Why the Forgiven Don’t Have to Fear

Unicode Version

‌ခွင့်လွှတ်ခြင်းခံရသူက ဘာကြောင့် မကြောက်ရွံ့ရသနည်း။


ရှင်ပေတရုဩဝါဒစာ ပဌမစောင် ၁း၃-၄ “ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့်အညီ ငါတို့ကို တဖန်ဖြစ်ဘွားစေတော် မူသော၊ …… ထိုအမွေတော်သည်ကား၊ နောက်ဆုံးသော ကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်းတည်း။”


အကြောက်တရားက အသစ်အဆန်းမဟုတ်ပါဘူး။ ကျွန်ုပ်တို့နှင့်အတူ အရင်ကတည်းက ရှိနေပြီးသား ဖြစ်ပါတယ်။

ဧဒင်ဥယျာဉ်တွင် အာဒံသည် ဘုရားသခင်အား ပုန်းရှောင်နေပြီး “ကျွန်ုပ်ကြောက်ပါ၏။” လို့ပြောခဲ့ပါတယ်။ လူသားတို့သည် ဘုရားသခင်အပေါ် ၊ လူသားချင်း တစ်ယောက်ကို တစ်ယောက် ထိုကတည်းက အကြောက်တရား ဖြင့် နေထိုင်လာခဲ့ကြပါတယ်။ 

ကြောက်ရွံ့ခြင်းဆိုတာ မသိနားလည်ခြင်းကနေ အခြေခံပါတယ်။ ဆိုလိုသည်မှာ သမ္မာတရားသည် တစ်ခုတည်း သော ကုစားခြင်းဖြစ်ပြီး ၎င်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်တွင်သာ တွေ့မြင်နိုင်ပါတယ်။


ပထမဆုံး ထမြောက်ခြင်း အီစတာပွဲတော်တွင် သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းအရာက သင့်အား လောက အသက်တာတွင် အကြောက်တရားကို ကျော်လွှားဖို့ရန်အတွက် သမ္မာတရား ၊ အမှန်တရား (၅) ချက်ပေးပါတယ်။

မနေ့တုန်းကတော့ (၂) ချက်ကို ကျွန်တော် ဝေမျှထားပြီး ဖြစ်ပါတယ်။ 

(၁) သင့်အား သမ္မာတရား ၊ အမှန်တရားကို သခင်ယေရှု ပြောကြောင်းကို သင်သိပါတယ်။

(၂) သေဆုံးခြင်းအရာက အဆုံးသတ် မဟုတ်ကြောင်း သင်သိပါတယ်။


တတိယအချက်မှာ

(၃) ဘုရားသခင် သင့်အား ထူးကဲစွာ ချစ်ကြောင်းကို သင်သိပါတယ်။

ဘုရားသခင်က သင့်ကို ဘယ်လောက်ချစ်ကြောင်း ပို့စကတ်ဖြင့် ရေးသား ပို့ပေးခဲ့တာ မဟုတ်ပါဘူး။ သူ့ကိုယ်သူ အကောင်းဆုံး ပို့ဆောင်ဖို့ရန် ကျေနပ်လောက်အောင် ဂရုစိုက်ပါတယ်။ လက်ဝါးကားတိုင်ထက် လက်ကို ဆန့်တန်းလျက် အသေခံခဲ့စဉ်အချိန်တွင် သခင်ယေရှုက “ဤမျှလောက် သင့်ကို ငါချစ်တယ်” လို့ပြောခဲ့ပါတယ်။


အကြောက်တရားနှင့် ချစ်ခြင်းတရားဆိုတာ တစ်နေရာတည်းမှာ မနေနိုင်ပါဘူး။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဖော်ပြထားသည်မှာ “ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေ ဒနာကို ဖြစ်စေသောကြောင့်၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသော သူသည် မေတ္တာနှင့် မပြည့်စုံသေး။” ရှင်ယောဟန် ပဌမစောင် ၄း၁၈

သင်၏ စိတ်နှလုံး ရှေ့တံခါးပေါက်သို့ သခင်ယေရှုအား ဖိတ်ခေါ်တဲ့အခါတွင် အကြောက်တရားက နောက်တံခါး ပေါက်ကနေ ထွက်သွားပါမည်။ 

