႏွင့္ပင္ မနီးစပ္ပါ။


သမၼာက်မ္းစာက ကြၽႏ္ုပ္တို႔အား ေျပာေနသည္မွာ “က်မ္းစာလာသည္ႏွင့္အညီ၊ ဘုရားသခင္ကို ခ်စ္ေသာ သူတို႔အဘို႔အလိုငွါ၊ ဘုရားသခင္ျပင္ဆင္ေတာ္ မူေသာ အရာတို႔ကို လူမ်က္စိျဖင့္မျမင္၊ နားျဖင့္မၾကား၊ စိတ္ႏွလုံးျဖင့္ မႀကံစည္ေသး။ ထိုအရာတို႔ကို ဘုရားသခင္သည္ မိမိဝိညာဥ္ေတာ္အားျဖင့္ ငါတို႔အားေဘာ္ျပေတာ္မူ၏။” ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၂း၉


ခြင့္မလႊတ္ျခင္း၏ အက်ဥ္းခ်ျခင္းထဲတြင္ ေလွ်ာက္လွမ္းဖို႔ရန္ သင္ေလ့လာေနသေ႐ြ႕ ဘုရားသခင္က သင့္အတြက္ ထားရွိေသာ အိမ္မက္ကို သင္ေလွ်ာက္လွမ္းႏိုင္မည္ မဟုတ္ပါ။ အာဃာတ တို႔ကို ပိုက္ေထြးလ်က္ ထိုအခြင့္ေရးထဲသို႔ သင္ ေလွ်ာက္လွမ္းလို႔မရပါ။


သင့္အား နာက်င္ေစေသာ လူတို႔ကို ဘာေၾကာင့္ ခြင့္လႊတ္သင့္ပါသနည္း။


ဘာေၾကာင့္လဲဆိုေတာ့ ဘုရားသခင္က သင့္ကို ခြင့္လႊတ္ၿပီး ျဖစ္ပါတယ္။


ဘုရားသခင္ သင့္အား ခြင့္လႊတ္ၿပီးသားထက္ ပို၍ သင္ကလည္း ဘယ္သူကိုမွ ခြင့္လႊတ္ဖို႔ေတာင္ မလိုပါ။ သခင္ေယရႈထံ ယုံၾကည္ျခင္းျဖင့္ သင္လွမ္းလာပါလွ်င္ သင္၏ အျပစ္တို႔ ခြင့္လႊတ္ျခင္း ခံရဖို႔အတြက္သာ မဟုတ္ပါ။ ထိုအျပစ္တို႔ကို ဘုရားသခင္ လုံးဝကို သုတ္ပစ္လိုက္ပါၿပီး။ ထိုအျပစ္တို႔ မွတ္သားထားျခင္း မရွိေတာ့ပါ။


ေရာမဩဝါဒစာ ၈း၁-၂ တြင္ ဆိုထားသည္မွာ “ဘုရားသခင္ကယ္လႊတ္ေတာ္မူေသာေၾကာင့္ ေယရႈခရစ္၌တည္၍၊ ဇာတိပကတိအတိုင္းမက်င့္၊ ဝိညာဥ္ ပကတိအတိုင္း က်င့္ေသာသူတို႔သည္ အျပစ္စီရင္ျခင္း ႏွင့္ လြတ္ၾက၏။ ေယရႈခရစ္၌တည္၍ အသက္ရွင္ေစေသာ ဝိညာဥ္ေတာ္၏တရားသည္ အျပစ္တရား၏ လက္မွ၎၊ ေသျခင္းတရား ၏လက္မွ၎၊ ငါ့ကိုကယ္လႊတ္ၿပီ။” သင့္အသက္တာရွိ လူတို႔ကို သင္ခြင့္မလႊတ္ပါလွ်င္ သင္ဟာ ဆိုးဝါးတဲ့ စက္ဝိုင္းတစ္ခုကို စတင္ပါတယ္။ သင့္အား နာက်င္ေစေသာသူကို သင္ခြင့္မလႊတ္သေ႐ြ႕ ထိုစက္ဝိုင္းသံသရာသည္ ဆုံးမည္ မဟုတ္ပါ။


ခြင့္လႊတ္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ စိတ္မေက်မခ်မ္းျဖစ္မႈသည္ သင့္အား စိတ္ဆင္းရဲေစပါလိမ့္မည္။

