To Be Free, Remember God’s Promises
 Unicode Version
လွှတ်မြောက်ခြင်းဖြစ်ဖို့ရာ ဘုရားသခင်၏ ကတိတော်တို့ကို သတိရပါ။
ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၄း၁၆ ၊ ၁၈ “ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်း မေတ္တာတော်ကို ငါတို့သည် သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ ၌ တည်သောသူ သည် ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏။ ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်း သံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသော ကြောင့်၊ စုံလင်သော မေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး။
ကြောက်ရွံ့ခြင်းက သင့်အသက်တာကို လွှတ်မြောက်ခြင်းမပေးပါဘူး။ ၎င်းသည် သင့်အား အစဉ် အကန့်အသတ် ဖြစ်စေသည်။ ၎င်းကို သင်က စိုးရိမ်ခြင်းအရာ (သို့) စိတ်လှုပ်ရှားမှုအရာလို့ ပြောနိုင်ပေမဲ့လည်း ရလဒ်ကတော့ အတူတူပါဘဲ။ ၎င်းသည် ကြောက်ရွံ့ခြင်းဆိုင်ရာ အကျဉ်းကျခြင်းဖြစ်ပါတယ်။
ပထမဆုံးသော အီစတာတွင် သေခြင်းမှသခင်ယေရှု ထမြောက်လာသည့်တိုင် တပည့်တော်တို့သည် ကြောက်ရွံ့ခြင်းတွင် ကျရောက်သွားခဲ့ပြီး သူတို့အား ဘုရားသခင်အလိုတော်ရှိသော အသုံးပြုမှုတို့မှ ကင်းဝေးသွား စေပါသည်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂ဝး၁၉ တွင် “ခုနစ်ရက်တွင် ပဌမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ …” ။ သခင်ယေရှုအသေခံပြီး နောက် တပည့်တော်တို့သည် ဘာသာရေး ခေါင်းဆောင်တို့ သူတို့အား လာရှာမည်ကို ယုံကြည်နေခဲ့သောကြောင့် သူတို့ကိုယ်သူတို့ အိမ်တစ်အိမ်တွင် တံခါးပိတ်လျက် ရှိနေခဲ့ကြပါတယ်။ သို့ပေမဲ့ တံခါးပေါက်တွေက ဂျူးအာဏာပိုင်တွေကို သူတို့၏ အသက်တာထဲမှာ မထွက်သွားစေပါဘူး။ ၎င်းသည် လူတိုင်းပေါ် သက်ရောက်စေပါတယ်။
ကြောက်ရွံ့ခြင်းဆိုတာ လူတွေကို အသက်တာထဲ သော့ခတ်စေပါတယ်။ သင်၏ ကြောက်ရွံ့ခြင်းက ထပ်မံ နာကျင်ရပါတယ်။ ဒါကြောင့် တခြားသူတွေကို သင့်အနားဆီသို့ သင်နီးခွင့်မပြုပါဘူး။ သို့ပေမဲ့ နာကျင်မှုမရှိဘဲ ချစ်ခြင်းမေတ္တာကို သင်မရနိုင်ပါဘူး။
ဒါဆို လူတွေနဲ့ နီးစပ်နိုင်ဖို့ရန် သင်၏ ကြောက်ရွံ့ခြင်း အကျဉ်းထောင်ဆီမှ မည်ကဲ့သို့ လွှတ်မြောက်နိုင်မည်နည်း။ ကိုယ့်ကို ကူညီပေးတဲ့ စာအုပ်တွေအားဖြင့် သင်မရနိုင်ပါဘူး။ ဘုရားသခင်သာလျှင် ၎င်းကို ခွဲထုတ်ပေးနိုင်ပါတယ်။
ဘုရားသခင်က သင်ပြုလိုက်သော အရာပေါ်တည်ပြီး လုပ်ဆောင်မှု ပြုသွားပါတယ်။
(၁) ဘုရားသခင် သင့်အား ဘယ်လောက်ချစ်သလဲဆိုတာကို သတိရပါ။
သင်စတင်ပြီး ကြောက်စိတ်ဝင်လာချိန် နှင့် ကြောက်ရွံ့မှုဖြစ်လာတိုင်းတွင် ဤအရာကို လုပ်ဆောင်လိုက်ပါ။ သတိရပါ။ “ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်း မေတ္တာတော်ကို ငါတို့သည် သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ ၌ တည်သောသူ သည် ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏။ ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်း သံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသော ကြောင့်၊ စုံလင်သော မေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး။” ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၄း၁၆ ၊ ၁၈