(၄) သင့်အသက်တာအတွက် အကြံအစည် ဘုရားသခင်၌ ရှိတယ်ဆိုတာ သင်သိပါတယ်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဆီ သင့်ကိုယ်သင် စိတ်ဖွင့်လိုက်တဲ့အခါတွင် သင်၏ အတိတ် ၊ ပစ္စပ္ပုန် နှင့် အနာဂတ်ကို တာဝန်ယူပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှင်ပြန်ထမြောက်ခြင်းအရာက သင်၏ အပြစ်တို့ ခွင့်လွှတ်ပေးတယ် ၊ အသက်ရှင်ခြင်းအတွက် ရည်ရွယ်ချက်ကို သင်ရရှိပြီး ကောင်းကင်ဘုံတွင် အိမ်တစ်လုံး သင်ရရှိစေပါတယ်။

၎င်းကို သမ္မာကျမ်းစာတွင် ဤကဲ့သို့ ဖော်ပြထားပါတယ်။ “အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအ ကြောင်း ရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သောအမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ကြီးစွာသော ကရုဏာတော် နှင့်အညီ ငါတို့ကို တဖန်ဖြစ်ဘွားစေတော် မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမွေတော်သည်ကား၊ နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊” ရှင်ပေတရုဩဝါဒစာ ၁း၃-၄ ထိုကဲ့သို့သော အသက်တာမျိုးကို ဘယ်မှာမှ သင်မရရှိနိုင်ပါ။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်း တန်ခိုးတော်အားဖြင့်သာ သင်ရရှိပါတယ်။


နောက်ဆုံး အချက်အနေဖြင့် သင်၏ လိုအပ်ချက်တို့ကို ဘုရားသခင် ဖြည့်ဆည်းပေးမည်ကို သင်သိပါတယ်။

အကြောက်တရားနှင့် သင်ရုန်းကန်နေရတဲ့ အကြောင်းရင်း တစ်ချက်ကတော့ မနက်ဖြန်အတွက် သင်စိုးရိမ်နေလို့ ဖြစ်ပါတယ်။ စိုးရိမ်ခြင်းက မည်သည့်အရာကိုမှ ပြောင်းလဲမသွားစေပါ။ သင့်အသက်တာဆီသို့ ဖြည့်ဆည်းပေးခြင်း တွေ ၊ ပြသနာဖြေရှင်းပေးခြင်းတွေ တစ်ခုမှ မပြုနိုင်ပါဘူး။


သို့ပေမဲ့ ရှင်ပြန်ထမြောက်ခြင်းက - သင်၏ကယ်တင်ခြင်းမှအစပြုပြီး သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်း တန်ခိုး တော်ကို သင့်အားပေးခြင်း အပါအဝင် သင်၏ လိုအပ်ချက်အားလုံး ဘုရားသခင် ဖြည့်ဆည်းပေးမည်ကို အာမခံပါ တယ်။ တမန်တော် ရှင်ပေါလု ဖော်ပြထားသည်မှာ “ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက်ကြီး သည်ကို၎င်း၊ သင်တို့သည်သိစေခြင်းငှါ၊ သင်တို့၏ ဥာဏ်မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကိုသေခြင်းမှ ထမြောက်စေ တော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာ တန်ခိုးအာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။” ဧဖက်ဩဝါဒစာ ၁း၁၉-၂၀


ဤနှစ်တွင် အီစတာပွဲတော်ကို သင်ဆင်နွှဲသည့်အတိုင်း “သခင်ယေရှု သေခြင်းမှ ထမြောက်တဲ့အတွက်ကြောင့် သင်သည် အကြောက်တရား၏ အကျဉ်းသား မဟုတ်တော့ကြောင်း” သင့်ကိုယ်သင် ပြန်လည် သတိပေးပါ။ သတင်းကောင်းလေးမို့ မျှဝေပေးချင်ပါတယ်။


ဆင်ခြင်ရန်

- သင့်အသက်တာအတွက် ဘုရားသခင်၌ အကြံအစည်ရှိကြောင်းကို ယုံကြည်ဖို့ရန် တစ်ခါတစ်ရံ ခက်ခဲပါသလား။ ဤကဲ့သို့ဘာကြောင့် သင်ထင်မြင်ပါသနည်း။