တစုံတေယာက္ကို ခြင့္လႊတ္ဖို႔ရန္ ျငင္းပယ္ျခင္းအရာက တျခားသူေတြကို မထိခိုက္ပါဘူး။ သင့္ကိုသာ ထိခိုက္ပါသည္။ မေက်မခ်မ္းျဖစ္မႈေတြက သင့္ကို စိတ္ဆင္းရဲေစပါတယ္။ နာက်င္မႈကို ဆုပ္ကိုင္ထားျခင္းအရာက အဆိပ္ေသာက္သလိုျဖစ္ၿပီး သင္မုန္းေနေသာ လူကို ေသေစသကဲ့သို႔ ေမွ်ာ္လင့္သလိုမ်ိဳး ျဖစ္ပါတယ္။ သင့္အား နာက်င္ေအာင္ ၾကာရွည္မလုပ္ႏိုင္သူေတြေၾကာင့္ နာက်ဥ္းမႈတို႔ကို သင္ဆုပ္ကိုင္ထားေကာင္း ဆုပ္ကိုင္ထားပါမည္။ သင္ခြင့္မျပဳသေ႐ြ႕ေတာ့ သူတို႔သင့္ကို ဘာမွမထိခိုက္ႏိုင္ပါဘူး။


သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “တေယာက္ေသာသူကား ခြန္အားႏွင့္ ျပည့္စုံ လ်က္၊ ၿငိမ္ဝပ္ခ်မ္းသာစြာ ေသတတ္၏။ သူ၏နံေဖးတို႔သည္ ဆူၿဖိဳး၍၊ အ႐ိုးတို႔လည္း ျခင္ဆီႏွင့္ စိုစြတ္ၾက၏။တေယာက္ေသာသူကား တခါမွ်မေပ်ာ္ေမြ႕၊ စိတ္ညႇိဳးငယ္လ်က္ ေသတတ္၏။” ေယာဘဝတၱဳ ၂၁း၂၃-၂၅


သင္သည္ ေပ်ာ္႐ႊင္ဖို႔ရန္ ေနႏိုင္သလို နာၾကည္းမႈကို ေပြ႕လ်က္ ခါးသီးမႈ ႀကီးထြားဖို႔ရန္ ေနႏိုင္ပါတယ္။ သင္၏ ေ႐ြးခ်ယ္မႈ ျဖစ္ပါတယ္။


ခြင့္လႊတ္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ အနာဂတ္တြင္ သင္သည္ ခြင့္လႊတ္ျခင္းကို လိုအပ္ပါလိမ့္မည္။

သင္ အျပစ္ျပဳျခင္းကို ဘယ္ေတာ့မွ ရပ္တန႔္လို႔မရပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သင္က လူသား ျဖစ္ေနလို႔ပါ။ အနာဂတ္တြင္ သင္ခြင့္လႊတ္ျခင္းကို လိုအပ္ပါလိမ့္မည္။ ဒါေၾကာင့္ တျခားေသာ သူတို႔ကို ခြင့္လႊတ္ဖို႔ လိုအပ္ပါတယ္။ သခင္ေယရႈ သြန္သင္ထားသည္မွာ  “သင္တို႔သည္ သူတပါးတို႔၏အျပစ္ကိုမလႊတ္လွ်င္၊သင္တို႔ အဘသည္ သင္တို႔၏အျပစ္ကို လႊတ္ေတာ္ မမူ။” ရွင္မႆဲဩဝါဒစာ ၆း၁၅


သင္မေပးခ်င္ေသာ အရာကို သင္လက္ခံရရွိမည္ မဟုတ္ပါ။

ယေန႔သည္ သင္ခြင့္လႊတ္ျခင္းကို စတင္ဖို႔ရန္ ျဖစ္ျခင္းက သင္သည္ အနာေရာဂါကင္းႏိုင္ၿပီး သင့္အသက္ တာအတြက္ ဘုရားသခင္၏ အိမ္မက္ထဲသို႔ ေရွ႕တိုးသြားႏိုင္မည္ျဖစ္သည္။


ဆင္ျခင္ရန္

- ခြင့္လႊတ္ျခင္းမရွိတဲ့အတြက္ေၾကာင့္ အသက္တာလမ္းေခ်ာ္သြားတဲ့ လူေတြကို သင္မည္ကဲ့သို႔ ေတြ႕ျမင္ဖူးပါသနည္း။

- ဘုရားသခင္ အလိုေတာ္ရွိေသာ အသက္တာကို ဆုပ္ကိုင္ထားဖို႔ထက္ ခါးသီးမႈတို႔ကို ဆုပ္ကိုင္ဖို႔ရန္ လူေတြ မၾကာမၾကာ ေ႐ြးခ်ယ္ျခင္းက ဘာေၾကာင့္လဲလို႔ သင္ထင္ျမင္ပါသနည္း။

- ခြင့္လႊတ္ျခင္းအတြက္ သင့္လိုအပ္ခ်က္ကို နားလည္သေဘာေပါက္ျခင္းက အျခားသူမ်ားကို ပိုမိုလြယ္ကူစြာ ခြင့္လႊတ္ႏိုင္ေစရန္ မည္သို႔ ကူညီေပးပါသနည္း။