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို သင့်အသက်တာထဲသို့ သင်ဖိတ်ခေါ်လိုက်တဲ့အခါ အကြောက်တရားသည် နေစရာ မယူနိုင်တော့ပါ။ ချစ်ခြင်းမေတ္တာနှင့် ကြောက်ရွံ့မှုသည် အတူတကွ မနေနိုင်ပါ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်ပိုပြီး လက်ခံလေလေ ကြောက်ရွံ့ခြင်း ပိုနည်းလာမည်ဖြစ်ပြီး သင်ပိုမိုယုံကြည်မှုရှိလာမည်။ ရဲရင့်ကြံ့ခိုင်လာမည်ဖြစ်သည်။
(၂) သင့်အတွက် ဘုရားသခင်၌ အကြံအစဉ်တော် ရှိသည်ကို သတိရပါ။
ဘုရားသခင်၏ အကြံအစည်က အမြဲတမ်း ကောင်းမြတ်ပါတယ်။ သင့်အသက်တာထဲမှာ ဆိုးသောအရာတွေ ဖြစ်ကောင်းဖြစ်ပါမည်။ သို့ပေမဲ့ ထိုအရာက ဘုရားသခင်၏ အကြံအစည်မဟုတ်ပါ။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။” ရောမဩဝါဒစာ ၈း၂၈
အဆိုးကနေ အကောင်းအဖြစ်သို့ ယူဆောင်တတ်ခြင်းသည် ဘုရားသခင်၏ အထူးပြု ဆောင်ရွက်မှုဖြစ်ပါတယ်။ ဘာတွေဘဲ ဖြစ်ပျက်နေပါစေ ၎င်းကို တစုံတရာ ကောင်းဖို့အတွက် ဘုရားသခင် လုပ်ဆောင်ပါလိမ့်မည်။ ကားစင်တင်ခြင်းအရာကို ရှင်ပြန်ထမြောက်ခြင်းအဖြစ်သို့ ဘုရားပြောင်းလဲပါတယ်။ ကားတိုင်ထက် သခင်ယေရှု အသေခံခြင်းအတွက် တပည့်တော်တို့က ကြောက်ရွံ့ပြီး စိတ်ပျက်အားလျော့နေခဲ့ပါတယ်။ သို့ပေမဲ့ လူသားတို့ အတွက် ကယ်တင်ခြင်းဆိုတာ ကောင်းမြတ်သောအရာက ဘုရားသခင် ယူဆောင်လာခဲ့ပါတယ်။
သင့်အတွက် ဘုရားသခင်၏ အကြံအစည်က ကောင်းမြတ်ပါတယ်။ ဘာတွေဘဲဖြစ်နေပါစေ တစ်စုံတစ်ခုကို ကောင်းဖို့အတွက် ဘုရား လုပ်ဆောင်ပါလိမ့်မည်။
တပည့်တော်တို့သည် သခင်ယေရှုကို မြင်ပြီး သူ၏ ချစ်ခြင်းမေတ္တာကို နားလည်သဘောပေါက်တဲ့အခါမှာ တံခါးနောက်တွင် အကျဉ်းချခံရခြင်းကနေ လွှတ်မြောက်လာစေခဲ့ပါတယ်။ ကြောက်ရွံ့မှုကို သင်စတင်ခံစားရချိန် တိုင်းတွင် ဘုရားသခင် သင့်အား ပေးထားသောကတိတော်တို့ကို သတိရလိုက်ပါ။ ထို့နောက် သင်သည် ဘုရားသခင် ၏ ချစ်ခြင်းမေတ္တာတွင် သင်လွှတ်လပ်စွာ အနားယူနိုင်မည်ဖြစ်ပြီး တခြားသူတို့ကိုပါ မေတ္တာပြနိုင်သော အသက် တာကို ဖွင့်ပေးပါလိမ့်မည်။
ဆင်ခြင်ရန်
- အကြောက်တရားက လူတွေကို သူတို့အတွက် ဘုရားသခင်ရဲ့ အကောင်းဆုံးသောအရာကနေ ကင်းဝေးစေ တယ်လို့ သင်မြင်ပါသနည်း။
- သင့်အသက်တာတွင် အဆိုးမှ အကောင်းသို့ မည်သည့်အချိန်တွင် ဘုရားသခင် ယူဆောင်လာပေးပါသနည်း။
- သင့်အတွက် ဘုရားသခင် အလိုတော်ရှိသော အသက်တာကို မတွေ့ကြုံရအောင် တားဆီးသည့် ယခု သင်ကြောက်ရွံ့နေသော အရာကား အဘယ်နည်း။ သင့်အပေါ်ထားရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သင့်အတွက် ဘုရားသခင်၏ အကြံအစည်တော်အတွက် ကျေးဇူးတင်ဖို့ရန် အချိန်ခဏယူပါ။ ပြီးတော့ သင့်အသက်တာအတွက် ဘုရားသခင်၏ အိမ်မက်ထဲသို့ သင်အရောက်လှမ်းနိုင်ဖို့ရန် သင်၏ ယုံကြည်ခြင်းကို တိုးပွားလာစေဖို့ရန် ဘုရားသခင်ထံ တောင်းလျှောက်လိုက်ပါ။
-------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်