- အကြောက်တရားက မသိနားလည်ခြင်းပေါ် ဘာကြောင့်တည်ပါသနည်း။

- ရှင်ပြန်ထမြောက်ခြင်း တန်ခိုးနှင့် တွေ့ကြုံရဖို့ရန် သင့်အသက်တာတွင် မည်သို့သော လိုအပ်မှုကို ဘုရားသခင်ထံ တောင်းလျှောက်သင့်ပါသနည်း။


------------------------------------------------------------------------------------------------


Zawgyi Version

‌ခြင့္လႊတ္ျခင္းခံရသူက ဘာေၾကာင့္ မေၾကာက္႐ြံ႕ရသနည္း။

ရွင္ေပတ႐ုဩဝါဒစာ ပဌမေစာင္ ၁း၃-၄ “ေယရႈခရစ္ကို ေသျခင္းမွ ထေျမာက္ေစေတာ္မူေသာအားျဖင့္၊ ႀကီးစြာေသာ က႐ုဏာေတာ္ႏွင့္အညီ ငါတို႔ကို တဖန္ျဖစ္ဘြားေစေတာ္ မူေသာ၊ …… ထိုအေမြေတာ္သည္ကား၊ ေနာက္ဆုံးေသာ ကာလ၌ ထင္ရွားေစျခင္းငွါ ျပင္ဆင္ေသာ ကယ္တင္ျခင္းသို႔ ေရာက္ေစမည္အေၾကာင္းတည္း။”



အေၾကာက္တရားက အသစ္အဆန္းမဟုတ္ပါဘူး။ ကြၽႏ္ုပ္တို႔ႏွင့္အတူ အရင္ကတည္းက ရွိေနၿပီးသား ျဖစ္ပါတယ္။

ဧဒင္ဥယ်ာဥ္တြင္ အာဒံသည္ ဘုရားသခင္အား ပုန္းေရွာင္ေနၿပီး “ကြၽႏ္ုပ္ေၾကာက္ပါ၏။” လို႔ေျပာခဲ့ပါတယ္။ လူသားတို႔သည္ ဘုရားသခင္အေပၚ ၊ လူသားခ်င္း တစ္ေယာက္ကို တစ္ေယာက္ ထိုကတည္းက အေၾကာက္တရား ျဖင့္ ေနထိုင္လာခဲ့ၾကပါတယ္။ 

ေၾကာက္႐ြံ႕ျခင္းဆိုတာ မသိနားလည္ျခင္းကေန အေျခခံပါတယ္။ ဆိုလိုသည္မွာ သမၼာတရားသည္ တစ္ခုတည္း ေသာ ကုစားျခင္းျဖစ္ၿပီး ၎ကို ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္တြင္သာ ေတြ႕ျမင္ႏိုင္ပါတယ္။


ပထမဆုံး ထေျမာက္ျခင္း အီစတာပြဲေတာ္တြင္ သခင္ေယရႈ၏ ရွင္ျပန္ထေျမာက္ျခင္းအရာက သင့္အား ေလာက အသက္တာတြင္ အေၾကာက္တရားကို ေက်ာ္လႊားဖို႔ရန္အတြက္ သမၼာတရား ၊ အမွန္တရား (၅) ခ်က္ေပးပါတယ္။

မေန႔တုန္းကေတာ့ (၂) ခ်က္ကို ကြၽန္ေတာ္ ေဝမွ်ထားၿပီး ျဖစ္ပါတယ္။ 

(၁) သင့္အား သမၼာတရား ၊ အမွန္တရားကို သခင္ေယရႈ ေျပာေၾကာင္းကို သင္သိပါတယ္။

(၂) ေသဆုံးျခင္းအရာက အဆုံးသတ္ မဟုတ္ေၾကာင္း သင္သိပါတယ္။


တတိယအခ်က္မွာ

(၃) ဘုရားသခင္ သင့္အား ထူးကဲစြာ ခ်စ္ေၾကာင္းကို သင္သိပါတယ္။

ဘုရားသခင္က သင့္ကို ဘယ္ေလာက္ခ်စ္ေၾကာင္း ပို႔စကတ္ျဖင့္ ေရးသား ပို႔ေပးခဲ့တာ မဟုတ္ပါဘူး။ သူ႔ကိုယ္သူ အေကာင္းဆုံး ပို႔ေဆာင္ဖို႔ရန္ ေက်နပ္ေလာက္ေအာင္ ဂ႐ုစိုက္ပါတယ္။ လက္ဝါးကားတိုင္ထက္ လက္ကို ဆန႔္တန္းလ်က္ အေသခံခဲ့စဥ္အခ်ိန္တြင္ သခင္ေယရႈက “ဤမွ်ေလာက္ သင့္ကို ငါခ်စ္တယ္” လို႔ေျပာခဲ့ပါတယ္။


အေၾကာက္တရားႏွင့္ ခ်စ္ျခင္းတရားဆိုတာ တစ္ေနရာတည္းမွာ မေနႏိုင္ပါဘူး။ သမၼာက်မ္းစာက ကြၽႏ္ုပ္တို႔ကို ေဖာ္ျပထားသည္မွာ “ခ်စ္ျခင္းေမတၱာသည္ ေၾကာက္ျခင္းသံေဝဂႏွင့္ မေပါင္းႏိုင္ရာ။ သံေဝဂသည္ ပူပန္ျခင္းေဝ ဒနာကို ျဖစ္ေစေသာေၾကာင့္၊ စုံလင္ေသာေမတၱာသည္ သံေဝဂကို ပယ္ရွားတတ္၏။ သံေဝဂရွိေသာ သူသည္ ေမတၱာႏွင့္ မျပည့္စုံေသး။” ရွင္ေယာဟန္ ပဌမေစာင္ ၄း၁၈

သင္၏ စိတ္ႏွလုံး ေရွ႕တံခါးေပါက္သို႔ သခင္ေယရႈအား ဖိတ္ေခၚတဲ့အခါတြင္ အေၾကာက္တရားက ေနာက္တံခါး ေပါက္ကေန ထြက္သြားပါမည္။

(၄) သင့္အသက္တာအတြက္ အႀကံအစည္ ဘုရားသခင္၌ ရွိတယ္ဆိုတာ သင္သိပါတယ္။

ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာဆီ သင့္ကိုယ္သင္ စိတ္ဖြင့္လိုက္တဲ့အခါတြင္ သင္၏ အတိတ္ ၊ ပစၥပၸဳန္ ႏွင့္ အနာဂတ္ကို တာဝန္ယူေပးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ရွင္ျပန္ထေျမာက္ျခင္းအရာက သင္၏ အျပစ္တို႔ ခြင့္လႊတ္ေပးတယ္ ၊ အသက္ရွင္ျခင္းအတြက္ ရည္႐ြယ္ခ်က္ကို သင္ရရွိၿပီး ေကာင္းကင္ဘုံတြင္ အိမ္တစ္လုံး သင္ရရွိေစပါတယ္။

၎ကို သမၼာက်မ္းစာတြင္ ဤကဲ့သို႔ ေဖာ္ျပထားပါတယ္။ “အသက္ရွင္ျခင္းႏွင့္စပ္ဆိုင္ေသာ ေျမာ္လင့္ျခင္းအ ေၾကာင္း ရွိေစျခင္းငွါ၊ ေဖာက္ျပန္ျခင္း၊ ညစ္စြန္းျခင္း၊ ညႇိဳးႏြမ္းျခင္းႏွင့္ကင္းစင္ေသာအေမြေတာ္ကို ငါတို႔သည္ ခံရေစမည္အေၾကာင္း၊ ေယရႈခရစ္ကို ေသျခင္းမွ ထေျမာက္ေစေတာ္မူေသာအားျဖင့္၊ႀကီးစြာေသာ က႐ုဏာေတာ္ ႏွင့္အညီ ငါတို႔ကို တဖန္ျဖစ္ဘြားေစေတာ္ မူေသာ၊ ငါတို႔သခင္ေယရႈခရစ္၏ ခမည္းေတာ္ ဘုရားသခင္သည္ မဂၤလာရွိေတာ္မူေစသတည္း။ ထိုအေမြေတာ္သည္ကား၊ ေနာက္ဆုံးေသာကာလ၌ ထင္ရွားေစျခင္းငွါ ျပင္ဆင္ေသာ ကယ္တင္ျခင္းသို႔ ေရာက္ေစမည္အေၾကာင္း၊” ရွင္ေပတ႐ုဩဝါဒစာ ၁း၃-၄ ထိုကဲ့သို႔ေသာ အသက္တာမ်ိဳးကို ဘယ္မွာမွ သင္မရရွိႏိုင္ပါ။ သခင္ေယရႈ၏ ရွင္ျပန္ထေျမာက္ျခင္း တန္ခိုးေတာ္အားျဖင့္သာ သင္ရရွိပါတယ္။

ေနာက္ဆုံး အခ်က္အေနျဖင့္ သင္၏ လိုအပ္ခ်က္တို႔ကို ဘုရားသခင္ ျဖည့္ဆည္းေပးမည္ကို သင္သိပါတယ္။

အေၾကာက္တရားႏွင့္ သင္႐ုန္းကန္ေနရတဲ့ အေၾကာင္းရင္း တစ္ခ်က္ကေတာ့ မနက္ျဖန္အတြက္ သင္စိုးရိမ္ေနလို႔ ျဖစ္ပါတယ္။ စိုးရိမ္ျခင္းက မည္သည့္အရာကိုမွ ေျပာင္းလဲမသြားေစပါ။ သင့္အသက္တာဆီသို႔ ျဖည့္ဆည္းေပးျခင္း ေတြ ၊ ျပသနာေျဖရွင္းေပးျခင္းေတြ တစ္ခုမွ မျပဳႏိုင္ပါဘူး။


သို႔ေပမဲ့ ရွင္ျပန္ထေျမာက္ျခင္းက - သင္၏ကယ္တင္ျခင္းမွအစျပဳၿပီး သခင္ေယရႈ ရွင္ျပန္ထေျမာက္ျခင္း တန္ခိုး ေတာ္ကို သင့္အားေပးျခင္း အပါအဝင္ သင္၏ လိုအပ္ခ်က္အားလုံး ဘုရားသခင္ ျဖည့္ဆည္းေပးမည္ကို အာမခံပါ တယ္။ တမန္ေတာ္ ရွင္ေပါလု ေဖာ္ျပထားသည္မွာ “ယုံၾကည္ေသာငါတို႔၌ ျပေတာ္မူေသာ အလြန္ႀကီးလွစြာေသာ တန္ခိုးေတာ္ကား အဘယ္မွ်ေလာက္ႀကီး သည္ကို၎၊ သင္တို႔သည္သိေစျခင္းငွါ၊ သင္တို႔၏ ဥာဏ္မ်က္စိကို လင္းေစပါမည္အေၾကာင္း ဆုေတာင္း ပဌနာျပဳ၏။ ထိုတန္ခိုးေတာ္ကား၊ ခရစ္ေတာ္ကိုေသျခင္းမွ ထေျမာက္ေစ ေတာ္မူ၍ ခရစ္ေတာ္၌ျပဳျပင္ေသာ မဟာ တန္ခိုးအာႏုေဘာ္အရွိန္ကဲ့သို႔ျဖစ္၏။” ဧဖက္ဩဝါဒစာ ၁း၁၉-၂၀


ဤႏွစ္တြင္ အီစတာပြဲေတာ္ကို သင္ဆင္ႏႊဲသည့္အတိုင္း “သခင္ေယရႈ ေသျခင္းမွ ထေျမာက္တဲ့အတြက္ေၾကာင့္ သင္သည္ အေၾကာက္တရား၏ အက်ဥ္းသား မဟုတ္ေတာ့ေၾကာင္း” သင့္ကိုယ္သင္ ျပန္လည္ သတိေပးပါ။ သတင္းေကာင္းေလးမို႔ မွ်ေဝေပးခ်င္ပါတယ္။


ဆင္ျခင္ရန္

- သင့္အသက္တာအတြက္ ဘုရားသခင္၌ အႀကံအစည္ရွိေၾကာင္းကို ယုံၾကည္ဖို႔ရန္ တစ္ခါတစ္ရံ ခက္ခဲပါသလား။ ဤကဲ့သို႔ဘာေၾကာင့္ သင္ထင္ျမင္ပါသနည္း။

- အေၾကာက္တရားက မသိနားလည္ျခင္းေပၚ ဘာေၾကာင့္တည္ပါသနည္း။

- ရွင္ျပန္ထေျမာက္ျခင္း တန္ခိုးႏွင့္ ေတြ႕ႀကဳံရဖို႔ရန္ သင့္အသက္တာတြင္ မည္သို႔ေသာ လိုအပ္မႈကို ဘုရားသခင္ထံ ေတာင္းေလွ်ာက္သင့္ပါသနည္း။